ထူးဆန်းအံ့ဩဖွယ်အချက်များနဲ့ပြည့်နေတဲ့မြန်မာပြည် - သင်သိပါသလား????
ထူးဆန်းသောဆံပင်တံမျက်စည်း
ဘုရင့်နောင် မင်းတရားကြီးနဲ့သူ့ရဲ့မိဖုရားဟာဆံပင်ကိုတံမျက်စည်း
လုပ်ပြီးသီရိလင်္ကာကိုလှူဖူးပါတယ်။
လှူရတဲ့အကြောင်းရင်းကတော့သီရိလင်္ကာမှာ ဗုဒ`္ဓဘာသာ မှိန်းမှိန်တယ်
ကြားရတော့ သာသနာတော် ပြန်လည်ထွန်းကားအောင်ရည်ရွယ်ပြီးလှူဒါန်းမှူတွေလုပ်တဲ့
အထဲမှာဘုရင့်နောင် မင်းတရားကြီး ရဲ့  ဆံတော်နဲ့ မိဖုရား ဆံတော် တို့ ကို တံမျက်စည်းလုပ်ပြီး စွမ်တော် တိုက်မှာ ဖုန်လှည်းဖို့ လှူလိုက်တာဖြစ်ပါတယ်။

ဒုက္ခတွေကိုဖြေရှင်းပေးနိုင်တဲ့ခေါင်းလောင်း
ဘုရင့်နောင် မင်းတရားကြီးဟာပြည်သူတွေအတွက်စဉ်းစားပြီးပြသနာဖြေရှင်းပေးရာ
မှာအင်မတန်ထူးဆန်းတဲ့ဖြေရှင်းနည်းရှိပါတယ်။အဲဒါကတော့ ခေါင်းလောင်းကြီး တလုံးဆွဲထားပေးခြင်းဖြစ်ပါတယ်။ပြည်သူတွေဟာဒုက္ခရောက်လာရင်နန်းတော်
အရှေ့ မှာဆွဲထားတဲ့ ခေါင်းလောင်းကြီးကိုထိုးလိုက်ယုံပဲဖြစ်ပါတယ်။နစ်နာချက်တခုခု
ရှိသူတိုင်း ဒီခေါင်းလောင်ကြီး ကို အတားဆီးမရှိ ထိုးခွင့် ပေးထားပါတယ်။တာဝန်၇ှိသူတွေ ကခေါင်းလောင်းအသံကြားရင် ဘာဒုက္ခ ရှိသလဲ လို့မေးပြီး ပြဿနာ ကိုပြေလည်အောင် ဖြေရှင်းပေးလေ့ရှိပါတယ်။

မသေချင်လဲသေရတဲ့ဘဝ
ဟိုးအရင်ခောတ်တုန်းက ရှမ်းပြည်ဘက်ကကျွန်ဖြစ်မိပြီးကံအကြောင်းမလှ
ရင်တော့မသေချင်သေးလဲလိုက်သေရမှာသေချာပါတယ်။ ရှေးအစဉ်အလာအရဆိုရင်သီပေါနယ်ဘက်မှာအကြီးအကဲတွေသေရင်
ကျွန်တွေအားလုံးလိုက်သေရပါတယ်။ဘုရင့်နောင်မင်းတရားကြီးကိုကျေးဇူးတင်ရမဲ့အချက်ကတော့
သူ့လက်ထက်မှာအလကားနေလိုက်သေရတာကိုတားမြစ်ခဲ့တာပဲဖြစ်ပါတယ်။

OMO
Ref: ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုတော် ခေါင်းလောင်းကြီး (ပုဂံ၊ရွှေစည်းခုံ )ရှိ မွန်ဘာသာဖြင့်ရေးထိုးထားသော ဘုရင့်နောင် မင်းတရားကြီး၏ မှတ်တမ်း - ဘာသာပြန်
ဆရာကြီးဒေါက်တာသန်းထွန်း ၏ ဂံဂိုးဝ စာအုပ်မှ "လက်နက် နိုင်ငံတော် မရှိတဲ့ ဧကရာဇ်- ခရစ်နှစ် 1557

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။