May Mon Kyaw shared Mg Mandalay's photo.
ဟောက်သံနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသော အခြေအနေဆိုသည်မှာ ............
|
ကားအင်ဂျင် မကောင်းသလိုမျိုး ဟောက်သံထွက်နေရင်တောင် ဟောက်သံအများစုဟာ ကျန်းမာရေးပြဿနာ မဟု...တ်ပါဘူးလို့ ယူကေ၊ ဒန်ဒီး တက္ကသိုလ်မှ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ပါမောက္ခ ရော်ဘင်ဘလဲက ဆိုပါတယ်။
အိပ်တဲ့အခါ ဘေးတစောင်းအိပ်တဲ့အတွက် အသက်ရှုလမ်းကြောင်း ပွင့်စေခြင်း၊ ကြွက်သားတွေ သန်မာအောင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ အရက်ရှောင်ခြင်း စတဲ့အချက်တွေကို လိုက်နာရုံနဲ့ ဟောက်တဲ့ ပြဿနာ လျော့ပါးသွား နိုင်ပါတယ်။
ဒါပေမယ့် ဟောက်သံထွက်ပြီး အသက်ရှုကျပ်သလို ပင့်သက်ရှိုက်နေရရင် အသက်ရှု လမ်းကြောင်း ဟာ ပုံမှန်ထက် ကြာကြာပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ တစ်စက္ကန့်၊ နှစ်စက္ကန့် လောက် အသက်ရှုရပ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ဆို့တဲ့ အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာ (Obstructive Sleep Apnoea) ဖြစ်နိုင်ပါတယ်။ ဒီလိုခံစားရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။