မြန်မာ့ရောင်စဉ်
LG G2 မီနီ လာတော့မည်။
ကြီးမားတဲ့ Flagship အရွယ်အစားကနေ အသေးစားမီနီကြိုက်သူများအတွက် အရွယ်အစား ချုံထားတဲ့ LG G2 မီနီ ဖြစ်ပါတယ်။
ဆမ်ဆောင်း၊ HTC နဲ့ Sony တို့လို LG ဟာ နောက်ဆုံး ဖုန်းဈေးကွက်ထဲကို Flagship ကိုပြန်လည် အသက်သွင်းကာ
အရွယ်အစားသေးငယ်ထားတဲ့ ယခုလို ဖုန်းအမျိုးအစားမျိုးကို ဖြစ်ပေါ်လာစေခဲ့တာ ဖြစ်ပါတယ်။
အရွယ်အစားသေးငယ်ထားတဲ့ ယခုလို ဖုန်းအမျိုးအစားမျိုးကို ဖြစ်ပေါ်လာစေခဲ့တာ ဖြစ်ပါတယ်။
ယခုတွေ့ရတဲ့ ပုံဟာဆိုရင် LG ရဲ့ ဖေ့ဘုတ်ပေ့ခ်ျမှဖြစ်ပြီး အဆိုပါ G2 မီနီကိုတော့ ဖေဖော်ဝါရီ ၂၄ရက်နေ့လောက်( Mobile world Congress)
မှာ ပထမဦးဆုံး တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံအရ ထိုမီနီ G2 မှာ ယခင် Flagship G2 လိုပဲ အနောက်ဖက်ကို ပြိုင်ဖက်ကင်းစွာ နဲ့တူညီနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အနောက်ကင်မရာအောက်မှာ ပါရှိတဲ့ အသံအတိုးအလျော့ ခလုတ်နဲ့ ပါဝါ ခလုတ်လို့မျိုးပေါ့။ အခြားအချက်အလက်တွေအနေနဲ့ကတော့ ထပ်မံပြောဆိုဖို့ ခက်ခဲနေပါသေးတယ်။
မကြာမီ ရောက်ရှိတော့မည့် Mobile world Congress ကလည်း မဝေးတော့တာမို့ ဆက်လက်စောင့်မျှော်ရမှာတော့ အသေအချာပါပဲ။
Aung Heine ( www.smart.com.mm )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။