မိုးဇေညိမ်း
(ကွန်ပျူတာရှေ့ထိုင်ပြီး အားအားယားယားရှိတဲ့ အချိန်လေးမှာ ခေါင်းထဲရှိသမျှ လေးတွေ လျှောက်ရေးပြီး ကိုယ့်ဖေ့စ်ဘုတ်ပေါ် ကိုယ်တင်မိတာပါ။ ဘာကြောင့် ညာကြောင့်ရယ်တော့ မဟုတ်ပါဘူး။ တချို့တွေက စစ်တပ်အကြောင်း၊ ရဲအကြောင်းမဖတ်ချင်ဘူးဆိုပြီး လာလာပြောကြလို့ပါ။ ကျွန်တော်လည်း သတင်းသမားမဟုတ်၊ စာရေးဆရာလည်းမဟုတ်တော့ ကိုယ်သိတာပဲ ကိုယ်ရေးမိတာပါပဲ။ ဘယ်သတင်းဌာန၊ ဘယ်ဝက်ဆိုက်အတွက်ရယ်မှ ရည်ရွ
(ကွန်ပျူတာရှေ့ထိုင်ပြီး အားအားယားယားရှိတဲ့ အချိန်လေးမှာ ခေါင်းထဲရှိသမျှ လေးတွေ လျှောက်ရေးပြီး ကိုယ့်ဖေ့စ်ဘုတ်ပေါ် ကိုယ်တင်မိတာပါ။ ဘာကြောင့် ညာကြောင့်ရယ်တော့ မဟုတ်ပါဘူး။ တချို့တွေက စစ်တပ်အကြောင်း၊ ရဲအကြောင်းမဖတ်ချင်ဘူးဆိုပြ
ယ်ရေးမိတာမဟုတ်ပါဘူး။ ပျင်းလို့ရေးတယ် မှတ်ပါခဗျာ။ မဖတ်ချင်လည်း ကျော်သွားလို့ရပါတယ်ခဗျား။)
လွန်လေပြီးတဲ့ နှစ်ကာလအချို့က ကျပ်ပြေး လို့ခေါ်ခေါ်နေကြတဲ့ နေပြည်တော် ဌာနေမှာ နှစ်အတော်ကြာ ကျင်လည်ခဲ့ဖူးပါတယ်။ နေပြည်တော်လို့ အလွယ်တကူ ခေါ်ဆိုကြတဲ့ နေရာဟာ ယခင်ကတည်းက ရှိပြီးသား မြို့တွေဖြစ်တဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း သုံးမြို့နယ်ကို တြိဂံပုံစံဆွဲပြီး အဲဒီသုံးမြို့နယ်ရဲ့အလည်မှာ တည်ထားတာပါ။ စုစုပေါင်းအကျယ်အ၀န်း (၂၇၂၄) မိုင်ရှိပါတယ်။ အခု အစိုးရရဲ့ သတ်မှတ်ချက်အရဆိုရင် ပြည်ထောင်စု နယ်မြေပေါ့။ နေပြည်တော်ရဲ့ နယ်နိမိတ်ထဲမှာ ရှိတဲ့ မြို့နယ်တွေကို သီရိငါးမြို့နယ် နဲ့ အခြားသုံးမြို့နယ်လို့ ကျွန်တော်တို့က ခေါ်လေ့ရှိပါတယ်။ အဲဒါတွေကတော့ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း တို့ပါပဲ။ နေပြည်တော်နယ်နိမိတ်အတွင်းမှာ ရပ်ကွက် (၃၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈၄) စု နဲ့ ရွာပေါင်း (၈၀၁) ရွာ နဲ့စုစုပေါင်း လူဦးရေ (၈၅၀ ၀၀၀) ကျော် ရှိပါတယ်။
နေပြည်တော်စတင်ဖွဲ့စည်းစဉ်အ ချိန်က မန္တလေးတိုင်း လက်အောက်ခံ ခရိုင်တစ်ခုအနေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရဌာနအများစုဟာ မန္တလေးတိုင်းကို တာဝန်ခံလုပ်ဆောင်ကြရပါတယ်။ အခုနောက်ပိုင်းမှာတော့ နေပြည်တော်ကို သီးခြားတိုင်းတစ်ခုအနေနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ကြိုးစားခဲ့တာမှာ ခုဆို တော်တော်လေး ရုပ်လုံးပေါ်လာပါပြီ။ ရဲဆိုရင်လည်း အရင်က နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့ကနေ ခုဆိုရင် နေပြည်တော်တိုင်းရဲတပ်ဖွဲ့အ ဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ပါ တယ်။ ဒါပေမဲ့ အစိုးရဌာနအချို့ကတော့ မန္တလေးတိုင်းရဲ့ လက်အောက်ခံအနေနဲ့ပဲ ဆက်ပြီး လုပ်နေကြတာတွေရှိပါတယ်။ မူလ နေပြည်တော်ကို စတင်တည်ခဲ့တုန်းက စစ်ရုံးတစ်ခုတည်းကိုသာ ရွှေ့ပြောင်းဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်း စိတ်ကူးတမျိုးပြောင်းလို့ တခြားဝန်ကြီးဌာနတွေပါ ရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၄ ခုနှစ် ၀န်းကျင်မှာ စစ်ရုံးကို ရွှေ့ခဲ့စဉ်ကတည်းက စစ်ရုံးလုံခြုံရေးအတွက် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့ ပထမဆုံးတိုင်းမှူးကတော့ ခုကာကွယ်ရေးဝန်ကြီး ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ဝေလွင် ပါပဲ။ အဲဒီတုန်းကတော့ ဗိုလ်မှူးချုပ်ပေါ့။ နေပြည်တော်တိုင်း စစ်ဌာနချုပ်ဖွဲ့တော့ လယ်ဝေးမှာရှိတဲ့ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချု ပ်လက်အောက်ခံတပ်တချို့ကို အမာခံထားပြီး ဖွဲ့ခဲ့တာပါ။
နေပြည်တော်တိုင်းစစ်ဌာနချုပ်ဖွဲ့တော့ ရန်ကုန်တိုင်း လုံခြုံရေးအတွက် တာဝန်ယူနေတဲ့ ခမရ(၃၀၃/၃၀၅) ကိုလည်း နေပြည်တော်ကို တကူးတက ရွှေ့စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုးအရင် လွတ်လပ်ရေး ရပြီးစကာလ ရောင်စုံသူပုန်တွေနဲ့ ရန်ကုန်အစိုးရတို့ သူမသာ ကိုယ်မသာ အားပြိုင် နေရစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စည်းရုံးမှုကို ငြင်းပယ်ပြီး ဗမာ့တပ်မတော် အပေါ် သစ္စာရှိတဲ့ တပ်ရင်းအချို့ကြောင့် ရန်ကုန် အစိုးရအနေနဲ့ အသက်ရှုချောင် ခဲ့ရပါတယ်။ အဲဒီ့တပ်ရင်းတွေက အမှတ်(၃/၄/၅) ဗမာ့သေနတ်ကိုင် တပ်ရင်း တွေပါပဲ။ သနက(၃/၄/၅) လို့လည်းခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ခြေမြန်တပ်ရင်း တွေ ပြန်ဖွဲ့တွေ သနက (၃/၄/၅)) ကို ခမရ (၃၀၃/၃၀၄/၃၀၅) လို့ နာမည်ပြောင်းပြီး ပြန်ဖွဲ့ခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက တခြားစစ်တပ်တွေ ကာချုပ်ကြီးအပေါ် သစ္စာဖောက်ချင်ဖောက်မယ်၊ အဲဒီတပ်ရင်းတွေကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့ အတွေးကို ဟိုးအရင် ဦးနေ၀င်း လက်ထက်ကတည်းက ယုံကြည်လာခဲ့တာ ဦးသန်းရွှေခေတ်အထိပါပဲ။
နေပြည်တော်ကို မရွှေ့ခင်လေးမှာပဲ ဦးနေ၀င်းနဲ့သူ့မြေးတွေကို နိုင်ငံတော် အာဏာသိမ်းယူဖို့ကြံစည်တယ်လို့ ကြေညာဖမ်းဆီးပြီးတော့ ဦးနေ၀င်းရဲ့ လုံခြုံရေးအဖြစ် ဆောင်ရွက်နေတဲ့ ခမရ (၃၀၄) ကို ဖျက်သိမ်းခဲ့ပါတယ်။ ဦးသန်းရွှေက နေပြည်တော်ကို ရုံးပြောင်းထိုင်တော့ ခမရ(၃၀၃)နဲ့ (၃၀၅) တို့ကို တပါတည်း ဆွဲခေါ်သွားခဲ့ပါတယ်။ ရန်ကုန်သားအဖြစ် နေသားကျနေတဲ့ အဲဒီ တပ်ရင်းက အရာရှိ/ စစ်သည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေခမျာ ရယ်ရမလို ငိုရမလိုနဲ့ အဲဒီအချိန်က တောဇနပုဒ်သာသာပဲ ရှိသေးတဲ့ နေပြည်တော်ကို ပြောင်းသွားရရှာပါတယ်။ တချို့ကျတော့လည်း ပိုက်ဆံပေးပြီး ရန်ကုန်တိုင်း လက်အောက်က တပ်တွေကို ရွှေ့ပြီးနေခဲ့ကြတာတွေရှိပါတယ်။
နေပြည်တော်တိုင်းရယ်လို့ စပြီးဖွဲ့ခဲ့တုန်းက တိုင်းစစ်ဌာနချုပ်မှာ တာဝန်ယူခဲ့တဲ့ ဦးစီးအရာရှိတွေခမျာ အတော်လေးခေါင်းစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်နယ်နိမိတ်လုံခြုံ ရေး စီမံချက်ဆွဲဖို့ နယ်မြေတွေကို ကွင်းဆင်းပြီး ကြည့်တဲ့အခါမှ နေပြည်တော်ဧရိယာအတွင်းကို ရန်သူတွေ ထိုးဖောက် ၀င်လာနိုင်တဲ့ လမ်းကြောင်းနေရာက (၂၀) လောက် ရှိနေလို့ပါပဲ။ အဲဒီ နေရာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ရှိရင်းစွဲတပ်တွေနဲ့ မလောက်တာမို့ တခြား တိုင်း/ တပ်မက တပ်တွေကိုပါ နေပြည်တော်တိုင်းလက်အောက်ထဲ ရွှေ့ခဲ့ရပါတယ်။ ဒါ့အပြင် နေပြည်တော်ထဲမှာ လတ်လျာလတ်လျား သွားနေတဲ့ အဓိက ပုဂ္ဂိုလ်တွေ၊ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ လမ်းကြောင်းတွေမှာ လုံခြုံရေး ယူထားရတဲ့ လုံခြုံရေး နေရာတွေကလည်း (၂၀) ကျော်ပါတယ်။
လုံခြုံရေးယူတယ်ဆိုလို့လည်း သိပ်လည်းအထင်မကြီးပါနဲ့။ ဝေါ်ကီတော်ကီလေး သတိထားနားထောင်၊ ဒေ၀ကြီးလာပြီဆိုရင် ပလက်ဖောင်းပေါ်တက်၊ ကားလာရင် သတိဆွဲ၊ မတ်တပ်ရပ် အလေးပြု၊ ပြီးရင် ပလက်ဖောင်းဘေးက အရိပ်ကောင်းကောင်းမှာ ပြန်နှပ်နေကြတာချည်းပါပဲ။ တခါတလေ အလေးသာပြုလိုက်ရတယ် ကားပေါ်မှာ ယာဉ်မောင်းဒရိုင်ဘာတစ်ယောက် ပဲ ပါချင်ပါတာပါ။ အဓိကပုဂ္ဂိုလ်တို့၊ အရေးကြီး ပုဂ္ဂိုလ်တို့ လမ်းကြောင်းတွေ ကတော့ ရှေ့ပြေးကားတွေ ဆိုင်ကယ်တွေနဲ့မို့ သိသာပါတယ်။ တချို့ဝန်ကြီးတွေ၊ တိုင်းမှူးတို့ကတော့ အဲလိုရှေ့ပြေးတွေမရှိတာမို့ ဖြတ်သွားတာကို မသိလိုက်၊ အလေးမပြုလိုက်မိပဲ ထိုင်ပြီး ဒူးနန့်နေလို့ အတိုင်ခံရတာတွေ ရှိပါတယ်။ ကျွန်တော်နဲ့သိတဲ့ တပ်ကြပ်တစ်ယောက်ဆို အဲလိုခဏခဏဖြစ်လို့ နောက်တစ်ခါဆို မင်းအရစ်ပြုတ်မယ်လို့ တပ်ရင်းမှူးက ကြိမ်းထားပါတယ်။ နောက်တစ်နေ့ တိုင်းမှူးလမ်းကြောင်းမှာ လုံခြုံရေး တာဝန်ကျတော့ သူ့ခမျာ ဝေါ်ကီတော်ကီကို နားနားက မခွာရဲပဲ တောက်လျှောက် နားစွင့်နေရပါတယ်။ တိုင်းမှူးလမ်းကြောင်း ဖြတ်လာပြီ လို့သူ့ရှေ့ကအဖွဲ့က သတင်းပို့တော့ ကမန်းကတန်း ပလက်ဖောင်းပေါ်တက် သတိဆွဲ၊ အသင့်အနေအထား လုပ်ထားတယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကားအတော်များများကလည်း ဖြတ်နေတဲ့အချိန်ဖြစ်နေတော့ ဘယ်ဟာက တိုင်းမှူးကား၊ ဘယ်ဟာက ရိုးရိုးကား ဆိုတာ ရွေးချိန်မရတော့ပဲ လာသမျှကားတွေထဲက တစ်စီးစီးမှာတော့ တိုင်းမှူးပါမှာပဲဆိုပြီး တောက်လျှောက် သတိဆွဲပြီး အလေးပြုထားလိုက်တာမို့ ခြေထောက် တော်တော် တောင့်သွားတယ်လို့ ညည်းဖူးပါတယ်။
လွန်လေပြီးတဲ့ နှစ်ကာလအချို့က ကျပ်ပြေး လို့ခေါ်ခေါ်နေကြတဲ့ နေပြည်တော် ဌာနေမှာ နှစ်အတော်ကြာ ကျင်လည်ခဲ့ဖူးပါတယ်။ နေပြည်တော်လို့ အလွယ်တကူ ခေါ်ဆိုကြတဲ့ နေရာဟာ ယခင်ကတည်းက ရှိပြီးသား မြို့တွေဖြစ်တဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း သုံးမြို့နယ်ကို တြိဂံပုံစံဆွဲပြီး အဲဒီသုံးမြို့နယ်ရဲ့အလည်မှာ
နေပြည်တော်စတင်ဖွဲ့စည်းစဉ်အ
နေပြည်တော်တိုင်းစစ်ဌာနချုပ
နေပြည်တော်ကို မရွှေ့ခင်လေးမှာပဲ ဦးနေ၀င်းနဲ့သူ့မြေးတွေကို နိုင်ငံတော် အာဏာသိမ်းယူဖို့ကြံစည်တယ်လိ
နေပြည်တော်တိုင်းရယ်လို့ စပြီးဖွဲ့ခဲ့တုန်းက တိုင်းစစ်ဌာနချုပ်မှာ တာဝန်ယူခဲ့တဲ့ ဦးစီးအရာရှိတွေခမျာ အတော်လေးခေါင်းစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်နယ်နိမိတ်လုံခြုံ
လုံခြုံရေးယူတယ်ဆိုလို့လည်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။