မင်း ဒင်
ဘာတွေကိုတောင်းဆိုကြတာလဲ။ ။
လက်ရှိအစိုးရညံ့တယ်။မကောင်းဘူး။အရည်အချင်းမပြည့်ဘူး။ဟုတ်ပြီ။
ကြံ့ဖွတ်ဆိုတဲ့စစ်တပ်နောက်ခံပါတီကိုအစိုးရအဖြစ်ပြန်ပြီးတင်မြှောက်ကြ
မလား။လက်ရှိလူထုတင်မြှောက်ထားတဲ့အစိုးရထက်ကောင်းတဲ့ပါတီရှိ
သလား။
သူခိုး၁၀%နဲ့သူခိုး ၉၉%ဘယ်လိုအစိုးရမျိုးကိုရွေးကြမလဲ။
(၂)နှစ်အတွင်းအားမလိုအားမရဖြစ်နေတဲ့သူများရွေးကြပါ။
လက်ရှိအာဏာရပါတီထက်ကောင်းတဲ့ပါတီ၊တိုင်းပြည်အတွက်
မျှော်လင့်ချက်ကောင်းပေးနိုင်တဲ့အခြားပါတီရှိသလား။
ဒီအစိုးရက ခင်ဗျားတို့မကြိုက်တာကိုထောက်ပြနိုင်ခွင့်ရှိတယ်။
ပြင်ဆင်မဲ့အခွင့်အလမ်းရှိတယ်။ပြင်ဆင်နိုင်ဖို့မျှော်လင့်ချက်ရှိတယ်။
ဝိုင်းဝန်းပြင်ဆင်ထောက်ပြရင်း၊ရှေ့ခရီးဆက်ကြမလား။
သူခိုးတွေကိုပြန်ပြီးအဖေခေါ်ကြမလား။
မဲမဲမြင်ပစ်သတ်ခံရတဲ့ဘဝကိုလွမ်းကြသလား။
ဒီအခြေအနေမျိုးရောက်အောင်၊အသက်သွေးချွေးတွေပေးဆပ်ခဲ့ရ
တာကိုသတိရကြပါ။
သူခိုးအုပ်စုညာသံပေးတာကို သံယောင်မလိုက်ကြပါနဲ့။
သူခိုးတွေပြန်တက်လာရင်ဖွတ်သထက်ညစ်မယ်။
ဘာတွေကိုတောင်းဆိုနေကြတာလဲ။ဆီမဆွတ်တာကို
အရသာတွေ့နေကြသလား။
ကျုပ်က အညာသားမို့ပြောင်ပြောင်ပဲပြောတတ်တယ်။ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။