နှင်းဆီဖူးလေးများ-Love BUDS
~တစ်နေ့လျင်လ္ဘက်ရည်၇ခွက်နှင့်အထက် သောက်ပါကဆီးကျိတ်
ကင်ဆာဖြစ်လာနိုင်~
ကင်ဆာဖြစ်လာနိုင်~
:::::လ္ဘက်ရည် အသောက်များသူများသည် ဆီကျိတ်ကင်ဆာဖြစ်ရန် အလားအလာ ပိုများသည်ဟုသုတေသီများက လေ့လာ တွေ့ရှိခဲ့ကြသည်။ တစ်နေ့လျင် လ္ဘက်ရည် ၇ ခွက်နှင့်အထက် သောက်သူများသည် တစ်နေ့လျင် လ္ဘက်ရည် ၃ ခွက်နှင့်အောက် သောက်သူများထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။
:::::ဂလပ်စကို တက္ကသိုလ်မှ သိပ်ပံပညာရှင်များက လူ ၆၀၀၀ ကျော်တို့အား ဆယ်စုနှစ်နှင့်ချီ၍ လေ့လာခဲ့ကြပြီးနောက် အဆိုပါ ကျန်းမာရေး ဆိုင်ရာ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
:::::အဆိုပါ ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်သည် ယခင်က လေ့လာထားသော လ္ဘက်ရည်သောက်သုံးခြင်းက ကင်ဆာရောဂါအန္တရာယ် လျော့နည်းစေသည်ဟူသော အကြံပြုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
::::: ဒေါက်တာကာရှစ်ရှာဖစ် ဦးဆောင်သော သုတေသနအဖွဲ့က ယင်းလေံလာမှုကို ၁၉၇၀ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ သုတေသနပြု လေ့လာခံခဲ့ရသည့် အသက်၂၁ နှစ်မှ ၇၅ နှစ် အတွင်းရှိသူများကို ၎င်းတို့၏ ပုံမှန် လ္ဘက်ရည်၊ ကော်ဖီနှင့် အရက်သောက်သုံးမှုအကြောင်း အပြင်ဆေးလိပ်သောက်သည့် အလေ့အထများကို မေးခွန်းများ အပြည့်အစုံ မေးသည့်အပြင် ၎င်းတို့၏ ယျေဘုယျကျန်းမာရေးအခြေအနေကိုလည်း မေးမြန်း လေ့လာခဲ့ကြကာ ရောဂါစစ်ဆေးမှု ပြုလုက်ခဲ့ကြသည်။
:::::လူပေါင်း ၆၀၁၆ ဦးအနက်မှ အရေအတွက် လေးပုံတစ်ပုံအောက် ရှိသူများသည်တစ်နေ့လျှင်လ္ဘက်ရည်၇ခွက်နှင့်အထက် သောက်သုံးခဲ့ကြသည်။ ယင်းတို့အထဲမှ ၆.၄ ရာခိုင်းနှုန်းတွင် ၃၇ နှစ်အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပေါ်လာခဲ့ကြသည်ကို တွေ့ရှိခဲ့ရ သည်။
<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
By Yatanarpon
Got from FWD mail
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note&photo credit to original uploader
photo from google
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note&photo credit to original uploader
photo from google

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။