Mg Mandalay
ဦးနှောက်အဖုအကျိတ်ရောဂါဖြစ်ပါက ခံစားရမည့် လက္ခဏာ ………
လူဦးခေါင်း ဦးနှောက်ထဲမှာဖြစ်ပွားတဲ့ အဖုအကျိတ်များကိုခေါ်ဆိုခြင်း ဖြစ်ပါသည်။
အဖုအကျိတ်နှစ်မျိုးရှိပါတယ် (၁) ကင်ဆာဖြစ်တဲ့ အဖုအကျိတ်နဲ့ (၂) ကင်ဆာမဟုတ်သော အဖုအကျိတ်များ ဖြစ်ပါသည် ။
ဦးနှောက်အတွင်းမှာ မူလကတည်းက စတင်ဖြစ်ပေါ်တဲ့ အဖုအကျိတ်နဲ့ ဦးနှောက်ပြင်ပနေရာများမှာရှိတဲ့ ကင်ဆာကတစ်ဆင့် ပျံ့ပွားလာတဲ့ အဖုအကျိတ်တွေလည်းရှိပါတယ်။
ဦးနှောက်အတွင်း မူလအစကတည်းက ဖြစ်ပေါ်လေ့ရှိတဲ့ အဖု အကျိတ်များဖြစ်ပေါ်နေသူတစ်ယောက်က ခံစားရမယ့် လက္ခဏာရပ်တွေမှာ ……
မနက်အိပ်ရာထမှာ ခေါင်းကိုက်နေမယ် ဇက်ကြောထိုးမယ် ပြီးတော့ ခေါင်းမူးခြင်း၊ အန်ခြင်း တွေပါ ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံ အဖုအကျိတ်ရဲ့ တည်နေရာနဲ့ အရွယ်အစားအရ လေဖြတ်တဲ့ လက္ခဏများနဲ့လည်း လာတတ်ပါတယ်။
ခြေတွေ၊ လက်တွေ လှုပ်ရှားမရခြင်း၊ ကိုယ်တစ်ခြမ်း၊ လေဖြတ်ခြင်း၊ စကားပြောတဲ့အခါခက်ခဲခြင်း၊ စကားလုံးများမေ့ခြင်း၊ အဓိပ္ပါယ်မဆက်စပ်တဲ့ စကားလုံးများပြောခြင်း၊ လမ်းလျှောက်လျှင်ယိုင်ခြင်း၊ မျက်စိတစ်ဖက်သိသိသာသာမှုန်ခြင်း၊ မျက်စိမှုန်လာပြီးတစ်လ၊ နှစ်လအတွင်း သိသိ သာသာဆိုးရွားသွားခြင်း၊ ဒါ့ကြောင့် မျက်စိအထူးကု ဆရာဝန်တွေဆီ ရောက်သွားတတ်ပါတယ်။
တချို့ဆိုရင် ဘာလက္ခဏာမျှမရှိဘဲ ဘာစားစားအန်တဲ့ လက္ခဏာတစ်ခုတည်းနဲ့လည်းလာတတ်ပါတယ်။
အိမ်ထောင်မရှိတဲ့ အမျိုးသမီးတစ်ဦး ရာသီသွေးမပေါ်တော့ဘူး၊ နို့ရည်လည်းထွက်ကျမယ်ဆိုရင် ပစ်ကျူထရီအကျိတ်ဖြစ်နိုင်ချေရှိ ပါတယ်။ ကြီးထွားဟော်မုန်းအထွက်များတဲ့ ပစ်ကျူထရီကလင်းအကျိတ် ဆိုရင်တော့ နှာခေါင်းတွေ၊ လျှာတွေ၊ လက်ဖနောင့်တွေ အကြီးကြီးဖြစ်တဲ့ လက္ခဏာတွေတွေ့နိုင်ပါတော့သည် ။
အဖုအကျိတ်နှစ်မျိုးရှိပါတယ် (၁) ကင်ဆာဖြစ်တဲ့ အဖုအကျိတ်နဲ့ (၂) ကင်ဆာမဟုတ်သော အဖုအကျိတ်များ ဖြစ်ပါသည် ။
ဦးနှောက်အတွင်းမှာ မူလကတည်းက စတင်ဖြစ်ပေါ်တဲ့ အဖုအကျိတ်နဲ့ ဦးနှောက်ပြင်ပနေရာများမှာရှိတဲ့
ဦးနှောက်အတွင်း မူလအစကတည်းက ဖြစ်ပေါ်လေ့ရှိတဲ့ အဖု အကျိတ်များဖြစ်ပေါ်နေသူတစ်ယောက်က
မနက်အိပ်ရာထမှာ ခေါင်းကိုက်နေမယ် ဇက်ကြောထိုးမယ် ပြီးတော့ ခေါင်းမူးခြင်း၊ အန်ခြင်း တွေပါ ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံ အဖုအကျိတ်ရဲ့ တည်နေရာနဲ့ အရွယ်အစားအရ လေဖြတ်တဲ့ လက္ခဏများနဲ့လည်း လာတတ်ပါတယ်။
ခြေတွေ၊ လက်တွေ လှုပ်ရှားမရခြင်း၊ ကိုယ်တစ်ခြမ်း၊ လေဖြတ်ခြင်း၊ စကားပြောတဲ့အခါခက်ခဲခြင်း၊ စကားလုံးများမေ့ခြင်း၊ အဓိပ္ပါယ်မဆက်စပ်တဲ့ စကားလုံးများပြောခြင်း၊ လမ်းလျှောက်လျှင်ယိုင်ခြင်း၊ မျက်စိတစ်ဖက်သိသိသာသာမှုန်ခြင်း၊
တချို့ဆိုရင် ဘာလက္ခဏာမျှမရှိဘဲ ဘာစားစားအန်တဲ့ လက္ခဏာတစ်ခုတည်းနဲ့လည်းလာတတ်ပါတယ
အိမ်ထောင်မရှိတဲ့ အမျိုးသမီးတစ်ဦး ရာသီသွေးမပေါ်တော့ဘူး၊ နို့ရည်လည်းထွက်ကျမယ်ဆိုရင် ပစ်ကျူထရီအကျိတ်ဖြစ်နိုင်ချေရှိ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။