FOOD Magazine
...........................................
ကြက်သားနှင့် မျှစ်ကြော်ဟင်း
...........................................
တရုတ်စတိုင်လ် ကြက်သားနှင့် မျှစ်ကြော်လေးပါ။
အချိန်တိုတိုအတွင်း ချက်စားနိုင်သည့် ဟင်းအသစ်အဆန်းလေးကို
ချက်စားကြည့်ရအောင် … ။
ကြက်သားနှင့် မျှစ်ကြော်ဟင်း
...........................................
တရုတ်စတိုင်လ် ကြက်သားနှင့် မျှစ်ကြော်လေးပါ။
အချိန်တိုတိုအတွင်း ချက်စားနိုင်သည့် ဟင်းအသစ်အဆန်းလေးကို
ချက်စားကြည့်ရအောင် … ။
ပါဝင်ပစ္စည်းများ
.......................
• ကြက်သား (ရင်ပုံသား) - ၂၀ ကျပ်သား (အရှည်လိုက်လေးများ လှီးပါ)
• မျှစ် - ၅ ကျပ်သား ( အရှည်လေးများ လှီးပါ)
• မှိုခြောက်ပွင့် - ၃ ခု
(ရေနွေးဖြင့် နူးအောင် ၂ မိနစ်ခန့် ပြုတ်ပြီး အတုံးလေးများ တုံးပါ)
• သခွားသီး - ၁ ခု
(တစ်ဝက်ဝက်ပြီး အ၀ိုင်း ပါးပါးလေးများလှီးပါ)
• ငုံးဥ - ၅ လုံး (ပြုတ်ပြီး အခွံနွှာထားပေးပါ)
• ပဲငံပြာရည် (အကြည်) - စားပွဲဇွန်း ၁ဇွန်း
• ပဲငံပြာရည် (အနောက်) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ကြက်သွန်ဖြူ - ၃ မြွှာ (ထောင်းထားပါ)
• Five Spices Powder - လက်ဖက်ရည်ဇွန်းတစ်ဝက်
(တရုတ် ဟင်းခတ်အမွှေးအကြိုင်) (Supermarket ဆိုင်မှာ ၀ယ်ယူနိုင်ပါသည်)
ချက်ပြုတ်နည်း
..............................
၁။ ဒယ်အိုးထဲ ဆီ (စားပွဲဇွန်း ၄ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊
မှိုခြောက်တုံးလေးများကို ထည့်ပြီး ၁ မိနစ်ခန့် မွှေပေးပါ။
..............................
၁။ ဒယ်အိုးထဲ ဆီ (စားပွဲဇွန်း ၄ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊
မှိုခြောက်တုံးလေးများကို ထည့်ပြီး ၁ မိနစ်ခန့် မွှေပေးပါ။
၂။ ပြီးလျှင် ကြက်သားများကိုထည့်ပြီး ရောမွှေလိုက်ပါ။\
၃။ ထို့နောက် အရသာ အပေါ့အငန်အတွက် ပဲငံပြာရည်အကြည်၊
ပဲငံပြာရည် အနောက်၊ နှမ်းဆီ၊ Five Spices Powder၊ ဆား၊
ကြက်သားမှုန့်တို့ကိုထည့်ပြီး ရောမွှေပေးပါ။
ပဲငံပြာရည် အနောက်၊ နှမ်းဆီ၊ Five Spices Powder၊ ဆား၊
ကြက်သားမှုန့်တို့ကိုထည့်ပြီး ရောမွှေပေးပါ။
၎။ ကြက်ပြုတ်ရည် (သို့) ရေ (လက်ဖက်ရည် ပန်းကန်လုံး ၁ လုံး)ကို
ဒယ်အိုးထဲထည့် ပြီး ကြက်သားနူးအောင်ထိ တည်ထားပေးပါ။
ဒယ်အိုးထဲထည့် ပြီး ကြက်သားနူးအောင်ထိ တည်ထားပေးပါ။
၅။ ပြီးမှ မျှစ်၊ ငုံးဥနှင့် သခွားသီးများကိုထည့်ပြီး ၁ မိနစ်ခန့် ထပ်ရောမွှေလိုက်ပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။