သရုပ်ဆောင် မိုးယုစံက ပြေတီဦး၊ စိုးမြတ်သူဇာတို့နဲ့ အတူ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးနေတဲ့ ဗီဒီယို ဇာတ်လမ်း တစ်ခုမှာ ပါဝင် သရုပ်ဆောင်နေပါ တယ်။ အဆိုပါ ဗီဒီယို ဇာတ်လမ်းမှာ သူက စိုးမြတ်သူဇာရဲ့သမီး၊ ပြေတီ ဦးရဲ့ ချစ်သူနေရာက သရုပ်ဆောင် ရတာဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကား များနဲ့ ကြော်ငြာများ ရိုက်ကူးမှုအ ပြင် နှင်းဆီအငြိမ့်တို့မှာပါ အောင် မြင်နေတဲ့သူနဲ့ ရိုက်ကွင်းမှာ ခဏ တာဆုံတုန်းမေးဖြစ်ခဲ့သမျှ ပရိသတ် အတွက်ဖော်ပြပေးလိုက်ပါတယ်။ သူက နိုဝင်ဘာလမှာ စာမေးပွဲရှိ တာကြောင့် ဗီဒီယိုရိုက်ကူးမှု ခဏ နားထားမှာဖြစ်တယ်လို့ သိရပါ တယ်။
Q. ညီမလေး ခုလတ်တလော အနုပညာလှုပ်ရှားမှုက..
A. မိုးယု ခုက ဗီဒီယိုတွေပဲ တောက်လျှောက်ရိုက်ဖြစ်နေတယ်။ ပြီးတော့ နိုဝင်ဘာလထဲမှာ စာမေးပွဲ ဖြေမှာမို့ ရိုက်ကူးရေး ခဏနားထားပါမယ်။ ဓာတ်ပုံရိုက်ကူးမှုတွေကို လည်း ဒီဇင်ဘာလဆန်းပိုင်းမှ ပြန် ပြီးရိုက်ပေးနိုင်ပါမယ်။
Q. ညီမလေး ခုရိုက်နေတဲ့ ဇာတ်ကားက မကြာခင်ကထွက် သွားတဲ့ ဟိန်းဝေယံရဲ့ဗီဒီယိုနဲ့ ဆင် နေသလားလို့။
A. ဟုတ်ကဲ့။ အဲဒီကားမှာတုန်းက မိုးယုက မကြီးစိုးမြတ်သူဇာရဲ့ ချွေးမအဖြစ် သရုပ်ဆောင် ထားတယ်။ ဒီကားမှာတော့ သမီး အဖြစ် သရုပ်ဆောင်ထား တယ်။ ဇာတ်လမ်းကဆင်တယ်ဆိုပေမယ့် သရုပ်ဆောင်တာတော့ ပုံစံမတူ အောင် အားထုတ်ထားပါတယ်။
Q. ခပ်ဆင်ဆင်ဇာတ်လမ်း တွေ၊ ကိုယ်ရိုက်ပြီးသားဇာတ်ရုပ် တွေ ကိုယ့်ဆီပြန်လာတဲ့အပေါ် ဘယ်လိုသုံးသပ်မိလဲ။
A. မိုးယုတို့မြန်မာနိုင်ငံမှာ သရုပ်ဆောင်တွေက ဇာတ်ကားတစ် ကားရိုက်ပြီး နိုင်ငံခြားကသရုပ် ဆောင်တွေလို ပိုက်ဆံတွေသန်းချီ ပြီးရကြတာမှ မဟုတ်တာ။ မိုးယုက တော့ ခပ်ဆင်ဆင်ဇာတ်လမ်းဆို တာထက် ကိုယ့်ကိုရိုက်ဖို့လာကမ်း လှမ်းရင် ကိုယ်လုပ်နိုင်တဲ့ဇာတ်ရုပ် မျိုးဆိုရင် အကောင်း ဆုံးဖြစ်အောင် သရုပ်ဆောင်ပေးလိုက်တာပါပဲ။ မိုးယုတို့ဆီမှာ ဇာတ်ရုပ်ဆင်လို့ မရိုက် ဘူးဆိုရင် ရိုက်ရတော့မှာမဟုတ်ဘူး။ဒါက မင်းသား၊ မင်းသမီး တိုင်းပဲ။
Q. မိုးယုရေ မကြာခင်ကာလ က Facebook စာမျက်နှာပေါ်မှာ မိုးယုရဲ့မကြာခင်လက်ထပ်တော့ မယ့်သူဆိုပြီး ဓာတ်ပုံတစ်ပုံတက် လာခဲ့တယ်နော်။
A. ဒါက မိုးယုရဲ့မွေးနေ့တုန်း ကပုံပါ။ မိုးယုရဲ့မွေးနေ့မှာသူငယ်ချင်း တွေအားလုံးကိုဖတ်တယ်။ သူကလည်း မိုးယုရဲ့သူငယ်ချင်းတစ် ယောက်မို့ ဖိတ်ခဲ့တယ်။ သူလည်း လာခဲ့တယ်။ ဒါက သူငယ်ချင်းတွေ ခင်မင်လို့ ရိုက်ထားတဲ့ပုံကို ဘယ် သူက ဘယ်လိုစိတ်ကူးမျိုးနဲ့ တင် လိုက်လဲမသိဘူး။ မိုးယုနဲ့သိတဲ့ပတ် ဝန်းကျင်ကတော့ ဒါက မဟုတ်ဘူး ဆိုတာသိကြပါတယ်။ မိုးယုရဲ့အချစ်ရေး ကအေးဆေးပါပဲ။ အဲဒီဓာတ် ပုံနဲ့ပတ်သက်ပြီး မိုးယုကို ပရိသတ်တွေအမြင်မမှားစေချင်ဘူး။
Q. စိုးမြတ်သူဇာနဲ့ ရိုက်ကူးတဲ့ အခါ သူ့ဆီကရတဲ့အတွေ့အကြုံ က..
A. မကြီးက သိပ်တော်တဲ့သ ရုပ်ဆောင်တစ်ယောက်ပါ။ ပြီးတော့ မိုးယုထက်လည်း ဝါရင့်တဲ့သရုပ် ဆောင်တစ်ယောက်၊ ပညာဆိုတာ ကိုယ်က ယူတတ်ရင် နေရာတိုင်းမှာ ရှိတယ်။ မိုးယုကတော့ ဘယ်သူနဲ့ မဆို ကိုယ်ဘယ်လိုသင်ယူလို့ရမလဲ ဆိုတာပဲတွေးတယ်။ ရုပ်ရှင်ရိုက် တယ်ဆိုတာ အတတ်နိုင်ဆုံး အပြင် သဘာဝနဲ့ညီရင်တော့ အကောင်း ဆုံးပဲ။ မကြီးစိုးဆီမှာကျတော့ ရုပ် ရှင်ရိုက်သလိုမဟုတ်ဘဲ တကယ်ဖြစ် နေသလို Acting မျိုးတွေရှိတယ်။
Q. မိုးယုရဲ့အနေအထားကို ရော ကျေနပ်မှုရှိရဲ့လား။
A. ခုချိန်ထိတော့ ကိုယ့်ကိုယ် ကိုယ် အားရမှုမရှိသေးပါဘူး။ ကြိုး စားနေတုန်းပါပဲ။
Q. မိုးယုမျက်လုံးကျန်းမာရေး အခြေအနေကရော..
A. မျက်လုံးက ခုကောင်း သွားပြီ။ အရင်က မျက်ကပ်မှန်တပ် တယ်။ ခု မျက်ကပ်မှန်လည်းမတပ် တော့ဘူး။ သဘာဝအတိုင်းပဲနေ တယ်။
Q. ခုလို နည်းပညာတိုးတက် တဲ့ခေတ်ကြီးမှာ သရုပ်ဆောင်ဖြစ် တဲ့အတွက် ဘယ်လိုခံစားရလဲ။
A. ဘယ်လိုမှမခံစားရဘူး။ မိုးယုက သရုပ်ဆောင်ဖြစ်မှကိုယ့် ကိုယ်ကိုယ်ထိန်းချုပ်ပြီးနေတာလည်း မဟုတ်ဘူးလေ။ အရင်ကတည်းက မိဘအရိပ်အောက်မှာ မိဘညွှန်ပြ တဲ့အတိုင်းနေလာခဲ့တာဆိုတော့ ခုချိန်မှာ အထူးတလည်ကြီးထိန်း ချုပ်နေထိုင်ရတယ်ဆိုတာမျိုးမရှိ ဘူး။ ကိုယ့်ဘဝကိုယ်နေတတ်တယ်၊ ကျေနပ်တယ်။ မိုးယုဘေးမှာ မိ သားစုအားလုံးက မိုးယုကိုအ ကောင်းဆုံးလမ်းညွှန်မှုပေးပါတယ်။
Q. ပရိသတ်ကိုမိုးယုပြောချင် တာက..
A. မိုးယု အနုပညာအလုပ် လုပ်ရတာ ကြိုက်တယ်။ ပရိသတ် ဒီ့ထက်ပိုပြီး ကျေနပ်အားရတဲ့သရုပ် ဆောင်ဖြစ်အောင် မိုးယုကြိုးစားပါ ဦးမယ်။ အဲဒီအတွက် မိုးယုကို အား ပေးစေချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။