Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 20, 2013

ငှက်ငယ်လေးနဲ့သစ်ပင်

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
ငှက်ငယ်လေးနဲ့သစ်ပင်
________________

အိမ်ထောင်သက်(၂၆)နှစ်လုံးမှာ ဇနီးဟာ ကျွန်တော့်ကိုယ်ပေါ်က အဆောင်လက်ဖွဲ့ကြိုးလို ကျွန်တော့်အပါး တဖဝါးမှမခွာဘဲ အမြဲရှိနေခဲ့တယ်။ ပေါင်းသင်းခဲ့တဲ့နှစ်တွေ ကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ နှစ်ကိုယ့်တစ်စိတ်အဖြစ်၊ ဘယ်လက်နဲ့ညာလက်လို၊ စိတ်လှုပ်ရှားမှုမရှိ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်ကျော်ခဲ့ကြတယ်။ တစ်ခါတလေမှာ ရန်ပွဲလေးတစ်ပွဲ ဆင်နွှဲချင်တယ်ဆိုရင်တောင် ခက်ခဲနေခဲ့ပါတယ်။

ဒီနှစ်မှာ သမီးအလုပ်သင်ဆင်းဖို့ တခြားမြို့ကိုသွားရမယ်ဆိုတော့ ဇနီးကလိုက်ပါပြီး အဖော်ပြုတယ်။ မိတ်ဆွေတချို့က သမီးအတွက်နဲ့ ၂နေရာခွဲနေဖို့လိုသလားလို့ မေးတယ်။ သားသမီးလိုအပ်တာတွေကို မိဘတွေက အမြဲပေးဆပ်နေကြတာပဲ မဟုတ်ပါလား!

ဇနီးနဲ့သမီး သွားလိုက်တဲ့ပထမတစ်လမှာ ကျွန်တော့်နေ့ရက်တွေ အတော်လွတ်လွတ်လပ်လပ် ရှိခဲ့တယ်ဆိုပေမယ့် လအတန်ကြာတော့ ကျွန်တော်ရင်ထဲကအလွမ်းတွေ အညှောင့်ပေါက်စပြုလာတယ်။ နေ့တိုင်းဖုန်းတွေဆက်ခဲ့လည်း၊ ရုံးပိတ်ရက်တိုင်း သူတို့ဆီ ကျွန်တော်သွားခဲ့လည်း ခွဲခွာခြင်းဆိုတဲ့ အလွမ်းတစ်မျိုးက ကျွန်တော့်နှလုံးသားကို ရစ်ပတ်လို့နေတယ်။

သမီးကလည်း ကျွန်တော်ဆီဖုန်းဆက်ပြီး "မေမေ ကြည့်ရတာ ခုတလော သိပ်မပျော်ဘူး။ ပြုံးပြုံးရွှင်ရွှင်မရှိသလို စကားလည်းသိပ်မပြောဘူး။ မှိုင်တွေနေသလိုပဲ"လို့ဆိုတယ်။ ဇနီးကို ကျွန်တော်မေးတော့ သူက "အိမ်ကို လွမ်းလို့ပါ"လို့ ဖြေတယ်။ သူ့အနားမှာ သမီးရှိတယ်ဆိုပေမယ့် အိမ်လွမ်းတဲ့အလွမ်းကိုတော့ သူမျိုသိပ်မထားနိုင်ခဲ့ဘူး။ အိမ်မှာ အဖေအမေရှိတယ်။ အိမ်နီးနားချင်းရှိတယ်။ ပြီးတော့ ကျွန်တော်ရှိတယ်။ သူရင်းနှီးတဲ့ မြက်တစ်ပင်တိုင်း၊ ပန်းတစ်အိုးတိုင်းရှိတယ်။ အိမ်မှာရှိတဲ့ ကြောင်နှစ်ကောင်ကိုလည်း သူသတိရတယ်။

အချင်းချင်းချစ်ကြသူတွေဟာ အတူတူနေကြတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြမှန်း တစ်ခါတလေ သိပ်သတိမထားမိတတ်ကြဘူး။ တစ်ယောက်တစ်နေရာ ဝေးကွာသွားတဲ့အခါကျမှ အဖော်မဲ့၊ အထီးကျန်တာကို ခံစားကြရတယ်။

"ခင့်အနားမှာ သမီးအမြဲရှိနေတာပဲ မဟုတ်လား"လို့ ဇနီးကိုကျွန်တော်မေးတော့ ဇနီးက "လင်ယောက်ျား အနားရှိတာနဲ့တော့ ဘယ်တူမလဲ? ကုတင်ပေါ်မှာ သားသမီးအပြည့်ရှိလည်း ကုတင်တစ်ဝက်စီပေါ်က လင်မယားနဲ့တော့ နှိုင်းလို့မပါဘူး"လို့ ပြောပါတယ်။

"ဖုန်းပြောတိုင်း မေမေ မျက်ရည်ခိုးခိုးသုတ်တယ်"လို့ မကြာခဏ သမီးပြောတော့ ကျွန်တော့်စိတ်တွေ အလိုမကျဖြစ်မိတယ်။ ဇနီးကို အရမ်းကြံ့ခိုင်တယ်၊ စိတ်မာတယ်လို့ ကျွန်တော်ထင်ထားခဲ့တယ်။ အခုတော့ သူက အဲဒီလိုမဟုတ်ခဲ့ဘူး။ များသောအားဖြင့် ဇနီးမယားတစ်ယောက်ဟာ လင်ယောက်ျားနဲ့အတူနေချိန်မှာ ကြံ့ခိုင်တယ်ဆိုပေမယ့် လင်ယောက်ျားနဲ့ခွဲခွာတော့ သစ်ပင်ကိုခွဲသွားတဲ့ ငှက်ကလေးလို့ အားငယ်စိတ်ပျော့သွားတတ်တယ်။ ကိုယ်ချစ်တဲ့ယောက်ျား ကိုယ့်အနားမရှိတဲ့ ခံစားမှုမျိုးက မိန်းကလေးတစ်ယောက်ကို စိတ်ပင်ပန်းစေတယ်၊ ခံစားစေတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကြံ့ခိုင်သန်မာတဲ့ အပြင်သဏ္ဍာန်က နူးညံ့ပျော့ပျောင်းတဲ့ နှလုံးသားတစ်စုံကို ဖုံးအုပ်ထားတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပါတယ်။

မေဒေးရုံးပိတ်ရက်မှာ သူတို့ကို ကျွန်တော်သွားတွေ့တယ်။ ကျွန်တော့်ကိုတွေ့တော့ ဇနီးမျက်နှာမှာ အံ့သြဝမ်းသာဟန်ပြပေမယ့် ပါးစပ်က "ကျွန်မတို့ကို ရှင်မှတ်မိသေးတယ်နော်။ အိမ်မှာပဲ ရှင်လွတ်လပ်ပျော်ပါးနေသလားလို့ပါ"လို့ ဆီးကြိုရန်တွေ့တယ်။ သူ့စိတ်မပျော်ဘူးဆိုတာကို ကျွန်တော်သိတယ်။ "ဒီနေ့ ခင်တို့ကို လာခစားပြီလေ"လို့ ကျွန်တော်နောက်တော့ "ရှင့်ကို စိတ်ဆိုးချင်တာတောင် စိတ်ဆိုးခွင့်မရပါလား"လို့ ဇနီးက မျက်စောင်းနဲ့ဆိုတယ်။ "ခင်တို့နဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ရဖို့ လာခဲ့တာပါ။ စိတ်မဆိုးပါနဲ့၊ ခင့်အတွက် လက်ဆောင်တစ်ခုယူလာတယ်"လို့ ကျွန်တော်ပြောတော့ သူက နားမလည်ဟန်ပြတယ်။ ကျွန်တော်က ကျွန်တော့်ပခုံးကိုပုတ်ပြီး "ခင် ပင်ပန်းနေပါပြီ။ လာပါ ဒီမှာ လာမှီပါ"လို့ ပြောလိုက်တယ်။

လင်ယောက်ျားရဲ့ ပခုံးဆိုတာ ဇနီးမယားမှီဖို့အတွက်ပါ။ ဘယ်လောက်ပဲ အလုပ်ပင်ပန်းတဲ့ ဇနီးမယားပဲဖြစ်ဖြစ် ယောက်ျားရဲ့ပခုံးဟာ သူတို့အတွက် အကောင်းဆုံးအနားယူရာနေရာ၊ စိတ်အပန်းဖြေရာနေရာ ဖြစ်ပါတယ်။

ကျွန်တော်အိမ်ပြန်တော့ ဇနီးက ကားဂိတ်အထိလိုက်ပို့တယ်။ ကားဂိတ်သွားရာလမ်းမှာ ဇနီးက ကျွန်တော်လက်ကို တွဲထားတယ်။ ရုတ်တရက် ကျွန်တော့်စိတ်တွေ လှုပ်ရှားမိတယ်။ ဒါဟာ နေ့တိုင်းထိတွေ့နေပြီး တစ်ဖက်နဲ့တစ်ဖက်ရှိတယ်လို့ မခံစားမိတဲ့ ဘယ်လက်၊ ညာလက် ခံစားမှုမျိုးမဟုတ်ဘူး။ ဒါဟာ မနေ့ကတစ်နေ့လိုမျိုး၊ လွန်ခဲ့တဲ့ ၂၆နှစ်က နေ့တစ်နေ့လိုမျိုး၊ ချစ်သူဖြစ်စ ပထမဆုံးတွဲခဲ့တဲ့ ခံစားမှုမျိုး၊ လက်ဆယ်ချောင်း အတူတူယှက်သွယ်ပြီး မခွဲမခွာတဲ့ခံစားမှုမျိုး.... ဒီကနေ့မှာ အသက်အရွယ်ရ လင်မယားတွေဆိုပေမယ့် အဲဒီလို ခံစားမှုမျိုးက ရင်ကိုနွေးထွေးစေခဲ့ပါတယ်။

ကားထွက်တော့ ဇနီးက လက်ဝေ့ယမ်းနှုတ်ဆက်တယ်။ မခွဲမခွာရက် သူမျက်ရည်ကျပြန်တယ်။ တကယ်တော့ လူတစ်ယောက်ဟာ အသက်ကြီးလေ ကြံ့ခိုင်သန်မာလေ မဟုတ်ပါဘူး။ အားငယ်ပျော့ညံ့တဲ့လူတွေက အသက်ကြီးလည်း အားငယ်ပျော့ညံ့ဆဲဖြစ်တယ်။ ကြံ့ခိုင်သန်မာသူက ငယ်ရွယ်ချိန်မှာလည်း ကြံ့ခိုင်နိုင်ပါတယ်။ ဇနီးက ကြံ့ခိုင်သန်မာသူတွေထဲမှာ မပါဘူး။ သမီးအတွက်နဲ့ တခြားမြို့တစ်မြို့မှာ သူ့ကိုတစ်ယောက်တည်း အရာရာရင်ဆိုင်စေခဲ့တာ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။

ဇနီးက ငှက်ကလေးတစ်ကောင်နဲ့ တူပါတယ်။ ကျွန်တော်ကတော့ သူ့ဘဝထဲက သစ်ပင်တစ်ပင်ဖြစ်တယ်။ သစ်ပင်ကို ငှက်ကလေးစွန့်ခွာသွားတဲ့အခါ သစ်ပင်ကလည်း ငှက်ကလေးကို လွမ်းဆွတ်တတ်ကြောင်း သူ့ကို ကျွန်တော်မပြောပြဖြစ်ခဲ့ပါဘူး။

တကယ်တော့ အချစ်ဆိုတာ နေ့စဉ်ဘဝပါ။ ကိုယ်ချစ်တဲ့သူနဲ့ အတူပြုံးရယ်တယ်၊ လက်ချင်းတွဲပြီး အတူလမ်းလျှောက်တယ်၊ စကားသံမလိုဘူး... ကတိမလိုဘူး။ မီးဖိုချောင်ဝင်ပြီး ကိုယ်ချစ်တဲ့သူအတွက် ချက်ပြုတ်တယ်။ မိုးအေးလေတိုက်တဲ့အခါ သူ့အတွက် အနွေးထည်ကမ်းတယ်။ ပွနေတဲ့ဆံပင်ကို သပ်တင်ပေးတယ်။ မိုးရွာတဲ့နေ့တွေမှာ ထီးလေးဖွင့်ပြီး သူ့အတွက် ကြည်လင်တဲ့ကောင်းကင် ဖန်ဆင်းပေးတယ်။ သူနိုးထချိန်မှာ နူးညံ့တဲ့အကြည့်၊ နွေးထွေးတဲ့အထိအတွေ့က ဘဝတစ်သက်ကို ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေပါတယ်။

အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။ စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။

အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကို ရစေတယ်။

အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။ ဘယ်လိုပုခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။ ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။

အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။

တကယ်တော့ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။ နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြေးဖြေးအိုမင်းသွားတာဖြစ်တယ်။ အချစ်က အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20090625/57901.html

နိုင်းနိုင်းစနေ (Wednesday, May 25, 2011)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။