ကိုရီးယား အနုပညာ လောကထဲက လူငယ်ကြယ်ပွင့် တွေထဲမှာ နာမည် အကျော်ကြား ဆုံး အနုပညာရှင် ပျိုမေနှစ်ယောက်ရှိပါတယ်။ သူတို့ နှစ်ယောက် ဟာ လူငယ်ထုပရိသတ် ကြားက လူငယ်ကြိုက် ရေပန်းအစားဆုံးနဲ့ နာမည် အကျော်ကြားဆုံး လူနှစ်ယောက် လည်းဖြစ်ပါတယ်။ တစ်ယောက် ကတော့ ယွန်းနာပါ။ နောက်တစ်ယောက်ကတော့ အခု ၂၀၁၂ ကိုရီးယား စတိုင်လ် အိုင်ကွန် ဆုပေးပွဲမှာ ဆယ်ကျော်သက်စ တိုင်လ် ဆုရသွားတဲ့ သူလေးပဲဖြစ်ပါ တယ်။ စတိုင်လ်အိုင်ကွန်အတွက် ဆု ရွေးချယ်တဲ့အခါမှာ စတိုင်လ်နဲ့ပတ် သက်ပြီး ကျွမ်းကျင်ပညာရှင်ပေါင်း အယောက်၁၀ဝကနေ စိစစ်ရွေး ချယ်ဒိုင်လုပ်ပြီး ဒီဆုကိုချီးမြှင့်ပေး ခဲ့တာဖြစ်ပါတယ်။
ဒီဒိုင်အယောက် (၁၀ဝ)ထဲမှာ ဓာတ်ပုံဆရာတွေ၊ ဒါ ရိုက်တာတွေ၊ ဖက်ရှင် မဂ္ဂဇင်းအယ်ဒီ တာတွေ၊ စတိုင်လ်ကျွမ်းကျင်ပညာ ရှင်တွေပေါင်းများစွာ ပါဝင်ပါတယ်။ ဒီနှစ်အတွက် မဲပေးတဲ့အခါမှာ ပြည် ပကပရိသတ်တွေပါ အွန်လိုင်းကနေ မဲပေးနိုင်အောင် စီစဉ်ထားပါတယ်။ အွန်လိုင်းကနေ မဲပေးရွေးချယ် တာကိုလည်း ၃၀ရာခိုင်နှုန်း ထည့် သွင်းစဉ်းစားကြပါသေးတယ်။ အ ရင်နှစ်တုန်းကတော့ ချာဆောင်ဝန် က စတိုင်လ်အိုင်ကွန်ဆုကို သူ့ရဲ့ The Greatest Love ဒရာမာကား မှာ သရုပ်ဆောင်တဲ့ ဇာတ်ရုပ်နေ ရာက စတိုင်လ်အနေအထားနဲ့ဆု ရခဲ့တယ်။ ဒီနှစ် စတိုင်အိုင်လ်ကွန်အ တွက် ဆုရွေးချယ်ဖို့ ဆန်ခါတင်နာမည်စာရင်း ထွက်လာတဲ့အခါမှာ သ ရုပ်ဆောင်တွေအပြင် လူရွှင်တော် တွေနဲ့ အဆိုတော်တွေပါ ပါဝင်လာ ခဲ့ပါတယ်။ စတိုင်လ်အိုင်ကွန်ဆုပေး ပွဲမှာ ဆုပေါင်း၁၀ခုရှိပြီး ဆုဇယား တစ်ခုစီမှာ ဆန်ခါတင်ဆယ်ယောက် စီ ပေါင်းလူအယောက်ငါးဆယ်ကို ရွေးချယ်ဆုပေးခဲ့ပါတယ်။
ဟာသ လိုင်းအတွက် ပါရမီရှင်လူရွှင်တော် ဆုကိုလည်း ပေးထားပါသေးတယ်။ ဒီဆုဇယားအတွက်ကတော့ ရှင် ဒေါင်ယွတ်ပ်၊ ရှင်ဘိုရာ၊ ယိုးဂျေး ဆွပ်လ်၊ ဟောင်ဒွန်နဲ့ ဒေးဂျွန်တို့ အပြိုင်လုကြရမှာဖြစ်တယ်။ အဲဒီထဲမှာ "ဆွဲဆောင်မှုရှိတဲ့ သက်ကြီးအမျိုးသား" ဆုမှာ မင်းသားဂျန်ဒေါင်ဂန်နဲ့အတူ ကင်ယွန် ဆွတ်ခ်၊ ရူးဆောင်ယောင်၊ ဆွန် ဟောင်ဂျူနဲ့ ယိုးဂျွန်ဆန်တို့ပါဝင်ခဲ့ တယ်။ "ကမ္ဘာနဲ့အဝှမ်းလွှမ်းမိုးကျော် ကြားတဲ့သူ" ဆုစာရင်းမှာတော့ 2NE1, PSY, Super Junior, Big Bang, Girl's Generation နဲ့ မင်းသားလီဗြောင်ဟွန်း၊ ဂျန်ဂန် ဆွတ်ခ်တို့ ပါဝင်ခဲ့တယ်။ ဒီဆုပေးပွဲဟာ ကိုရီးယား မှာ အနုပညာရှင်တွေအတွက် အဓိပ္ပါယ် ရှိတဲ့ဆုပေးပွဲတစ်ခုဖြစ်ပြီး ပရိသတ် ဘက်ကလည်း အထူးစိတ်ဝင်စားတဲ့ ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ "ကမ္ဘာနဲ့အဝှမ်းလွှမ်းမိုးကျော်ကြား တဲ့သူ" ဆုအတွက်ရရှိသွားသူ စူပါ ဂျူနီယာအဖွဲ့က "ဒီအိုင်ကွန်ဆုပေး ပွဲဟာ ကျွန်တော်တို့အတွက် အများ ကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် တို့ကို စိတ်ခွန်အားတက်ကြွမှုအများ ကြီးဖြစ်စေတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပရိသတ်ကိုပြန်ပြီး တော့ စိတ်အားတက်ကြွအောင် ပြန်ပြီးလုပ်ဆောင်ပေးပါမယ်" ဆို ပြီးပြောသွားတယ်။
ဆယ်ကျော်သက်စတိုင်လ်ဆု ရသွားတဲ့ သူလေးကတော့ အသက် (၁၈)နှစ်ပဲရှိသေးတယ်။ ဆုပေးပွဲ သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးဆု ရရှိသူအဖြစ်နဲ့လည်း စံချိန်ချိုးသွားတယ်။ သူလေးက "ကျွန် မ ဒီ့ထက်ပိုပြီးကောင်းအောင်၊ တိုး တက်အောင် ကြိုးစားသွားပါမယ်" တဲ့။ တကယ်တော့ ဆူဇီဆိုတာ အနုပညာနာမည်ပါ။ သူ့နာမည်အ ရင်းက ဘေးဆူဂျီတဲ့။ ကိုရီးယားအ ဆိုတော် အဆိုချောမလေးပေါ့။ သူ့ ကို Dream High ကားနဲ့ ပရိသတ် ကသိခဲ့တယ်။ Miss A အဆိုတော် အဖွဲ့ထဲက အဆိုတော်မလေးတစ် ယောက်လည်း ဖြစ်တယ်။ ဆူဇီကို တောင်ကိုရီးယား ဂွမ် ဂျုံးအရပ်မှာ မွေးတယ်။ ဆိုးလ်အနုပညာ ကျောင်းမှာတက်ခဲ့ပြီး ကျောင်း မပြီးသေးပါဘူး။ ဖိုင်နယ်နောက်ဆုံး နှစ်တော့ရောက်နေပြီ။ အမှန်က ဒီနှစ်တက်ဖို့ဟာ အနုပညာကြောင့် တစ်နှစ်ရွေ့ဆိုင်းလိုက်တယ်။ အွန်လိုင်းရှော့ပင်း မော်ဒယ်အဖြစ် စပြီးလုပ်တယ်။ ပြီးတော့မှ ၂၀ဝ၉ ခုနှစ်မှာ JYP Entertainment ကနေ သူ့ကို မျက်စိကျခဲ့ပြီး အဲဒီမှာ တစ်နှစ်ကြာ သင်တန်းသူ အဖြစ်လေ့ကျင့်ခဲ့ပြီး အနုပညာ လောကထဲ ဝင်ရောက်လာခဲ့ပါ တော့တယ်။
အဆိုတော်လောကထဲကို ဆူဇီ Miss A အဖွဲ့နဲ့ ဝင်ရောက်လှုပ်ရှား ခဲ့သလို သရုပ်ဆောင်လုပ်ငန်းတွေ မှာလည်း ဝင်ပြီးသရုပ်ဆောင်ခဲ့ပြန် တယ်။ ဆူဇီသရုပ်ဆောင်လောက ထဲဝင်လာချိန်မှာ အနမ်းပေးရတဲ့အ ခန်းတွေရိုက်ကူးခဲ့ရတယ်။ လက် ချိုးရေလို့ရတဲ့အရေအတွက်ရှိတဲ့ လက်တစ်ဆုပ်စာ မင်းသားအနည်း ငယ်ကို နမ်းခဲ့ရတယ်။ အဲဒီနမ်းခဲ့ရ တဲ့ အနမ်းတွေနဲ့အနမ်းခန်းတွေထဲ မှာ ဘယ်အနမ်းနဲ့ဘယ်အခန်းက သူလေးအတွက် အမှတ်တရအရှိ ဆုံးလဲလို့မေးတော့ သူကဖြေတယ်။ Dream High ကားထဲမှာ မင်းသားကင်ဆိုးဟွန်နဲ့ နမ်းခဲ့ရတဲ့ အနမ်းခန်းဟာ သူ့အတွက်အမှတ် တရအရှိဆုံးလို့ ပြန်ဖြေပါတယ်။ "အဲဒီအခန်းဟာ Dream High ရဲ့ နောက်ဆုံးအခန်းလေ။ ဒီအခန်းပြီး ရင် ကားက ရိုက်စရာမကျန်တော့ ဘူး။ နောက်ဆုံးရိုက်ရတဲ့အခန်းဖြစ် တဲ့အတွက် ဒါရိုက်တာရော၊ တခြား ရှုတင်ဝန်ထမ်းတွေရော ငိုယိုကုန် ကြတယ်။ အခန်းကလည်း အလွမ်း ဇာတ်ခန်းဆိုတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါ ကြောင့် အဲဒီအခန်းရိုက်ခဲ့ရတာ ကျွန်မအတွက် အမှတ်တရအရှိဆုံး ပါပဲ" တဲ့။
နောက်ထပ် အမှတ်တရဖြစ် စေတဲ့ အနမ်းပေးခဲ့ရတဲ့သူကတော့ ဗမခ့ငအနခအကမန ၁၀၁ ကားထဲက မင်း သားလီဂျီဟွန်းနဲ့ပါပဲ။ မင်းသားလီ ဂျီဟွန်းက ဆူဇီကို သူ့ပခုံးပေါ်မှာ အိပ်နေတုန်း ခိုးပြီးအနမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဆူဇီက "အဲဒီအခန်း ရိုက်တုန်းက ကျွန်မ တကယ်အိပ် ပျော်သွားခဲ့တာ။ ဘာဖြစ်လို့လဲဆို တော့ ကျွန်မအရမ်းပင်ပန်းနေလို့ လေ။ နောက်ပြီး အရမ်းလည်းချမ်း နေတယ်။ ဒါကြောင့် အဲဒီအခန်းက တကယ်အစစ်လို ဖြစ်သွားတယ်။ကျွန်မ တကယ်အိပ်ပျော်သွားလို့ လေ။ ကျွန်မ တကယ်ကိုအမှတ်တ ရဖြစ်မိပါတယ်" တဲ့။ ဒီလို အနမ်း ခန်းတွေပေးခဲ့ရလို ဆူဇီမှာအကြင် နာပေးရမယ့်သူရှိနေပြီလားလို့ ပရိ သတ်က သိကောင်းသိချင်မယ်။ ဒါ ပေမဲ့ ဆူဇီကတော့ အခုအချိန်ထိ သူ့အသည်းနှလုံးကို ခလုတ်တိုက် စေတဲ့သူ မရှိသေးဘူးဆိုတာ ပရိ သတ်ကိုပြောကြားရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ.....။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။