ဒီတစ်ပတ် Cover Star ကဏ္ဍ ကနေ ပရိသတ်ရင်ထဲကို နေရာယူ ရောက်ရှိ လာတော့မယ့် မြဝတီ မြန်မာ့အသံ ဇာတ်လမ်းတွဲထဲက ကောင် မလေး၊ A21 ရဲ့ Brand Ambassador ဝင့်ဒါလီကို ရွေးချယ်ပြီး ပရိသတ် သိချင်မယ်ထင်တဲ့ အကြောင်းအရာ များကို မေးမြန်းခဲ့ပါ တယ်။
Q. ခုလတ်တလောလုပ်နေတာတွေက..
A. ခုလတ်တလော မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ ဓာတ်ပုံရိုက်ပေးတယ်။ ရှိုးတွေ လျှောက်ဖြစ်တယ်။
Q. မြန်မာ့အသံမှာ ဇာတ်လမ်း တိုရိုက်ထားတယ်ဆို..
A. ဟုတ်ကဲ့။ ဇာတ်လမ်းတို ရိုက်ထားပါတယ်။
Q. ဘယ်လိုရိုက်ဖြစ်တာလဲ..
A. Marti Media အန်တီမေ တင်တို့၊ မမျိုးတို့ကခေါ်ရိုက်တယ်။ နောက်ပြီး ပညာပေးကားတွေလည်း ရိုက်ဖြစ်တယ်။ မြဝတီနဲ့ မြန်မာ့အ သံအတွက် ရိုက်တာပါ။
Q. ကာရိုက်တာကရော..
A. ပထမဆုံးစရိုက်တာက ကို ဇေယျနဲ့။ ကိုဇေယျနဲ့က အပျင်းကြီး တဲ့ကောင်မလေးနေရာက သရုပ် ဆောင်ထားတာ။ နောက်ဆုံးအမှား ကိုသိပြီး အမှန်ပြင်တဲ့ပုံစံလေးရိုက် ထားတာပါ။ စွမ်းရည်နဲ့လည်းရိုက် ထားတယ်။ နောက်ပြီး မခိုင်နှင်းဝေ၊ ကိုမင်းသူတို့နဲ့လည်း ရိုက်ထား တယ်။ ကောင်းပြည့်နဲ့လည်းရိုက် တာကတော့ နောက်ဆုံးပါ။
Q. ကောင်းပြည့်နဲ့ကျတော့ အိမ်ဖော်ကောင်မလေးနေရာကပေါ့..
A. ဟုတ်တယ်။ သူ့အိမ်က ခြံစောင့်ရဲ့သမီးနေရာကနေ သရုပ် ဆောင်ထားတယ်။
Q. ကိုယ့်ဘဝကိုနိမ့်ကျတဲ့ပုံစံ သရုပ်ဆောင်ထားတော့ ဘယ်လိုခံ စားရလဲ..
A. ကိုယ်သရုပ်ဆောင်တဲ့နေ ရာမှာ စိတ်ကိုမျှောပြီးသရုပ်ဆောင် လိုက်ပါတယ်။
Q. အခုမှ သရုပ်ဆောင်အ လုပ်လုပ်တော့ ဘယ်လိုခံယူချက် ထားလဲ..
A. အနုပညာအလုပ်ကို အ ရမ်းဝါသနာပါတယ်။ ရှေ့လျှောက် ပြီး မော်ဒယ်ကနေ သရုပ်ဆောင် ပိုင်းကိုကူးပြီး ပြည်သူတွေချစ်တဲ့အ နုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ။
Q. A21 နဲ့ကရော..
A. A21 နဲ့က စာချုပ်ကပြည့် သွားပါပြီ။ ဒါပေမဲ့ နောက်ထပ် A21 နဲ့ Billboard တွေ၊Calendar တွေလည်း ရိုက်ပေးရဦးမှာပါ။
Q. သာမန်မိန်းကလေးဘဝနဲ့ အနုပညာရှင်ဘဝ ဘယ်ဘဝကို ပို နှစ်သက်လဲ..
A. နှစ်ခုစလုံးကိုနှစ်သက်ပါ တယ်။
Q. အနုပညာရှင်ဖြစ်လာတော့ စိတ်မလွတ်လပ်သလို ခံစားရလား..
A. ဟုတ်ကဲ့။ နည်းနည်းပါးပါး တော့ ခံစားရပါတယ်။
Q. အနုပညာရှင်ဆိုတာ အနုပညာနဲ့ ပတ်သက်ပြီး ခံယူချက်ရှိရ မယ်ဆိုတော့ ဝင့်ဒါလီကရော..
A. အနုပညာရှင်တစ်ယောက် အနေနဲ့ အနုပညာလောကကို ရိုးရိုး ကျင့် မြင့်မြင့်ကြံဆိုတဲ့ဆောင်ပုဒ်နဲ့
Q. အနုပညာရှင်ဖြစ်လာရင် အနေအထိုင်ဆင်ခြင်ရမယ်တဲ့။ ပရိ သတ်အမြင်မမှားအောင်ပေါ့..
A. ဟုတ်တယ်။ အနုပညာ ရှင်ဖြစ်လာတော့ အနေအထိုင် တော်တော်လေးကို ဆင်ခြင်ရမှာပါ ပဲ။
Q. အနုပညာအလုပ်ကို မိဘ တွေကသဘောမတူဘူးဆို၊ အခုကျ တော့ရော..
A. အမေကတော့ နားလည် ပေးပါတယ်။ အဖေကတော့ အခု ထက်ထိသဘောမတူသေးဘူး။ Q. ပွင့်ပွင့်လင်းလင်းပြောဆိုရ တာကြိုက်လား။ A. ဟုတ်ကဲ့။ ပွင့်ပွင့်လင်းလင်း ပဲကောင်းပါတယ်။
Q. ပေါင်းသင်းဆက်ဆံရေးက ရော..
A. လူတစ်ယောက်ကိုပေါင်း ပြီဆိုရင် လုံးဝအပေါ်ကမပေါင်း ဘူး။ လှိုက်လှိုက်လှဲလှဲပေါင်းတယ်။ တချို့ကျတော့ရှေ့တစ်မျိုး၊ ကွယ်ရာ တစ်မျိုးတွေရှိတယ်။
Q. ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေ ကို အခင်ဆုံးလူကိုပြောပြလား..
A. ဟုတ်ကဲ့။ ပြောပြမိပါ တယ်။ ကိုယ်စိတ်ညစ်နေတဲ့အခါမှာ လည်း ကိုယ့်ကိုအားပေးစကားပြော တယ်။ ဒိုးတူပေါင်ဖက်အကြံဥာဏ် ပေးပါတယ်။
Q. ဘ၀မှာတိုးတက်ဖို့ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်း လိုအပ်လား..
A. ဟုတ်ကဲ့။ လိုအပ်ပါတယ်။ တချို့ကျတော့ သူငယ်ချင်းကြောင့် လမ်းမှန်လျှောက်ဖြစ်တယ်။ တချို့ ကျတော့ အပေါင်းအသင်းကြောင့် လုံးဝလမ်းမှားတာလည်းရှိတယ်။ ပျက်စီးသွားတာလည်းရှိတယ်။
Q. ပွင့်ပွင့်လင်းလင်းမေးမယ်။ မှန်မှန်ဖြေနော်။ ဝင့်ဒါလီမှာချစ်သူ ရှိနေပြီလား..
A. အခုထက်ထိတော့ တစ် ယောက်တည်းပါပဲ။ အချစ်ရေးကို စိတ်မ၀င်စားသေးပါဘူး။
Q. ပရိသတ်တွေကချစ်သူနဲ့ တွဲပြီးတွေ့လာတယ်လို့ပြောရင်ရော..
A. ချစ်သူမဟုတ်ပါဘူး။ အဲဒါ အနုပညာမောင်နှမတွေပါလို့။
Q. ရွေးချယ်မယ့်ချစ်သူပုံစံက ရော..
A. ကိုယ့်အပေါ်မှာသည်းခံ နားလည်မှုရှိရမယ်။ ဦးဆောင်မှုရှိရ မယ်။ ယောက်ျားပီသတဲ့စိတ်ဓါတ် ရှိတဲ့သူဖြစ်ရမယ်။
Q. ပရိသတ်ကိုရော ဘာပြော ချင်ပါသလဲ..
A. ပရိသတ်ကိုဇာတ်လမ်းတို တွေလည်းရိုက်ထားပါတယ်။ အား ပေးပြီးတော့ အမှားအယွင်းရှိရင် လည်း ခွင့်လွှတ်ပေး၊ နားလည်ပေး ပြီး ကြည့်ပေးပါလို့။ အနုပညာအ လုပ်တွေကိုလည်း ကြိုးစားပြီးလုပ် သွားမှာပါလို့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။