လူတိုင်း အိပ်မက်ကိုယ်စီရှိပါတယ်…
“ဒါဆို အကောင်အထည်ဖေါ်တော့လေ”လို့ ပြောရင် အကြောင်းအမျိုးမျိုးတွေ ထွက်လာပါလိမ့်မယ်…
အရင်းစစ်လိုက်လို့ ဘာ့ကြောင့် မလုပ်ဖြစ်လဲဆိုရင် ကြောက်စိတ် ၆ ချက်ကြောင့် ဖြစ်ပါတယ်…
ဒီ ၆ ချက်ကို ကျော်လွှားနိုင်လာရင် ကျွန်တော်တို့ အိပ်မက်တွေ တဖြည်းဖြည်းပုံပေါ်လာကြမှာပါ…
ကဲ…ကြည့်ရအောင်…
၁။ ပြောင်းလဲရမှာ ကြောက်တယ်
အိပ်မက်တွေ အကောင်အထည်ဖေါ်ရမှာ အရင်ဆုံးဖြစ်ကြတာက ကြောက်တဲ့အဆင့်ပါ။ငါ လုပ်သင့်ရဲ့လား… မလုပ်သင့်ဘူးလား… လုပ်ရင် ဘာဖြစ်မှာလဲ…
ဒီအတိုင်းလည်း နေရင်ရသားပဲ… ငါ မလုပ်ပဲ နေလည်း ဖြစ်နေတာပဲ… ဆိုတဲ့ နှစ်သိမ့်စကားတွေနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး အိမ်မှာ ရုပ်ရှင်ကြည့်လိုက်၊ ဖုန်းသုံးလိုက်နဲ့… အချိန်ကုန်နေတတ်ပါတယ်။
သူများတွေ လုပ်တာတွေ့ရင် အားကျလိုက်၊ ကိုယ့်ကိုယ်ကို မချိတင်ကဲဖြစ်လိုက်… ငါသူ့ထက်အရင် ဒီအတွေးရပြီးသား၊ အခုတော့ သူလုပ်သွားပြီ… နောက်တခုကြံဦးမှပဲ…ဆိုပြီး နေမြဲလေးအတိုင်း ပြန်နေလိုက်ပါတယ်။ နှစ်ကုန်ပြီဆိုရင်လည်း Happy New Year!!! ကို အိပ်ရေးပျက်ခံအော်ပြီး နောက်နှစ်မှာတော့ ငါ ဘာဖြစ်အောင် လုပ်မယ်၊ ဝိတ်ချမယ်၊ ဘာတွေတော့ ဖတ်မယ်ဆိုပြီး … ဆုံးဖြတ်ချက်ချပါတယ်။
February လလောက် ရောက်လာပြီဆိုရင် ပြန်လည် အားပျော့သွားပြီး နဂိုအခြေအနေပဲ ပြန်ရောက်သွားပါတယ်။
ကျွန်တော်တို့ ပြောင်းလဲရမှာ၊ အကောင်အထည်ဖေါ်ရမှာကို ကြောက်နေလို့ပါ။
၂။ စွန့်စားရမှာ ကြောက်တယ်
နောက် အဆင့်တခုကတော့ မစွန့်စားရဲတာပါ။ဒီအိပ်မက်ကို စဖို့၊ လုပ်ဖို့က စွန့်လွှတ်ရမှာတွေများတယ်… လက်ရှိအလုပ်ကိုလည်း စွန့်ရင်စွန့်ရမယ်… လစဉ်ပုံမှန်ဝင်ငွေလည်း အခုလိုရချင်မှရတော့မယ်… ငါ့ကိုမှီခိုနေရတဲ့ လူတွေကလည်း ရှိသေးတယ်… ငဲ့ကွက်စရာတွေကလည်း များတယ်… အို…မစွန့်စားတော့ပါဘူး… ဒီအတိုင်းနေလိုက်တာကောင်းပါတယ်…
ကျွန်တော်တို့ရဲ့ မလုပ်ချင်တဲ့ ဦးနှောက်က သူမလုပ်ချင်ကြောင်းကို များစွာသော အကြောင်းပြချက်တွေရှာပြီး ပေးလိုက်တာပါ။ ကျွန်တော်တို့လည်း အကြောင်းပြချက် ကောင်းကောင်းရသွားပြီး အင်းလေ…ဒီလို စွန့်စားရမှာတွေကြောင့် ငါမလုပ်တာပါ… မဟုတ်ရင် လုပ်ပြီးနေပြီ…
ဆိုကြပါစို့… အိမ်က သမီးလေးက မူကြိုမသွားချင်လို့ အကြောင်းတွေ အမျိုးမျိုးပြပြီး… ကျောင်းမှာက စာတွေလုပ်ရတယ်၊ သူငယ်ချင်းတွေကလည်း အနိုင်ကျင့်နိုင်တယ်… နေရာက သိပ်မသန့်တော့ သမီးက ယားနာတွေ ပေါက်လိမ့်မယ်… စတဲ့ အကြောင်းအမျိုးမျိုးတွေ ပြပြီး ပြောနေရင် ကိုယ်က အေးအေး…ဒါဆိုလည်း မသွားနဲ့တော့ အိမ်မှာပဲ
နေလို့ ပြောမလား… ဒါမှမဟုတ်.. ဒါတွေ အဆင်ပြေအောင် လုပ်ပေးပြီး ကျောင်းဆက်သွားခိုင်းမလား။ ကလေးကိုတော့ ဒီလို ပြောတတ်တယ် ဆိုရင် ကိုယ့်ဘာသာကို ပြထားတဲ့ အကြောင်းပြချက်တွေကိုရော ဘာလုပ်ကြရင် ကောင်းမလဲ…
၃။ လုပ်ရမယ့် အလုပ်တွေကို ကြောက်တယ်
နောက်တခုကတော့ လုပ်ရမယ့်အလုပ် တပုံတပင်ကို လန့်တာပါ။ ဒီလို အလုပ်တွေ အများကြီး လုပ်ရမှာ၊ စာတွေ အများကြီး ဖတ်ရမှာ၊ လူတွေနဲ့ အများကြီး ပြောဆိုဆက်ဆံရမှာ၊ အရင်လို အပျင်းထူလို့ မရတော့မှာကို တွေးလန့်ပြီး မလုပ်ကြတာပါ။ဟုတ်ပါတယ်… ဒီအလုပ်တွေဟာ ပြောသလောက်လွယ်ပေမယ့်… လုပ်သလောက် တော့ မလွယ်ဘူးဆိုတာ အားလုံးနားလည်ကြပါတယ်။
ဝိတ်ချချင်တာများ… အစားလေး ရှောင်လိုက်ပြီးတာပဲ။ ဘယ်သူ ကြာကြာ လုပ်နိုင်ပါသလဲ။
အောင်မြင်ချင်တာများ… ဇွဲ၊ လုံ့လ၊ ဝီရိယ နဲ့ ပညာဥာဏ်လေးသား ထည့်လိုက် ရတာပဲ။ ဘယ်သူ ကြာကြာ လုပ်နိုင်ပါသလဲ။
ချမ်းသာချင်တာများ… စာများများဖတ်၊ အတွေ့အကြုံများများယူ၊ စွန့်စားပြီး လုပ်။ ဘယ်သူ ကြာကြာ လုပ်နိုင်ပါသလဲ။
ဒီမှာ အရေးကြီးဆုံးက “ကြာကြာ” ဆိုတဲ့ စကားပါ။
ကျွန်တော်တို့တွေက အလုပ်တခုကို လုပ်လိုက်လို့ လွယ်ရင် လုပ်ကြပါရဲ့၊ နည်းနည်းလေး ခက်လာပြီဆိုရင်
ဆက်လုပ်ကြဖို့ အင်မတန် စိုးရွံ့ကြပါတယ်။ အလုပ်တခုကို စွဲစွဲမြဲမြဲနဲ့ ကြာကြာ လုပ်နိုင်ဖို့ လိုပါတယ်။
ဂိမ်းကစားတဲ့ သူတွေ သိမှာပါ။ လွယ်တဲ့ အပိုင်းဆို ကြာကြာ ဆော့ချင်ကြပြီး၊ တဖြည်းဖြည်း ခက်လာပြီဆိုရင်တော့ ဒီ ဂိမ်းက မကောင်းဘူး၊ ခက်တယ်၊ ပျင်းဖို့ ကောင်းတယ် ယူဆပြီး အရင် ဂိမ်းကို ပြန်ဖျက်၊ နောက်ထပ် ဂိမ်းအသစ်သွင်းပြီး ထပ်ဆော့ပါတယ်။ တခုခုကို စွဲမြဲအောင် ကြာကြာ မလုပ်နိုင်ခြင်းရဲ့ သက်သေပါ။
အောင်မြင်တဲ့ အလုပ်တခုကို လုပ်ဖို့အတွက် လုပ်ရတဲ့၊ ပျိုးထောင်ရတဲ့ အလုပ်ဟာ ခက်ခဲပါတယ်။
ဒါကို သတိရပြီး ဖြတ်ကျော်လာနိုင်ရင် ကျွန်တော်တို့ အိပ်မက်တွေနဲ့ တစတစ နီးကပ်လာမှာပါ။
၎။ ထင်သလို ဖြစ်မလာမှာ ကြောက်တယ်
အဲ… ဒီ တခုကတော့ နည်းနည်း ဆန်းမယ်ဗျ။ လူတိုင်း အမှုအမှတ်မဲ့ ဖြစ်နေကြတဲ့ အချက်ကလေးပါ။အချို့လူတွေက သူတို့ အိပ်မက်တွေ ဖြစ်လာမှာ ကြောက်တယ်ဗျာ။ ဖြစ်လာမယ့် လက်တွေ့ဟာ စိတ်ကူးထဲမှာလို သာယာပျော်ရွှင်ဖွယ် ဖြစ်မှာ မဟုတ်ဘူးလို့ စိုးရိမ်ပြီး လုပ်ဖို့ကို တွန့်နေကြတာပါ။ ငါလုပ်လို့တော့ ရပါရဲ့… ဒါပေမယ့် ငါတွေးထားသလို ဖြစ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ… အရင်လို နေလိုက်တာပဲ ကောင်းပါတယ် ဆိုပြီး နေမြဲတိုင်း ဆက်နေဖြစ်တာ များပါတယ်။ ကိုယ်ထမသွားရင် ကိုယ့်ဖျာလေး သူများ မယူဘူးပေါ့ဗျာ… ဟုတ်တယ်မလား။
ဒီ နေရာကို ရဖို့ ဒီလောက် ကြိုးစားထားရတာ… အိပ်မက်က တကယ်ဖြစ်မလာရင် စွန့်စားခဲ့ရတာတွေလည်း သေထဲရေသွန်ဖြစ်မယ်… လက်ရှိနေရာလဲ ပျောက်မယ်… မလွယ်ပါဘူး… မလုပ်တော့ပါဘူး။ ဒီလို တွေးပြီး မလုပ်ကြတဲ့ သူတွေလည်း ဒုနဲ့ ဒေးပါပဲ။
မိတ်ဆွေက ဒီလို တွေးတတ်တဲ့ သူဆိုရင် ဒီအတိုင်းလေး နေပြီး ဆက်သွားရင်ရော နောင်အနာဂတ်ဟာ မိတ်ဆွေ စိတ်ကူးထားသလို ဖြစ်လာပါ့မယ်လို့ အာမခံပါသလား။ အနာဂတ်ကို ကျွန်တော်တို့ မမြင်နိုင်ပါဘူး… လက်ရှိရနေတဲ့ အချိန်လေး အတွင်းမှာ ရင်ထဲမှာ စိတ်ကူးထားတဲ့ အနာဂတ်ကို အားထုတ်ပြီး တည်ဆောက်ခဲ့ရင်… နောင်မှာ ကိုယ့်စိတ်ထဲကအတိုင်း ဖြစ်လာဖို့ ပိုဖြစ်နိုင်ချေများပါ လိမ့်မယ်။
ကျွန်တော့် ဆရာ Jim Rohn ကတော့ နေရာတိုင်းမှာ စွန့်စားရတာ ပါတယ်။ မစွန့်စားဘဲနဲ့ အောင်မြင်လာတဲ့ သူ မရှိဘူး။ အေး.. မစွန့်စားချင်ရင်တော့ ဟိုဒေါင့်မှာ ခွေခွေလေး သွားလှဲနေ… ရေတိုက်မယ်၊ ထမင်းကျွေးထားမယ်… ဒီ့ထက်တော့ ဘာမှ မရဘူး လို့တောင် မိန့်ခဲ့ပါတယ်။
၅။ ကိုယ်အရည်အချင်းမရှိမှာ ကြောက်တယ်
ဒါကတော့ လူအတော်များများဖြစ်တဲ့ အဆင့်ပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေကြပါတယ်။ငါလုပ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို အကြိမ် တသိန်းလောက် ဆက်တိုက်မေးနေလေ့ရှိပါတယ်။ အဖြေကလည်း မျှော်လင့်ထားတဲ့အတိုင်း ငါ လုပ်နိုင်မှာ မဟုတ်ဘူးပဲ ဖြစ်ပါတယ် ခင်ဗျာ။ မထူးဆန်းပါဘူး။
ဒီအဖြေကို ရချင်နေလို့ ဒီအမေးပဲမေးနေကြတာပဲ ဟာ။ ရူပဗေဒ အယူအဆ ပညာရှင်ကြီး အိုင်းစတိုင်းကတော့ လုပ်နေကျ အလုပ်တွေကို ထပ်တလဲလဲ လုပ်နေပြီး မတူညီတဲ့ ရလာဒ်လိုချင်နေတာဟာ ရူးနေလို့ပဲကွ လို့တောင် ပြောခဲ့ဖူးပါတယ်။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးဘူးဆိုရင် ငါလုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကြီးပဲ မေးနေမယ့်အစား ငါ ဘာလို့ မလုပ်နိုင်ရတာလဲ လို့ ပြောင်းမေးကြည့်စမ်းပါ။ ဘယ်လောက်များ ပြောင်းလဲ သွားမလဲ။ သူများတွေတော့ လုပ်နိုင်ပြီး ငါ့ကျမှ ဘာလို့ မလုပ်နိုင်ရမှာလဲ။
မွေးကတည်းက ခြေလက် နှစ်ဖက်လုံး ပါမလာခဲ့တဲ့ Nick Vujicic ဟာ ကမ္ဘာ့နာမည်အကြီးဆုံး စိတ်ဓာတ်မြင့်တင်သူ ပုဂ္ဂိုလ်တွေထဲက တဦးဖြစ်လာခဲ့တယ်။
ငယ်စဉ်က ခြေသလုံးအိမ်တိုင် ကားပေါ်မှာ ကြီးပြင်းခဲ့ရတဲ့ Jim Carrey ဟာ နာမည်ကြီး The Mask ရုပ်ရှင်ရဲ့ ခေါင်းဆောင် မင်းသားကြီး ဖြစ်လာခဲ့တယ်။
ဘယ်သူမှ ခေါ်မရိုက်ကြလို့ ပန်းခြံခုံတန်းလျားတွေပေါ်အိပ်ပြီး အငတ်ငတ်အပြတ်ပြတ် ဖြတ်သန်းခဲ့ရတဲ့ Daniel Craig ဟာ ကမ္ဘာကျော် James Bond မင်းသားကြီးဖြစ်လာခဲ့တယ်။
အသက်များစွာကြီးရင့်တော့မှ သူများတွေ ကဲ့ရဲ့မှုကို မမှုဘဲ ပညာကို ကြိုးစားသင်ယူခဲ့တဲ့ ဦးကျည်ပွေ့ဟာ ဘုရင့်ရဲ့ အတိုင်ပင်ခံ ဆရာဖြစ်လာခဲ့တယ်။
ငယ်စဉ်က အဖေလည်း သေ၊ စိတ်ဝေဒနာသည် မိခင်ကိုလည်း ဆေးရုံမှာ ထားရတဲ့အတွက် မိဘအုပ်ထိန်းမှုမရှိ ခြေသလုံးအိမ်တိုင် ကြီးပြင်းခဲ့ရတဲ့ ချာလီချက်ပလင် (Charlie Chaplin) ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ဟာသ သရုပ်ဆောင်ဖြစ်လာခဲ့တယ်။
ကဲ… မိတ်ဆွေရဲ့ အကြောင်းပြချက်ကရော ဘာလဲဗျာ…?
ဗျာ… သူတို့က နာမည်ကြီးတွေ၊ ကမ္ဘာကျော်တွေမို့လို့ ?
သူတို့ ကြိုးစားနေတုံး၊ ဆင်းရဲနေတုံးမှာ တွေ့ခဲ့ရင်ရော ကျွန်တော်တို့ ဒီလို ပြောခဲ့ မှာပဲလား?
၆။ သူများတွေ လက်မခံမှာကြောက်တယ်
နောက်ဆုံး မလုပ်ရခြင်း အကြောင်းကတော့ သူများတွေ ဝိုင်းပယ်ကြလို့ပါ။ ကိုယ့်ရဲ့ မိဘ က စလို့၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေပါ မကျန် ကိုယ့် အိမ်မက်ကို ဝိုင်းပြီးငြင်းပယ်ခံရတဲ့အတွက် မလုပ်ဖြစ်ကြပါဘူး။အော်… စာအုပ်ရေ သန်း ၅၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ ကမ္ဘာကျော် Harry Porter ဝထ္တုကို ရေးခဲ့တဲ့ စာရေးဆရာမကို သိတယ်မဟုတ်လား… J. K. Rowling လေ…
သူဆိုရင်တော့ မပြောပါနဲ့တော့… နာမည်ကြီး ပုံနှိပ်ထုတ်ဝေရေး Company ပေါင်း ၁၂ ခု ကို တင်ခဲ့တာ ၁၂ ခုလုံးက ငြင်းပယ်ခြင်းကို ခံရပါတယ်…
Life Of Pie ရုပ်ရှင်ကားနဲ့ Oscar ဆုရခဲ့တဲ့ ဒါရိုက်တာ Ann Lee ရဲ့ ဘဝကိုရော ကြည့်ဦးမလား… အိပ်မက်အတွက် ကြိုးစားရင်း အဖေက စိတ်ဆိုးပြီး အခေါ်အပြော မလုပ်၊ အလုပ်အကိုင်က မရ၊ အမျိုးသမီးရဲ့ လုပ်စာကို မှီခိုပြီး၊ အိမ်မှုကိစ္စနဲ့ ကလေးထိန်း အလုပ်လုပ်ရင်း ၆ နှစ်ကျော်ကြာ သူ့ရဲ့ အိပ်မက်အတွက် ကြိုးစားခဲ့ရပါတယ်။
ဒီလို ဒီလို အဖြစ်အပျက်တွေ အများကြီးပါ။
တခါတလေ တော့ တွေးမိပါတယ်။ ခက်ခဲပင်ပန်းတဲ့ အချိန်တွေ မကျော်ဖြတ်ဘဲ အောင်မြင်တဲ့သူဆိုတာရော ရှိသေးရဲ့လားလို့ပါ။ အသာလေး ရလို့ကတော့ လူတိုင်း အောင်မြင်နေကြမှာပေါ့ဗျာ… ခက်ခဲလို့ကို လူတိုင်း မရနိုင်တာပါ။
ကျွန်တော်သိတယ်… မိတ်ဆွေရဲ့ စိတ်ထဲမှာ မိတ်ဆွေရဲ့ အိပ်မက်ဟာ တနည်းတဖုံ ဖြစ်နိုင်တဲ့ ဆိုတဲ့ အသိလေး ရှိနေတယ်။
ဒါ့ကြောင့် ဒီစာကို စိတ်လိုလက်ရ ဖတ်မိနေတာပါ။
ဒီလို အိပ်မက် အကောင်အထည်ဖေါ်ချင်နေပြီဆိုရင် တခု မေးပါရစေ။
မိတ်ဆွေရဲ့ အိပ်မက်ကို ရက် ၃၀ အတွင်း စဖြစ်အောင်… ကျွန်တော် ကူညီပေးနိုင်တယ်ဆိုရင်… စိတ်ဝင်စားမလား။
အထက်က အချက်တွေကို ပြန်ကြည့်ကြည့်ပါ။ ကျွန်တော်တို့ အဓိက လိုအပ်တာ ငွေအရင်းအနှီးထက် စိတ်ဓာတ်အင်အားနဲ့ စွဲမြဲစွာ လုပ်နိုင်ဖို့က ပိုအရေးပါတာ တွေ့ရပါလိမ့်မယ်။
ဒီလို စွဲမြဲစွာ လုပ်ဖြစ်ဖို့၊ စိတ်ဓာတ်အင်အား ကြံ့ခိုင်ဖို့အတွက် ကျွန်တော် သင်ကြားပေးပါရစေ။
လက်ရှိထက် အိပ်မက်ကို အရှိန်အဟုန်မြင့် စတင် ဖေါ်ဆောင်ချင်နေပြီ၊ လက်ရှိဘဝထက် မြင့်မားတဲ့ အခြေအနေတခုကို ရောက်ချင်တဲ့ ဆန္ဒတွေ ပြင်းပြနေပြီဆိုရင်တော့ ကျွန်တော် အထူးသင်ကြား ပြသပေးနေတဲ့ Dream Achiever သင်တန်းကို တက်ရောက်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
သင်တန်းက အာမခံချက် အပြည့်ရှိပါတယ်။ သင်တန်းတက်ပြီးလို့ ရက် ၃၀ အတွင်း အိပ်မက် မစတင်ဖြစ်ရင်ပဲဖြစ်ဖြစ်… သင်တန်းက အကျိုးမရှိဘူးလို့ ယူဆရင်ပဲဖြစ်ဖြစ်…သင်တန်းကြေး အားလုံးကို ပြန်ထုတ်ပေးမှာပါ… ဘာမှ အနှောင်အဖွဲ့၊ အရှုပ်အရှင်း မပါပါဘူး။
တကယ် တိုးတက်ချင်သူများကိုသာ ကူညီတဲ့အတွက်… မိတ်ဆွေဘက်ကလည်း တကယ်ကြိုးစား လုပ်ဆောင်ပါ့မယ်လို့ အာမခံပါ။ ဘယ်လို လုပ်ရမယ်ဆိုတာတော့ ကျွန်တော့် တာဝန် ထားလိုက်ပါ။
တဆင့်ခြင်းကို အသေးစိတ်ကနေ… ရေရှည် ဖြတ်သန်းသွားနိုင်တဲ့အထိ သင်ကြားပေးပါ့မယ်။
စိတ်ဝင်စားခဲ့ရင် အောက်က LINK ကို နှိပ်ပြီး ကျွန်တော်တို့ အိပ်မက်ဖော်ဆောင်နေကြသူများ ကလပ်ကို Join ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။ ဒီ Link မှာ မိတ်ဆွေလို အိပ်မက်ကို ဖော်ဆောင်ချင်လို့ သင်တန်းကို တက်ရောက်ခဲ့သူတွေရဲ့ အားကျစရာ စကားလေးတွေကိုပါ တွေ့ရမှာပါ။
http://successupsize.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။