Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 23, 2013

တချို့ခင်မင်မှုတွေဟာ ချစ်ခြင်းထက်မလျော့ဘူး... အီစီကလီ မဟုတ်ဘူး... အဖြူရောင်သံယောဇဉ်လို့ခေါ်တယ်...

တချို့ခင်မင်မှုတွေဟာ ချစ်ခြင်းထက်မလျော့ဘူး... အီစီကလီ မဟုတ်ဘူး... အဖြူရောင်သံယောဇဉ်လို့ခေါ်တယ်...

၂ဖက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်နေတာလဲဖြစ်နိုင်တယ်…
ဒါပေမဲ့ ဒါဟာ သူငယ်ချင်းအချစ်လဲမဟုတ်ဘူး… ၁၅၀၀ အချစ်လဲမဟုတ်ဘူး…. ၅၂၈ အချစ်လဲမဟုတ်ဘူး…
ချစ်သူရည်းစားလုပ်လို့မရရင်တောင် အထူးသူငယ်ချင်းတော့လုပ်နိုင်ပါတယ်…
...
သူငယ်ချင်းကြားက ဘောဘောစိတ်ဓာတ် မကုန်သေးတာဖြစ်ရင်ဖြစ်မယ်…
မိသားစုဝင်တွေရဲ့သဘောတူညီချက် တိန်းစောင်းနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ့်ရဲ့ရှေ့ရေးအတွက် ကတိမပေးနိုင်တာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန် စောလွန်းသေးလို့ တဖက်သားကို တန်ဖိုးထားရမှန်းမသိသေးတာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန်နောက်ကျလွန်းလို့ ကိုယ့်ရဲ့နံဘေးမှာ အခြားတစ်ယောက်ရှိနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ်ခေါင်းပြန်လှည့်တဲ့အချိန်နောက်ကျသွားလို့ တဖက်သားက ကိုယ့်ကို မစောင့်နိုင်တော့တာဖြစ်ရင်ဖြစ်မယ်…
တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်က ခန့်မှန်းနေတာနဲ့ စည်းမကျော်ရဲသေးတာဖြစ်ရင်ဖြစ်မယ်…

ဒါပေမဲ့ အတူတူမနေရရင်တောင် အချင်းချင်းက လက်တွေ့ပိုကျတယ်လို့ခံစားရတယ်… ဘယ်လိုနှလုံးသားရေးရာမှ မပတ်သက်တဲ့ ဆက်ဆံမှုမျိုးကို ဆက်လက်ထိန်းထားနိုင်တယ်…
သူတို့ရဲ့စိတ်ထဲမှာတော့ ရှင်းနေတယ်… ဒီလူ့ကို ဂရုစိုက်မှုဟာ သူငယ်ချင်းထက်ပိုတယ်…
အချင်းချင်းဆိုတာရှိနေလို့လဲ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးခြင်းဆိုတာအပြည့်ပါဘဲ…
၂ယောက်သားဟာ ပေါ်ပေါ်တင်တင် လက်တွဲပြီးလျှောက်သွားလို့မရပေမဲ့ သူတို့ဟာ ပြောလို့မရတဲ့စကားမရှိတဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့တယ်…
အချင်းချင်းမှာ ကြိုက်နေတဲ့သူရှိတယ်… သ၀န်တိုတယ်လို့ ပါးစပ်ကနေ ပြောမထွက်ပေမဲ့ စိတ်ထဲမှာတော့နာနေတယ်…

တဖက်သား အရေးကြုံလာတဲ့အချိန်မှာ ကိုယ့်ဖက်ကတတ်နိုင်သလောက်ကူညီပေးတယ်… ဘယ်သူကဘယ်လောက်ပေးဆပ်လိုက်ရတယ်ဆိုတာမျိုး အငြင်းပွားနေတာမရှိဘူး…
တဖက်သားနေမကောင်းဖြစ်တဲ့အချိန်မှာ ကုသဖို့နည်းလမ်းကို ဦးနှောက်ညစ်ပြီးရှာတယ်… သူ့ဘေးမှာအဖော်ပြုပြီးပြုစုပေးချင်တယ်…

လူတိုင်းရဲ့ဘ၀မှာ ဒီလိုသူငယ်ချင်းမျိုးတော့ရှိကြမှာပါဘဲ… ရှေ့နောက်ဆန့်ကျင်တဲ့အပြုအမူမျိုးတွေနဲ့…
အစပိုင်းမှာတော့ သူငယ်ချင်းအဖြစ်ဘဲနေခွင့်ရတာကို မကျေနပ်တာရှိနိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီတိုင်းဟာ ပိုပြီး သင့်တော်ပါတယ်လို့ ခံစားလာရလိမ့်မယ်…
တဖက်သားရဲ့ စိတ်ခံစားချက်ကို ဂရုစိုက်ပေးတာက အချင်းချင်း ဒဏ်ရာရစေတာထက်ပို ပြီးအဆင်ပြေပါလိမ့်မယ်…
ချစ်သူဖြစ်ခွင့်မရရင်လဲ အထူးသူငယ်ချင်းလေးဖြစ်ခွင့်ရရင် ပိုမကောင်းဘူးလားဗျာ…

ခင်ဗျားတို့ရဲ့စိတ်ထဲမှာကော် ဒီလို အထူးသူငယ်ချင်းကဘယ်သူပါလဲ?

နှလုံးသားရေးရာတော်တော်များများဟာ ဒီလိုအမှန်တရားတွေရှေ့မှာ ကျရှုံးတတ်ကြတယ်…
ခင်မင်မှုကနေ ချစ်ခြင်းကိုပြောင်းလဲနိုင်တယ်…
ချစ်ခြင်းကနေ မိသားစုသံယောဇဉ်ကို အဆင့်တိုးနိုင်တယ်…
၂ဖက်သားကတော့ ခင်မင်မှုကနေ မိသားစုသံယောဇဉ်ကို တိုက်ရိုက်အဆင့်တိုးနိုင်တယ်…

လူ့ဘ၀ဆိုတာ နှစ်တစ်ရာထက်မပိုပါဘူး…
စိတ်သိကိုယ်သိ အတွင်းသိဖြစ်လာခဲ့ရင်လဲ လွယ်လွယ်ကူကူ မစွန့်ခွာလိုက်ပါနဲ့…
တခါတလေမှာ ဒီလို အထူးသူငယ်ချင်း တွေဟာထာဝရတည်မြဲသွားတတ်တယ်…

ချစ်ခွင့်ပန်တာသို့မဟုတ် ချစ်ခွင့်ပန်ခံရတာဟာ ကြောက်ဖို့မကောင်းဘူး…
ကြောက်ဖို့ကောင်းတာက နောက်ဆုံးရလဒ်က ရည်စားတစ်ယောက်ရလိုက်တာမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားခြင်းပါ…

ချစ်သူတွေသာဖြစ်လာခဲ့ရင်တောင် သူကကိုယ့်ပေါ်ဘယ်လိုမြင်တာလဲကို အလေးထားလာတတ်တယ်…
အခုလို ထိန်းကွတ်စရာမလိုဘဲ ပြောချင်ရာပြောလို့မရတော့ဘူး…
ချစ်သူတွေဖြစ်လာခဲ့ရင် တောင်းဆိုမှုတွေပိုများလာမယ်… ပိုင်ဆိုင်လိုစိတ်တွေဖြစ်လာမယ်… သ၀န်တိုလာမယ်… ရန်ဖြစ်မယ်…
နောက်ဆုံးတော့လမ်းခွဲတဲ့ အဆင့်ထိရောက်မယ်…
ဒါကြောင့်ဒီတိုင်းဟာ အကောင်းဆုံးပါဘဲ…
လက်တွေ့ကျကျခံစားချက်လေးကို တန်ဖိုးထားနိုင်ပါစေဗျာ…


Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။