ပိုပိုဇော်(သဘာဝအားအင်)
ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား
•••••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 7:16am
•••••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 7:16am
ပဲနီလေးဟာ ပရိုတင်းဓာတ်နဲ့ ပေါင်းစပ် ကာဗိုဟိုက်ဒရိတ်တို့ ရောထားတဲ့ အပြစ်ကင်းစင်တဲ့ အစားအသောက် ဖြစ်ပါတယ်။ ပဲနီလေးက မြန်မြန် ကျက်လွယ်တာကြောင့် ဟင်းချို၊ စွပ်ပြုတ်နဲ့ အသုပ်အဖြစ် ပြုလုပ် စားသုံးနိုင်ပါတယ်။
ပဲနီလေးရဲ့ ကျန်းမာရေး အာနိသင်ကတော့ ပျော်ဝင်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေး နိုင်ပါတယ်။ ပဲနီလေး ချက်ပြီးသား တစ်ခွက်စာ ပမာဏမှာ အမျှင်ဓာတ် ၁၆ ဂရမ် ပါဝင်ပါတယ်။
ပဲနီလေးမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပဲနီလေးမှာ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲနီလေးချက်ပြီးသား တစ်ခွက်စာမှာ ပရိုတင်းဓာတ် ၁၈ ဂရမ် ပါဝင်နေပါတယ်။
ပဲနီလေးမှာ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲနီလေးချက်ပြီးသား တစ်ခွက်စာမှာ ပရိုတင်းဓာတ် ၁၈ ဂရမ် ပါဝင်နေပါတယ်။
လတ်တလော လေ့လာမှုတစ်ရပ်အရ အစာစားတိုင်း ပဲနီလေး ဒါမှမဟုတ် ပဲအမျိုးမျိုးကို တစ်ပတ်မှာ နှစ်ကြိမ်လောက် ပါဝင်အောင် ထည့်စားသူတွေဟာ တစ်လမှာ တစ်ကြိမ်အောက်သာ စားသူတွေနဲ့ နှိုင်းယှဉ်ပါက ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။
ပဲနီလေးဟာ ဗီတာမင်ဘီဓာတ်လည်း ပေါများစွာ ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ အမိုင်နိုအက်စစ် ဟိုမိုစစ်စတင်း ပမာဏကို လျော့ကျစေပါတယ်။ ဟိုမိုစစ်စတင်း ပမာဏများတာဟာ နှလုံးရောဂါနဲ့ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်း လျော့နည်းတဲ့ အခြေအနေ ဖြစ်နိုင်ခြေကို မြင့်မားစေတာကြောင့် ဟိုမိုစစ်စတင်းပမာဏ လျော့နည်းအောင် ပဲနီလေးကို စားသင့်ပါတယ်။ ပဲနီလေးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ သင့်ကို အူလှုပ်ရှားမှု ကောင်းမွန်ပြီး ဝမ်းမှန်အောင် ထိန်းပေးထားနိုင်ပါတယ်။
ကြယ်စင်
Ref; RD
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/02/blog-post_9349.html#more
Ref; RD
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/02/blog-post_9349.html#more

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။