ဆိုးလ်အဆိုတော် တေးရေးနဲ့ သရုပ်ဆောင် ဂျော့(ရှ်)စတုံးကို ယူကေနိုင်ငံ၊ အင်္ဂလန်အနီး ကင့်အရပ် ဒိုဗာမှာ ၁၉၈၇ ခု ဧပြီလ ၁၁ ရက် နေ့က မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ် သူက အသီးအနှံသစ်သီးမျိုးစုံ တင် ပို့ရောင်းချတဲ့ ကုန်သည်တစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေက R&B ဆိုးလ်အဆိုတော်ကြီးတွေ ရဲ့သီချင်းတွေကို နားထောင်ရင်း ကြီး ပြင်းလာသူဖြစ်ပါတယ်။ ၂၀ဝ၃ ခု နှစ်မှာ သူ့ရဲ့ပွဲဦးထွက် အယ်လ်ဘမ် The Soul Sessions က ပလက် တီနမ်တန်းအကြိမ်ကြိမ်ဝင်ခဲ့ပြီး ဒု တိယအယ်လ်ဘမ် Mind Body & Soul ကလည်း ယူကေနိုင်ငံရဲ့ အ ကောင်းဆုံး အယ်လ်ဘမ်ဇယားမှာ ထိပ်ဆုံးနေရာတွင်ရောက်ခဲ့ပါတယ်။
အခုအချိန်ထိ သူရဲ့အယ်လ်ဘမ်တွေ ဟာ ကမ္ဘာတစ်ဝန်းချပ်ရေ ၁၃ သန်းကျော်ရောင်းခဲ့ရပြီးပါပြီ။ The Soul Sessions Vol:2 ကို ၂၀၁၂ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ခဲ့ပါ တယ်။ ၂၀ဝ၇ ခုနှစ်မှာ Family Affairs နဲ့ ဂရမ်မီဆုရခဲ့ပါတယ်။ ငယ်စဉ်ကအကြောင်းပြောပြရာ မှာ.."လူတွေက ငယ်စဉ်တုန်းက အကြောင်းနဲ့ ပတ်သက်လို့မေ့နေတတ် ကြတယ်။ ခု ကျွန်မပြောပြမှာက ငယ်စဉ်ကအကြောင်းကို ပထမဆုံး ပြောပြတာပဲဖြစ်ပါတယ်"။ သီချင်း ဆိုတဲ့ အပြင် ကြော်ငြာလုပ်ငန်းမှာ လည်း ပါဝင်သရုပ်ဆောင်သူပါ။ "ကျွန်မအနေနဲ့ သီချင်းဆိုတဲ့အလုပ် ကို ခဏနားထားဖို့သင့်နေပြီ။ ဒါပေမဲ့ သီချင်းတွေ ကိုတော့ ဆက်ရေး နေတုန်းပါပဲ။ နောက်ပြီး Gap ကြော်ငြာလည်း ရိုက်ပေးဖို့ရှိနေပါ တယ်"။
ဂီတနဲ့ပတ်သက်လို့ သူ့ရဲ့ ခံယူချက်ကိုပြောပြရာမှာ.."ဂီတ ဆိုတာ ကျွန်မအတွက် လွတ်လပ်မှု ပဲ။ ဂီတဟာ ကျွန်မရဲ့ဘဝမှာ အရေးအကြီးဆုံး အရာပဲဖြစ်ပါတယ်"။ သူသီချင်းဆိုတဲ့အခါမှာ ဖိနပ်မစီး ဘဲနဲ့ဆိုတာကလည်း သူ့ရဲ့စတိုင်လ် ပဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ် သက်လို့.. "ကျွန်မအနေနဲ့ ဘယ် လိုပဲဖြစ်ဖြစ်ပေါ့။ ဖိနပ်စီးချင်လည်း စီးမယ်၊ မစီးချင်ရင်လည်းမစီးဘူး။ ကျွန်မရဲ့ဆံပင်တွေကို ကြိုးနဲ့စည်း ထားချင်ထားမယ်၊ စည်းမထားချင် ရင်လည်း ဒီအတိုင်းထားလိုက်မယ်။ ဒါက အရေးမကြီးပါဘူး"။ သူ့ရဲ့ဒုတိယ အယ်လ်ဘမ်နဲ့ပတ်သက်ပြီး.. "ကျွန်မရဲ့ပုဂ္ဂလိက အမြင်အရပြော ရရင် Mind, Body & Soul က ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်ပါတယ်"။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။