့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက်စရာကို
ပြောတတ်တဲ့ သူတွေကိုဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုေ ပြာရင်ကိုယ်ပါ
စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။
စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့
အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။ "
- ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ)
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက်စရာကို
ပြောတတ်တဲ့ သူတွေကိုဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုေ
စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။
စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့
အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။ "
- ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ)
ကိုယ့်ဖါသာ တယောက်ထဲနေခဲ့တာတော့ကြာပါပြီလေ။
ရန်ကုန်မှာတုန်းကလည်း တပါတ်ကို တရက်သာ အပြင်ထွက် မိတ်ဆွေတွေနဲ့ တွေ့ဆုံ စကားပြောပါတယ်။ နေ့စဉ်နဲ့အမျှ ကျနော်နေတဲ့ လမ်း ၅၀ အခန်းထဲက အပြင်မထွက်ပါဘူး။ ဘာ ပွဲ လန်း သဘင် ကိုပဲ ဖိတ်ဖိတ် မတက်ဘူး။ ပွဲတက် နိုင်ငံရေး ကို အယုံအကြည် ရှိတာ၊ မရှိတာ ထက် အဲဒီမှာ ဟန်ရေးပြပြီး၊ တကယ့်တကယ် ထွက်မလာကြတဲ့ မောင်တွေ ကို စိတ်ပျက်လို့။
ဂျာနယ်တွေပါ သမျှ အဖြုတ်ခံရတဲ့ နောက်ပိုင်းက စ ဖေ့စ်ဘွတ်ခ်မှာ စာရေးတယ်။
ကားရိုက်စရာ ရှိ ကားရိုက်တယ်။
ကားရိုက်စရာမရှိတဲ့ နေ့ဆို၊ တနေကုန်တနေခမ်း၊ ဖေ့စ်ဘွတ်ခ်ထဲ စာရေးလိုက်၊
ကမ္ဘာတ၀ှမ်းက မိတ်ဆွေတွေနဲ့ စကားပြောလိုက်၊ တနာရီခြား တခါလောက်လေး
တရားထိုင်လိုက်နဲ့။
ည ၈ နာရီလောက်မှာ အမေ့အိမ် လမ်းလျှောက်သွား၊
သား နဲ့ စကားစမြီပြော၊ အမေ့ကို နှိပ်ပေး၊ ပြီးရင် တီဗီက လာတဲ့ ကိုရီးယားကားလေး ဘာလေး ကြည့်၊ ၁၀ နာရီဆို ထပြန်၊ ၁၁ နာရီအထိ ရွှေဘုန်းပွင့်မှာ တရားဝင်ထိုင် အဲဒါ ကျနော့်နေ့စဉ် ဖြတ်သန်းခဲ့တဲ့ ပုံမှန်
အချိန်စာရင်းပါ။
တော်တော်နေနိုင်တယ် လို့ မိတ်ဆွေတွေက စကားနာထိုးလည်း ဒီလိုပဲနေတယ်။
အစောပိုင်း ရွှေဝါရောင်ပြီးစ က စ၊ နာဂစ်ကာလတွေ အထိ ပိတောက်ပွင့်သစ်မှာ ၀ိုင်းဝန်းပေးခဲ့ပေမယ့်၊ ကိုဌေးသိန်း မရှိတဲ့နောက် မသွားတော့ဘူး။
အလံ ကိစ္စ လက်မှတ်လိုက်ထိုးခိုင်းကတည်းက တော်တော်များများ ကို စိတ်ပျက်
စရာတွေ တွေ့လို့ လမ်းမှာတွေ့တောင် အခေါ်အပြောမလုပ်တဲ့ လူတွေ အများသား။ ခုတော့ တချို့ကို ပင်နီတကားကား သတင်းတွေ ထဲ တွေ့နေရပြန်။
ဒီအမေရိကားမှာလည်း ဒီလိုပဲနေပါတယ်။
တယောက်ထဲပဲ တနေကုန် စာ ဖတ်၊ စာရေး၊ အလုပ် အားတဲ့ချိန်မှာ ဒီလို တယောက်ထဲ ပဲ အချိန်ကုန်တယ်။
၈၉ ထောင်က ထွက်လာကတည်းက အဖွဲ့အစည်းအသင်းပင်းနဲ့မှ နိုင်ငံရေး လုပ်ရမယ် ဆို မလုပ်ဘူး။ ငါ တယောက်ထဲ ရှိ၊ ငါ့နည်းငါ့ဟန်နဲ့ ရအောင် ဒီစစ်အစိုးရ ကို ပြန်ချမယ် လို့ ဆုံးဖြတ်ခဲ့တယ်။
ခု ဒီမှာနေတာကို နည်းမျိုးစုံနဲ့ ကလိကြ၊ ထေ့ကြ၊ စွပ်စွဲ သမုတ်ကြတဲ့ မိတ်ဆွေတွေ ကို တခုပဲ ပြောချင်တယ်။
ကျနော် ကိုယ့်လမ်းကိုယ် လျှောက်ခဲ့တယ်။
ခုလည်း ဒီလိုပဲ လျှောက်ဦးမယ်။
ခု ဘာလုပ်နေလဲ ဆို လွမ်းစိမ့် ၂ ကို ဆက်ရိုက်ဖို့
လူသူလက်နက်စုဆောင်း နေတယ် လို့ပဲ တင်စားပြောပါရစေ။
ကမ္ဘာမှာ ကျောင်းသားတပ်မတော် ဆိုတဲ့ အင်မတန်တန်ဖိုးကြီးမားလှတဲ့
၈၈၈၈ သမိုင်းရဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် ကို
ရုပ်ရှင် ရိုက်မယ်။ ရ အောင်လုပ်မယ်။
ကျနော်တို့ ညီနောင်ရဲဘော်တွေ ပေးဆပ်ခဲ့ရတဲ့ ဘ၀ ကို ကမ္ဘာ က သိစေရမယ်။
မြန်မာပြည် ပြန်လာရင် ဘာလုပ်ရပါ့ လို့ စဉ်းစားလိုက်တဲ့အခါ
ဒီ မင်းသား၊ ဒီမင်းသမီးတွေနဲ့ ဒီလို ဇာတ်လမ်းတွေပဲ တပါတ်တကား၊ ဆယ်ရက်တကား မရိုက်ချင်တော့ဘူး။
နိုင်ငံရေး ကတော့ သေတဲ့အထိ ကိုယ့်နည်းကိုယ့်ဟန် နဲ့ မကင်းမှာပေမယ့်၊
အဖွဲ့အစည်း အသင်းအပင်းတွေနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် မျက်နှာနာ၊
အားနာပြီး ပါရမှာလည်း မပါချင်တော့ဘူး။
ဒီလိုနေမယ့်အစား ဒီမှာ ကိုယ်လုပ်လို့ရမယ့် လမ်းကို မြင်တယ်။
အမေရိကားမှာ ဒီလို အလုပ်တွေကို လုပ်ဖို့ပိုက်ဆံပဲ လိုတယ်။
အမေရိကန်တွေ ကို ဒေါ်လာ ပြလိုက်တာနဲ့ ချက်ခြင်း ဘော့စ် ဆိုပြီး ခင်ဗျားတို့ လိုချင်တာ အကုန်ရတယ်။
ဟိုတလောက ဆရာကြီးတယောက် က အမေရိကားမှာ အနုပညာ အလုပ်လုပ်ဖို့
ခက်တယ် လို့ရေးထားလို့ အံ့ကိုသြရော။
သူ ဘာတွေ ခက်နေလဲ မသိ။
တလောက တယောက်ကိုတွေ့တော့ နှုတ်ဆက်တဲ့အခါမှာ ဘာလုပ်နေလဲ ဆိုတော့၊ ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းထဲမှာငွေဘယ်လိုရှာရမလဲ ပဲ ရှိတယ် လို့ ပြန်ပြောလိုက်မိတယ်။
ဒီလူပြန်ကြည့်တဲ့ မျက်လုံးကို သတိထားမိ၊ နောက်မှ စဉ်းစားမိပြီး တဟားဟား ရယ်မိပြန်တယ်။
ဟိုတလောက ဆူရှီး ကုမ္ပဏီတခု မှာ ကျနော် အလုပ်ဝင်လုပ်သေးတယ်။
ဟိုဆရာကြီး စာ ထဲ၊ အနုပညာဆရာကြီး ဆူရှီးလိပ်ပြီး မြန်မာပြည် ကယ်တင်ဖို့
ပြန်လာမယ် လို့ ရေးပြီးမှပါ။
လျှောက်လိုက်တဲ့အလုပ်တွေ ဘာမှ အဆင်မပြေ မရဘူး။ အဲဒီ ဆူရှီးကုမ္ပဏီကျမှ
ပဲ တန်းခန့်တယ်။ မြန်မာဆိုတာနဲ့ ဆူရှီးလောက က ပေါက်ပြီးသားကိုး။
ဆရာကြီးဦးတင်မိုး ရဲ့ ဆူရှီးမျိုးဟေ့ ဒို့ဗမာ ဆိုတဲ့ စကားကိုသာ သတိရမိပါတော့တယ်။
ကုမ္ပဏီက ၀င်ဝင်ချင်း ကို ၁ နာရီ ၁၂ ဒေါ်လာပေးတယ်။
ဘာမှ မလိပ်တတ်ဘူး။ ၂ လ လောက်ပဲ အတွေ့အကြုံရှိတယ် ဆိုတဲ့ကြားက ကို ပေးတာ။ သင်လည်းပေးပါတယ်။
အခွန်ဆောင်ပြီး တပတ်ကို ၄၀၀ကျော်ရတယ်။ တလ ၁၆၀၀ မဆိုးဘူးဆိုပဲ။
မြန်မာငွေနဲ့တွက်ရင် ဗီဒီယို ကားတကားစာ ဒါရိုက်တာကြေးတောင် မရှိပါဘူး။
ပြဿနာက တနေ့ ၈ နာရီအလုပ်ဆင်းဖို့အတွက် အသွား ၂ နာရီခွဲ၊ အပြန် ၂ နာရီခွဲ ရထား ၂ဆင့်၊ ဘတ်စ်ကား ၁ ဆင့် စီးရတာ။
တနေ့ ၁၃ နာရီ။ အဲဒီ လမ်းပေါ် ၅ နာရီကို စာဖတ်မယ် ဆိုပြီး၊ တိုဖယ်လ်ဖြေဖို့
စာအုပ်ကြီး ကို ကျောပိုးအိပ်ထဲ ထည့်ပြီး စာကျက်ပြီး သွားခဲ့တယ်။
စန္ဒီ လာတော့ ရထားတွေရပ်၊ ကားတွေရပ်။ အလုပ်လည်း ရပ်။
တကယ်တမ်းက စန္ဒီ မလာခင် တရက်ကတည်းက ကျနော် အလုပ်က ထွက်လိုက်တာပါ။
ကျနော့်ကို ခန့်တဲ့ အရှေ့ဘက် ကမ်း ဒါရိုက်တာ ကိုရီးယားလူမျိုး၊ သူ့လက်အောက် ဆာဗီးယန်း လူမျိုး၊ နောက် လိုကယ်မန်နေဂျာ အမေရိကန်တွေ မရှိတော့တာနဲ့ ဆူပါဗိုက်စာ မြန်မာ၊ လုပ်ဖေါ်ကိုင်ဘက် မြန်မာ တွေ ကြားမှာ အဆင်မပြေလိုက်တာဗျာ။ တခုတော့ သင်ခန်းစာသစ်ရတယ်။ နောက် ဘယ်တော့မှ မြန်မာတွေနဲ့ အလုပ်တွဲ မလုပ်ဘူး။
You need to teach me. လို့ ပြောပြီး ၀င်လာတဲ့ကျနော့်ကို ဆူရှီးချက်ဖ် အနေနဲ့ ခန့် ၀င်တဲ့နေ့ကတည်းက သင်ခိုင်းပြီး၊ ပေးမန့်တန်းတူပေးတော့ သူတို့ကျေနပ်ကြလေဟန်မတူဘူး။ တယောက်က ဖွင့်ကိုမေးတယ်။
ဘယ်သူ့အကပ်နဲ့ ၀င်လာတာလဲ. .တဲ့ဗျာ။ အံ့ကိုသြရော။
စန္ဒီ မလာခင် တနင်္ဂနွေနေ့မှာ ကျနော် က မနက်ပိုင်း တာဝန်ကျပါတယ်။ ဒါပေမယ့် စနေနေ့ည ၁၁ နာရီလောက်မှာ ကျနော့်ကို ဖုန်းဆက်ပြီး၊ အစီအစဉ်ပြောင်းသွားပြီ ကျနော် ညပိုင်း ဆိုင်ပိတ်တာဝန်ယူရမယ် လို့ ပြောတယ်။
ကျနော်က ဆိုင်ပိတ်တာဝန် ကျနော် ၂ ရက်ဆက်တိုက် ယူပြီးပြီ၊ ဘာလို့ ဆက်ယူရတာလဲ လို့ မေးတော့၊ သူတို့ ဒီလိုပဲ အားလုံးသဘောတူညီမှုနဲ့ ဆုံးဖြတ်တယ်။ ကျနော် ၂ ပတ်ဆက်တိုက် ယူ ရမယ် တဲ့။
ဆိုင်ပိတ်တာဝန် ဘယ်လောက်ပင်ပန်းတယ် ဆိုတာ ဆူရှီးသမားတိုင်းသိပါတယ်။
မနက်ဖြန် မုန်တိုင်းသ တိပေး ထားတယ် နော် လို့ သတိပေးတော့၊
မုန်တိုင်းက နောက်နေ့နေ့လည်မှာ လာမှာ မပူပါနဲ့တဲ့။
ကျနော် ည ၇ နာရီခွဲ ဆိုင်ပိတ်ပြီးမှ ပြန်ရင် အိမ်ကို ၁၀ နာရီကျော်၊ ၁၁ နာရီ ထိုးခါနီးလောက်မှ ရောက်ပါတယ်။
ကျနော် ပထမတော့ ဘာမှ မပြောပေမယ့် စဉ်းစားပြီး၊ ကျနော် မလာတော့ဘူး၊ အလုပ်ကလည်း တခါတည်း ထွက်တယ် ဆိုတဲ့အကြောင်း ပြောလိုက်တယ်။
တနေ့က အလုပ်ထွက်စာ သွားရေးတော့ သူတို့ မန်နေဂျာတွေ ဆူပါဗိုက်စာတွေ ပေါ်မြင်တဲ့အမြင်ကို ကျနော့်ကို ရေးခိုင်းတော့ Very Good လို့ရေးပေးလိုက်တယ်။
ကျနော် ဘယ်သူဘယ်ဝါရယ် လို့ သူတို့မသိပါဘူး။ ကျနော် တခုပဲ ကျနော်သူတို့ကို တိုက်ခိုက်ရမယ့် လူတွေ လို့ မသတ်မှတ်ဘူး။
ကျနော့်ဘ၀တလျှောက်လုံး အာဏာရှင်ကို နည်းအမျိုးမျိုး နဲ့ တိုက်ပွဲဝင်ခဲ့ပြီးပြီ၊
ဆက်လည်း ၀င်နေတုန်းပဲ။
သူတို့ဘက်က ကျူးလွန်ခဲ့တာတွေအပေါ် မျှတတဲ့ ဖြေရှင်းမှုတွေ မလုပ်ပေးမချင်း
ကျနော် ဆက်တိုက်ပွဲဝင်ဦးမှာပဲ။
ကျနော့် စာတွေ၊ အနုပညာတွေနဲ့ သူတို့လုပ်ရပ်တွေ၊ လုပ်ခဲ့တာတွေကို ကမ္ဘာသိ
အောင် လုပ်ဦးမယ်။ သမိုင်းကျန်အောင် လုပ်ဦးမယ်။
တခုပဲ၊
အမေရိကား မှာ အချောင်ခိုချင်လို့ နေနေတယ်လို့မပြောကြနဲ့ဗျာ။
ဒီမှာ ပင်ပန်းရတဲ့ကြားထဲ။
ဘယ်နားမှာ မှ ချောင် တာ မတွေ့သေးပါဘူး။
စိတ်နာစရာတွေ ဖြစ်ကုန်မယ်ဗျ. . . ဟားဟား။
ကျနော် မလျှော့သေးပါဘူး။
သွားရမယ့် ခရီးက အဝေးကြီး၊
ဒါပေမယ့် ချီလေတဲ့ ချီဆဲပါ။
ချိုတူးဇော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။