ဘွန်ဂျိုဘီသည် ကမ္ဘာ့ အအောင်မြင်ဆုံး ရော့ခ်အဆိုတော် တစ်ဦးဖြစ်ကတည်းက စတင် ကျော်ကြားခဲ့ပြီး ယခုအသက် ၅၀ အရွယ်တွင် စတိတ်ရှိုး ပေါင်း ၂၇၀ဝ ကပြဖျော်ဖြေခဲ့ပြီး ပရိသတ် ၃၅ သန်းကျော်ရှိသော သူသည် ဘီလျံနာအဆင့်ဝင် ကြွယ်ဝသူ တစ်ဦးလည်းဖြစ်သည်။ ဤမျှပြီးပြည့် စုံသော ဘဝပိုင်ရှင်တစ်ဦးအား ကလေး ငယ်တမျှ မျက်လုံးပြူးပြူး တအံ့တဩ နှင့် ဝမ်းမြောက် ဝမ်းသာဖြစ်စေနိုင်မည့် အကြောင်းရှိ ပါသေးသည်ဆိုလျှင် အတော်ယုံရ ခက်သည်ဟု ဆိုရပေမည်။
သို့သော် လွန်ခဲ့သော သီတင်းပတ်အတွင်း ကမူ ဘွန်ဂျိုဘီသည် ဤအဖြစ် နှစ်ကျော့ပြန်ကြုံခဲ့သည်။ပထမ အဆင့်တွင် ဘွန်ဂျိုဘီသည် အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် ရန်ပုံငွေရှာပွဲတစ်ခုဖျော်ဖြေရန် အတွက် ဝါရှင်တန်မှ နေ၍ နယူးယော့ မြို့သို့ သမ္မတ၏ လေယာဉ်ပျံ Air Force One ဖြင့် သမ္မတနှင့်အတူ လိုက်ပါစီးနင်းရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ်မှာမူ ဝေါလ်ဒရိုဒ် ဟိုတယ်တွင် သီဆိုဖျော်ဖြေမှုပြုပြီး နောက် အပြန်ခရီးတွင် သမ္မတအိုဘား မား၏ ကျည်ဒဏ်ခံ ခြောက်ပေါက် ကားကြီးဖြင့် အတူလိုက်ပါရန် ဖိတ် ကြားခြင်း ခံခဲ့ရခြင်းဖြစ်သည်။ "ကျွန်တော်ဗျာ ကျွန်တော့်ဖုန်းကို ထုတ်ပြီး ဓာတ်ပုံရိုက်ထားချင်လိုက် တာ၊ တိုင်းရင်ပြင်ကို ကားဖြတ်မောင်း တော့ အားလုံး ကျွန်တော့်ကို မြင်ရ အောင် မော်တော်ကား ပြတင်းပေါက် မှန်မှာ မျက်နှာကပ် ထားလိုက်ချင်တာဗျာ"ဟု ဘွန်ဂျိုဘီက ပီတီသောမနဿ ဖြင့် ပြောကြားခဲ့သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။