Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 11, 2013

“ဒေါက်တာဆိတ်ဖွားအား သုတေသနကျကျ ဖော်ထုတ်တွေ့ရှိခြင်း…”


“ဒေါက်တာဆိတ်ဖွားအား သုတေသနကျကျ ဖော်ထုတ်တွေ့ရှိခြင်း…”
ယနေ့မြန်မာလူထုအတွင်း၌ အထူးစိတ်ဝင်စားဖွယ်ဖြစ်လျှက်ရှိသော အဆိုပါ ဒေါက်တာဆိတ်ဖွားအား သုတေသနကျကျ ဖော်ထုတ်တွေ့ရှိနိုင်ခဲ့ပြီဖြစ်ပါတယ်…
အစကနဦးအနေဖြင့် ဒေါက်တာဆိတ်ဖွား၏ အမည်နာမကို သေချာစွာ သုံးသပ်ကြည့်ခဲ့ရာမှာ အမည်၌ ဒေါက်တာဟု သုံးစွဲပါရှိခြင်း၊ ၄င်းဒေါက်တာ၏နောက်၌ ဆိတ်ဖွားဟု ထပ်မံပေါင်းစပ်ထားခြင်းတို့ကြောင့် မြည်သံစွဲအလင်္ကာ “ဒေါက်” နှင့် အများဆိုင်နာမ် “ဆိတ်” တို့ကို ဦးစားပေးမှည့်ခေါ်ထားသည်ကို ထောက်ရှုကာ အများကို မြည်ဟည်းတုန်ခါစေအောင် တံခါးခေါက် လိုက်နိုင်သော အများဆိုင်နာမ်တစ်ခုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်…
ဤသည်ကို ပါးနပ်ကျွမ်းကျင်သော ဒေါက်တာဆိတ်ဖွားအနေဖြင့် တစ်ဦးပိုင်နာမ်အဖြစ် ရပ်တည်နိုင်စေရန် “ဒေါက်တာဆိတ်ဖွား” ဟု ပြောင်းလဲမှည့်ယူသုံးစွဲကာ မျက်လှည့်ပြထားသည်ကိုလည်း ထပ်မံတွေ့ရှိရပြန်ပါတယ်…
ပုဂ္ဂိုလ် သတ္တ၀ါ ခွဲခြားကြည့်ရာ၌ ၄င်း၏ အမည်နာမရှေ့တွင် “ဒေါက်တာ”ဟု ထူးခြားစွာ ပါရှိနေသဖြင့် လူနှင့် အလားသဏ္ဍာန်တူသော သတ္တ၀ါတစ်ဦးဖြစ်နိုင်ချေရှိသည်ဟု လေ့လာသုံးသပ်နိုင်ခဲ့ပြန်ပါတယ်… အကယ်၍ လူဖြစ်ခဲ့မည်ဆိုပါက ၄င်းသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုမှ နှစ်ကာလကြာမြင့်စွာ တက်ရောက်ရသော ဒေါက်တာဘွဲ့ကို ရရှိခဲ့သူဖြစ်နိုင်သလို တရုတ်နိုင်ငံ၌ ၅ ရက်မျှသာတက်ရောက်ကာ ချီးမြင့်ပေးသော ဒေါက်တာဘွဲ့ကို ရရှိခဲ့နိုင်သူဖြစ်သည်ဟုလည်း အနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့ပြန်ပါတယ်… သို့သော် ၄င်းသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အဖြေများ၌လည်းကောင်း၊ သစ်ထူးလွင်ဝက်ဆိုက်၌လည်းကောင်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ကို တွေ့ရှိရပြန်သဖြင့် ဇော်ဂျီဖိုဝင်သားစားဖူးသော ဗျတ်ဝိ ဗျတ္တညီနောင်ကဲ့သို့ မြေလျှိုး မိုးပျံနိုင်သည့် အစွမ်းရှိသူဟုလည်း ခန့်မှန်းနိုင်ရပြန်ပါတယ်…
“လူ”ဟု ခိုင်မာစွာတည်ဆောက်ပြောဆိုရန် ခိုင်လုံသည့်အချက်များမှာ ၄င်းသည် ကွန်ပျူတာကို သုံးစွဲကာ အွန်လိုင်းစာမျက်နှာ၌ စာရေးနိုင်သည်အထိ စွမ်းပကားရှိခဲ့သောကြောင့် လူဖြစ်သည်မှာ ၉၉.၉၉ ရာခိုင်နှုန်းနီးပါးသေချာနေသည်ဟုလည်း စစ်ဆေးတွေ့ရှိခဲ့ပြန်ပါတယ်… သို့သော် ၄င်းလူသည် ကွန်ပျူတာ မရှိခဲ့သည် ကျောက်ခေတ်များဘက်၌ မီးသွေးခဲကို အသုံးပြုခဲ့နိုင်ခြင်း၊ ကျောက်ခေတ်မှတဆင့် တဖြည်းဖြည်း ယဉ်ပါးလာသည့် လူ့သက်တမ်းများအတွင်း၌ မီးခြစ်ဆံ၊ မြေဖြူ၊ ခဲတံ၊ ဘော့ပင်၊ ဆော့ပင်နှင့် နှုတ်ခမ်းနီတောင့် များကိုပါ အသုံးပြုရေးသားနိုင်မည်ဖြစ်ခြင်းစသော သမိုင်း၏ ကောက်ကြောင်းများကို ခြေရာခံစစ်ဆေးနိုင်ခဲ့ပြန်ပါတယ်…
၎င်းစားသောက်နိုင်သော အစားအစာများကို အနီးစပ်ဆုံးအဖြေရှာကြည့်ခဲ့ရာ၌ ယေဘူယျအားဖြင့် ဖြစ်နိုင်ခြေရှိသည်များမှာ အစားအစာများ၌ ထမင်းနှင့်ဟင်း (သို့မဟုတ်) ခေါက်ဆွဲ၊ သောက်စရာများ၌ ရေနှင့် အအေးတို့ဖြစ်နိုင်ချေရှိသည်ဟု ကောက်ချက်ချခဲ့ရပြန်ပါတယ်… သို့သော်၎င်း၏ အမည်နာမ ဒုတိယ နေရာ၌ ဆိတ်ဖွားဟု ပါရှိခဲ့ပြန်သဖြင့် သစ်သီး သစ်ရွက်နှင့် သစ်ဥ သစ်ဖတ်များကိုစားသုံးကာ ရေတစ်မျိုးတည်းကိုသာ သောက်သုံးလိမ့်မည်ဟုလည်း ဒွန်တွဲဆုံးဖြတ်ရပြန်ပါတယ်…
အသုံးအဆောင်ပစ္စည်းများနှင့် ဆက်စပ်တွေးခေါ်ကြည့်ခဲ့ရာ၌ ၄င်းသည် ဒေါက်တာဖြစ်ခဲ့မည်ဆိုပါက နားကြပ်၊ ဇာဂနာ၊ ဂွမ်းဖတ်နှင့် ဆေးထိုးအပ်တို့ကို ၄င်း၏ လက်အတွင်း၌ ကိုင်ဆောင်နိုင်မည်ဖြစ်ကာ ခြေထောက်၌ ညှပ်ဖိနပ်နှင့် ရှူးဖိနပ်တို့ကို ၀တ်ဆင်နိုင်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုရပြန်ပါတယ်… အကယ်၍ ဆိတ်ဖွားဖြစ်ခဲ့မည်ဆိုပါက ၄င်းပိုင်ဆိုင်သော ဦးချိုကိုသာ လှုပ်ရမ်းမည်ဖြစ်ကာ မည်သည့် (Foot Wear) မျှ ၀တ်ဆင်လိမ့်မည် မဟုတ်ကြောင်း လေ့လာသုံးသပ်ရပြန်ပါတယ်… မည်သို့ပင်ဖြစ်စေ ၄င်း၏လှုပ်ရမ်းချက်တို့မှာ လွှတ်တော်ကိုပင်တုန်လှုပ်နိုင်ခဲ့ပြန်သဖြင့် သာမာန် ဦးချိုများနှင့်မတူသော မဟော်သဓာ လက်ထက်၌ ပေါက်ပွားခဲ့သည့် ဦးချိုမျိုးဖြစ်နိုင်ချေရှိနေသည်ကိုပါ ထည့်သွင်းအဖြေရှာခဲ့ရပြန်ပါတယ်…
သွားလာလှုပ်ရှားမှု့များနှင့် စပ်လျှဉ်း၍ လေ့လာသုံးသပ်ခဲ့ရာ၌ ဒေါက်တာဟူသော နာမ်စား၏အောက်တွင် ခြေဖ၀ါးရှေ့ဖျားနှင့် ခြေဖနောင့်တို့ကို သုံးစွဲကာ ၁ ပေသာသာ ကျယ်ဝန်းသော ခြေလှမ်းတို့ဖြင့် နှေးနှေးမြန်မြန်သွားနိုင်မည်ဖြစ်သလို ဆိတ်ဖွားဟူသော အမည်နာမ၏ အောက်တွင် ခြေဖနောင့်မပါရှိဘဲ ခြေဖ၀ါးကိုသာ သုံးစွဲကာ ၁ ပေထက်အနည်းငယ်မျှ နည်းသော အကွာအဝေးတို့ဖြင့် အနှေးအမြန် လှမ်းယူနိုင်မည်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြန်ပါတယ်…
အ၀င်အထွက်နှင့် ပတ်သက်ဆက်နွယ်၍ လေ့လာကြည့်ခဲ့ရာ၌ ၄င်းသည် ကျောက်ခေတ်ကာလများ၌ ဂူသို့ဝင်နိုင်ထွက်နိုင်ချေရှိပြီး ၂၁ ရာစု အစောပိုင်းကာလများ၌ နာမ်လောကသားများ သာမာန်သာ ၀င်လေ့ထွက်လေ့ရှိသော ခြင်ထောင်နှင့် တံခါးပေါက်များသို့ ၀င်နိုင်ထွက်နိုင်မည်ဖြစ်ကာ ၂၁ ၏နောက်ပိုင်း ကာလများဘက်၌ အင်တာနက်စာမျက်နှာများဆီသို့ပါ ထူးခြားစွာဝင်နိုင်ထွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပြန်ပါတယ်…
အသံပြုခြင်းနှင့် ပြောဆိုခြင်းတို့ပြုမူရာ၌ နာမ်လောကသားတို့နှင့် အနီးစပ်ဆုံးဖြစ်သော အသံများကိုသာ ထွက်ပေါ်စေနိုင်လိမ့်မည်ဖြစ်ပြီး ၄င်း၏ အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း၊ လျှာ၊ အာသီးနှင့် သွားတို့ကို အသုံးပြုကာ (အ၊ အိ၊ အော၊ အဲ၊ ပဲ၊ ကျိကျိ) စသော မြည်သံများ ထွက်ပေါ်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်ခဲ့ရပြန်ပါတယ်…
ဓာတ်သဘာဝများနှင့် ဆက်စပ်၍ တွေးခေါ်ချဉ်းကပ်ကြည့်ခဲ့ရာ၌ ၄င်းသည် ဥတုသုံးမျိုးရှိသော မြန်မာပြည်အနီးတစ်ဝိုက်၌ ပေါက်ပွားရှင်သန်ခဲ့မည်ဆိုပါက နွေဥတုတွင် ပူခြစ်ခြစ်ဓာတ်သဘာဝကို ဖြစ်ပေါ်ခံစားစေနိုင်ခြင်း၊ မိုးဥတု၌ စိုစွတ်စွတ် ရွှဲတဲတဲ ဓာတ်သဘာဝနှင့်နီးစပ်မှု့ဖြစ်ပေါ်စေနိုင်ခြင်းနှင့် ဆောင်းဥတု၌ အေးစက်စက် မာကျောကျော ဓာတ်သဘာဝအဖြစ် ပြောင်းလဲစေနိုင်ခြင်းတို့ကို ဓာတ်ခွဲတွေ့ရှိခဲ့ရပြန်ပါတယ်…
ဖော်ပြပါ ၄င်း၏ စွမ်းပကားများစွာထဲမှ အံ့မခန်းစွမ်းပကားတစ်ခုကို ရွေးချယ်ဖော်ထုတ်ခဲ့ရာ၌ ၄င်းသည် စာတစ်ပုဒ်မျှရေးရုံဖြင့် မြန်မာတစ်ပြည်လုံးကို ကျော်ကြားတုန်လှုပ်စေခဲ့သောကြောင့် ဂရင်းနစ်စံချိန်ဝင်နိုင်သော ကမ္ဘာ့အထူးခြားဆုံး စာရေးဆရာကြီးအဖြစ် အတည်ပြုခဲ့နိုင်ပြန်ပါတယ်… ထို့ပြင်၎င်းသည် ကော်မရှင်အုပ်စုဖွဲ့၍ ရှာဖွေပါသော်လည်း မတွေ့ရှိခြင်း၊ တွေ့ရှိပြန်သော်လည်း မသေချာခြင်း၊ သေချာစွာတွေ့ရှိခဲ့ပါသော်လည်း ထုတ်ဖော်ပြောဆိုရန်ခက်ခဲနေခြင်းတို့ကြောင့် ၄င်းနေထိုင်ရာအရပ်သည် လူတို့နှင့်ဝေးကွာသော နာမ်လောက တစ်ခုခုဖြစ်နိုင်ကြောင်းကိုပါ ပူးတွဲအတည်ပြုနိုင်ခဲ့ပြန်ပါတယ်…
ကြောက်မက်ဖွယ်ကောင်းသည်မှာ ၄င်းအားစစ်ဆေးဖော်ထုတ်နေချိန်၌ ၄င်းနှင့် ဆင်တူသော “ဒေါက်တာဂုတ်ကျား” ဟု ထပ်မံပေါ်ထွက်လာခဲ့ပြန်သဖြင့် စစ်ဆေးရခက်ခဲသော ကြီးမားသည့် အရှုတ်အထွေးကြီးများဖြစ်လာနိုင်သည်ကိုပါ သဲလွန်စအနေဖြင့် တွေ့ရှိနေရပြန်ပြီဖြစ်ပါတယ်…
မည်သို့ပင်ဖြစ်စေ ဒေါက်တာဆိတ်ဖွားအား လွှတ်တော်အတွင်း၌ တည်ရှိနေသည်ဟု သုံးသပ်မှု့များ ရှိခဲ့ပါသော်လည်း ၄င်းသည် ရံဖန်ရံခါ အိမ်သို့ပြန်နိုင်ချေရှိခြင်း၊ အိပ်ယာတစ်ခုခု၌ အိပ်နိုင်ချေရှိခြင်းနှင့် မိုးလင်းပါက မျက်နှာများပင် သစ်နိုင်ချေရှိခြင်းတို့ကိုပါ နာမ်လောကဘက်မှ ဆက်စပ်လေ့လာခဲ့ရပြန်ပါတယ်…
အချုပ်အနေဖြင့် စုံစမ်းစစ်ဆေးတွေ့ရှိခဲ့သော အဖြေများအား ခြုံငုံသုံးသပ်လေ့လာကြည့်ခဲ့ရာမှာ ၄င်းဒေါက်တာဆိတ်ဖွားသည် ကွန်ပျူတာမှန်ပြင်နှင့် အနီးကပ်ဆုံးနေရာတစ်ခု၌ ရေ (သို့မဟုတ်) အအေးတစ်ခုခုသောက်ကာ ပြုံးစိစိဖြစ်လျှက်ရှိသော မျက်နှာကိုပိုင်ဆိုင်နိုင်သည့် နာမ်လောကသားတစ်ဦး ဖြစ်နိုင်ချေရှိသည်ဖြစ်ကြောင်း သုတေသနကျကျ ဖော်ထုတ်တွေ့ရှိခဲ့ပြီဖြစ်ပါတယ်…

လေးစားစွာဖြင့်…
ဖိုးအောင်(နည်းပညာ)

http://pyawsayarkabarlay.ning.com/profiles/blog/show?id=6579402%3ABlogPost%3A110659&xgs=1&xg_source=msg_share_post

ဘကြီးသက်
Email ThisBlogThis!Share to TwitterShare to Facebook
You might also like:

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။