Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 21, 2014

ခေါင်းလောင်းသံကို ကြားစေခဲ့သူ (သို့မဟုတ်) ဒေါက်တာမြင့်မြင့်ခင်နှင့် တွေ့ဆုံခြင်း

ခေါင်းလောင်းသံကို ကြားစေခဲ့သူ (သို့မဟုတ်) ဒေါက်တာမြင့်မြင့်ခင်နှင့် တွေ့ဆုံခြင်း
(Written by: ဒေါက်တာသိန်းမြင့်)
၂၀၀၅ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ(၁) အမှတ်(၁)ဂျာနယ်တွင် ဖော်ပြခဲ့သော အင်တာဗျူးအား ပြန်လည်ဖော်ပြအပ်ပါသည်။
၁၉၈၁ ခုနှစ်တွင် အမေရိကန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့သော AIDS ရောဂါသည် ယခုအခါ ကမ္ဘာတစ်ဝန်းလုံးသို့ အရှိန်အဟုန် ကြီးမားစွာဖြင့် ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း AIDS ၏ ခြိမ်းခြောက်မှုဒဏ်ကို အတိုင်းအတာတစ်ခုထက် ကျော်လွန်၍ ခံစားနေရပြီဖြစ်သည်။ AIDS ရောဂါ မပြန့်ပွားရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းရှိ လူတိုင်းတွင် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံတွင် AIDS ရောဂါအတွက် ဦးစွာတပ်လှန့် နှိုးဆော်ခဲ့သူမှာ မန္တလေးဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်ပင် ဖြစ်ပါသည်။ ဆရာမကြီးသည် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလက “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း” ဟူသော အမည်ဖြင့် AIDS ရောဂါ ပညာပေးစာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး AIDS ရောဂါကို လူထုကြား စတင်ပညာပေးခဲ့ပါသည်။

ယခုအခါ ဆရာမကြီးသည် AIDS ရောဂါ မပြန့်ပွားရေးအတွက် အမျိုးသားရေးကို မိမိအရေးကဲ့သို့ သဘာထားပြီး ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ ပရဟိတလုပ်ငန်းများကိုလည်း အသက်အရွယ်နှင့်မမျှ စဉ်ဆက်မပြတ် လုပ်ကိုင်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဆေးပညာသင်ကြားရေး တိုးတက်မြင့်မားစေရန် ယခုတိုင် အားထုတ်လုပ်ဆောင်လျက်ရှိပြီး ဆေးပညာလောကမှ ဂုဏ်ပြုထိုက်သူ၊ လေးစားထိုက်သူ တစ်ဦးအဖြစ် ရပ်တည်ဆဲဖြစ်ပါသည်။ ထို့ကြောင့် ခေါင်းလောင်းသံကြားစေခဲ့သူ ဆရာမကြီးနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ သွားရောက်မေးမြန်းခဲ့ပါသည်။
မေး - ဆရာမကြီးအနေနဲ့ “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း” စာအုပ်ကိုရေးဖြစ်သွားတဲ့ အကြောင်းလေး သိပါရစေ။
ဖြေ - ကျွန်မတို့မြန်မာနိုင်ငံဟာ ၁၉၈၆ ခုနှစ် အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာတဲ့ အေအိုင်ဒီအက်(စ်)ရှိတဲ့ တိုင်းပြည်စာရင်းမှာ မပါပါဘူး။ ၁၉၈၈ လောက်မှာမှ တစ်ယောက်စ၊ နှစ်ယောက်စ HIV ပိုးရှိနေပြီလို့ ပြောသံ ကြားရပါတယ်။ အဲ . . . အဲဒီတုန်းက ကျွန်မဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အိန္ဒိယနိုင်ငံက အရှေ့တောင်အာရှဒေသ ဌာနခွဲမှာ အလုပ်လုပ်နေတဲ့ အချိန်ပေါ့။ ကျွန်မစိတ်ထဲမှာတော့ မြန်မာပြည်သူတွေအတွက် အရမ်းစိုးရိမ်လာမိတယ်။ အဲဒါကြောင့်လည်း “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း”ကို ရှိသမျှအချိန်လေး ပေးဆပ်ပြီး ရေးဖြစ်သွားတာပါ။
မေး - ဆရာမကြီးရဲ့စာအုပ်ထဲမှာ အေအိုင်ဒီအက်(စ်) ရောဂါအကြောင်း၊ ကူးစက်တတ်ပုံ၊ ကုသနိုင်ပုံနဲ့ ကာကွယ်ရေးတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီမှာ ဘာကြောင့် ကာကွယ်ရေး အပိုင်းကို အထူးအလေး ထားဖော်ပြရတယ်ဆိုတာ သိပါရစေ။
ဖြေ - အေအိုင်ဒီအက်(စ်)ရောဂါဟာ ကုသလို့လည်း မရသေးဘူး။ ကာကွယ်ဆေးလည်း ခုထိမရှိသေးဘူးဆိုတော့ အေအိုင်ဒီအက်(စ်) ရောဂါကို ရင်ဆိုင်တိုက်ဖျက်ဖို့ရာအတွက် ရောဂါမရသေးသူတွေ၊ ရောဂါပိုးမဝင်သေးသူတွေကို ကာကွယ်ဖို့ပဲရှိတော့တယ်။ ကာကွယ်ရေးဟာ အေအိုင်ဒီအက်(စ်) ရောဂါအတွက် အရမ်းအရေးကြီးပါတယ်။ ရောဂါကတကယ့်ကို ကြောက်စရာကောင်းတယ်။ ရာခိုင်နှုန်းပြည့် သေစေနိုင်တယ်။ မိမိကိုယ်တိုင်ကိုသာမက မိမိပတ်ဝန်းကျင် မိမိတိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ထိခိုက်နစ်နာ စေနိုင်ပါတယ်။
မေး - အေအိုင်ဒီအက်(စ်)ရောဂါ ကာကွယ်ရေးအကြောင်းကို “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း” မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ရပါတယ်။ စာအုပ်ဖတ်ရှုသူတွေ အတွက်တော့ တော်တော့်ကို အကျိုးရှိကြမှာပါ။ စာအုပ်မဖတ်မိသူ အတွက်ရော ဘယ်လိုအစီအစဉ်များ ဆက်လက်ပြုလုပ်ထားသလဲဆိုတာ သိချင်ပါတယ်။
ဖြေ - ကျွန်မကလည်း စာအုပ်ထဲကထိုးတဲ့ ခေါင်းလောင်းသံလောက်ကို စိတ်ထဲမှာ မတင်းတိမ်နိုင်ဘူး။ အထူးသဖြင့် တစ်နိုင်ငံလုံးကို ဒီထက်ပိုပြီး ကျန်းမာမှုပညာပေးရေးကို လက်နက်အဖြစ် ကာကွယ်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ စဉ်းစားမိတယ်။ အဲဒါနဲ့ပဲ ကျွန်မနဲ့အဆက်အသွယ် မပြတ်ရှိနေတဲ့ ဆရာဝန်အချို့နဲ့ စုစည်းပြီး HIV-AIDS Media Intiative ကို လုပ်ဖို့ဝိုင်းဝန်း ဆွေးနွေးဖြစ် သွားကြတာပါ။
မေး - HIV-AIDS Media Intiative အတွက် ဘယ်လိုအဆင့်တွေနဲ့ ဆောင်ရွက်ဖို့ စဉ်းစားထားပါသလဲ။
ဖြေ - HIV-AIDS Media Intiative က ကျွန်မတို့ထိုးလိုက်တဲ့ ဒုတိယခေါင်းလောင်းပါပဲ။ အဆင့်အားဖြင့် လေးဆင့်ခွဲထားပါတယ်။ ဒီဟာက ကျွန်မတစ်ယောက်တည်းရဲ့ စိတ်ကူးမဟုတ်ပါဘူး။ အားလုံးဝိုင်းပြီး ဆွေးနွေးထားကြတာပါ။ ပထမအဆင့်အဖြစ် အေအိုင်ဒီအက်(စ်) Alert )(အေအိုင်ဒီအက်(စ်) သတိ)လက်ကမ်းစာစောင်လေးတွေကို သန်းနဲ့ချီရိုက်ပြီး မြန်မာပြည်အနှံ့ ဖြန့်ဝေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ အေအိုင်ဒီအက်(စ်) ကာကွယ်ရေးအတွက် ကွန်ဒုံးအသုံးပြုမှုဟာ အလွန်အရေးပါပါတယ်။ စာစောင်မှာ ငယ်ရွယ်သူတွေ၊ အရွယ်မရောက် တရောက်သူတွေ၊ နယ်စပ်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူ၊ ပြည့်တန်ဆာတွေကို ဦးတည်ပစ်မှတ် ထားခဲ့ပါတယ်။ ဒီရောဂါဟာ တစ်ကြိမ်တည်းမှားတာနဲ့ ကူးနိုင်တယ်။ တစ်ခါမှားတာနဲ့ ဘဝဆုံးနိုင်တယ်။ သိလွယ်အောင်ပုံတွေနဲ့လည်း ဖော်ပြထားတယ်။ ထိုက်သင့်သလောက်တော့ အကျိုးရှိခဲ့ပါတယ်။ အဲဒီလက်ကမ်းစာစောင်တွေ ဖြန့်ဝေရာမှာလည်း သတိပေးတပ်လှန့်တဲ့အနေနဲ့ လုံးခနဲ့ဖြန့်လိုက်တယ်။ ကုန်သွားရင် ခဏပြန်နားတယ်။ ခြောက်လလောက်ခြားပြီး နောက်တစ်ခါပုံစံသစ်နဲ့ အေအိုင်ဒီအက်(စ်) Alert ကို ဒုတိယအဆင့်အနေဖြင့် ထပ်ဖြန့်တယ်။ အဲဒီမှာကဏ္ဍ (၈) ခု ခွဲပြီးတော့ အသေးစိတ်ရေးသား ဖြန့်ဝေတယ်။ အမေကနေ သွေးကိုကူးစက်နိုင်တဲ့အကြောင်း၊ အမေရော၊ အဖေရော မိဘနှစ်ပါး သေသွားတဲ့အခါ မိဘမဲ့ကလေးတွေ ဖြစ်နိုင်ကြောင်းနဲ့ မကူးစက်နိုင်တဲ့နည်းလမ်းတွေ စသည်တို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။
မေး - တတိယအဆင့် အနေနဲ့က ဘာတွေများ ဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ - တတိယအဆင့်မှာ ပြုလုပ်မယ့် ကျန်းမာရေးပညာပေး အစီအစဉ်ကတော့ ဗီဒီယိုကြော်ငြာ အစီအစဉ်ပါ။ လေ့လာသိရှိရသလောက်တော့ တော်တော်ငွေကုန်ကြေးကျများမယ်။ အခုတော့ အကူအညီပေးမယ့် ဒါရိုက်တာနဲ့ မင်းသား၊ မင်းသမီးတွေကို စည်းရုံးနေကြတုန်းပဲ။ ဇာတ်လမ်းကျောရိုးလေးကိုတော့ မြနှောင်းညိုက ရေးပေးထားတာရှိတယ်။ အားလုံးဝိုင်းပြီး ကူညီကြရင် ဖြစ်သွားမှာပါ။ ကင်းကောင်တို့ ကြော်ငြာတဲ့ ကြော်ငြာမျိုးကိုတော့ တော်တော်သဘောကျတယ်။ လူတွေစိတ်ဝင်စားပြီး နားလည်အောင် တင်ပြသွားတာတွေ့ရတယ်။
မေး- စတုတ္ထအဆင့်မှာ ပြုလုပ်မယ့်အစီအစဉ် များကိုလည်း သိပါရစေ။
ဖြေ - နောက်ဆုံးစတုတ္ထအဆင့်ကတော့ ကုသရေးပိုင်းပါ။ ကုသရေးအပိုင်းကတော့ သိတဲ့အတိုင်းပဲ။ ငွေကုန်ကြေးကျ အလွန်များမှာပါ။ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ဆေးဝန်ထမ်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ တစ်နိုင်ငံလုံးက အေအိုင်ဒီအက်(စ်) အတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ သဘောထားပြီး ကူညီကြရင် မဖြစ်နိုင်စရာ မရှိပါဘူး။
မေး- HIV-AIDS Media Intiative အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတစ်ခုခုက အကူအညီရရှိပါသလား။
ဖြေ - ဘယ်အဖွဲ့အစည်းကမှ အကူအညီမရပါဘူး။ ကျွန်မမှာ စုဆောင်းထားတဲ့ငွေနဲ့ တပည့်တွေ ဝိုင်းဝန်းလှူဒါန်းတဲ့ ငွေတွေကိုပဲ သုံးစွဲခဲ့တာပါ။
မေး- မြန်မာပြည်သူ အများစုကို ခြိမ်းခြောက်လျက်ရှိတဲ့ AIDS ရောဂါ တားဆီးကာကွယ်ရေးအတွက် ဆရာမကြီးရဲ့ လူမှုရေးလုပ်ဆောင်ချက် အစီအစဉ်များကို ပြည့်ပြည့်စုံစုံ သိရှိပြီးပါပြီ။ အခြားဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင် စာအုပ်နှင့်ကင်ဆာ စာအုပ်တို့ ရေးဖြစ်ပုံသိပါရစေ။
ဖြေ - ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြော ပိတ်ရောဂါစသဖြင့် အများကြီးပါ။ စရေးဖြစ်အောင် နှိုးဆော်ပေးခဲ့တာကတော့ ကျွန်မခင်ပွန်းရဲ့ ဆိုးရွားတဲ့ ဖြစ်ရပ်ကြောင့်ပါ။ ကျွန်မခင်ပွန်းက ဆေးလိပ်အရမ်း သောက်ပါတယ်။ အဲဒီဆေးလိပ်ကြောင့်ပဲ သူဟာ အဆုတ်ကင်ဆာဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ ကျွန်မရဲ့ ဆေးပညာသက်တမ်း တစ်လျှောက်မှာ ဆေးလိပ်ကြောင့် ရောဂါပုံစံမျိုးစုံနဲ့ အချိန်မတိုင်မီ အသက်ဆုံးရှုံးရသူတွေ မြောက်မြားစွာ တွေ့ကြုံခဲ့ရပါတယ်။ အဲဒါကြောင့် ရှောင်လို့ရနိုင်တဲ့ “ဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင်”စာအုပ်ရေးကိုရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကင်ဆာရောဂါဟာလည်း ဆိုးရွားလှတဲ့ ရောဂါဖြစ်တော့ ဖြစ်သူလူနာရော ပတ်ဝန်းကျင်ကပါ ကင်ဆာဒဏ်ဆိုးကြီးကို အကြောက်ကြီးကြောက် အနာကြီးနာတာကြောင့် ကင်ဆာရဲ့ ထင်ပေါ်ကျော်စောမှုဟာ ကြီးမားလာပါတယ်။ လူတွေရဲ့ပါးစပ်မှာက အပြောကြီး ပြောနေကြပေမဲ့ ကင်ဆာအကြောင်း သိသူနည်းပါးကြပါတယ်။ အမှန်ကိုမသိကြလို့ ကြောက်သင့်တာကို မကြောက်၊ မကြောက်သင့်တာကို ကြောက်ဖြစ်နေကြတယ်။ အဲဒါကြောင့် ကင်ဆာနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အကြောင်းအရာနဲ့ လွဲမှားတဲ့ အယူဆချက်တွေ လူထုကြားထဲက ထုတ်ပယ်ဖို့ ကင်ဆာစာအုပ်ကို ရေးဖြစ်ခဲ့တာပါ။ ကင်ဆာစာအုပ်ကို အုပ်စု(၃) စုဖြစ်တဲ့ တိုင်းသူပြည်သားလူအများ ကင်ဆာဝေဒနာရှင်နဲ့ ကင်ဆာဝေဒနာရှင်ရဲ့ အနီးစပ်ဆုံးဆွေမျိုး မိတ်ဆွေများဖို့ ရည်ညွှန်းရေးသား ခဲ့ပါတယ်။ အဖြစ်များတဲ့ ကင်ဆာရောဂါကို ဟန့်တားနိုင်ရေးအတွက် အဓိကရည်ရွယ်ခဲ့တယ်။ မြန်မာပြည်သူအများစု အထူးသဖြင့် ငယ်ရွယ်သူများဟာ ဆေးလိပ်ကြော်ငြာများရဲ့ လှည့်ဖြားမှုကြောင့် အန္တရာယ်ကြုံတွေ့ရတော့မှာကို စိုးရိမ်ကြောင့်ကြစိတ်များ နေ့စဉ်ဖြစ်ပေါ် နေခဲ့ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။