အပြည်ပြည်ဆိုင်ရာ အမေများနေ့ (သို့) International Mothers' Day (12.5.2013)
--------------------------
၁၂.၅.၂၀၁၃ ခုနှစ်ဟာ အမေများနေ့ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်တော်များ များက မိခင်တွေကို ဂုဏ်ပြုတဲ့နေ့တစ်ရက်ပါ။ နိုင်ငံတကာက ကျင်းပတဲ့ အမေများနေ့အကြောင်းမပြောခင်
--------------------------
မေလ (၅)ရက်နေ့ဟာ ၂၀၁၃ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမေများနေ့ ဖြစ်ပါတယ်။ အမေများနေ့လို့ နိုင်ငံတကာမှာ သတ်မှတ်ပုံ မတူညီကြပါဘူး။ အမေများနေ့ ဖြစ်ပေါ်လာတဲ့ အဓိက အကြောင်းအရင်းကို ပြောပြပါ့မယ်။
အမေများနေ့ ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူကတော့ အမေရိကန်နိုင်ငံသူ Julia Ward Howe (1819-1910) ဖြစ်ပါတယ်။ သူမဟာ ကျော်ကြားတဲ့ စာရေးဆရာမကြီး တစ်ဦးဖြစ်ပြီး အမေများနေ့ ဖြစ်မြောက်အောင် သူမရဲ့ ကလောင်စွမ်းနဲ့ ကြိုးပမ်းခဲ့သူတစ်ယောက်ပေါ့
နှစ်ဆယ်ရာစုနှစ်စမှာ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေထဲ ပါဝင်ခွင့်ရပြီး နိုင်ငံရေးတွေမှာ ဆန္ဒမဲပေးခွင့်တွေ ရလာကြတယ်။ ဒီလိုအခွင့်အရေးရတဲ့ နေရာမှာ ကြီးပြင်းလာခဲ့တဲ့ Annaက နိုင်ငံရေးတွေမှာ ပါဝင်ခဲ့တယ်။ ၁၉၀၅ ခုနှစ် မေလမှာ သူ့မိခင်ဆုံးသွားတယ်။ မိခင်ဆုံးပြီး (၂)နှစ်မှာ Anna က သူ့မိခင်စာသင်ခဲ့တဲ့ ဘုရားကျောင်းမှာ (၂)နှစ်ပြည့် (မေလ ဒုတိယပတ် တနင်္ဂနွေနေ့) အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့တယ်။ အထိမ်းအမှတ်ပွဲမှာ မိခင်ရဲ့ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာဝရတည်တံ့မှုကို မိခင်ကြိုက်တဲ့ အဖြူရောင် Dianthus caryophyllus ပန်းတွေနဲ့ အစားထိုးခင်းကျင်းခဲ့တယ်။ အခုခေတ်မှာတော့ မိခင်များနေ့ကို အနီရောင်ပန်း Dianthus caryophyllus အဖြင့် ပြောင်းလဲခဲ့ပြီး အဖြူရောင်ကိုတော့ ကွယ်လွန်သွားတဲ့မိခင်တွေအတွ
၁၉၀၈ ခုနှစ်မှာ ပုံစံတူအထိမ်းအမှတ်နေ့ ထပ်ကျင်းပခဲ့ပြန်တယ်။ အဲဒီနောက် Anna ဟာ မိတ်ဆွေ တချို့နဲ့ပေါင်းပြီး letter-writing campaign အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ခေါင်းဆောင် အကြီးအကဲ၊ ကုန်သည်၊ ပါတီဝင်တွေရဲ့ ထောက်ခံမှုကိုယူပြီး အဲဒီအထိမ်းအမှတ်နေ့ကို တစ်နိုင်ငံလုံးရဲ့ မိခင်များနေ့အဖြင့် သတ်မှတ်ခဲ့တယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်တစ
Annaရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၀ခုနှစ်မှာ West Virginia ပြည်နယ်က မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် သတ်မှတ် ကြော်ငြာလိုက်တယ်။ ၁၉၁၁ခုနှစ်ရောက်တော့ ပြည်နယ်တိုင်းက မိခင်များနေ့ကို ကျင်းပကြတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့နိုင်ငံအသီးသီးက ဥပမာ မက်ဆီကို၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ တောင်အမေရိကားနဲ့ အာဖရိကတိုက်တို့ကလဲ မိခင်များနေ့ကို စတင်ကျင်းပခဲ့တယ်။ ၁၉၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့မှာ The Mother's Day International Association ကို စတင်ဖွဲ့စည်းပြီး မိခင်များနေ့ကို အသိအမှတ်ပြုခဲ့တယ်။
၁၉၁၃ ခုနှစ် Pennsylvania ပြည်နယ်ကလည်း မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကြော်ညာခဲ့တယ်။ ၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့ မှာ လွတ်တော်ကိုယ်စားလှယ်တို့ရဲ
ဒီလိုနဲ့ အပြည်ပြည်ဆိုင်ရာမိခင်များေ
--------------------------
Sources:
http://en.wikipedia.org/
http://my.wikipedia.org/
https://www.facebook.com/
--------------------------
လူသားတိုင်းမှာ မိခင်ကိုယ်စီ ရှိပါတယ် အကြောင်းအမျိုးမျိုးကြောင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။