Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 20, 2013

သင့်ကလေးအတွက် နေ့လယ်စာ ထမင်းဘူး ပြင်ဆင်ပေးသည့်အခါ

 
Myanmar News Update
သင့်ကလေးအတွက် နေ့လယ်စာ ထမင်းဘူး ပြင်ဆင်ပေးသည့်အခါ
ကလေးကျောင်းသွားတဲ့ အခါ နေ့လယ်စာ ထမင်းဘူးကို နံနက်ကတည်းက ပြင်ဆင်ပေး ရလေ့ရှိပါတယ်။ အဲဒီအခါ အလုပ်ရှုပ်လှတဲ့ မိခင်အများစုဟာ ကလေးရဲ့ ထမင်းဘူးထဲမှာ လွယ်ကူတဲ့ ဟင်းလျာ တစ်မျိုးလောက်ကိုပဲ အမြန်ပြင်ဆင်ကာ ထည့်ပေးလိုက်တာမျိုး လုပ်တတ်ပါတယ်။ အဲဒီအခါ ကလေးရဲ့ နေ့လယ်စာဟာ ကလေးအတွက် လုံလောက်တဲ့ အာဟာရ မရရှိတော့တာမျိုး ဖြစ်တတ်တဲ့ အတွက် ကလေးအတွက် နေ့လယ်စာ ပြင်ဆင်ပေးတဲ့ အခါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
၁) ကြိုတင်စီစဉ်ပါ
နောက်တစ်နေ့ နေ့လယ်စာ ထမင်းဘူးအတွက် ညကတည်းက စီစဉ်ထားပါ။ မနက်ရောက်မှ ကြည့်စီစဉ်လိုက်မယ် ဆိုရင်တော့ သိပ်အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။... နံနက်ခင်းမှာ ကျောင်းချိန်မီအောင် ထမင်း၊ ဟင်းချက်ပြုတ်ရတာ မလွယ်တာကြောင့်ပါ။ ညကတည်းက ချက်ပြုတ်ပြင်ဆင်မယ့် ဟင်းလျာတွေ အတွက် ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်တာမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို အခွံနွှာထားတာမျိုး ပြုလုပ်ထားပါ။
၂) ရေခဲသေတ္တာထဲ သိမ်းထားပါ
ပြုတ်ထားတဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ သိမ်းထားပါ။ သကြားပါဝင်မှုများတဲ့ သရေစာတွေနဲ့ အာဟာရ တန်ဖိုးနည်း သရေစာတွေကို မဝယ်ပါနဲ့။
၃) အဆာပြေမုန့် ထည့်ပေးပါ
ကလေးကို အဆာပြေမုန့် မထည့်ပေးဘဲ ကြိုက်ရာဝယ်စားဆိုပြီး မုန့်ဖိုးထည့်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးအများစုဟာ အာဟာရ တန်ဖိုးနည်းပြီး ဝစေတဲ့ အချိုရည်၊ သကြားလုံး၊ လက်လုပ်ချဉ်တွေနဲ့ လမ်းဘေးက မသန့်ရှင်းတဲ့ အစားအသောက်တွေကို ပိုမိုနှစ်သက်တတ် ကြပါတယ်။ ဒါကြောင့် မုန့်ဆိုင်ကနေ သင့်ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေမုန့်တွေ ရွေးခိုင်းပါ။ အဲဒီမုန့်တွေကို အိမ်မှာသိမ်းထားပြီး နေလည်စာ ထမင်းဘူးနဲ့ အတူ ထည့်ပေးလိုက်ပါ။ ပေါင်မုန့်၊ ခရက်ကာမုန့်၊ အခွံမာသီး၊ မြေပဲထောပတ်နဲ့ ဂျယ်လီစတာတွေကို အဆာပြေမုန့် အဖြစ် ရွေးချယ်ခိုင်း သင့်ပါတယ်။
၎) ဟင်းသီးဟင်းရွက် ထည့်ပေးပါ
ကလေးအတွက် နေ့လည်စာ ထမင်းဘူးထဲမှာ အသားတစ်မျိုးကိုပဲ ထည့်လိုက်တာမျိုး ဒါမှမဟုတ် ကြက်ဥ၊ ဘဲဥကိုသာ ကြော်ပေးလိုက်တာမျိုး မလုပ်ပါနဲ့။ ဟင်းသီးဟင်းရွက် တစ်မျိုးကိုတော့ မဖြစ်မနေ ထည့်ပေးပါ။ ဟင်းသီးဟင်းရွက်ကို ပြင်ဆင်ဖို့ အချိန်မရတဲ့ နေ့တွေမှာ ပန်းသီးစိတ်ကာ ထည့်ပေးတာမျိုး၊ ခရမ်းချဉ်သီး လှီးပြီးသုပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
၅) ရေဘူးထည့်ပေးပါ
သင့်ကလေးအတွက် ရေကလည်း လိုအပ်ပါတယ်။ ရေနဲ့အတူ ဒိန်ချဉ်ဘူး ဒါမှမဟုတ် ပဲနို့ဘူးတွေကို ထည့်ပေးတာ ကလည်း သင့်ကလေးရဲ့ ကျန်းမာရေး အတွက် ကောင်းမွန် ပါတယ်။ သင့်ကလေးဟာ ကျောင်းမှာ အာဟာရ တန်ဖိုးနည်းပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားနေသလား ဆိုတာကို လေ့လာပါ။ အစားအစာဆိုတာ သင့်ကလေးရဲ့ အရပ်ရှည်ထွားကြိုင်းမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးတို့ အတွက် အရေးကြီးတာကြောင့် သင့်ကလေး ကောင်းကောင်းစား ဖြစ်အောင် အားပေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Ref: Good Health

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။