Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 8, 2012

ခွေတွေဆက်စီစဉ်နေတယ်ဆိုတဲ့ ဖြိုးကြီး


ကြူကြူဟန်

“အထည်ကြီးပျက်”သီချင်းနဲ့ ဂီတလောကမှာ အောင်မြင်လာခဲ့တဲ့ အဆိုတော်ဖြိုးကြီးက ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အနုပညာအလုပ်တွေကို လုပ်သင့်သလောက် မလုပ်နိုင်ခဲ့ပေမယ့် အခုအချိန်မှာ ဒုတိယအယ်လ်ဘမ် “မမုန်းကြေး”စီးရီးနဲ့ ပရိသတ်ဆီ ရောက်ရှိလာခဲ့ပါပြီ။ “မမုန်းကြေး” အယ်လ်ဘမ်ထွက်ရှိပြီးနောက် ရှေ့ဆက် အနုပညာအလုပ်ကို တောက်လျှောက်လုပ်သွားတော့မယ်လို့ ဆိုလာသူ ဖြိုးကြီးကို ဂီတနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို မေးမြန်းခဲ့ပါတယ်။

ပထမခွေနဲ့ အခု“မမုန်းကြေး”ခွေက နှစ်တော်တော်ကြာအောင် လုပ်ခဲ့ရတော့ ဒီခွေကို ကျေနပ်မှုရှိပါရဲ့လား။
ကျွန်တော် ကျေနပ်ပါတယ်။ ကျေနပ်လို့လည်း ထွက်တာပါ။ နောက်ပြီးတော့ ကျွန်တော်နဲ့ ပရိသတ်ကြားမှာ သီချင်းကလည်းနည်းတော့ ရှေ့ဆက်ပြီး သီချင်းဆက်ဆိုမှာဖြစ်တဲ့အတွက် ကျွန်တော့်ပရိသတ်ကို သီချင်းတွေပေးဖို့ လိုပါတယ်။ အဲဒါမှ ကျွန်တော့်ကို ပရိသတ်က သီချင်းဆက်ဆိုခွင့် ပေးမှာပါ။
ပရိသတ်နဲ့တော်တော်ကြာ အဆက်ပြတ်ပြီးမှ အခုရှေ့ဆက်ပြီး သီချင်းတွေဆက်ဆိုသွားတော့မယ်ဆိုတော့ ဘယ်လိုတွန်းအားတွေကြောင့်လဲ။
အဓိကတော့ အနုပညာလုပ်ဖို့ပဲ။ မဖြစ်ရင်လည်း မလုပ်ချင်ဘူး။ အကောင်းဆုံးကြိုးစားခဲ့ပြီးတော့ ပရိသတ်ပေးမယ့် အခွင့်အရေးနဲ့ ကိုယ့်ရဲ့ကံအပေါ်မှာပဲ မူတည်ပြီးတော့ လှုပ်ရှားမှာပါ။ တွန်းအားကတော့ အမှန်တိုင်းပြောရင် မေတ္တာတရားပါပဲ။ အချစ်တော့ မဟုတ်ပါဘူး။ မေတ္တာနဲ့စေတနာပါ။ ကျွန်တော်နဲ့ အနီးစပ်ဆုံး လူတွေဆီကလည်း ရပါတယ်။ တစ်ဦးတည်းသော လူဆီကလည်း ရပါတယ်။ ပရိသတ်တွေဆီကလည်း ရပါတယ်။
အစ်ကို့ကို ပရိသတ်က အငြိမ်သီချင်းတွေနဲ့ ပိုအားပေးတာများတော့ အခုဒီခွေမှာ ပုံစံကို ဘယ်လိုပုံစံမျိုး လုပ်ထားလဲ။
ဒီအခွေမှာ ကျွန်တော် အလေးအပေါ့လေးမျှအောင် လုပ်ထားပါတယ်။ သိပ်အမြန်ကြီးလည်း မဟုတ်ဘူး။ သိပ်အဆူကြီးလည်း မဟုတ်ဘူး။ သိပ်အနှေးကြီးလည်း မဟုတ်ဘူး။ အလယ်အလတ်ပဲ သွားတယ်။ ဘာလို့လဲဆိုရင် စာသားရော၊ တန်ဖိုးရော အားလုံးအဆင်ပြေအောင် ကျွန်တော် အချိန်အများကြီး ယူထားတာပါ။ ဒီသီချင်းတွေက နဂိုတည်းက ဒီအခွေကကော်ပီကို Own Tune နှစ်ပုဒ်လောက်ပါတယ်။ ကျွန်တော် နဂိုတည်းက ကော်ပီရွေးလို့ရှိရင် လူမသိတဲ့ သီချင်းတွေရွေးတာပေါ့။ တချို့ကျ ဟောင်းသွားပေမယ့် အခုထက်ထိ ခေတ်မီတဲ့ဟာလေးတွေ ရွေးတယ်။ အခွေအတွက် လိုနေမယ့် ဒီခေတ်နဲ့လိုနေမယ့် သီချင်းလေးတွေကျတော့ ထပ်တီးပြီး ထပ်ထည့်တာပေါ့။ သီချင်းသုံးပုဒ်လောက်ပေါ့။ တချို့ကျတော့ ထုတ်လိုက်ရတာပေါ့။ တချို့ကော်ပီကျတော့ တိုက်ကုန်တော့ ထုတ်လိုက်ရတာပေါ့။ တေးရေးခတော့ ဆုံးတာပေါ့နော်။
မယုဇနကလည်း ပြန်ရောက်နေတယ်ဆိုတော့ မောင်နှမနှစ်ယောက်တွဲပြီး တစ်ခုခုလုပ်ဖို့များရှိမလား။
ယုဇနနဲ့လုပ်ဖို့တော့ရှိတယ်။ သူကတော့ သူ့အမျိုးသားနဲ့ Own Tune တစ်ခွေလုပ်ဖို့ player တွေနဲ့ ပြောနေတယ်။ အဲဒါပြီးရင် နှစ်ယောက်တွဲလုပ်မယ်။ မောင်နှမဆိုတော့ အချစ်အကြောင်းလည်း ဆိုလို့မရဘူး။ အဲဒီတော့ ဘာအကြောင်းဆိုမှာလဲ နှစ်ယောက်တွဲကို ကာလာလှအောင်လို့ ယောက်ျားလေးနဲ့ မိန်းကလေး စဉ်းတော့စဉ်းစားတယ်။ အရင်တုန်းကတော့ လုပ်ဖို့စီစဉ်ထားတာရှိတယ်။ အခွေလည်းတည်ပြီး တီးဖူးတယ်။ မထွက်ဖြစ်ဘူး။
အစ်ကိုတို့ရဲ့ မင်္ဂလာသတင်းရော ဘယ်တော့လောက်ကြားရမလဲ။
ကျွန်တော်ပြောပါ့မယ်။ အခုတော့ အများကြီး ကြိုးစားနေပါတယ်။ အဓိက Step Up ဖြစ်ဖို့ပေါ့နော်။ ၂ နှစ်၊ ၃ နှစ်ပေါ့။ ကြိုးစားရဦးမှာပါ။ ဒီဘက်မှာ အကြွေးတွေရှိသေးတယ်။ ပရိသတ်ကို အကြွေးတွေရှိသေးတယ်။
ဂီတအစည်းအရုံးအမှုဆောင်သစ် လက်ထက်မှာ ဂီတသမားတွေရဲ့ ရပိုင်ခွင့်တွေအတွက် လုပ်နေကြတယ်။ FM နှစ်ခုကလည်း အနုပညာကြေးတွေ ပေးပြီးပြီ။ ထုတ်ပေးနေပြီဆိုတော့ အစ်ကိုရော အနုပညာကြေး ဘယ်လောက်ရထားပြီးပြီလဲ။ အရင်က အဲဒီလို ပြန်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးလား။
မထုတ်ရသေးဘူး။ ဖုန်းလည်းမဆက်ရသေးဘူး။ သူတို့ကတော့ ပေးမှာပါ။ ဒီအလုပ်တွေနဲ့ မအားလို့ မဆက်ရသေးတာ။ အခုတော့ အဆင်ပြေမှာပါ။ ဖြူဖြူတို့ လုပ်နေတာပဲလေ။ အမှန်တကယ်တော့ ရသင့်ပါတယ်။ Radio Channel တွေဘက်က ကြော်ငြာတွေနဲ့ သူတို့စီးပွားရေးပုံစံမျိုးတွေ လုပ်လာကြတဲ့အခါကျတော့ စီးပွားရေးလုပ်ရင် ပိုက်ဆံပါလာရင် ပိုက်ဆံတော့ပြန်ပေးရမှာပေါ့။ စီးပွားရေးလုပ်ရင်တော့ Give and Take က လုပ်ရမှာပဲ။ အနုပညာသမားတွေ ရသင့်တဲ့ဟာပဲ။
မူပိုင်ခွင့်ဥပဒေကို ၂၀၁၃ မှာ အပြီးရေးဆွဲမယ်ဆိုတော့ အစ်ကိုတို့အနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်တယ်လို့ထင်လဲ။
Copy right ကတော့ လာမှာပဲ၊ သူတို့ rule တွေ ကြည့်ပြီးတော့ သူတို့တောင်းဆိုတာကို ပေးနိုင်ရင်ဆို မပေးနိုင်ရင် Own Tune လုပ် ဒါပဲရှိတာပဲ။ Own Tune ကတော့ လုပ်ရမှာပဲ။ Own Tune လုပ်ပြီဆိုရင် Copy right ကတော့ ကျွန်တော်ထင်တယ်။ နည်းနည်းကျယ်တယ်။ သူက ဘယ်လို rule နဲ့ သွားမလဲမသိသေးဘူး။ Player တွေက ဘယ်လိုပါမလဲ။ ဒီ rule က International နဲ့ သွားရမှာ Copy right လာမယ်ဆိုရင် International ကလာမှာ သူတို့ rule က ဘာမှန်းမသိသေးဘူး။ သေချာကြည့်ကြည့်မှ သိမယ်။ အဆိုသမားကတော့ သီချင်းကို မပိုင်တာတော့ ကျိန်းသေတယ်။အရေးသမား၊ မူရင်းရေးတဲ့ တေးရေးဆရာ ပိုင်တာတော့ ကျိန်းသေတယ်။ Player တို့ Studio ကတော့ မပါဘူးထင်တယ်။ အဲဒီလိုမျိုး မြန်မာနဲ့ နည်းနည်းလွဲနေတာလေးတွေတော့ ရှိတာပေါ့။ အခုဆို ငါးပုံခွဲတာတို့ရှိတယ်။ သီချင်းတစ်ပုဒ်ကို ဟိုမှာ အဲဒီလိုမပါဘူး။ ဟိုမှာမပါတဲ့ နှစ်ခုလောက်က ဒီမှာပါနေတာရှိတယ်။
အစ်ကိုတို့ အဆိုရှင်တွေဘက်က တောင်းဆိုချင်တာက ဘာများဖြစ်မလဲ။
လိုင်းပေါ်မှာ ဘယ်နှကြိမ်လွှင့်တယ်ဆိုတာ သိချင်တယ်။ အသုံးပြုပြီးတော့မှ သုံးပါတယ်ပြောတာ မလိုချင်ဘူး။ မသုံးခင်တည်းက ကြိုပြီးစာချုပ်လာချုပ်တာမျိုးတို့ လိုချင်တယ်။ အဲဒါမျိုးတွေ အခုဆိုရင် iPad တို့၊ iTune တို့မှာ သီချင်းတွေ ရောင်းနေတာရှိတယ်လေ။ အဲဒါတွေက Own Tune တွေများလာရင် ဒါလုပ်လာလို့ ရတယ်လေ။ Credit တွေကတော့ နိုင်ငံရဲ့တိုးတက်မှုနဲ့ ဆိုင်တာပေါ့။
“မမုန်းကြေး”အယ်လ်ဘမ်ထွက်ပြီးရင် နောက်လုပ်မယ့် အစီအစဉ်တွေရှိရင် ပြောပြပါလား။ နောက် အနုပညာခြေလှမ်းတွေ သိပါရစေ။
ကျွန်တော်တော့ မသိသေးဘူး။ သီချင်းဆိုဖို့ပဲ အမြဲစဉ်းစားထားတယ်။ ဒီအခွေပြီးတဲ့နေ့မှာ နောက်နှစ်ခွေအတွက် တည်နေပြီ။ ပြန်ဆိုမယ့် အယ်လ်ဘမ်တစ်ချပ်က တည်ပြီးသွားပြီ။ အဲဒါကို ကျွန်တော့်ကွန်ပျူတာထဲမှာ ဖိုင်တစ်ခုနဲ့ စီလိုက်ပြီ။ နောက် တတိယအယ်လ်ဘမ် Solo အယ်လ်ဘမ်သီချင်းတွေကို ဖိုင်တစ်ခုနဲ့ စီနေပြီ။ အဓိက“မမုန်းကြေး”မထွက်နိုင်တဲ့အတွက် ပိတ်နေတယ်။ ဘယ်လိုမှလုပ်လို့မရဘူး ဖြစ်နေတယ်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။