ကျန်းမာရေးစာတိုများစုစည်းမှု
ဝက်ခြံပေါက်ရခြင်း အကြောင်းများနှင့် ဝက်ခြံပြဿနာ ဖြေရှင်းနည်းများ
နေရောင်ကာ လိမ်းဆေးသုံးပါ
နေရောင် ကာကွယ်တဲ့ လိုးရှင်းကတော့ သင့်အရေပြား အတွက် မရှိမဖြစ်ပါ။၁၅ မိနစ်လောက် နေပူထဲမှာ နေရင် တောင် အရေပြားကို ထိခိုက်နိုင်ပါတယ်။ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB အရေပြားကို ထိခိုက် နိုင်တာကြောင့် နေရောင်ကို ကာကွယ် နိုင်တဲ့ SPF - 30 လောက်ပါဝင်တဲ့ လိုး ရှင်းကို နေပူထဲ မထွက်ခင် နာရီဝက်အလို မှာလိမ်းထားပြီး နေပူထဲ အမြဲသွားနေရ ရင် နှစ်နာရီကြား တစ်ခါ ပြန်လိမ်းပါ။
မျက်နှာသစ်ပါ
ခဏခဏ မျက်နှာ သစ်တာကြောင့် သင့်အသား အရေကို ခြောက်သွေ့စေပါ တယ်။ ဒါကြောင့် မနက်တစ်ကြိမ် သစ်ပါ။ ညအိပ်ရာ မဝင်ခင် လိမ်းထားတဲ့ မိတ်ကပ် တွေနဲ့ ဖုန်သဲတွေကို သန့်စင်နိုင်ဖို့ တစ် ကြိမ်သစ်ပါ။ အားကစားပြုလုပ် သူဆိုရင် လေ့ကျင့်ခန်း ပြုလုပ်ပြီး ချိန်တစ်ခါ မျက် နှာသစ်ပါ။ ချွေးနဲ့ အညစ်အကြေး တွေက သင့်ကို ဝက်ခြံဖြစ်စေ တာကြောင့်ပါ။
မိတ်ကပ် ဖျက်ပြီးမှ အိပ်ရာဝင်ပါ
ညအိပ်ရာ ဝင်တိုင်း တစ်နေ့တာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ဖို့ မမေ့ပါနဲ့။
ဝက်ခြံအကြောင်းကို နားလည်ပါ
ဝက်ခြံဟာ ခန္ဓာကိုယ်က ဟော်မုန်း အပြောင်းအလဲတွေ၊ အဆီနဲ့ အညစ်အ ကြေးတွေက ချွေးပေါက်မှာ ပိတ်ဆို့တာ ကြောင့် ရောဂါပိုးဝင်ပြီး ဖြစ်ပေါ်လာ တတ်တာမျိုးပါ။
ဝက်ခြံကို မှန်ကန်စွာကုသပါ
ဝက်ခြံ ကိုဘယ်တော့မှ မညှစ်ပါနဲ့။ လက်သည်းနဲ့ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ သန့်ရှင်းတဲ့ ဝါဂွမ်းဖတ်လေးနဲ့ သန့်စင်ပြီး ဝက်ခြံသက်သာ စေတဲ့ ခရင်မ်တစ်မျိုးလိမ်း ထားပေးပါ။ ပြည်ရှိနေရင် အလိုလိုပေါက် ထွက်သွား နိုင်ပါတယ်။ ပြည်မရှိရင်တော့ သူ့ဟာသူ ပြန်ပိန်သွား ပါလိမ့်မယ့်။
အပူလောင်ခြင်းကို ဂရုစိုက်ပါ
အပူလောင်တာနဲ့ နေလောင်ထား တဲ့ အရေပြားကို အထူးဂရုစိုက် ပေးဖို့လို ပါတယ်။ မဟုတ်ရင် အရေပြားမှာ အမာ ရွတ်ထင် သွားနိုင်ပါတယ်။ အရေပြား လောင်ကျွမ်းခံရ ချိန်မှာ အရေပြားကို အတင်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ အရေပြား ကုသတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မှန်ကန်တဲ့ ကုသမှုကိုခံယူပါ။
ဝက်ခြံထွက် နေချိန် မိတ်ကပ်လိမ်းရင်
Oil -Free မိတ်ကပ်မျိုးကိုသုံးပေး ပြီး အစက်အပြောက်တွေ ရှိတဲ့နေရာ နား ကို ကွန်ဆဲလ်လာ အနည်းငယ် သုံးပေးပါ။
စိတ်ချရတဲ့ မိတ်ကပ်လိမ်းခြယ်မှုဖြစ်ပါစေ
မိတ်ကပ်လိမ်းရာမှာသုံးတဲ့ ဖော့ဖက် တွေနဲ့ ခဲတံတွေကို တခြားသူနဲ့ မျှဝေမသုံး ပါနဲ့။ ကိုယ်ပိုင်သာ သုံးပါ။ အထူးသဖြင့် မျက်လုံးအတွက် သုံးရတဲ့ အလှပြင်ပစ္စည်း မျိုးတွေပါ။ အထူးသဖြင့် မျက်လုံးအလှ ခြယ်ချိန်မှာ သင့်ပတ်ဝန်း ကျင်ဟာ ငြိမ် သက်မှုရှိပါစေ။ အထူးသဖြင့် အလှဖန် သုံးနိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ လူအများကို ပြင်ဆင်ခြယ်သ ပေးရတာ ဖြစ်တဲ့အတွက် ရောဂါပိုးဆိုတာ မျက်စိနဲ့ မမြင်နိုင်ပါဘူး။
သူများ အပြောနဲ့ မသုံးပါနဲ့
ကြော်ငြာတွေမှာ အပြောများတာနဲ့ တခြား သူတွေ မှာသုံးလို့ အဆင်ပြေတတ် တဲ့ အလှကုန်တွေကို စမ်းသပ်မှု မရှိဘဲ မသုံးပါနဲ့။ သင့် အရေပြား ပုံစံအတိုင်းသာ သုံးပေးပါ။
သင့်အရေပြား ထိခိုက်စေတဲ့ အခြားအရာတွေ ဂရုစိုက်ပါ
မျက်နှာမှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်း ရင်းတွေထဲမှာ ဆံပင်ဖျန်းတဲ့ စပရေးတွေ ကြောင့် လည်းဖြစ်တတ် ပါတယ်။ ဆေး လိပ်သောက်တဲ့သူတွေမှာလည်း အရေ ပြား ခြောက်သွေ့တာမျိုးနဲ့ ဝက်ခြံပေါက် တာမျိုးတွေ ဖြစ်တတ်တာကြောင့် ဆေး လိပ်သောက် တာမျိုးကို ရှောင်ပါ။
အရေပြား ကျန်းမာစေတဲ့ တစ်ခြား ဖြည့်စွတ်မှုတွေကို ပြုလုပ်ပါ
ကောင်းမွန်တဲ့ စားသောက်မှု ပုံစံရှိ ဖို့ ကလည်း အရေပြား ကျန်းမာရေး အတွက် လိုအပ်ချက် တစ်ခုပါပဲ။ ဟင်းသီးဟင်း ကောက်နှံနဲ့ပြုလုပ် ထားတဲ့ အစားအစာ မျိုးတွေကို စားပေးပါ။ ပရိုတင်း ဓာတ်ကို ကြက်သား၊ ငါး၊ သိုးသား၊ ပဲအမျိုးမျိုးနဲ့ ဥတွေ ကနေ ရနိုင်ပါတယ်။ အဆီများတဲ့ အစားအစာနဲ့ ဆားများတဲ့ အစားအစာ တွေက ကိုလက်စထရော တက်စေတာ ကြောင့်ရှောင်ပါ။ နောက်တစ်မျိုးက ကောင်းစွာအနားယူခြင်းနဲ့ အိပ်စက်ခြင်း ပါပဲ။ လုံလောက်တဲ့ အိပ်စက်မှုနဲ့ အနား ယူမှုမရှိရင်လည်း သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဖော်ပြပါ အချက် တွေကို ဂရုစိုက်မယ် ဆိုရင်တော့ သင် လည်း ပြစ်မျိုးမှဲ့မထင် လှနေတော့မှာ သေချာတယ်နော်...။
သဲသဲ
BY GOOD HEALTH

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။