မိခင်ဘက်ကဖြစ်စေ ဖခင်ဘက် ကဖြစ်စေ ခရိုမိုဆုမ်း (မျိုးဗီဇ) ချွတ် ယွင်းမှုပါလာလို့ မွေးရာပါ ရောဂါစု လေးတွေနဲ့ မွေးလာကြတဲ့အထဲမှာ အခုဖော်ပြမယ့်ဒေါင်းရောဂါလက္ခဏာစု (Down Syndrome) က အတွေ့ရ အများဆုံးဖြစ်လို့ မိဘတွေ ကိုယ်တိုင် ကလည်း ဆရာဝန်တွေ ရှင်းပြထား ချက်အရ မြို့ရော တောပါ ကိုယ့် ကလေးကို "ဒေါင်းရောဂါ လက္ခဏာ စု" မှန်း သိကြ ပါတယ်။ ဒီနေရာမှာ တစ်ခု ပြောချင် တာက ကလေးမှာ မွေးရာပါ ရောဂါ ပဲပါ လာလာ၊ ယောကျာ်း လေး လိုချင်ပါ ရဲ့နဲ့ မိန်းကလေး တွေချည်းပဲ ဆက် တိုက် မွေးလာလာ ဖအေ တွေက မိန်းမ အပြစ် လို့ချည်း ပုံချချင် ကြပါတယ်။ အဲဒါ အလွန် မှားပါတယ်။ မဟာ ဖိုဝါဒ နဲ့ အပြစ်တင် ကြတာပါ။ တကယ်က တော့ ၂ယောက် လုံး သို့မဟုတ် တစ်ယောက် ယောက်က သယ်ဆောင် လာ လို့သာ ကလေးမှာ မွေးရာပါ ရောဂါ ဖြစ်ပွား လာတာ ဖြစ်ပါတယ်။ သမီး မိန်းကလေး မွေးလာ ဖို့အတွက် အဓိက (xx) ခရိုမိုဆုမ်း ကို ဖခင်ကပဲ အမွေ ဆက်ခံပေးနိုင်တာပါ။ ဆိုလို တာက ဖခင်ဆီက (x) ခရိုမို ဆုမ်းပေး ရင် မိန်းကလေး ပဲ မွေးမှာဖြစ်ပြီး (y) ခရိုမိုဆုမ်း ပေးမှသာ မွေးလာမယ့် ကလေးက ယောကျာ်း လေး ဖြစ်မှာပါ။ မိခင် ကိုယ်တိုင် ကတော့ ဘယ်အခါ မဆို (x) ခရိုမို ဆုမ်းပဲ ပေးနိုင်တဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။
တကယ် တမ်း တွက်ကပ် ပြောကြ စတမ်းဆိုရင် ကလေး မွေးတိုင်း သမီးတွေချည်း ဖြစ်နေတာဟာ ဖခင်ရဲ့ (x) တွေပဲ ပေးနိုင်တဲ့ ချွတ်ယွင်းချက် အပြစ် ကြောင့်ဖြစ်ပါတယ်။ ဒေါင်းရောဂါ လက္ခာစု အကြောင်း ဆက် ရရင် မျိုး ဗီဇနံပါတ် (၂၁) မှာ ချွတ်ယွင်းချက် ပါလာ တဲ့အတွက် ထရိုင်ဆိုမီ တွမ်တီးဝမ်း ရောဂါလို့ လည်း ခေါ်ကြတယ်။ ယေဘုယျ ခြုံ ပြောရရင် ကလေးအရှင် ၇၃၃ ယောက်မွေးတိုင်း "ဒေါင်း" ရောဂါ လက္ခဏာ စုရှိတဲ့ ကလေး တစ်ယောက် ပါလာ တယ်။ သန္ဓေတည် တဲ့နှုန်းနဲ့ တွက်ကြည့် ရင် ဒီထက်မက နှစ်ဆများ နေနိုင်ပေ မယ့် သားပျက် ကျတာတွေ လည်း ရှိနိုင်လို့ ဒီနှုန်း အတိုင်း တွေ့ရ တာဖြစ်တယ်။ ဒေါင်းကလေး တွေရဲ့ ၅၀ ရာနှုန်းမှာ မွေးရာပါ နှလုံးရောဂါ တွေ တွဲဖက်ပါလာနိုင်တယ်။ အဖြစ်များ တဲ့ နှလုံး ရောဂါကတော့ နှလုံးသွေး လွှတ် ခန်း ၂ ခု အကြားမှာ အပေါက်ပါ ခြင်း VSD ။ နှလုံးသွေးဝင်ခန်း၊ သွေး လွှတ်ခန်း တွေကို ခြားထား တဲ့ နံရံမှာ အပေါက်ပါ ခြင်း (AV Septal Defect)။ သွေးဝင် ခန်း ၂ ခု အကြားက နံရံမှာ ချွတ်ယွင်း ချက် အပေါက် ပါလာခြင်း ASD ။
မွေးပြီး တဲ့အခါ ပိတ် သွားရမယ့် သွေးကြော က မပိတ် သွားဘဲ ဆက် ရှိနေခြင်း(Patent Ductus Arteriosus) နဲ့ TOF(Tetralogy of Fallot) ချွတ်ယွင်း ချက် ၄ ခုတောင် ပါလာတဲ့ နှလုံး ရောဂါစတာ တွေဖြစ်ပါတယ်။ ဒါကြောင့် "ဒေါင်း" ကလေးတွေကို မွေးရာပါ နှလုံး ရောဂါရှိ၊ မရှိ ကြို တင် စစ်ဆေး သင့်တယ်။ ဒါ့အပြင် ဒေါင်းကလေး တွေဟာ မွေးရာပါ သိုင်း ရွိုက်ချို့ တဲ့ရောဂါနဲ့ မွေးပြီးမှလည်း သိုင်းရွိုက် အားနည်း ရောဂါတွေ ရလာ နိုင် ပါသေး တယ်။ ဒေါင်းကလေး တွေအတွက် အသက် အန္တရာယ်ရှိတဲ့ သွေးကင်ဆာ ရောဂါ၊ ကိုယ်ခံအားပုံမမှန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ အကြားနဲ့ မျက်စိ အမြင်အာရုံ ပုံမမှန် ရောဂါတွေ လည်း တွဲဖက် ပါရှိနိုင်တယ်။ လူကြီး တွေ အသက်ကြီးမှ ဖြစ် တတ်တဲ့ သက်ကြီး သတိမေ့ ရောဂါ (Alzheimer Disease) ကိုလည်း ဒေါင်း ကလေး တွေ အသက် ၄၀ ဝန်းကျင် ခန့်မှာ စတင်ပြီး ခံစား လာရတတ် ပါတယ်။ သတိချွတ်ယွင်းတာ၊ မေ့ လျော့တာ တွေ အတော် လေး ဖြစ်လာ တတ် တယ်။ ဒေါင်း အမျိုးသား လေး တွေက အများစုမှာ အမြုံဖြစ်နေ ကြပြီး မိန်းကလေး တွေကတော့ တချို့ ကလေး မွေးဖွား ပေးနိုင်စွမ်း ရှိပေမယ့် သူ မွေးလာတဲ့ ကလေး တွေရဲ့ ၅၀ ရာခိုင်နှုန်း က သူ့လိုပဲ ဒေါင်းရောဂါ လက္ခဏာ စု ဖြစ်နိုင် ခြေရှိပြန် တာမို့ မျိုးရိုး လိုက်ပြန်ပါတယ်။ တခြား ချွတ်ယွင်း ချက် တွေနဲ့ ဒေါင်း ကလေးများ ဒေါင်း ကလေး တွေရဲ့ မျိုးဗီဇ နံပါတ် (၂၁)မှာ ချွတ်ယွင်းချက် အဖြစ် တစ်ခု အပို ပါလာတဲ့ အတွက် ပုံမှန် လူ တစ်ယောက်မှာ မျိုးဗီဇ ခရိုမိုဇုမ်း ၄၆ စုံ ရှိရမယ့် အစား ၄၇ စုံရှိ နေပါတယ်။
သွင်ပြင် လက္ခဏာ တွေကတော့ ဘယ် လူမျိုးက မွေးလာ မွေးလာ ဒေါင်း ကလေး တွေရဲ့ ရုပ်ရည်က ဆင်တူ နေ သယောင် ထင်ရတယ်။ ခေါင်း က ပြားနေသလို မျက်နှာ ကလည်း ခပ်ပြားပြား နဲ့ နှာတံ က မပေါ်ဘဲ ခြုံကြည့်ရင် ခေါင်းက အသက် နဲ့စာရင် သေးငယ် နေတယ်။ မျက်လုံး နှစ်ဖက် လုံးက ဗာဒံသီး သဖွယ် သေးသွယ်ပြီး အပြင် ဘက်ကို အနည်းငယ် စောင်း တက် နေတယ်။ သာမန် ကလေး တွေမှာ ငယ်ထိပ်က အသက် ၁၈လ မှာ ပိတ်ကြပေမယ့် ဒေါင်းကလေး တွေမှာတော့ အသက်အတော်ရ တဲ့အထိ မပိတ်သေး တာတွေ့ရ တယ်။ ဒါ့အပြင် ဦးခေါင်းရိုး ဆက် လည်း နောက်ကျတယ်။ နှာခေါင်း ကလည်း သေးငယ်ပြီး ပါးစပ်ကလည်း သေးငယ်တဲ့ အတွက် လျှာက အမြဲ တမ်း ထွက်နေ သလို ပြူတစ် ပြူတစ် ဖြစ် နေတယ်။ နားရွက် ၂ဖက်ကလည်း သေးငယ် ပြားကပ် နေတတ်တယ်။ ဖွံ့ဖြိုးမှု နောက်ကျ တဲ့အတွက် အသက် အရွယ် အလိုက် (Milestones) ထိုင်တာ၊ မတ်တတ် ရပ်တာ၊ လမ်းလျှောက် တာ၊ စကားပြောတာ စသဖြင့် အားလုံး နောက်ကျ ကျန်ရစ် တယ်။ မွေးကင်းစ တုံ့ပြန်မှုတွေ (Moro's Reflex) ကောင်းကောင်း မရတဲ့ အပြင် ကြီးပြင်း လာတော့လည်း အကြော အရိုး အဆစ် အားလုံး သန်မာမှု အားနည်း တော့ (Hypotonia) ပျော့ တိ ပျော့ဖတ် ဖြစ်နေတယ်။ အဲဒီလို ပျော့ပျောင်း နေတာကို မိဘတွေက အရိုး အကြော ပျော့တယ် ထင်ပြီး လက်နှိပ် ဆရာဆီ သွားနှိပ်ကြ။
အရိုး အကြော အဆစ် ဌာနပြကြနဲ့ ရေလိုက် လွဲ တတ်ကြ သေးတယ်။ လက်နှိပ် စရာ မလိုပါဘူး။ နှိပ်ကာမှ အဆစ်လွဲတာ ကြွက်သားတွေ ထိခိုက် ဒဏ်ရာရတာ ဖြစ်နိုင် ပါသေးတယ်။ ဥာဏ်ရည် ဥာဏ်သွေး ကတော့ သာမန် ကလေးတွေ ထက် လျော့နည်း နေပေမယ့် အထူးနည်းလမ်း တွေနဲ့ စာသင်ကြားရင် အရေးအဖတ် တတ် လွယ်ပါတယ်။ အဲဒီ ကလေးတွေ က အဆိုအက ဂီတကို ဝါသနာပါကြ တာ ဆိုတော့ စပါယ်ရှယ် ကျောင်းတွေ မှာ သင်ကြားပေး နိုင်ရင် တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အင်္ကျီဝတ်တာ၊ ရေချိုး တာစတဲ့ ကိုယ့်အတွက် လုပ်ငန်း ဆောင်တာ လေးတွေက အစ မိဘပေါ် မမှီခို ရတော့ဘဲ ပတ်ဝန်းကျင်နဲ့ သဟ ဇာတ ဖြစ်အောင် နေတတ်တဲ့ ချစ် စရာ ကလေးတွေ အဖြစ် ကြီးပြင်းလာ နိုင်ပါတယ်။ တချို့ ဒေါင်းကလေးတွေ မှာ မျိုးရိုး လိုက်တတ်တဲ့ စိတ်ပိုင်းဆိုင် ရာလေးတွေ ပူးတွဲပါလာနိုင်ပါတယ်။ အဲဒီ ရောဂါ တွေကတော့ အပြုအမူ ပိုင်း ဆိုင်ရာ ပြဿနာ လေးတွေအဖြစ် ပြော တာဆိုတာ၊ အလေး မထားတာ၊ ဂရု မစိုက်တာ (Inattentiveness)၊ စကား နားမထောင်ဘဲ ပေကတ် ကတ် နဲ့ ခေါင်းမာ တာ၊ အလျှော့ မပေးလို တာ (Stubbornness) စတာတွေ တွေ့ရတတ်ပြီး ကလန် ကဆန် လုပ်တာနဲ့ ကိုယ့်ဘာသာကိုယ် ထိခိုက် ဒဏ်ရာ ရအောင် လုပ်တတ် တာက တော့ ဒေါင်းကလေး တွေမှာ အတွေ့ရ နည်းပါတယ်။ ဒေါင်းတွေမှာ တွေ့ရ တဲ့ အပြုအမူ ပိုင်းဆိုင်ရာ ပြဿနာ လေးတွေ ကလည်း ကုသရ၊ သင်ကြား ရ လွယ်ကူ ပါတယ်။
ဒေါင်းကလေးတွေရဲ့ တခြားထူးခြားချက်တွေ၊ သွင်ပြင်မူယာတွေ
အဲဒီကလေးတွေဟာ အဆစ်တွေ၊ ကြွက်သားတွေ ပျော့ပျောင်း လွန်း တာကြောင့် လက်ဆစ်၊ ခြေဆစ်တွေ ဟာ သာမန်ကလေးတွေထက် ကွေးလို့ ညွှတ်လို့ရတာ မို့ အရပ်ထဲမှာ မသိ နားမလည်သူ တွေက အရိုးပျော့ ရောဂါ ထင်တတ် ကြသေးတယ်။ လည် ပင်းကတိုပြီး လက်ချောင်းလေး တွေ က လည်း ပိုတိုတို ဖြစ်နေကာ လက် သန်း နှစ်ချောင်း လုံးက အပြင်ဘက် ကို ကားပြီး ကွေးကောက် နေတတ်တယ်။ လက်ဖဝါး ပေါ်မှာလည်း လက္ခဏာ အရေး အကြောင်းတွေ မထင်ရှားဘဲ ကန့်လန့်ဖြတ် (ပညာရေး) လမ်း ကြောင်း တစ်ခုတည်းသာ ထင်ရှားစွာ ပါရှိတယ်။ ခြေချောင်းလေး တွေက လည်း တိုတောင်းပြီး ခြေမနဲ့ ခြေခ လယ်ကြားက သိသိ သာသာ ကွာဟ နေတာ မြင်ရတယ်။ (ခြေမခွကြား နှစ်ဖက်လုံး ကျယ်နေတာကို ဆိုလိုပါ တယ်)။ ရင်ညွန့်ရိုး ကလည်း ခပ်တိုတို ဖြစ် နေတာမို့ ရင်အုပ်က မောက်နေ သလိုဖြစ်နေတယ်။ ဝမ်းဗိုက်ပိုင်း ချွတ်ယွင်းချက် တွေအဖြစ် အူသိမ်ဦး အပေါက်ကျဉ်း ခြင်း၊ ပန်ကရိယဂလင်း ချွတ်ယွင်းမှု ပါခြင်း၊ အစာရေမျိုနဲ့ လေရှူပြွန် ကြားမှာ လမ်းကြောင်း တစ်ခုပါလာ ကာ ဆက်သွယ် နေခြင်း (Tracheo Esophageal Fistula) ။ အူနံရံ တွေမှာ အာရုံကြော အဖွဲ့အစည်း မပြည့်စုံ ချွတ်ယွင်း တဲ့အတွက် အူပိတ် ရောဂါ (Hirschsprung Disease) ပါလာခြင်းနဲ့ စအို ပေါက် ပါမလာခြင်း (Inperforate Anus) စသဖြင့် နေရာ တော်တော် များများမှာ ချွတ် ယွင်းချက် စုံစုံလင်လင်နဲ့ မွေးလာ တတ်တာမို့ မျက်နှာသွင်ပြင် တင် သနားစရာ မကတော့ဘဲ ရောဂါလည်း စုံလင် လှပါတယ်။ ကလေးကြီး အရွယ်ရောက် ရင်လည်း ရွယ်တူ တွေလို ဖွံ့ဖြိုးမှု မတူညီဘဲ နောက်ကျ နေတော့ အစ အနောက် ခံရတာများရင် စိတ်ကျ ရောဂါနဲ့ အကြောင်းရင်း ရှာမရတတ် တဲ့ အတက်ရောဂါ (Seizure) တွေလည်း ဖြစ်လာ နိုင်သေးတယ်။ နား အကြား အာရုံက မွေးကတည်းက နားလေး နိုင်သလို ကြီးလာ မှလည်း နားလေး ရောဂါ (Asquired Hear Loss) ဖြစ်လာ နိုင်သေးတယ်။ နားထဲ က အရည် ကြည်ထွက်တာ တို့၊ အမြင် အာရုံ မကောင်းဘဲ အဝေးမှုန် ရောဂါရှိ လို့ ငယ်ငယ် လေးနဲ့ မျက်မှန်တပ်ရ တတ်တယ်။ ရေတိမ်၊ အတွင်းတိမ် လည်း ဖြစ်လွယ်တယ်။ အဆစ် အမျက် ဖွဲ့စည်းပုံတွေ အားနည်း တဲ့အတွက် သူ့ ဘာသာသူ ကို ဒူးဆစ်၊ ပခုံးအဆစ်၊ တစ်တောင် ဆစ်နဲ့ လက်မ အဆစ်တွေ ချော်ထွက် ပြီး အဆစ် လွဲတတ်တာမို့ အနင်းအနှိပ် အချိုး မခံဖို့ ကြိုတင် သတိပေးချင်ပါ တယ်။ ပေါင်ရိုး ဆစ်ဖွဲ့စည်းပုံ အား နည်းလို့ တင်ပါးရိုး ဆစ် ပုံမမှန် (Hip Dysplasia) ဖြစ်နိုင် သေးတယ်။ ဒါ့ အပြင် ပေါင်ထိပ်ရိုး (သွေးမလျှောက် ဘဲ) အလိုလိုဖြစ်စေ၊ မသိမသာ ထိခိုက်ရုံ လေးနဲ့ဖြစ်စေ အရိုးကျိုး တတ်ပါ သေးတယ်။ ကြမ်းကြမ်း တမ်း တမ်း ခုန်ပေါက် ကစားခြင်းနဲ့ မသင့် လျော်ပါဘူး။ သွားပေါက် တာ နောက် ကျ တတ်ပြီး သွားပိုး စားခြင်း၊ ရေစီး ကမ်းပြို ရောဂါဖြစ်ခြင်း ကတော့ သာမန် ကလေးတွေလိုပဲ အဖြစ်များ တတ် တယ်။ ကိုယ်ခံအား ကလည်း တခြား ကလေးတွေ လောက် မကောင်း တဲ့ အတွက် ခဏခဏ ဖျားလွယ်တာ၊ နှာစေး ချောင်းဆိုးတာ၊ နားပြည်ယို တာ၊ ချောင်းဆိုးရင်ကျပ်တာ၊ နမိုးနီး ယားဖြစ် လွယ်တာလည်း တွေ့ရတယ်။ အရေပြား မှာ အသားပို အသီး ထပြီး အနာရွတ် ထင်လွယ်တာ၊ အဆီ ပြင်ကြီးပြီး ကြပ်ခဲကြီးဖြစ်နေတတ် တာ၊ မွေးညင်း ပေါက်တွေရဲ့ အရင်း မှာ အနာ ဖြစ်လွယ်တာ Folliculitis စတာ တွေလည်း မကြာခဏ ဖြစ်တတ် တယ်။ အဲဒါကြောင့်မို့ ဒေါင်းရောဂါ လက္ခဏာစု ကလေး တစ်ယောက် မွေးလာရင် ရောဂါ တွေကတော့ ရှာ ဖွေလေ တွေ့ရှိလေ ဖြစ်နေတတ်ပါတယ်။
အသက်ရှည်နိုင်တဲ့ အရွယ်
အသက်အ္တရာယ်ပေးနိုင်တဲ့ မွေးရာပါ ရောဂါ ကြီးကြီးမားမား မပါ လာခဲ့ရင်တော့ ဒေါင်းရောဂါလက္ခ ဏာစု လူနာတွေဟာ အသက် ၅၀- ၅၅ နှစ်အထိ အသက်ရှည် နိုင်ပါတယ်။ အရွယ် မတိုင်ခင် လူအို ပုံစံပေါက်ခြင်း နဲ့ သတိလစ်၊ သက်ကြီး သတိမေ့ ရောဂါ တွေကတော့ စောစောဖြစ် ပေါ် ခံစားရ တတ်ပါတယ်။ ဒါပေမယ့် တစ်ခုကောင်းတာက ဦးနှောက်ဖွံ့ဖြိုး မှုနောက်ကျတဲ့ CP (Cerebral Palsy) ရှင်တွေလို မိဘ အပေါ် တစ်ကိုယ် ရေ သန့်ရှင်းမှု အစစ အရာရာ မမှီခိုရဘဲ အသက်ကြီးတဲ့အထိ သွားနိုင် လာနိုင် သူဘာသာ သူစားနိုင် သောက်နိုင် လို့ အသက်မွေးဝမ်း ကျောင်းပညာ ကြီးမားစွာ မသင်နိုင် ရင တောင်မှ သာမန် လက်မှုပညာ လောက် တော့ သင်ကြားတတ်ရင်၊ နည်းလမ်း ကောင်းရင် သင်ယူတတ် မြောက် နိုင်ပါတယ်။
မိသားစုအတွင်း နောက်ထပ် ကလေး ယူမယူ ဆွေးနွေး ခြင်း
ဒေါင်းကလေး တစ်ယောက် မွေးပြီးရင် နောက်ထပ် မွေးလာတဲ့ ကလေးမှာ ဒေါင်းရောဂါ လက္ခဏာစု ပါမပါ ကတော့ မိဘတွေ အတွက် စဉ်း စား ဆွေးနွေးဖို့ လိုအပ်ပါတယ်။ မိခင်က အသက် ၃၅ နှစ်ကျော်မယ် ဖခင် အသက်ကလည်း ကြီးမယ် ဆိုရင်နောက် ထပ် မွေးတဲ့ကလေး လည်း "ဒေါင်း" ပါနိုင် ခြေများ ပါတယ်။ အနောက်နိုင်ငံ တွေ မှာတော့ ကိုယ်ဝန် ဆောင်ထားစဉ် မှာ ဒေါင်းဖြစ်နိုင်၊ မဖြစ်နိုင်သိဖို့ရာ ဖြစ်နိုင်ခြေများတဲ့ (High Risk) မိခင် တွေဆီက သွေးရည်ကြည် ကို ကိုယ်ဝန် ဆောင် ကာလ သုံးလမှ ခြောက်လ အကြားမှာ ထုတ်ယူပြီး စမ်းသပ်မှု ၄ ခု ပြုလုပ်ပါတယ်။ အဲဒါတွေ ကတော့ ဟော်မုန်း တွေနဲ့ ဓာတုပစ္စည်း တွေ ဖြစ်တဲ့ (β hcG = β Human Chorionic Gonadotropin, Uncojugated Estriol, Inhibin, α Fetoprotein) ပမာဏတွေ စစ်ဆေး ကြည့်ရင် ဒေါင်း ဟုတ်၊ မဟုတ် ၈၀ ရာခိုင်နှုန်း တိကျတာ တွေ့ရတယ်။ နောက် တစ်နည်းက ကိုယ်ဝန်ပထမ ၃လအတွင်းမှာကို (NT - Nuchal Translucency) စမ်းသပ်မှု ပြုလုပ် ကြည့်ရင်လည်း "ဒေါင်း" ကိုယ်ဝန်ရှိ၊ မရှိ သိနိုင်ပါတယ်။ အဲဒီ ၂ နည်းလုံး သုံးပြီး စစ်ဆေးကြည့် ရင်တော့ ၈၇ ရာခိုင်နှုန်း ကနေ ၉၅ ရာခိုင်နှုန်းအထိ ပိုတိကျ သေချာ တာကို တွေ့ရတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ဒေါင်းမွေး မယ်မှန်း သေချာရင် မိဘ ၂ ပါးလုံးကို သေချာရှင်းပြပြီး သူတို့ဆန္ဒရှိကြရင် (Therapuetic Abortion) သန္ဓေ ဖျက်ချ ခွင့်ပြုကြ တာလည်း ရှိပါတယ်။ မိဘနှစ်ပါး လုံးရဲ့ မျိုးဗီဇတွေ စစ်ကြည့်ရင် လည်း အဖေ သို့မဟုတ် အမေဟာ ဒေါင်း မျိုးရိုးဗီဇကို သယ် ဆောင်ထား သူ ဖြစ်နေတာ တွေ့ရ တယ်။ အဲဒီမျိုးဗီဇ တွေရဲ့ ဖွဲ့စည်းပုံကို လေ့လာ ကြည့်ခြင်း (Chomosone Phenotype Analysis) အားဖြင့် နောက်ထပ်မွေးလာမယ့် ကလေး တိုင်း သို့မဟုတ် အချို့ကလေးတွေ ဟာ "ဒေါင်း" ကလေးတွေဖြစ်နိုင်ခြေ မြင့်မား တာသိနိုင် ပါတယ်။ ဒေါင်း ရောဂါ လက္ခဏာစု ကလေး (Down Syndrome) တွေဟာ မျိုးဗီဇ ချွတ်ယွင်းမှု ပါလာတဲ့ ကလေး တွေထဲမှာ တော့ တခြား အမျိုး အစား တွေထက် ချစ်စရာ သနားစရာ ပိုကောင်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင် တတ်ကြတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် မိဘတွေကို ဒုက္ခ အများကြီး မပေးကြ ပါဘူးလို့ တိုက်တွန်း အားပေးလိုက် ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။