ဝါ၀ါဝင်းကုမ္ပဏီရှေ့ ဆန္ဒပြရာကို နေ့စဉ်နှင့်အမျှ
ရောက်ရပါ၏။ မေးကြမြန်းကြလွန်းအားကြီး သည်ဖြစ်၍ ဖြေရသူလည်းပန်းပြီ။ မေးရသူလည်း
မောပါပြီ။ သူတို့တွေရဲ့ အခြေအနေကို တင်ပြအစီရင်ခံ နိုင်ဖို့ အရေးမှာလည်း
သူတို့ကိုယ်တိုင်ကို သာမေးမြန်းမှ ဖြစ်ချေမည်။
ယနေ့ ငုတ်တုတ်
စောင့်ကြောင့် ထိုင်နေသော အဖွား ဒေါ်စောရီ အနားမယောင်မလယ်သွား၍ စကားစမြည် စဖြစ်ရာမှ
အဖွားဒေါ်စောရီ ခံစားကြုံတွေ့နေရသော လယ်ယာမြေလူပါးဝမှု၏ အကျိုးဆက်ကို တင်ပြပါမည်။
မေး – အဖွားနဲ့ ဆေးရုံတင်ထားရတဲ့ ဦးလေးနဲ့
ဘာတော်လဲ အဖွား ?
ဖြေ – တူရီး
မေး – အဖွားတို့အထဲကပဲ
အဖွားတစ်ယောက်ဆုံးသွားတယ်ဆိုတာ ဘယ်လိုဖြစ်တာလဲ အဖွား ?
ဖြေ – သူက ငါ့အမ
မေး – ဆုံးသွားတဲ့အဖွား နာမည်က ဘယ်လိုခေါ်လဲ အဖွား
?
ဖြေ – ဒေါ်အုန်းရှင်တဲ့ ။ သူလည်း လယ်စိတ်ပေါ့။
ဒီလယ်အတွက်ပဲ စိတ်မချမ်းမသာ ဖြစ်ပြီး သေရတယ်ဆိုပါတော့
မေး – အဖွားနာမည်က ရော အဖွား ပြောပြပါဦး
ဖြေ – အဖွားနာမည်က ဒေါ်စောရီ တဲ့။
မေး – အသိမ်းခံရတဲ့ အထဲမှာ အဖွားလယ် ဘယ်နှဧက ပါလဲ
အဖွား
ဖြေ – ၇ ဧက။ အဖွားတို့ လယ်တွေထဲမှ မနေ့ကပဲ
အလုပ်တွေ လုပ်နေတော့ သွားပြောပါတယ်။ မင်းတို့ဆိုင်းပါဦး။ ငါတို့
ညှိနှိုင်းနေတုန်းပါလို့ သွားပြောတော့ အလုပ်သမားခေါင်းဆောင်က လုပ်သာလုပ်တဲ့။ လူတော့
မှတ်မိတယ်ကွယ် နာမည်တော့ မမှတ်မိဘူး။ ငါ့တူလေးတွေ ငါ့သားမြေးတွေကလည်း မလုပ်ဖို့
သွားပြောတယ်။ လုပ်သာလုပ်တဲ့။ အလုပ်ခေါင်းဆောင်ရဲ့ မိန်းမကလည်း လုပ်တော့ဘာဖြစ်လဲတဲ့။
လာရဲရင်လာခဲ့စမ်းတဲ့ ။ ခေါ်တယ်။ ငါက ပြောတယ် မသွားနဲ့လို့ ။ ညှိနေတယ် ဆိုတဲ့
သတင်းလေးကြားလို့။ အလုပ်သမားတွေကိုလည်း ညှိနှိုင်းနေတုန်း မို့ ရပ်ပေးထားဖို့
သွားပြောတာကို ခေါင်းဆောင်နိုင်ဦးက လုပ်သာလုပ်တဲ့။
အဖွားဒေါ်စောရီနဲ့ စကားပြောဖြစ်တဲ့အခါမှာ –
အဖွားတို့ဟာ အပျိုကြီးမောင်နှမတွေ။ မွေးချင်း ၁၃ယောက်ရှိတယ်။ တူတွေ တူမတွေ ရှိတယ်။
အဖွားလယ် ၇ ဧက။ ဘိုးဘွားပိုင်လယ်တွေချည်းပဲ။ တမျိုးလုံး တစ်ဆွေလုံး တစ်ရွာလုံး
အသိမ်းခံရတာကွယ်။
အဖွားအသက် ၇၇ နှစ်ရှိပါပြီ။ ခေတ်တွေ
အမျိုးမျိုးလည်း ကြုံခဲ့ပြီးပြီ။ အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် အမျိုးမျိုးကြုံခဲ့ တယ်။
ဒီလောက်ထိတော့ တစ်ခါမှ မဆိုးခဲ့ဘူး။ ဓားပြနှစ်ခါ အတိုက်ခံရဖူးတယ်ကွဲ။ ဓားပြက
သူလိုချင်တာ တောင်းတယ်။ မပေးရင် သတ်မယ် ဖြတ်မယ်ပြောသေးတယ်။ သူကမှ တောင်းယူသေးတယ်။
အခုဟာက တောင်းယူတာ မဟုတ်ဘူး။ မင်းအိတ်ထဲကို အဖွားက ဘာမှ မပြောဘဲ နှိုက်ရင်
မင်းကြိုက်မလား။ မင်းအိတ် ထဲမှာ ဘာရှိလဲဆိုပြီး နှိုက်တာတောင် မကောင်းသေးဘူးနော်။
အခုက အကုန်လုံးကို ဘာမပြောညာ မပြောသိမ်းတာ။ အဲဒီတော့ ကောင်းသေးလား။
အိမ်မှာ ကြက်သားချက်တယ်ကွယ် ။ ကိုယ့်အိမ်သူ
အိမ်သားတွေကို စားဦးမလား မမေးမစမ်းဘဲနဲ့ သူများအိမ် တွေကို လျှောက်ပေးပြစ်လို့
ကောင်းမလား။ အဖွားတို့ကို ညှိနှိုင်းပေးမယ်လို့ ပြောတယ်။ အဖွားတို့ အခုလို လာနေရတော့
ဘာနဲ့ တူနေပြီလဲ။ မှန်တာပြောပြီး သေရမယ်ဆို သေပါစေတော့။ သူက ကုန်သည်။ ဆန်ကုန် သည်က
သူ့ခွေးသူ ဖွဲ နဲ့ စကွဲ ကျွေးသလို ကျွေးချင်တိုင်းတော့ လာမကျွေးနဲ့ပေါ့
ငါ့မြေးရယ်။
အဖွား ဒေါ်စောရီမှ ပြန်မေး – တိုင်းပြည်မှာ
အုပ်ချုပ်သူတွေ မရှိတော့ဘူးလား။ မင်းမရှိတော့ဘူးလား ?
ကျွန်တော် ဖြေပါသည် – ရှိတော့ ရှိတာပေါ့ အဖွားရယ်။
သူတို့က ရှင်းမပေးလို့ အဖွားတို့ ဒီရှေ့မှာ နှစ်ပတ် ပြည့်တော့မယ် ။ အဖွားတို့
ရက်ရှည်လများ ဘယ်တတ်နိုင်မလဲ။
အော် . . . ငါ့မြေးရယ် . . . အိမ်တစ်အိမ်မှာ မိခင်
၊ ဖခင် ဆိုတာ ရှိတယ်လေကွယ် ။ မင်းအိမ်က လူကြီးတွေက မင်းကို မအုပ်ချုပ်ဘူးလား ။
မဆုံးမဘူးလား။ အုပ်ချုပ်သူဆိုတာ မိဘပဲ မဟုတ်ဘူးလား။ မင်းအိမ် ကို မင်းမအုပ်
ချုပ်ဘူး ဆိုရင် ငါလာ အုပ်ချုပ်မယ်လေ။ ရမလား။
အဖွားနောက်ဆုံး ဘာပြောချင်သေးလဲ ?
ဖြေ – ဘာပြောချင်သလဲ ဆိုတော့ တို့လုပ်ငန်းထဲလည်း
သွားကြည့်ပါ။ အခုတစ်ခါ ဒါ ၀ါဝါ၀င်းက ဆို။( အထပ်မြင့် တိုက်ကြီးကို မော့ကြည့်လျှက်)
ဘာစကားသံများ ထွက်လာမလဲ။ ဒီအတိုင်းပဲ မပေးတော့ဘူး ဆိုလည်း အဖွားတို့လယ်ပဲ အဖွားတို့
ပြန်ယူမယ်။ သူက မစဉ်းစားတော့တာလား။ သူက မစဉ်းစားရင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့
သူကစဉ်းစားပေါ့ကွယ်။ သူကမှ မစဉ်းစားလည်း တို့ဘ၀နဲ့ တို့အကြောင်း ပေါ့ကွယ်။
ဒါနောက်ဆုံးပဲ။
The Season News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။