Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 15, 2012

ကြယ်တစ်လုံး၏ ပုံပြင်

 

By Satellite Research & Development Department on Wednesday, November 7, 2012 at 8:08pm ·

 
ညဘက်ဆိုရင် ကောင်းကင်မှာ ကြယ်တွေကို ကျွန်တော်တို့တွေမြင်တွေ့ရမှာပါ။ ဒါပေမယ့် ဒီကြယ်တွေ ဘယ်ကနေဘယ်လိုဖြစ်လာတယ်ဆိုတာ သေချာသိတဲ့သူတွေတော့ အလွန်နည်းလှပါတယ်။ ကြယ်တွေဆိုတာ အများအားဖြင့် ဓါတ်ငွေ့တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အတွင်းမှာတော့ သတ္တုအဆံ (Solid Core) တည်ရှိပါတယ်။မည်သည့်ကြယ်မဆို ဖြစ်ပေါ်လာပုံ မှာတော့ အတူတူပဲဖြစ်ပြီးတော့ အဆုံးသတ်ချိန် မှာတော့ နှစ်မျိုးနှစ်စား ကွဲပြားသွားပါတယ်။
ပုံမှာပြထားတဲ့အတိုင်း အာကာသထဲမှာ ဓါတ်ငွေ့တွေဟာ မြောလွင့်နေကြပါတယ်။ အဲ့လိုမြောလွင့်နေတဲ့ ဓါတ်ငွေ့တွေ၊ အစိုင်အခဲလေးတွေ တစ်ခုနဲ့တစ်ခု ဆွဲငင်ကြရာက နေပီး ကြယ်တစ်လုံးစတင်ပေါ်ပေါက်လာပါတော့တယ်။ ကြယ်တွေဟာ မိမိရဲ့အတွင်းမှာရှိတဲ့ ဟိုက်ဒရိုဂျင် ကိုလောင်စာ အဖြစ်နဲ့အသုံးပြုပြီး အပူနဲ့ အလင်း စွမ်းအင်းကို ထုတ်လွှတ်နိုင်ပါတယ်။ အဆိုပါအချက်ဟာ ကြယ်နဲ့ဂြိုဟ် ဘယ်လိုကွာခြားတယ်ဆိုတာကို သေချာစွာရှင်းလင်းပေးနိုင်တာဖြစ်ပြီး ကျွန်တော်တို့ ငယ်ငယ် ကသင်ရတဲ့ ကြယ်များသည် ကိုယ်ပိုင်အလင်းရောင် ရှိကြသည်ဆိုတဲ့ အချက်ရဲ့ ဖွင့်ဆိုချက်ဖြစ်ပါတယ်။ ထို ကဲ့သို့ ကြယ်တစ်လုံးဖြစ်ပေါ်လာပီး အရွယ်ရောက်လာချိန်မှာတော့ ကြယ်တွေဟာ နှစ်မျိုးနှစ်စားကွဲပြားသွား ပါတော့တယ်။ တစ်မျိုးကတော့ သာမာန်ကြယ်တွေ (Average Star) ဖြစ်ပြီး ကျွန်တော်တို့ရဲ့နေ နဲ့ ယင်းထက် တစ်ဆမျှသာကြီးတဲ့ကြယ်တွေဟာ သာမာန်ကြယ်အမျိုးအစားဖြစ်ပါတယ်။ ဓူဝံကြယ်ဟာ လည်း သာမာန် အဆင့်ကြယ်တစ်လုံးမျှသာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ နေထက် တစ်ဆခွဲ အနည်းဆုံး ရှိရမယ့် ကြယ်တွေဖြစ်ပီး (Supermessive) ကြယ်အမျိုးအစားလို့ခေါ်ပါတယ်။ အဆိုပါကြယ်တွေ ထဲမှာတော့ ကျွန်တော်တို့ ညဘက်ဆိုရင် ကောင်းကောင်းမြင်တွေ့နိုင်တဲ့ (Sirus, Betelgeuse, Rigel ) တို့ကတော့ ဆူပါဒြပ်ထုကြယ်ကြီးတွေဖြစ်ကြပါတယ်။ အဆိုပါ အရွယ်ရောက် အချိန်ကိုကျော်လွန်လာတဲ့အချိန်မှာ တော့ ကြယ်တွေဟာ ဟိုက်ဒရိုဂျင်လောင်စာတွေ ကုန်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ ထိုအချိန်မှာတော့ ကြယ်တွေဟာ အတွင်းပိုင်းမှာကျန်ရှိနေသေးတဲ့ ဟီလီယံတွေကို လောင်စာအဖြစ်အသုံးပြုကြပါတော့တယ်။ အဲ့ဒီ့ အချိန်ရောက် လာတဲ့အခါမှာတော့ ကြယ်ဟာ မူလရှိနေတဲ့ အရွယ်အစားကနေပီး အဆများစွာကြီးမားလာခဲ့ပြီး အပူချိန်လည်း ပိုမိုများပြားလာခဲ့ပါတယ်။ ကြယ်တိုင်းဟာ အဆိုပါဖြစ်ရပ်ကို မလွဲမသေဖြစ်ပေါ်ရမှာဖြစ်ပြီး ကျွန်တော်တို့ နေမင်းဟာလည်း အဆိုပါဖြစ်ရပ်ကို ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီ့ အချိန်ရောက်ရင် နေမင်းဟာ လက်ရှိ အင်္ဂါဂြိုဟ်က နေကို ပတ်နေတဲ့ ပတ်လမ်းခန့် ပမာဏအထိ ကြီးမားလာမှာဖြစ်ပြီး အတွင်းပိုင်း ဂြိုဟ်တွေဖြစ်တဲ့ မာကျုရီ၊ ဗီးနပ်စ်၊ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ဟာ နေမင်းရဲ့ဝါးမြိုခြင်းကို ခံရမှာဖြစ်ပြီး အပြင်ဘက်ဂြိုဟ်တွေဖြစ်တဲ့ ဂျူပီတာ၊စေတန်နဲ့ နတ်ပကျွန်းတို့မှာ ရှိနေတဲ့ ဓါတ်ငွေ့တွေဟာလည်း အငွေ့ပြန်သွားကြမှာဖြစ်သလို ပလူတို ဂြိုဟ်မှာရှိနေတဲ့ ရေခဲပြင်တွေဟာလည်း အပူရှိန်ကြောင့် အရည်ပျော်သွားကြမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ကနေပီး နောင်နှစ် သန်းပေါင်း ၅၀၀ ကျော်မှသာဖြစ်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဘာမှ စိုးရိမ်နေစရာ မရှိလှပါဘူး။ အဆိုပါ အချိန်မှာနှစ်သန်းပေါင်း ၁၀၀၀ လောက်တည်ရှိနေပြီးရင်တော့ ကြယ်တစ်လုံးရဲ့နေ၀င်ချိန်ဟာ ရောက်ရှိလာခဲ့ပါတယ်။ လက်ကျန်ဟီလီယံတွေ လောင်ကျွမ်းလို့ ကုန်သွားခဲ့ တဲ့အချိန်မှာတော့ ကြယ်တွေရဲ့အတွင်းပိုင်း (Central Core) ကနေဖြစ်ပေါ်လာတဲ့ ဆွဲငင်အားဟာ အပြင်က ဒြပ်ထုတွေကို စတင်ဆွဲငင်ပါတော့တယ်။ ထိုကဲ့သို့ဖြစ်ပေါ်လာပီး နှစ်အနည်းငယ်အတွင်းမှာပဲ ကြယ်ဟာ ရုတ်တရက် ကြုံ့ဝင်သွားပီး ချက်ချင်းဆိုသလို ၀ုန်းခနဲ ပေါက်ကွဲထွက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပေါက်ကွဲချိန် မှာ ကြယ်ဟာ လက်ရှိ အလင်းရောင်ထက် အဆပေါင်းများစွာ လင်းလက်တောက်ပသွားမှာဖြစ်ပီး အဆိုပါဖြစ်ရပ် ကို နိုဗာပေါက်ကွဲခြင်း (Nova Explosion) ဖြစ်ပေါ်တယ်လို့ခေါ်ဆိုကြပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ ကြယ်ရဲ့နောက်ဆုံးမီးတောက် ဟုန်းခနဲထတောက်တာဖြစ်ပြီး ပေါက်ကွဲမှုဟာ ရက်အနည်းငယ် မျှသာကြာမြင့်ပီး အဲ့ဒိနောက်မှာတော့ ကြယ်ဟာ သူ့ရဲ့မူအ အခြေအနေဖြစ်တဲ့ ဓါတ်ငွေ့တွေဘ၀ ကိုပြန်လည် ရောက်ရှိသွားရင်သွား၊ မသွားရင်တော့ အလွန့်အလွန်သေးငယ်ပြီး အလင်းရောင်နဲ့ အပူစွမ်းအင်တွေ ခြုပ်ငြိမ်း သွားပြီဖြစ်တဲ့ (Dwarf Star )အဖြစ်သို့ရောက်ရှိသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နေမင်းကြီး ချုပ်ငြိမ်းသွား ခဲ့ရင်လည်း အဆိုပါ Dwarf Star လေးအဖြစ်သို့ရောက်ရှိသွားမှာဖြစ်ပါတယ်။ အထက်ဖော်ပြခဲ့တဲ့ ကြယ် ရဲ့နိဂုန်းချုပ်ဖြစ်စဉ်ဟာ သာမာန်ကြယ်တွေမှာသာဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ သာမာန်ထက် ကြီးမားတဲ့ (Supermessive) ကြယ်တွေမှာတော့ အဆိုပါပေါက်ကွဲမှုကို ဆူပါနိုဗာပေါက်ကွဲမှု (Super Nova) လို့ခေါ်ဆို ကြပြီး သာမာန် နိုဗာပေါက်ကွဲမှုထက် အဆပေါင်းများစွာပိုမိုပြင်းထန်ပါတယ်။ အဆိုပါပေါက်ကွဲမှုမျိုးကို ရှေး တရုတ်ပြည် “ဟန်” မင်းဆက်လက်ထက် လောက်က မြင်တွေ့ခဲ့ရတယ်လို့ဖော်ပြခဲ့ပြီး နေ့ခင်းအချိန်မှာတောင် နေမင်းရဲ့အလင်းရောင်နဲ့ အပြိုင် ကောင်းကင်မှာ ထွန်းလင်းတောက်ပနေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ထိုကဲ့သို့ ဆူပါနိုဗာပေါက်ကွဲမှု အပြီးမှာတော့ ကြယ်ကြီးတွေရဲ့ နိဂုန်းချုပ်ဟာ နှစ်မျိုးကွဲပြားသွားပါတော့တယ်။ တစ်မျိုးကတော့ နျူထရွန်ကြယ်အဖြစ်သို့ကူးပြောင်းသွားခြင်းဖြစ်ပါတယ်။ နျူထရွန်ကြယ်တွေဟာ အလွန်သေး ငယ်ကြပါတယ်။ဒါပေမယ့် ဒြပ်ထုကတော့ အတူတူသာကျန်ရှိမှာဖြစ်ပါတယ်။ နှိုင်းယှဉ်ပြမယ်ဆိုရင် နေမင်းကြီးဟာ ဘောလုံးတစ်လုံးစာလောက်ပဲ အရွယ်ရှိတော့ မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘောလုံးအရွယ်ဟာ အလွန့်အလွန်ပဲ သိပ်သည်းလေးလံမှာပဲဖြစ်ပါတယ်။ဒါ့အပြင် နျူထရွန်ကြယ်တွေ ရဲ့သံလိုက်စက်ကွင်းဟာ အလွန်ပြင်းထန်လှပြီး အဆိုပါပြင်းထန်လှတဲ့သံလိုက်စက်ကွင်းကြောင့် ကြယ်ဟာ စက္ကန့်တိုင်း၊ စက္ကန့်တိုင်းမှာ မွှတ်နေအောင်လည်နေမှာဖြစ်ပါတယ်။ ကမ္ဘာကနေပီး အဆိုပါ ကြယ်မှ ထုတ်လွှတ်တဲ့ Electromagnetic wave ကိုဖမ်းယူရရှိခဲ့ဖူးပြီး အဆိုပါ အချိန်တုန်းက အခြားဂြိုဟ်က ဂြိုဟ်သားတွေကို တွေ့ရှိခဲ့ပြီလို့တောင် အထင်မှားခဲ့ကြပါတယ်။ ထိုကဲ့သို့ နျူထရွန်ကြယ်မျိုးသာ မဖြစ်ပေါ်ခဲ့ ဘူးဆိုရင်တော့ ပေါက်ကွဲတဲ့ ကြယ်ရဲ့ ဆွဲငင်အားဟာ အလွန်ကြီးမားမှာဖြစ်ပြီးတော့ နောက်ဆုံးမှာတော့ အလင်းတောင်မှာ ရုန်းမထွက်နိုင်တော့တဲ့ တွင်းနက် (Black Hole) အဖြစ်သို့ဖြစ်ပေါ်သွားမှာဖြစ်ပါတော့ တယ်။


လက်ဝဲဘက်အပေါ်ဆုံးပုံမှာ ကြယ်များ၏ ဘ၀ဖြစ်စဉ်ပြပုံဖြစ်ပြီး လက်ယာဘက်အပေါ်ပုံမှာ (White Dwarf Star) ဖြစ်ပါတယ်။ လက်ဝဲဘက် အောက်ပုံမှာ (Super Nova) ပေါက်ကွဲ မှုဖြစ်ပီး အောက်ဘက် အလယ်ပုံမှာ နျူထရွန်ကြယ်တစ်လုံး၏ ပုံဖြစ်ပါတယ်။ လက်ယာဘက်အောက်ပုံကတော့ အာကာသ တွင်းနက် (Black Hole) တစ်ခုရဲ့ပုံဖြစ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။