ကျန်းမာရေးစာတိုများစုစည်းမှု
အဝလွန်သူများအတွက် သရက်သီး
သရက်သီးဟာ အဝလွန်သူ တွေကြားမှာ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ် နိုင်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ အမေရိကန် စမ်းသပ်ဇီဝ သိပ္ပံဌာနမှ သုတေသီ တွေက ထုတ်ဖော် လိုက်ပါတယ်။ သုတေသနပြု သူတွေက အဝလွန်သူ အယောက် ၂၀ ကို နေ့စဉ် ၁၂ ပတ်ကြာ သရက်သီး ခြောက် ၁၀ ဂရမ်ကို စားစေပြီး စမ်းသပ် ခဲ့ပါတယ်။ စမ်းသပ်ကာလ ပြီးဆုံးချိန်မှာ သူတို့ရဲ့ သွေးတွင်း သကြားဓာတ်ဟာ စမ်း သပ်ကာလ စတင်တဲ့ အချိန်မှာထက် အများကြီး ကျဆင်း နေတာကို တွေ့ရှိခဲ့ပါ တယ်။
အဝလွန်သူတွေ အပေါ်မှာ လေ့ လာမှုတစ်ခု တည်းသာ ပြုလုပ်ရသေးတာ ကြောင့် သရက်သီးရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးကို သိရှိဖို့ လေ့လာမှု အများအပြား ပြုလုပ်ဖို့ လိုအပ်သေး တယ်လို့ ဆိုပါတယ်။ အဝလွန် တာကြောင့် အမျိုးအစား (၂) ဆီးချိ...ု ရောဂါ၊ သားမြတ်နဲ့ အူမကြီး ကင်ဆာ၊ နှလုံးသွေးကြော ရောဂါ၊ လေ ဖြတ်တာ၊ သွေးတိုးရောဂါ၊ အသည်းနဲ့ သည်းခြေအိတ် ရောဂါတွေ ဖြစ်နိုင်ခြေများ တဲ့အပြင် သွေးတွင်းကို လက်စထရော အဆင့်တွေ မြင့်တက် နိုင်ပါတယ်။ ဒါ ကြောင့် သုတေသီ တွေက အဝလွန်တာ ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ထိခိုက်မှုကို ကာကွယ်ဖို့နည်းလမ်းတွေ ရှာဖို့လိုအပ် တယ်လို့ ဆိုပါတယ်။
သရက်သီး ၁၀ဝ ဂရမ်မှာ ၆၀ ကယ် လိုရီ ပါဝင်ပါတယ်။ သရက်သီးမှာ ကျန်း မာရေး ကောင်းမွန်စေတဲ့ အာဟာရဓာတ် တွေ များစွာ ပါဝင်တဲ့အပြင် လူ့အကျိုးပြု ဘက်တီးရီးယားတွေ ကြီးထွားဖို့ လိုအပ် တဲ့ အမျှင်ဓာတ် တွေလည်း များစွာပါဝင် ပါတယ်။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဖြစ် တဲ့ ဗီတာမင် A နဲ့ C အပြင် ဗီတာမင် B လည်း ပါဝင်ပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Triterpene နဲ့ Lupeol ဟာ ဆီးကျိတ်နဲ့ အရေပြား ကင်ဆာကို ကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် အူမကြီးနဲ့ သားမြတ် ကင်ဆာကိုလည်း ကာကွယ်နိုင် တယ်လို့ သိရပါတယ်။

BY GOOD HEALTH

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။