Aung Ko U
နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၄)
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
I didn't mean to + (verb) - မရည်ရွယ်ခဲ့ပါဘူး
တစ်စုံတစ်ယောက် ကို စိတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း မရည်ရွယ်ဘဲ ထိခိုက် ဝမ်းနည်း စေသော ပုံစံမျိုးတွင် အဆိုပါ ပုံစံကို အသုံးပြုနိုင်ပါသည်။

ဥပမာ -
- I didn't mean to hurt your feelings.
မင်းရဲ့ ခံစားချက်ကို ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။
- I didn't mean to call you so late.
မင်းကို နောက်ကျပြီးမှ ဖုံးဆက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
- I didn't mean to lie about what happened.
ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းကို လိမ်ပြောဖို့ မရည်ရွယ်ခဲ့ပါဘူး။
- I didn't mean to embarrass you.
မင်းကို အခက်တွေ့ဖို့၊ ရှက်ကိုးရှက်ကန်း ဖြစ်သွားစေဖို့ မရည်ရွယ်ခဲ့ပါဘူး။
- I didn't mean to stay out so late.
မင်းကို အပြင်မှာ တော်တော် နောက်ကျတဲ့ နေဖို့ မရည်ရွယ်ခဲ့ပါဘူး။
- I did not mean to cause trouble.
ပြဿနာဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။
I don't have time to + (verb) - အချိန်မရဘူး၊ အချိန်မရှိဘူး။
ကိစ္စတစ်ခု၊ အကြောင်းအရာ တစ်ခုခု အတွက် ပြုလုပ်ရန် အချိန်မရသည့်အခါ၊ အချိန်မရှိသည့် အတွက် ပြောပြသည့် ပုံစံမျိုးတွင် အသုံးပြုနိုင်ပါသည်။
ဥပမာ -
- I don't have time to explain.
ရှင်းပြနေဖို့ အချိန်မရှိဘူး။
- I don't have time to eat.
စားဖို့တောင် အချိန်မရဘူး။
- I don't have time to exercise.
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရဘူး။
- I don't have time to watch my favorite TV show.
ကျွန်တော့် အကြိုက် တီဗွီ အစီအစဉ် ကြည့်ဖို့တောင် အချိန်မရဘူး။
I promise not to + (verb) - မ ____ ဘူးလို့ ကတိပေးပါတယ်။
တစ်စုံတစ်ခုနှင့် ပတ်သက်၍ဖြစ်စေ၊ တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ဖြစ်စေ၊ မလုပ်ပါ မပြောပါ မသွားပါ စသည်ဖြင့် ကတိပေးသည့် ပုံစံတွင် အသုံးပြုနိုင်ပါသည်။
ဥပမာ -
- I promise not to tell.
မပြောဘူးလို့ ကတိပေးပါတယ်။
- I promise not to go without you.
မင်းမပါဘဲ ဘယ်မှ မသွားပါဘူးလို့ ကတိပေးပါတယ်။
- I promise not to be so late.
နောက်မကျပါဘူးလို့ ကတိပေးပါတယ်။
- I promise not to hurt your feelings.
မင်းစိတ် မထိခိုက်စေရပါဘူးလို့ ကတိပေးပါတယ်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………”
အောင်ကိုဦး(UMK)
www.siraungkou-umk.blogspot.co m

www.siraungkou-umk.blogspot.co
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။