Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 20, 2013

ကမ္ဘာကျော် Celebirty အချို့၏ ထူးခြားလျှို့ဝှက်သည့် အလေ့အထများ

 
 
ကမ္ဘာကျော် လူသိများ Celebrityများ၏ ထူးထူးခြားခြား စုဆောင်းတတ်သည့် ပစ္စည်းလေးများနှင့် ပတ်သက်ပြီး The Sunက လေ့လာ ဖော်ပြခဲ့ရာ ရယ်ရွှင်ဖွယ်ရာ အတွင်းရေး လျှို့ဝှက်ချက်လေးအချို့ ထွက်ပေါ်လာခဲ့သည်။ ဟောလီးဝုဒ် နာမည်ကျော် မင်းသား ဂျွန်နီဒက်ပ်သည် ကျားကျားလျားလျားနှင့် ယောက်ျားပီသစွာ ဆွဲဆောင်မှု ရှိသူတစ်ယောက် ဖြစ်သော်လည်း ၎င်း၏ စွဲလန်းမှုမှာမူ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးငယ်များ နှစ်သက်သည့် ဘာဘီ အရုပ်မလေးများ ဖြစ်နေကြောင်း သိရသည်။ ဒက်ပ်သည် အဆိုပါ ဘာဘီရုပ်လေး များစွာကို အပျော်သဘော စုဆောင်းထားသည်။


ကြမ်းကြမ်းရမ်းရမ်း Rockဂီတသမား တစ်ဦးဖြစ်သည့် လီယမ် ဂါလင်ဟာမှာ Chelsea Flower Showသို့ တက်ရောက်ခဲ့ပြီး ၎င်း၏ ဥယျာဉ်စိုက်ပျိုးမှု ဝါသနာကို ဖွင့်ဟပြခဲ့သည်။ ပွဲစီစဉ်သူများသည် မမျှော်လင့်ဘဲ ဆက်သွယ်လာသည့် အထူးဧည့်သည်အတွက် VIPလက်မှတ်တစ်စောင် စီစဉ်ပေးခဲ့ရသည်။
 
Hiltonဟိုတယ် လုပ်ငန်းစုကြီး၏ အမွေဆက်ခံသူ သန်းကြွယ် သူဌေးမလေး ပဲရစ်ဟီလ်တန်ကမူ သားကောင် လိုက်ဖမ်းရ ဝါသနာပါလေ့ ရှိသည်။ သို့သော်လည်း သူမသည် အမဲလိုက် မုဆိုးတစ်ဦး မဟုတ်ဘဲ ဖားများကို လိုက်ဖမ်းရန် စိတ်အားထက်သန်လေ့ ရှိခြင်း ဖြစ်သည်။ သူမ၏ စိတ်ကူးမှာ လူထူထပ်သည့် ပတ်ဝန်းကျင်မှ ဖားလေးများကို ဖမ်းဆီးပြီး သဘာဝအတိုင်း တည်ရှိရာ နေရာများသို့ ပြန်လွှတ်ပေးရန် ဖြစ်သည်။ "ကျွန်မက ဖားလိုက်ဖမ်းရတာ ပျော်တယ်။ အော့က်လန်းမှာ ကျွန်မရဲ့ ခြံရှိတယ်။ နီဗားဒါးမှာလည်း ရှိတယ်။ ပြီးတော့ ကျွန်မမှာ ကိုယ်တိုင် ကျွန်းတစ်ကျွန်းလည်း ရှိတယ်လေ။ ဒါကြောင့် ဖားတွေကို ကျွန်မ ဖမ်းပြီးရင် ခြင်းထဲထည့်ပြီး သဘာဝအတိုင်း ပြန်လွှတ်ပေးလိုက်တယ်"ဟု ပဲရစ်က ဆိုသည်။
 
ဘာဘီအရုပ်မလေးများကို စုဆောင်းလေ့ရှိသည့် Pirates of Caribbeanစတား ဒက်ပ်က "ကျွန်တော် တစ်ခါတစ်လေ ဘာဘီရုပ်တွေ အများကြီးနဲ့ ကစားတယ်။ ကျွန်တော့် ကလေးတွေနဲ့ပေါ့။ ကျွန်တော် အကောင်းဆုံး လုပ်တတ်တာတွေ ထဲမှာ ဘာဘီရုပ်လေးတွေနဲ့ ကစားတာလည်း ပါတယ်"ဟု ပြောကြားခဲ့သည်။ ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကမူ Bingoဂိမ်းများကို ဆော့ကစားရန် ဝါသနာ ပါလွန်းကြောင်း ဝန်ခံဖူးသည်။ စူပါမော်ဒယ်လ် ကလော်ဒီယာ ရှက်ဖာကမူ လူအများ ကြောက်ရွံ့လေ့ရှိသည့် ပင့်ကူများကို ဖမ်းဆီးကာ အိမ်ထဲတွင် လွှတ်ထားတတ်သည်။ "ကလေးဘဝ ကတည်းက မနက်မိုးလင်း နှင်းရည်စက်တွေနဲ့အတူ တောက်ပနေတဲ့ ပင့်ကူအိမ်လေးတွေကို ကြည့်ရတာ ကျွန်မ သဘောကျခဲ့တယ်"ဟု ရှက်ဖာက ဆိုသည်။
 
မင်းသား တွမ်ဟန့်ခ်ကမူ လက်နှိပ်စက်များကို စုဆောင်းသူ ဖြစ်သည်။ "ကျွန်တော့်မှာ လက်နှိပ်စက် အလုံး(၂၀၀)နီးပါး ရှိတယ်။ အများစုက အကောင်းအတိုင်း ရှိတုန်းပဲ။ ကျွန်တော်ကလည်း ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားတယ်လေ"ဟု ဟန့်ခ်က ပြောကြားခဲ့သည်။ ကြိုးဝိုင်းထဲတွင် ကြမ်းကြမ်းရမ်းရမ်း အစွမ်းပြလေ့ရှိသည့် လက်ဝှေ့သမားဟောင်းကြီး မိုက်တိုင်ဆင်ကမူ ခိုငှက်လေးများကို မွေးမြူထားတတ်သည်။ "ခိုလေးတွေက အကောင်းဆုံး တိရစ္ဆာဆန်လေးတွေပါ။ ကျွန်တော် ကျားတွေ၊ ခြင်္သေ့တွေ၊ ဝက်ဝံတွေကအစ တိရစ္ဆာန်ပေါင်းစုံ မွေးဖူးတယ်။ ခိုလေးတွေလောက် စိတ်ဝင်စားစရာ ဘယ်အကောင်မှ မကောင်းဘူး"ဟု တိုင်ဆန်က မှတ်ချက်ပြုခဲ့သည်။
 
ဂျက်စတင်ဘီဘာကမူ Rubik's Cubeခေါ် ရောင်စုံကွက်များကို တူညီအောင် ဆက်ရသည့် ကုဗတုံးဖြင့် ကစားရသည်ကို အသည်းစွဲဖြစ်သည်။ အသက်(၁၉)နှစ်အရွယ် ကနေဒါ Popဂီတ စတားသည် (၁၉၈၀)ပြည့်လွန် နှစ်များက လူကြိုက်အများဆုံး ဖြစ်ခဲ့သည့် ကစားစရာကို အလွန်ရှုပ်ထွေးသည့် အနေအထားတွင် (၁)မိနစ် (၂၃)စက္ကန့်နှင့်ပြီးအောင် ရှင်းလင်းပြနိုင်သည်။ ကမ္ဘာ့စံချိန်ကမူ (၅.၅၅)စက္ကန့်ဖြစ်သည်။
 
Countryဂီတ အဆိုတော်မလေး တေလာဆွစ်ဖ်ကမူ နှင်းကျလျှင် ပျော်တတ်သူဖြစ်ကာ နှင်းလုံးများ ပြုလုပ်ရသည်ကို အလွန်နှစ်သက်လေ့ ရှိသည်။ သူမသည် တစ်ချိန်က ကိုယ်တိုင် ပြုလုပ်ထားသည့် နှင်းလုံးများနှင့် ဓာတ်ပုံကို "Christmas in a jar, with giltter"ဆိုသော စာသားဖြင့် Twitterတွင် လွှင့်တင်ခဲ့သည်။
 
Twilight မင်းသမီးချော ခရစ္စတန် စတီးဝပ်ကမူ တစ်ဘာသာ ကွဲထွက်နေသည်။ သူမသည် ပါတီပွဲများတွင် ဖျော်ဖြေ အစွမ်းပြတတ်သည့် ပစ္စည်းသုံးလေးခုကို လေထဲတွင် မကျအောင် လှည့်ပြောင်း ကစားရခြင်းကို ဝါသနာပါသည်။ ယင်းစွမ်းရည်ကိုလည်း Talk Showတစ်ခုတွင် ခရစ္စတန်က လက်တွေ့ ပြခဲ့ဖူးသည်။ "ရောဘတ် (ပက်တင်ဆန်)က ကျွန်မကို ဒါဟာ ပျော်စရာကောင်းတယ်လို့ စည်းရုံးခဲ့တယ်လေ။ အဲဒီနောက် ကျွန်မလည်း ဒီလို လုပ်တတ်ဖို့ သင်ဖြစ်သွားတာပဲ"ဟု ခရစ္စတန်က ပြောဆိုသွားသည်။
Source: TheSun
http://www.planet.com.mm/news/read.cfm/id/21587

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။