Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 8, 2012

အကျိုးပြုတာ နည်းနည်း၊ အဆိပ်တိုက်တာ များများ


Linn Yaung


ဒီနေ့မနက် နာမည်ကြီး Teen Magazine ရဲ့ လူငယ်တွေအတွက် ၀တ္ထုတိုကဏ္ဍလေးက စာလေးတစ်ပုဒ်ကို ဖတ်ကြည့်လိုက်ပါတယ်။
အဲဒီဝတ္ထုလေးက မပြည့်မစုံနဲ့ ပညာသင်ကြားနေရတဲ့ ကိုးတန်းကျောင်းသူလေး အကြောင်းရေးထားတာ ဖြစ်ပါတယ်။
စာရေးသူဟာ အဲဒီကျောင်းသူလေးကို စာတော်သူ၊ လိမ္မာယဉ်ကျေးသူ၊ ဆင်းရဲတဲ့ သနားစရာ ကျောင်းသူလေးအဖြစ်ပုံဖော်ထားပါတယ်။

ဒါက ပြောစရာမရှိပါဘူး။ ကိုယ်ဖန်တီးတဲ့ ဇာတ်ကောင်ကို ပရိသတ်ချစ်အောင်၊ သနားအောင်၊ ဇာတ်နာအောင် ရေးဖွဲ့ကောင်းပါတယ်။
အဲဒီလို ရေးဖွဲ့တဲ့အခါ ကိုယ့်ရဲ့ အဓိကဇာတ်ဆောင်ကို ပံ့ပိုးပေးမယ့် ဇာတ်ပို့တွေကိုလည်း ဖန်တီးချင်သလို ဖန်တီးလို့ရပါတယ်။
အဲဒီ ဇာတ်ပို့ဟာ သူငယ်ချင်းဖြစ်ရင်ဖြစ်မယ်၊ လူကြမ်းဖြစ်ရင်ဖြစ်မယ်၊ ဗီလိန်ဖြစ်ရင်ဖြစ်မယ်ပေါ့။ ဒါကလည်း လုပ်ကောင်းပါတယ်။

ဒါပေမယ့်ပေါ့လေ...
ကိုယ့်ဇာတ်ကောင်ကို ပိုပြီး ဇာတ်နာအောင် ရေးဖွဲ့ဖို့ ဇာတ်ပို့ဖန်တီးတဲ့အခါ တဲ့အခါ အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာကို လူကြမ်းကြီးတစ်ယောက်အဖြစ် ဖန်တီးပြီး ရေးဖွဲ့တာမျိုးကတော့ အင်မတန်ဆိုးဝါးတယ်လို့ မြင်ပါတယ်။
ကြည့်ပါဦး...။

--------------------------------------------
“ထို့နေ့က ဆရာမ၏ အသွင်အပြင်သည် ဒေါသကြောင့် ပိုခက်ထန်နေခဲ့၏။ ဆရာမ၏ မျက်နှာတွင် တင်းတိပ်၊ မှဲ့ခြောက်တို့နှင့် ပြည့်နှက်နေသည်။ ထိုအရာကို မပေါ်လွင်စေရန် မိတ်ကပ်ထူထူ လိမ်းသောအခါ ကြည့်ရ အလွန်ဆိုးလှ၏။ ရဲရဲနီအောင် ဆိုးထားသော နှုတ်ခမ်းတို့ကလည်း သွေးဆာ နေသလို စားမည့် ၀ါးတော့မည့်ဟန်။ ဆရာမက ဒေါသ အလွန်ကြီးသလို အရိုက်ကြမ်း ပုံကလည်း စံတင်လောက်၏။ အပြင်ကပြဿနာများကို ကျောင်းသားများ အပေါ် မျှဝေခံစားစေသဖြင့် ကျောင်းသားများမှာ မရှုမလှခံကြရလေသည်။”
-------------------------------------------

နောက်တော့ အဲဒီလို ရုပ်ရှင်ထဲက ဗီလိန်စရိုက်နဲ့ ဆရာမက သီတင်းကျွတ်မှာ သူ့ကို ကန်တော့ဖို့ ကျောင်းသူလေးကို ပြောပါတယ်။ ဆရာမကို ကြောက်ရတဲ့ ကျောင်းသူလေးမှာ (သူတို့တောင် ဆင်းရဲလို့ တစ်ခါတစ်လေ ဆန်ပြုတ်သောက်နေရတဲ့ ကြားထဲက) ဆရာမကို မကန်တော့နိုင်လို့ စိတ်ဆင်းရဲရရှာပါတယ်။ အကျိုးအကြောင်းသိသွားတဲ့ ကျောင်းသူလေးရဲ့ မိခင်က သမီးစိတ်ဆင်းရဲတာကို မကြည့်ရက်နိုင်တော့ ၁၅၀၀ တန် ထမီလေးကန်တော့ဖို့ စီစဉ်ပေးပါတယ်။
အဲဒီထမီလေး ဆရာမကို သွားကန်တော့တဲ့အခါ.. ဆရာမက ..
------------------------------
“ကြယ်ကလေး၊ နင်ငါ့ကို သက်သက်စော် ကားနေတာလား။ နင်င့ါကို တစ်ထောင့်ငါးရာ လောက်ပဲ တန်ဖိုး ထားတာလား ပြောစမ်း”

“မ...မဟုတ်ပါဘူး ဆရာမ။ သမီးတို့က ပိုက်ဆံ မရှိလို့”

“တော်စမ်းပါ ကြယ်ကလေး။ နင်တို့ အဲလောက်လည်း အခြေအနေ မဆိုးသေးလောက်ပါဘူး”

သမီးတို့ ဆန်ပြုတ် သောက်ရတဲ့ အဖြစ်ကို ဆရာမ ဘယ်သိနိုင်ပါ့မလဲ။ ကြယ်ကလေး၏ အသံတို့က ခိုကိုးရာ မဲ့နေသဖြင့် အပြင်ဘက်သို့ ထွက်လာခြင်းငှာ မစွမ်းသာဘဲ ရင်ထဲတွင်သာ ကြိတ်မှိတ် မျိုသိပ်လိုက်၏။

“တစ်ဆိုတဲ့ နင့်နေရာကို တခြားသူ အစားထိုး လိုက်ရမလား”

“ရှင်...”

ကြားဖူးခဲ့သမျှ စကားလုံးတို့တွင် အခု ဆရာမ ပြောသော စကားလုံးသည် အရက်စက်ဆုံး ဖြစ်ပေလိမ့်မည်။ ၀ဲတက်လာသောမျက်ရည်တို့သည် မြေပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက်။
---------------------------------------
အဲဒီနောက်မှာ ကျောင်းသူလေးက သူစက်ဘီးဝယ်ဖို့ စုထားတဲ့ စုဗူးလေးကို ဖောက်ပြီး ဆရာမကို သွားကန်တော့ပါတယ်။
အဲဒီတော့မှ ဆရာမက ......

----------------------------------
“မိုးမြင့်မြတ်က ငါ့ကို နာရီတစ်လုံးရယ်၊ ပါတိတ်တစ်ထည်ရယ် မုန့်ပုံးတွေ ကန် တော့တာလေ။ သူ့လို ကန်တော့ဖို့ ငါ မပြောလိုပါဘူး။ ဒါပေမဲ့ တစ်ထောင့် ငါးရာတည်းနဲ့ တန်ဖိုးဖြတ်တာတော့ မကောင်းပါဘူးအေ”
----------------------------------

:D
အဲဒီ ၀တ္ထုထဲက ဆရာမဟာ တော်တော်လေး ဆိုးပါတယ်။
အထက်ပါ ပြောစကားတွေအရ ဆရာမရဲ့ စရိုက်ကို သိနိုင်ပါတယ်။
တကယ့်ကို ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဗီလိန်တွေလို လူတိုင်း အော့နှလုံးနာရအောင် ရေးထားတာပါ။
ဟုတ်ကဲ့။
အပြင်မှာ ရှိကောင်းရှိပါလိမ့်မယ်။
(ကျွန်တော်ကတော့ ဒီလောက်ဆိုးတဲ့ ဆရာမ ရှိမယ်လို့ မယုံပါ)
ဒါပေမယ့် ဒီလို ရေးကောင်းပါသလား။
ဒီလို စာပေမျိုးက တကယ်ကို အဆိတ်အတောက် စာပေဖြစ်ပါတယ်။
စာဖတ်ပရိသတ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ၊ စိတ်အနာအဆာတွေဖြစ်လာနိုင်ပါတယ်။
ကျွန်တော် ဒီဝတ္ထုကို ဖတ်ရတဲ့အချိန်မှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားပါတယ်။ ၀တ္ထုတစ်ပုဒ်ဖြစ်လာဖို့ .. ၀တ္ထုထဲက ဇာတ်ကောင်ကို ဇာတ်နာစေဖို့ အာစရိရဂုဏောတွေကို ချနင်းပြီး
ဆရာဆိုတဲ့ အနန္တောအနန္တဂိုဏ်းဝင်တွေကို စော်ကားလိုက်တာပါ့လားလို့ပါ

နောက်ဆုံး စာရေးသူကို ကြည့်လိုက်တဲ့ အခါ ပိုပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
ဘာလို့လဲဆိုတော့ စာရေးဆရာဟာ ဆေးတက္ကသိုလ်က
ကျောင်းသားတစ်ယောက်ဖြစ်နေလို့ပါပဲ။

ဒီဝတ္ထုကဏ္ဍဟာ စာရေးဝါသနာပါတဲ့ လူငယ်တွေကို ပျိုးထောင်ပေးတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တစ်ယောက်အနေနဲ့ မရင့်ကျက်သေးချိန်ပါလို့နားလည်ခွင့်လွှတ်ပေးချင်ပေမယ့် ဆေးတက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ အတွေးဆိုတော့ နားလည်ပေးရခက်ပြန်ပါတယ်။

ပိုပြီး နားလည်ပေးရခက်တာက ဒီလို မဂဇင်းကြီးတစ်စောင်က အယ်ဒီတာတွေဟာ ဒီလို ၀တ္ထုမျိုးကို စာမျက်နှာပေါ်တင်ပေးရဲတဲ့ သတ္တိကိုပါပဲ။ မီဒီယာဆိုတာ ကြားခံနယ်လို့ ဆိုလိုတာပါ။
ကောင်းသော ကြားခံနယ်တွေ ဖြစ်ဖို့တော့ လိုပါတယ်။
ကြော်ငြာစာမျက်နှာရဖို့ သက်သက်ပဲ အားစိုက်ပြီး ပြည်သူကို အကျိုးပြုတာနည်းနည်း အဆိပ်တိုက်တာ များများတော့ မလုပ်ကြပါနဲ့လားလို့ ပြောချင်ပါတယ်။

(လင်းရောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B