စိတ်ဝင်စားစရာအချက်များနဲ့ချင်းပြည်နယ်
- ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး၊
အိန္ဒိယနိုင်ငံနှင့် နယ်ချင်း ထိစပ်လျက် ရှိပါတယ်။
- ချင်းပြည်နယ်ရဲ့အကျယ်အဝန်းဟာ ၁၃၉၀၇ စတုရန်းမိုင် ကျယ်ဝန်းပြီး
လူနေကျဲပါးသော တောင်ပေါ်ဒေသဖြစ်ပါတယ်။
- ချင်းပြည်နယ်ဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ဝန်းရံထားပါတယ်။
အိန္ဒိယနိုင်ငံနှင့် နယ်ချင်း ထိစပ်လျက် ရှိပါတယ်။
- ချင်းပြည်နယ်ရဲ့အကျယ်အဝန်းဟာ ၁၃၉၀၇ စတုရန်းမိုင် ကျယ်ဝန်းပြီး
လူနေကျဲပါးသော တောင်ပေါ်ဒေသဖြစ်ပါတယ်။
- ချင်းပြည်နယ်ဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ဝန်းရံထားပါတယ်။
- ချင်းပြည်နယ်ဟာတောင်ပေါ်ဒေသဖြစ်တဲ့အတွက် ချမ်းအေးသော ရာသီဥတုရှိပါတယ်။
- ချင်းပြည်နယ်ရဲ့ မြို့တော်ဟာ ဟားခါးဖြစ်ပါတယ်။
- ချင်းလူမျိုးများမှာ လူမျိုးစုငယ်ပေါင်းများစွာရှိပြီး မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ချင်းလူမျိုးစုတွေဟာ အရှိုချင်း၊ ဖလမ်းချင်း၊ ဟားခါးချင်းနှင့် တီးတိန်ချင်းတို့ ဖြစ်ပါတယ်။
- ချင်းဘာသာစကားကို မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားများကို မှတ်တမ်းတင် ထားသည့် "ကမ္ဘာ့တိုင်းရင်းသား ဘာသာစကားများအဖွဲ့" ၏ မှတ်တမ်းအရ အမျိုးကွဲ ၂၀ ရှိတယ်လို့ဆိုပါတယ်။
- ချင်းဘာသာ အရေးအသားကို ခရစ်ယာန်သာသနာပြုများက တီထွင်ပေးတယ်လို့ဆိုပါတယ်။
- ချင်းအမျိုးသား နေ့အဖြစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ကို သတ်မှတ်ကျင်းပလေ့ရှိကြပါတယ်။
- ချင်းလူမျိုးတို့ရဲ့လူဦးရေဟာခန့်မှန်းခြေသန်းပေါင်း (၁ဝ မှ ၁၅) ခန့်ရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။
- ချင်းလူမျိုးတို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ တောင်ယာလုပ်ငန်းဖြစ်ပါတယ်။
- ချင်းလူမျိုးများကို‘သေနတ် ကို အလွန်ချစ်မြတ်နိုးသောလူမျိုးများ" အဖြစ်ပြောစမှတ်ပြုလေ့ရှိပါတယ်။
- ချင်းအမျိုးသမီးတို့မှာ ဆေးမင်ကြောင်ပါးရဲထိုးတဲ့အလေ့အထရှိခဲ့ပြီး ၁၉၆၀ ခုနှစ် နောက်ပိုင်းအထိ ဆက်လက်ရှင်သန်နေခဲ့ဖူးပါတယ်။
- ချင်းလူမျိုးတို့မှာနတ်ကိုးကွယ်မှူရှိခဲ့သော်လည်းအများစုမှာ ခရစ်ယာန်ဘာသာ ဝင်များဖြစ်ကြပါတယ်။
- ချင်းလူမျိုးတို့ရဲ့ထူးခြားချက်ဟာ လူတဦးတယောက်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို အမျိုးရဲ့ ကောင်းခြင်း၊ ဆိုးခြင်း နဲ့တိုင်းတာပြီး လူတဦးစီကိုအမျိုးကတာဝန်ခံပြီး အမျိုးအတွက်ကိုလဲ လူတဦးစီက တာဝန်ယူလေ့ရှိပါတယ်။
- ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဝိတိုရိယ ခေါ် ခေါနုသုန်တောင်ထိပ်ရှိပါတယ်။ ပေတစ်သောင်းကျော် မြင့်ပြီး အမြဲစိမ်းသစ်တော ဧရိယာ ဖြစ်ပါတယ်။
- ချင်းပြည်နယ်မှာအသဲပုံရေကန် (ရိဗ်(Reh)ရေကန်)ဟာ ချင်းပြည်နယ်ရဲ့ အလှဆုံးနေရာအဖြစ်ထင်ရှားပါတယ်။
OMO
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။