Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 18, 2012

ကျွန်တော်မှတ်မိသလောက် ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ၂၀၀၃ ခုနှစ်၊ နှစ် ကုန်ပိုင်းလောက်မှာ မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်က

by Kyaw Aye on Thursday, October 18, 2012 at 9:23am


Yan Myo Thein shared a status. October 2

ကျွန်တော်မှတ်မိသလောက် ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ၂၀၀၃ ခုနှစ်၊ နှစ်
ကုန်ပိုင်းလောက်မှာ မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်ကို စပြီးတင်သွင်းလာတဲ့ တတိယအုပ်စုပါ။ အဲဒီ
အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံနေရပါတယ်။ အဲဒီအချိန်မှာ
တိုင်းတပါးမှာရောက်နေတဲ့ မြန်မာပညာတတ်တွေ နဲ့ ပြည်တွင်းကပညာတတ်တွေဟာ တတိယ
အုပ်စုကို ပုံဖော်ဖို့ကြိုးစားလာတာနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ မြန်မာ့နိုင်ငံရေးအပြောင်း
အလဲလမ်းစဉ်ကို စတင်စိတ်ကူးယဉ်ပုံဖော်ခဲ့ကြတယ်လို့ မှတ်သားမိပါတယ်။ အဲဒီကာလ စာပေစိ
စစ်ရေးရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေအောက်မှာ အဲဒီ တတိယအုပ်စုအိမ်မက်အဖွဲ့သားတွေဟာ
သူတို့ရဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေကို သူတို့နဲ့အလွမ်းသင့်တဲ့ ဂျာနယ်၊ မီဒီယာစာမျက်
နှာတွေကနေ အများပြည်သူနဲ့ပညာတတ်တွေဆီကို ဝေမျှခဲ့ကြပါတယ်။
သူတို့ရဲ့ အယူအဆ၊ အတွေးအခေါ်တွေဟာ အဲဒီကာလအစိုးရရဲ့မူ၊ လမ်းစဉ်တွေနဲ့ တစ်စိတ်တစ်ဒေသ၊ လုံးလုံး ကိုက်ညီနေတာကြောင့်ထင်ပါတယ် အဲဒီအချိန်မှာ သူတို့ရဲ့အာဘော်၊ အယူအဆတွေကို စိစစ်ရေးက ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ အယူအဆတွေကို ချေပမယ့်၊ တန်ပြန်မယ့်၊ ဖြေရှင်းမယ့် သူတွေရဲ့စာ
တွေကတော့ စာမျက်နှာတွေပေါ် ရောက်ခွင့်မရခဲ့ပါဘူး။ သူတို့ကို တန်ပြန်ဖို့အားထုတ်တဲ့အရေးအ
သားတွေဟာ ဝှေ့ဝိုက်၊ ပုံရိပ်ပြရေးသားတာတွေနဲ့ စိစစ်ရေးကို ကျော်ဖြတ်နေရတာကြောင့် ခရီးမ
ပေါက်ခဲ့ဘူးလို့ ဆိုချင်ပါတယ်။ ကျွန်တော်ပြောတဲ့ မီဒီယာစာမျက်နှာပေါ်က တတိယအုပ်စုအိမ်မက်
ခရီးသည်တွေရဲ့ အရေးအသား၊ အပြောအဟောတွေဟာ စာမျက်နှာတွေပေါ်မှာ အချိန်မရွေးပြန်
ဖတ်နိုင်ပါတယ်။ အဲဒီအုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့၊ ဒေါ်အောင်ဆန်းစုကြည်မလိုအပ်တဲ့
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ပုံဖော်ဖို့ စနစ်တကျ လုပ်ခဲ့ကြပါတယ်။
အဲဒီအချိန်ကာလက အဲဒီအိမ်မက်ခရီးသည်တွေကို ထောက်ခံတဲ့သူတွေလည်း ရှိခဲ့သလို၊ ပူးပေါင်း
ပါဝင်သူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီကာလနိုင်ငံရေးအခင်းအကျင်းအရ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးသဘောထားတင်းမာမှုနဲ့တရားသေစွဲကိုင်မှု၊ အန်အယ်ဒီပါတီရဲ့ရှင်လျက်နဲ့သေနေ
မှုတွေကြောင့် အဲဒီပညာတတ်အကျော်ဒေးယျတွေဟာ တတိယအုပ်စုကို ပုံဖော်ခဲ့ကြတာဖြစ်တယ်လို့
လည်း ကြားလိုလို၊ ခြံစည်းရိုးခွထိုင်သလိုလို လူတစ်ချို့က ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
ရဲ့ နိုင်ငံရေးသဘောထားတင်းမာမှုနဲ့တရားသေစွဲကိုင်မှုကို အပြစ်ဖို့တဲ့ အဲဒီသူတွေဟာ မြန်မာပြည်
သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုတဖြည်းဖြည်းလျော့ကျလာနေပြီး၊ တတိယ
အင်အားစုတွေကို မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်မှာ မျှော်လင့်စောင့်စားနေကြပြီလို့လည်း ပြည်တွင်း၊
ပြည်ပအဖွဲ့အစည်းတွေကို ချပြဆွေးနွေးခဲ့ကြတယ်။ တစ်ချို့ပြောတာတော့ ရန်ပုံငွေတွေ၊ ထောက်
ပံ့ကြေးတွေရအောင် ကြိုးစားခဲ့ကြတယ်လို့လည်း သိရတယ်။ အဲဒီလူတွေ၊ အဲဒီအဖွဲ့အစည်းတွေ
ဟာ သဘောထားစစ်တမ်းတွေ၊ သုတေသနတွေလုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့၊ အတွေ့အကြုံများ
တဲ့ပညာအကျော်ဒေးယျကြီးတွေနဲ့ ဖွဲ့ထားပေမဲ့၊ သူတို့သုတေသနတွေ၊ စစ်တမ်းတွေအရ၊ ဒေါ်
အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုတဖြည်းဖြည်းကျဆင်းလာနေပြီဆိ တဲ့ကောက်ချက်မှန်၊
မမှန်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်
တိုးတက်မှုတွေက သက်သေပြုနေပြီဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီကာလတုန်းက
အဲဒီလူတွေ၊ အဲဒီအဖွဲ့အစည်းတွေဟာ မြန်မာ့ပြည်တွင်းအခြေအနေနဲ့မနီးစပ်၊ ကင်းကွာတဲ့ ဥရောပ
နဲ့စကင်ဒီနေးဗီးယမ်းနိုင်ငံတွေကို နိုင်ငံရေးမျက်လှည့်ပြပြီး၊ အထောက်အပံ့၊ ငွေကြေး၊ အကူအညီ
ရအောင်လုပ်ခဲ့ကြပုံရတယ်လို့တော့တစ်ချို့က သုံးသပ်ကြပါတယ်။
နောက်တစ်ခုက အဲဒီကာလတုန်းက စာခြောက်ရုပ်နဲ့တူနေတဲ့ အန်အယ်လ်ဒီပါတီ အရေးပါ။ တ
ကယ်တော့ အဲဒီအချိန်မှာ အန်အယ်လ်ဒီပါတီဟာ ဘက်ပေါင်းစုံကနေ ချိုးဖျက်ခံထားရပြီး၊ အတော်
ကိုချိနဲ့နေတယ်ဆိုတာ အဲဒီကာလအစိုးရမင်းတွေရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေ၊ ဘောင်တွေ၊ ဖိ
နိုပ်မှုတွေကြောင့်ဆိုတာ လမ်းဘေးက ခွေးကို ခဲနဲ့ထုပြီးမေးရင်တောင် သိနိုင်တဲ့ဖြစ်စဉ်ပါလို့ မိတ်
ဆွေတစ်ယောက်က ထောက်ပြပါတယ်။ အဲဒီအချိန်မှာ ပြည်တွင်းနိုင်ငံရေးပါတီတွေထဲမှာ အားအ
ကောင်းဆုံးနဲ့လူထုထောက်ခံမှု မှတ်ကျောက်တင်ခံထားရတဲ့ အန်အယ်လ်ဒီပါတီကို သုံးလို့မရတဲ့
စာခြောက်ရုပ်အသွင်လုပ်ပြီး၊ သူတို့တတွေ၊ သူတို့အဖွဲ့အစည်းတွေ တတိယအုပ်စုအဖြစ် လုပ်ပြ
မယ်ဆိုပြီး၊ နိုင်ငံတကာက အကူအညီတွေတောင်းကတာကိုတော့ လိပ်ပြာမသန့်တဲ့သူတွေက သိ
နေမှာပါလို့ သုံးသပ်ကြပါတယ်။ အဲဒီတတိယအုပ်စုနဲ့ဒေါ်အောင်ဆန်းစုကြည်မပါတဲ့နိုင်ငံရေးအခင်း
အကျင်းထူထောင်ရေးအိမ်မက်မက်သူတွေထဲမှာ ရိုးသားတဲ့သူတွေ၊ ငွေကြေးအကျိုးအမြတ်မရဘဲ
ကိုယ့်အိတ်ထဲကစိုက်လုပ်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ အဲဒီလူတွေကတော့ လိပ်ပြာသန့်
သူတွေပါ။

ကျွန်တော်အဓိက ပြောချင်တာကတော့ အဲဒီ တတိယအုပ်စု နဲ့ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့နိုင်င
ရေးဖြစ်စဉ်ကို ပုံဖော်မယ့်သူတွေဟာ ကနေ့အထိ သွက်သွက်လက်လက် ထက်ထက်မြက်မြက် အ
လုပ်လုပ်နေကြသေးတယ်ဆိုတာကို မျိုးဆက်သစ်လူငယ်တွေ သတိပြုဖို့လိုပါတယ်။ အစိုးရနဲ့နီးစပ်
တဲ့အသိုင်းအ၀ိုင်းမှာရော၊ အတိုက်အခံအုပ်စုတွေထဲမှာရော၊ အတိုက်အခံနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာရော၊ သတင်းမီဒီယာလောကထဲမှာရော၊ လူမှုအဖွဲ့အစည်းတွေထဲမှာရော၊ အန်ဂျီအိုတွေထဲမှာ
ရော၊ အသွင်အမျိုးမျိုးနဲ့ ရပ်တည်အလုပ်လုပ်နေကြပါတယ်။ တစ်ချို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်
ကို အခုမှ သိပ်လေးစားပြ၊ ချစ်ပြနေတာကို တွေ့ရတော့ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးလောက်က သူတို့
ပြောခဲ့၊ ဆွေးနွေးခဲ့တဲ့ စကားတွေပြန်ကြားယောင်ပြီး၊ အော့နှလုံးနာမိတယ်လို့ မိတ်ဆွေတစ်ဦးက
ဆိုပါတယ်။ အဲဒီလူတွေဟာ အလွန်ဟန်ဆောင်ကောင်းတဲ့၊ ဟိတ်ဟန်ကောင်းတဲ့ ပညာတတ်အရေ
ခြုံ နိုင်ငံရေးဝံပုလွေတွေဖြစ်တဲ့အတွက်၊ နိုင်ငံရေးအရ ကောက်ကျစ်စဉ်းလဲမှုတွေကို ဘယ်လိုနည်း
နဲ့ဖြစ်ဖြစ်လုပ်ဖို့ ၀န်လေးမှာမဟုတ်ဘူးလို့လည်း မိတ်ဆွေတစ်ယောက်က ထောက်ပြပါတယ်။
နောက်အဲဒီလူတွေဟာ သူတို့ရဲ့ မဟာရည်မှန်းချက်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မပါသော
နိုင်ငံရေးဖြစ်စဉ်တည်ဆောက်ရေးကို အားသွန်ခွန်စိုက် ဆက်ပုံဖော်နေကြတာကိုလည်း မျိုးဆက်
သစ်လူငယ်တွေက သတိရှိရှိသိမြင်ကြဖို့လိုတယ်လို့ ဝေမျှချင်ပါတယ်။
နိုင်ငံရေးဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်ပါတယ်။ အဲဒီနိုင်ငံရေးမျက်လှည့်တွေ၊
လှည့်ကွက်တွေထဲမှာ ရိုးသားတဲ့မျိုးဆက်သစ်လူငယ်တွေဟာ ချောင်ပိတ်မမိဖို့လိုတယ်လို့ထင်
ပါတယ်။ မျိုးဆက်သစ်တွေဟာ စာများများဖတ်ဖို့လိုသလို၊ ကိုယ့်ထက်သိမီလိုက်တဲ့သူတွေဆီက
နာယူဖို့လည်းလိုမယ်ထင်ပါတယ်။ အဲဒီလို အဖက်ဖက်က ပြည့်ဝနေမှသာ ကိုယ်ပိုင်စဉ်းစားတွေး
ခေါ်နိုင်စွမ်းကို မြင့်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီပါတီအပေါ် အလိုမကျတာတွေ၊ အားမရတာတွေ၊ နားမလည်တာတွေ စတဲ့စတဲ့ အရေးတွေအများကြီး ရှိနေသလို၊ အလျဉ်းသင့်ရင်
သင့်သလို၊ စာမျက်နှာတွေပေါ်မှာ ရေးသားဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်း
စုကြည်နဲ့အန်အယ်လ်ဒီပါတီကို ဝေဖန်ရပါမယ်။ ပြောရပါမယ်။ နည်းလမ်းတကျ၊ အဆင့်အတန်းရှိရှိ
ထောက်ပြရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနစ်ဆယ်ကျော်ကတည်းက ဒေါ်
အောင်ဆန်းစုကြည်မပါတဲ့မြန်မာ့နိုင်ငံရေးအပြောင်းအလဲဆိုတဲ့အယူအဆနဲ့တတိယအုပ်စုအိမ်မက်
ကို လုံးဝလက်မခံနိုင်ပါ။ မြန်မာပြည်သူလူထုနဲ့တိုင်းပြည်အတွက် အကျိုးမဖြစ်နိုင်သော၊ အဆိုးဖြစ်
နိုင်သောလမ်းကြောင်းအဖြစ် ဆန့်ကျင်ခဲ့၊ ဆန့်ကျင်လျက်ပါ။

မျိုးဆက်သစ်များအပါအ၀င် မြန်မာပညာတတ်တွေနားလည်ရမှာက အတိတ်ကဖြစ်စဉ်တွေ၊ အဲဒီ
ဖြစ်စဉ်တွေရဲ့ဇာတ်ကောင်တွေ၊ အဲဒီဇာတ်ကောင်တွေအခုဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်
ဘာလုပ်ဖို့ကြံနေတယ် စတဲ့အချက်တွေဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်း
စုကြည်ကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ရင်၊ ဘာလုပ်လုပ် သူမကို အခက်တွေ့
စေမယ့်၊ သူမအပေါ် မယုံကြည်တဲ့သဘောသက်ရောက်စေမယ့် အပြောအဆို၊ အပြုအမူတွေကို
သတိရှိရှိ ထိန်းသိမ်းရှောင်ကြဉ်ကြရပါမယ်။ ဟုတ်ပြီ။ ကျွန်တော်တို့မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်
အောင်ဆန်းစုကြည်ကို မယုံရင်၊ မထောက်ခံရင်လည်း ရတယ်။ အဲဒါဆို ဘယ်သူ့ကို ယုံကြည်၊
ထောက်ခံမလဲ။ ဘယ်သူ့ကိုမှ မယုံ၊ မထောက်ခံတာလည်း အနည်းစုရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်
အောင်ဆန်းစုကြည်မှတစ်ပါး၊ အခြားခေါင်းဆောင်မရှိတဲ့၊ မြန်မာပြည်သူလူထုကြီးကလည်း ဒေါ်
အောင်ဆန်းစုကြည်အပေါ် အပြည့်အ၀ထောက်ခံနေတဲ့ အချိန်မှာ အနှီပညာဒေးယျအကျော်အ
မော်တို့သည် ဒေါ်အောင်ဆန်းစုကြည်မပါသောနိုင်ငံရေးအပြောင်းအလဲအတွက် ရသရွေ့လုပ်နေ
ကြသည်ကို မြင်ရ၊ တွေ့ရသောအခါ ၀မ်းနည်းမိသည်။
လက်ရှိအခြေအနေအထိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲခရီးပေါက်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစု
ကြည်နှင့်သမတဦးသိန်းစိန်အစိုးရအဖွဲ့အကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအားထုတ်မှု
များကြောင့်ဖြစ်သည်ကို အားလုံးလက်ခံကြသည်။ သို့သော် သမတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်း
စုကြည်တွေ့ဆုံမှုများ၏ရလဒ်များကို အများပြည်သူသိခွင့်မရခဲ့သည့်အပေါ် အားမလိုအားမရဖြစ်ခဲ့
သည့်အထဲတွင် ကျွန်တော်လည်းပါသည်။ သို့သော် အဆိုပါတွေ့ဆုံမှုများ၏ရလဒ်သည် တဖြည်း
ဖြည်းမြင်လာနေရပြီဖြစ်သည်။
ထိုအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲရောက်ပြီး၊ အစိုးရနဲ့တစ်စိတ်တစ်
ဝမ်းတည်းဖြစ်ကာ၊ အခြားအရေးများကို အလေးမထားတော့သယောင်၊ အခုရရှိနေတဲ့အခြေအနေ
ကိုပဲသာယာနေသယောင်၊ မှန်းဆချက်များနဲ့ ကိုယ့်အရေးကို ကိုယ်တိုင်လုပ်မှရမယ့်ပုံပေါ်စေမည့်
တွန်းအားပေးမှု၊ လှုံဆော်မှုများနှင့်အတူ ပြည်တွင်းနိုင်ငံရေးဒီရေမြင့်တက်အောင်လုပ်ဆောင်မှုများ
ကိုတွေ့လာနေရသည်။ ထိုကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးသွားရောက်နေချိန်
ဖြစ်သည်။ ထိုလှုပ်ရှားမှုများတွင် ရိုးရိုးသားသား စိတ်ရင်းအမှန်နှင့်ပါဝင်ဦးဆောင်ခဲ့သူများသည် အများစုဖြစ်လိမ့်မည်။ သို့သော် ထိုသူများကို နောက်ကွယ်က မရိုးသားသော၊ စိတ်ရင်းမမှန်သော၊
ဒေါ်အောင်ဆန်းစုကြည်မပါသောနိုင်ငံရေးအပြောင်းအလဲကို ပုံဖော်လိုသော ပညာတတ်အရေခြုံ
ဝံပုလွေတစ်ချို့က လက်မည်းများနဲ့ အကွက်ရွေ့ခဲ့ပုံရသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။
စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာများကလည်း ပူးကပ်ပါဝင်လာသောအခါ၊ ပြည်တွင်းနိုင်ငံရေးအ
ခြေအနေကို ပိုမိုရှုပ်ထွေးအောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုအခက်တွေ့အောင်၊ ကြားက ခ
လောက်ဆန်နေသည့်အသွင်ဆောင်သည်ဟုလည်း မြင်သည့်သူက မြင်နေကြသည်။

အချုပ်ဆိုသော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီပါတီမှာ အားနည်းချက်တွေ၊ လိုအပ်ချက်
တွေ များစွာရှိနေနိုင်တာမှန်ကန်တဲ့နည်းတူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ခေါင်းဆောင်အဖြစ်
လှည်းနေလှေအောင်းမြင်းစောင်းမကျန် အသိအမှတ်ပြုတာ၊ ထောက်ခံတာတွေ့နေမြင်နေရတဲ့အ
ချိန်မှာ အန်ဂျီအိုခေါင်းဆောင်တစ်ချို့၊ ပညာတတ်အချို့နဲ့နိုင်ငံရေးသမားအချို့ရဲ့ နိုင်ငံရေးမျက်
လှည့်ပြကွက်ထဲမှာ ရေစုန်မမြောဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခိုင်ခိုင်မာမာ
လိုက်ပါဖို့ပဲရှိတယ်လို့ မျိုးဆက်သစ်လူငယ်တွေကို စကားပါးလိုပါတယ်။ နောက်ပိုင်းအချိန်ရတဲ့အခါ
ဆက်ဆွေးနွေးပါဦးမယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။