Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 2, 2013

ဂျပန်ဘောလုံးအသင်းအား ကူညီခဲ့သူ ဦးကျော်ဒင်၏ ဆွေမျိုးသားချင်းများကို ရှာဖွေနေ

Lay Lay Ko shared Myanmar Online News's photo.
ဂျပန်ဘောလုံးအသင်းအား ကူညီခဲ့သူ ဦးကျော်ဒင်၏ ဆွေမျိုး
သားချင်းများကို ရှာဖွေနေ
Wednesday, January 02, 2013

လွန်ခဲ့သည့် ၁၉၂၀ ၀န်းကျင် ရှေးကာလက ဂျပန်ဘောလုံးလောကအာ...
ကျေးဇူးပြုခဲ့ဖူးသည့် မြန်မာလူမျိုး ဦးကျော်ဒင်၏ သက်ရှိထင်ရှား
ဆွေမျိုးများအား ဂျပန်လူမျိုးတစ်ဦးက လိုက်လံရှာဖွေလျက်ရှိသော်လည်း အဆက်အသွယ်မရ သေးကြောင်း သတင်းရရှိသည်။

“ဦးကျော်ဒင်က ၁၉၀၀ ခုနှစ် မွေးတာဆိုတော့ မရှိလောက်တော့ပါဘူး။ သူ့ရဲ့မျိုးဆက်ကို ရှာနေတာ ခုထိတော့ အဆက်အသွယ် မရသေးပါဘူး” ဟု ဦးကျော်ဒင်၏ မျိုးဆက်အား လိုက်လံရှာဖွေနေသူ ဂျပန်လူမျိုး မစ္စတာ အိုးချိအားအိခိရိုရှိ(အထက်တန်းသမိုင်းပြဆရာ) က ဒီဇင်ဘာ ၃၀ ရက်တွင်
ပြောသည်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဂျေလိဂ်နှင့် မြန်မာလိဂ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်
ရေးပွဲတွင် ဂျေလိဂ်ဥက္ကဋ္ဌ ကာဇူမီအိုဂူရှီက မြန်မာလူမျိုး ဦးကျော်ဒင်သည် ဂျပန်ဘော လုံးလောကကို ကျေးဇူးရှိခဲ့ဖူးသည့်အတွက် ပြတိုက်တွင် အမှတ်တရ ရုပ်တု ပြုလုပ်ထားကြောင်း ပြောကြားခဲ့ဖူးသည်။

“သူ (ဦးကျော်ဒင်) က ဂျပန်ကို ဘောလုံးလာသင်တာတော့ မဟုတ်ဘူး။ ၁၉၂၀ ၀န်းကျင်ခန့်က ဂျပန်တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ
ကျောင်းလာတက်တယ်လို့သိရပါတယ်။ တက္ကသိုလ် ကျောင်းဝင်းထဲမှာ သူက ပြေးခုန် ပစ်ကစားနေတုန်း ဂျပန်လက်ရွေးစင်ဘောလုံးသမားတွေ
လေ့ကျင့်နေတာကို ၀င်သင်ပေးရင်းနဲ့ နည်းပြပေးခဲ့ပြီး အဲဒီအသင်းက သူမြန်မာနိုင်ငံကို ပြန်သွားပြီး သုံးနှစ်အကြာ(၁၉၂၇) မှာ အာရှအဆင့်
ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲသွားလို့ ဦးကျော်ဒင်က အစပြုခဲ့တဲ့ ကျေးဇူးကို အမှတ်ရ ဖြစ်စေခဲ့တာပါ” ဟု တစ်နှစ်လျှင် နှစ်ကြိမ်ခန့် မြန်မာနိုင်ငံသို့
ရောက်ရှိချိန်တွင် ဦးကျော်ဒင်၏ မျိုးဆက်အား စုံစမ်းနေသူ မစ္စတာ အိုးချိအား အိခိရိုရှိက ရှင်းပြသည်။

ဦးကျော်ဒင်အကြောင်းအား ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်တစားစုံစမ်းလျက်ရှိကြောင်းနှင့် ၎င်းအနေနှင့်မူ ကိုယ်တိုင်
စိတ်ဝင်စားမှုရှိသည့် မိမိအစီအစဉ်ဖြင့် လိုက်လံစုံစမ်းနေခြင်းဖြစ်ကြောင်း
ဆိုသည်။ ဦးကျော်ဒင် အနေဖြင့် ၁၉၂၀ ၀န်းကျင်တွင် ဂျပန်နိုင်ငံသို့
ရောက်ရှိလာပြီး ၁၉၂၃ တွင် “How to Play Association Football” စာအုပ်အား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ကြောင်းနှင့် ၁၉၂၄ တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး စက်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း ဂျပန်လူမျိုး သမိုင်းပြဆရာ၏ ပြောပြချက်အရ သိရသည်။

“တိုကျိုမြို့မှာရှိတဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ် ပြတိုက်မှာ ဦးကျော်ဒင်ရေးခဲ့တဲ့ စာအုပ်နဲ့ သူ့ရုပ်တုကို ပြသထားတာ တွေ့ရှိခဲ့ရပါတယ်။ ဂျပန်လူမျိုး
တွေအနေနဲ့ ဘောလုံးကို ဒီစာအုပ်ကြောင့် စနစ်တကျ ကစားတတ်လာ
ခဲ့တာဖြစ်ကြောင်းလည်း ပြောပြကြပါတယ်။ မြန်မာဘောလုံးအသင်းသွားတိုင်း သေချာလေးလေးစားစားနဲ့ ဦးကျော်ဒင်ရဲ့ ကျေးဇူးရှိတဲ့အကြောင်း ပါးစပ်ကလည်း ထုတ်ဖော်ပြောကြပါတယ်” ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဂျေလိဂ်သို့ သွားရောက် လေ့လာခဲ့သည့်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း ဦးကျော်ဒင်၏ မျိုးဆက်အား တတ်နိုင်သည့်ဘက်မှ စုံစမ်းနေသော်လည်း ယခုအချိန်ထိ မတွေ့သေးကြောင်း၎င်းက ဆက်ပြောသည်။ “မြန်မာလူမျိုးတစ်ယောက်က ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတာကို ဂျပန်မှာ မသိသေးတဲ့ သူတွေအတွက်လည်း ဖော်ထုတ်ပေးချင်တာပါ။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်လာရေးအတွက်လည်း ရည်ရွယ်ပါတယ်” ဟု မစ္စတာအိုးချိအားအိခိရိုရှိက ပြောသည်။

မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဂျပန်ဘောလုံးအသင်းကို
ကျေးဇူးပြုခဲ့ဖူးသည်ဟု ၎င်းတို့ ပြောကြားချက်အရ သိရှိရသော်လည်း လက်ရှိအခြေအနေတွင်မူ ဂျပန်ဘောလုံးလောကနှင့် မြန်မာဘောလုံး
လောကသည် ကွာခြား နေပြီဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဂျပန်ဘောလုံးအသင်းက ကမ္ဘာ့အဆင့် ၂၂ ဖြင့် အာရှနိုင်ငံများတွင် ထိပ်ဆုံးမှ ဦးဆောင်ထားပြီး မြန်မာအသင်းမှာ ကမ္ဘာ့အဆင့် ၁၆၂ ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။