MM Social Sky
ဘာကြောင့် စွန့်ဦးတီထွင်လူငယ်တစ်ယောက် ကို မချစ်သင့်သလဲ ? အချက် ၁၀ ချက်
ဒီစာကို မဖတ်ချင် ကြိုတင်သိစေချင်တာက အခုဖော်ပြပါ အကြောင်းအရာတွေဟာ အမျိုးသား အမျိုးသမီး ခွဲခြားခြင်းမဟုတ်ဘဲ မည်သည့် လူငယ်စွန့်ဦးတီထွင်မဆိုကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
ကိုယ်ပိုင်လုပ်ငန်းကို စတင်တည်ထောင်နေတဲ့ လူငယ်တွေ၊ စွန့်ဦးတီထွင်လူငယ်တွေဟာ အလုပ်ကြိုးစားကြပါတယ်၊ ပြောင်းလဲမှုတစ်ခုအတွက် အရဲစွန့်လိုကြပါတယ် ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ သူတို့ဟာ အရမ်းအချိန်မအားလပ်ကြပါဘူး။ သာမန်လူတစ်ယောက်အနေနဲ့ သူတို့ရဲ့ အပြုအမှုတွေ အချိန်မအားလပ်မှုတွေ ကို ဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ပါဘူး။ နားလည်ဖို့အတွက်လည်း အတော်ကြိုးစားရပါလိမ့်မယ်။ ဒီအချက်တွေအပြင် -
၁။ အချိန် အချိန် အချိန်
တစ်နေ့မှာ ၂၅ နာရီရှိရင် သူတို့ဟာ အချိန် ၂၅ အလုပ်လုပ်ကြမယ့် သူတွေပါ။ တခြားသော လူမှုရေးပွဲလမ်းသဘင်တွေ သွားဖို့အတွက် အချိန်မပေးကြပါဘူး။ အမြဲတမ်း သူတပါး လက်မခံနိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းဆန်တတ်ပါတယ်။
၂။ ပိုက်ဆံမရှိ၊ လက်ဆောင်မရှိ
စီးပွားရေး လုပ်ငန်းတစ်ခုကို စတည်တည်ထောင်ပြုလုပ်နေတဲ့ အချိန်မှာ လက်ထဲမှာ ပိုက်ဆံကျပ်တည်းနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဆီက ဘယ်တော့မှ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။
၃။ အမြဲတမ်း စီးပွားရေး အကြောင်းသာ စိတ်ကူးယဉ်နေခြင်း
သာယာကြည်နှုးဖွယ်ကောင်းတဲ့ ချစ်စကားလေးတွေ ဆိုနေရမယ့်အစား စီးပွားရေးပုံစံ စကားပြောဆိုမှုတွေကို သာတွေ့ရမှာဖြစ်ပါတယ်။ Business Plan, Money, Startups, new trends, results စတဲ့ စကားလုံးတွေကတော့ သူတို့နဲ့ စကားပြောရင် စာဖတ်သူ မကြားမဖြစ် ကြားရမယ့် စကားလုံးတွေပေါ့။
၎။ သင့် သူငယ်ချင်းတွေက သင်တို့ နှစ်ဖက်လုံးကို မုန်းပါလိမ့်မယ်
စာဖတ်သူနဲ့ သူနဲ့ အပြင်သွားတဲ့ အချိန် စာဖတ်သူရဲ့ သူငယ်ချင်းတွေကြားထဲမှာ သူဟာ စီးပွားရေး နဲ့ ဆိုင်တဲ့ မေးခွန်းတွေကို အမြဲလိုလိုမေးနေပါလိမ့်မယ်။ “နေကောင်းလား” လို့ မေးရမဲ့အစား “မင်းအလုပ်အဆင်ပြေလား” လို့ မေးပါလိမ့်မယ်။ အများလက်မခံနိုင်တဲ့ မေးခွန်းတွေကို မေးပြီး အလုပ်အင်တာဗျူးတစ်ခုလို စကားဝိုင်းကို ပြောင်းလဲစေမှာပါ။ ဒီအချက်က စာဖတ်သူ၊ စာဖတ်သူရဲ့ သူငယ်ချင်း နဲ့ သူ့ အကြား ခင်မင်မှု ပျက်ပြားစေနိုင်ပါတယ်။
၅။ သူ့သိတာတွေက သင့်အတွက် အမှိုက်တွေ ဖြစ်နိုင်ပါတယ်
စွန့်ဦးတီထွင်လူငယ်တွေဟာ ဥာဏ်ကောင်းကြပါတယ်။ ပြဿာနာမျိုးစုံကို ဖြေရှင်းနည်းမျိုးစုံသုံးပြီး ဖြေရှင်းကြသူတွေပါ။ ဒါပေမဲ့ သင် သူ့ဆီကနေ အစားအစာ သို့မဟုတ် အ၀တ်အထည် brand တစ်ခုအကြောင်း မေးမြန်းခဲ့ရင်တော့ သေချာရှင်းပြပေးပေမဲ့ နောက်ဆုံးမှာတော့ ဆိုင်မှာ သွားဝယ်ဖို့ကို လမ်းညွှန်လိုက်မယ့် သူတွေ ဖြစ်ပါတယ်။
၆။ သင်ဟာ လက်တော့ကွန်ပြူတာတွေ အင်တာနက်တွေကို မုန်းလာပါလိမ့်မယ်
သူတို့ဟာ ဘ၀တစ်လျှောက်လုံး လက်တော့ကွန်ပြူတာကို အမြဲအသုံးပြုကြမယ့် သူတွေပါ။ အင်တာနက်ရှိတဲ့ အခါဆိုရင်လည်း သူတို့က အင်တာနက်ပေါ်ကနေ လေ့လာစရာတွေကို လေ့လာနေပြီး အပြင်လောကကြီးကို မေ့နေပါလိမ့်မယ်။ မယုံရင် သင့်အနေနဲ့ သူ့ကို သင် နဲ့ လက်တော့ကွန်ပြူတာ ဘယ်အရာကို ပိုချစ်လဲ မေးကြည့်ပါ။
၇။ လူမှုကွန်ရက်ချဲ့ခြင်း
သူတို့ဟာ အမြဲတမ်း လူမှုရေးကွန်ရက်တွေကို ချဲ့နေတတ်ကြပါတယ်။ သူတို့ကို လူသိအောင် လုပ်ပါတယ်။ ခင်တဲ့ သူတွေ များအောင် လုပ်ပါတယ်။ ဒါပေမဲ့ သင့်အတွက်ဆိုရင်တော့ အချိန်ပေးဖို့ ရှိချင်မှ ရှိပါလိမ့်မယ်။
၈။ အရာရာတိုင်းမှာ စီးပွားရေး အခွင့်အလမ်းအတွက် စောင့်ကြည့်နေခြင်း
အကြောင်းအရာတစ်ခုကို မြင်တိုင်း သူတို့ဟာ စီးပွားရေး အခွင့်အလမ်းအသစ်တစ်ခုလုပ်ဖို့ကိုသာ အားသန်နေသလို အချိန်တိုင်း ဒီလိုမျိုးဖြစ်ဖို့အတွက်လည်း စဉ်းစားနေပါတယ်။
၉။ ဖုန်းအမြဲမအားခြင်း
သူတို့ဟာ အမြဲတမ်း ဖုန်းနဲ့ ဆက်သွယ်စကားပြောနေရပါတယ်။ ဖောက်သည်၊ အရောင်းသမား၊ ၀ယ်ရောင်းသမား၊ ကုန်စည်ဒိုင်၊ လုပ်ဖော်ကိုင်ဖက် စသူတွေနဲ့ စကားပြောဆိုနေရပါတယ်။ သင် နဲ့ နှစ်ကိုယ်တည်း စကားပြောတဲ့ အချိန်မှာလည်း သူ့ရဲ့ ဖုန်းက အမြဲတမ်း ဆက်သွယ်မှုရှိနေမှာပါ။
၁၀။ သင်ဟာ သူ့ကို ဆက်ချစ်နေမိလိမ့်မယ်
လူငယ်စွန့်ဦးတီထွင်တွေဟာ အမြဲတမ်း အိမ်မက်တွေနဲ့ ပြည့်နေပါတယ်။ သူတို့ဟာ အောင်မြင်မှုအတွက် အာရုံစူးစိုက်ပြီး အလုပ်လုပ်ကြပါတယ်။ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေလိုပါတယ်။ သူတို့ဟာ နေ့စဉ် ပြဿနာအသစ်တွေကို ကြုံတွေ့နေရပါတယ်။ သူတို့ရဲ့ အကြံတွေဟာ တစ်ခါတစ်လေမှာ အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ် တစ်ခါတစ်လေ အလုပ်မဖြစ်နိုင်ပါဘူး။ ဒီအချက်တွေဟာတော့ သင့်ကို သူ့အနားက မခွါနိုင်အောင် ညှို့ထားသလိုဖြစ်နေမှာပါ။
ဝင်းကို (MM Social Sky)
http://www.linkedin.com/in/winkokoaung/
www.mmsocialsky.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။