Burma-Newselite
ချစ်သူများနေ့ အထိမ်းအမှတ်ကမ္ဘာကျော် ချစ်စကားများ
အချစ်ဆိုတာ ကို ကျမနားလည်တာကတော့ တယောက်ယောက်က
ကိုယ့်ဘ၀တခုလုံးကို မင်းနဲ့ အတူရှိနေချင်တယ် မင်းအတွက်သာဆိုရင်လေယာဉ်ပျံပေါ်ကနေတောင် ခုန်ချရဲပါတယ်လို့ ပြောလာတာမျိုးဘဲ
( အဆိုတော်ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်စ်)
ကမ္ဘာပေါ်မှာ အကောင်းဆုံးအမွေးနံ့ ကတော့ ကိုယ်ချစ်တဲ့ ယောကျာ်းတဦးရဲ့ ကိုယ်သင်းနံ့ ပါ
(ရုပ်ရှင်မင်းသမီး ဂျနီဖာအင်နစ္စတန်)

ကျမချစ်ရတာကို ကြိုက်တယ် ကျမ အဲဒါကိုစွဲလမ်းတယ်။ သိပ်သဘောကျတယ်။ ဒါကအရုးအမှုးခံစားမှုတမျိုးဘဲ
(ရုပ်ရှင်မင်းသမီး ဒရူးဘယ်ရီမိုး)
အချစ်ဆိုတာ ထာဝရရှိတဲ့ အရာတမျိုးပါ။ ပုံသဏ္ဍာန်ပြောင်းလဲသွားမယ် ဒါပေမဲ့ အနှစ်သာရကတော့ မပြောင်းလဲဘူး
( ကမ္ဘာကျော်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး)
အချစ်ဆိုတာ ကတိက၀တ်တခု ၊အမှတိတရတခု ၊တခါကြုံဖုးရုံနဲ့  ဘယ်တော့မှမေ့မရ ပျောက်ကွယ်မသွားတဲ့ အရာမျိုး
(အဆိုကျော်ဂျွန်လင်နွန်)
အချစ်ဆိုတာ သက်ပြင်းချမှုတွေ ၀မ်းနည်းမှုငွေ့ ရည်တွေနဲ့ ဖွဲ့တည်နေတဲ့ မီးခိုးငွေ့ လိုမျိုး
( စာရေးဆရာ ရှိတ်စပီးယား)
လူတွေချစ်ကြတယ်ဆိုတာ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကြောင့်မဟုတ်ပါဘူး
( ရုပဗေဒပညာရှင် အယ်လဘတ်အိုင်စတိုင်း)
ဘ၀မှာကံအထူးဆုံးပျော်ရွှင်မှူကတော့ အချစ်ကိုခံစားရတာပါ
( ပြင်သစ်စာရေးဆရာကဗျာဆရာ ဗစ်တာဟုဂို)
ကိုယ်ခန္ဓာကရောဂါတွေကို ဆေးနဲ့ ကုစားလို့ ရပေမယ့် အထီးကျန်တာ စိတ်ဓာတ်ကျတာ မျှော်လင့်ချက်မဲ့ တာတွေကိုတော့ ချစ်ခြင်းမေတ္တာနဲ့ ဘဲ ကုစားနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ထမင်းငတ်လို့ သေသူတွေအများကြီးရှိသလို အချစ်ငတ်လို့ သေသူတွေက ပိုများပါတယ်
(မာသာထရီဇာ)
လူဆိုးတွေကတော့ ကြောက်အောင်ပြောမှ နားထောင်ကြတယ် လူကောင်းတွေကတော့ ချစ်တယ်လို့ ပြောမှ နားထောင်ကြတယ်
( ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်လ်)
(မာသာထရီဇာ)
လူဆိုးတွေကတော့ ကြောက်အောင်ပြောမှ နားထောင်ကြတယ် လူကောင်းတွေကတော့ ချစ်တယ်လို့ ပြောမှ နားထောင်ကြတယ်
( ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်လ်)
ထားထားမြင့်စုစည်း၍ဘာသာပြန်ဆိုသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။