Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 4, 2017

"နိစ္စဓူဝ အလုပ်တွေမှာ ပိတ်မိနေတဲ့ လုပ်ငန်းရှင်များအတွက်"

"နိစ္စဓူဝ အလုပ်တွေမှာ ပိတ်မိနေတဲ့ လုပ်ငန်းရှင်များအတွက်"

Work On လုပ်ငန်းအပေါ်ကနေ လုပ်ဆောင်ပါ ... No In Your Business လုပ်ငန်းအတွင်းထဲကနေ မလုပ်ဆောင်ပါနဲ့ ...

စွန့်ဦးတီထွင် လုပ်ငန်းရှင်တိုင်း စီးပွားရေးလုပ်ငန်းတစ်ခုကို သေချာတဲ့ အမှတ်တစ်ခုထက် ကျော်လွန်သည်အထိ ကြီးထွားအောင်မြင်လာဖို့အတွက် ဖြတ်သန်းရမယ့် တံတားတစ်ခုရှိပါတယ်။

အမှတ်တစ်ခု ဆိုတာက လုပ်ဆောင်ခြင်း (Doing) ကနေ ဦးဆောင်ခြင်း (Leading) ဆိုတဲ့ အပြောင်းအလဲဖြစ်သည့် အမှတ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာကတော့ နိစ္စဓူဝလုပ်နေရတဲ့ လုပ်ငန်းစဉ်တွေကနေ နောက်ကို တစ်လှမ်းဆုတ်ပြီး သင့်အဖွဲ့အစည်းထဲမှာ လုပ်ပုံကိုင်ပုံတွေကို အပေါ်စီးကနေ စောင့်ကြည့်တဲ့ကဏ္ဍကို စတင်လုပ်ပါ။

အဲဒါဟာ ပိုအရေးကြီးတဲ့ တာဝန်ယူမှုတွေကို သင့်ဝန်ထမ်းတွေအား ယုံကြည်စွာ လွှဲအပ်ရန်အတွက် လေ့လာသင်ယူခြင်းဟူ၍လည်း ဆိုလိုချင်ပါတယ်။

ဒါပေမယ့် ဒီဟာက သူတို့စီးပွားရေးကို သူတို့ရဲ့ ကလေးလို မြင်တဲ့ စွန့်ဦးတီထွင်သူတွေ အများစုအတွက်တော့ တော်တော်မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါလိမ့်မယ်။

သင့်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တုန်းက သင့်လုပ်ငန်းကြီး လည်ပတ်ဖို့အတွက် သင်ကိုယ်တိုင် ထောင့်စုံကနေ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အချိန်ကို ပြန်သွားကြည့်ကြရအောင်။

သင့်ယုံကြည်မှုတွေ ကြီးထွားလာတာနဲ့ အမျှ အလုပ်တွေပြီးမြောက်နိုင်ဖို့ အကူအညီတွေလိုခဲ့တဲ့ အတွက် သင်စပြီး ၀န်ထမ်းတွေခေါ်ခဲ့တယ်။

တိကျသေချာတဲ့ အလုပ်တွေ၊ တာဝန်တွေကို သင့်ဝန်ထမ်းအသစ်တွေကို စတင်ပြီး လွှဲအပ်ခဲ့တယ်။ သူတို့တွေဟာ သင့်အတွက် အလုပ်လုပ်ကြကြောင်းကို သက်သေပြလာတာကို တွေ့ရတဲ့အခါမှာ ပိုကြီးမားတဲ့ စီမံကိန်းတွေ သူတို့ကို စပြီးပေးခဲ့တယ်။

တဖြည်းဖြည်းနဲ့ သူတို့တွေရဲ့ တကယ် တာဝန်ယူ ဆောင်ရွက်ရတဲ့ အလုပ်အဖြစ် ပြောင်းလဲသွားတယ်။

ယုံကြည်စွာ လွှဲအပ်နိုင်ဖို့ လေ့လာသင်ယူခြင်းဟာ အမြဲတမ်း စဉ်ဆက်မပြတ် လုပ်ဆောင်နေရမယ့် ခရီးစဉ်တစ်ခုပါပဲ။

သင့်ရဲ့တိုက်ပွဲကို နှစ်ပိုင်းပိုင်းလိုက်ပါ။

ပထမတစ်ဝက်က ယုံကြည်စွာ လွှဲအပ်နိုင်လောက်အောင် သင့်တော်မယ်ထင်တဲ့ သူတွေကို ရွေးချယ် ခန့်အပ်ပါ။

နောက်ထပ်တစ်ခြမ်းကိုတော့ အမှားအယွင်း ကင်းစေမယ့် လုပ်ငန်းစဉ်တွေကို ဖန်တီးပါ။

အဲဒီရိုးရှင်းမှုဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကနေ စတင်ပါတယ်။

လုပ်ငန်းသေးသေးလေးတွေ အများစုမှာ ၀န်ထမ်းတွေက ကဏ္ဍစုံမှာ ပါဝင် လုပ်ဆောင် နေကြရတယ်။

ရလဒ်ကတော့ သူတို့တွေအတွက် ထိပ်တန်းဦးစားပေးသင့်တာ ဘာလဲဆိုတာကို သေချာမသိခြင်းပဲ ဖြစ်ပါတယ်။

လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ သူတို့တွေကို ပြောပြဖို့က သင့်ရဲ့တာဝန်ပါပဲ။

• သူတို့ရဲ့အလုပ်တွေ တာဝန်တွေက ဘာလဲဆိုတာ ၊ ဘယ်ဟာတွေက ပိုပြီး ဦးစားပေး ဆောင်ရွက်သင့်တယ် ဆိုတာ ပြောပြထားရမယ်။

• အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်မြောက်အောင် လုပ်ဆောင်ခြင်းဟာ ဘာနဲ့တူသလဲ။ ၀န်ထမ်းတွေက သိရှိနားလည်ဖို့အတွက် ပင်ကိုယ်အရည်အချင်း ပါလာပြီးသားလို့ မျှော်လင့်မထားပါနဲ့။ အလုပ်တာဝန်တစ်ခု အောင်မြင်ခြင်းဆိုတာကို အဓိပ္ပာယ် ဘယ်လိုသတ်မှတ်မလဲ၊ ဖွင့်ဆိုမလဲ ဆိုတာကတော့ သင့်သဘောပါပဲ။ သင့်ဘက်က ကောင်းမွန်မှန်ကန်တဲ့ လမ်းကြောင်းချပြရမယ်၊ တိကျခိုင်မာရမယ်၊ ဥပမာပေး ဆုံးမရမယ်။

• လုပ်ပိုင်ခွင့်ကို အတိုင်းအတာနဲ့ သတ်မှတ်ပေးထားရပါမယ်။ ငွေရေးကြေးရေး ၊ အချိန်ကိုက်ပြီးစီးမှု ၊ အလုပ်ချိန်တွင်း အပြောအဆို၊ အမူအကျင့် စသည့်တို့ကို သတ်မှတ်ပေးထားရပါမည်။

• သင်ရဲ့စံနှုန်းအတိုင်းပြည့်မှီဖို့ report တင်ခိုင်းတဲ့နေရာမှာလည်း update ဖြစ်တဲ့ report ကို သင့်ဘက်က ဘယ်လောက်ကြာရင် တစ်ခါလိုချင်တယ် ဆိုတာ၊ ဘယ်လို အချက်တွေ ပါဝင်ရမယ် ဆိုတာ ၊ သင်က ရေးထားတဲ့ report ကို လိုချင်တာလား ဒါမှမဟုတ် ပါးစပ်နဲ့ တင်ပြရင် ရော သင့်ဘက်က လက်ခံသလားဆိုတာတွေ သေချာပြောထားရမယ်။

• လုပ်ငန်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ၀န်ထမ်းတွေ ဘယ်နေရာမှာ တိုးတက်မှု အားနည်းနေလဲ။ သင့်ဘက်က feedback မပေးပဲနဲ့ လူတွေက တိုးတက်မှုတွေ လုပ်ဆောင်နိုင်ဖို့ကို မမျှော်လင့်ပါနဲ့။

သင့်အနေနဲ့ လုပ်ငန်းသေးသေးလေးတွေမှာ လုပ်လေ့မရှိတဲ့ တိကျမှန်ကန်စွာ ရေးစွဲထားတဲ့ အလုပ်ဖော်ပြချက်တွေ၊ လုပ်ဆောင်ချက် review တွေ မလုပ်ထားရသေးရင်တောင်မှ ဒီ information တွေနဲ့ ၀န်ထမ်းတွေကို ကောင်းကောင်းဆက်ဆံနိုင်ပါတယ်။ အကယ်၍ သင့်မှာ လူမှန်နေရာမှန် မရှိခဲ့ဘူး၊ ဒါ့အပြင် တိကျသေချာတဲ့ အလုပ်တာဝန်တွေ ယုံကြည်စွာ လွှဲအပ်ဖို့ စိတ်ထဲမှာ မသက်မသာ ဖြစ်နေတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။

ဝန်ထမ်းတွေရဲ့ skill တွေကို မျှော်လင့်ထားတဲ့ စံနှုန်းအတိုင်း ရသည်အထိ သင်က training ပေးတာမျိုး ၀န်ထမ်းတွေရဲ့ တာဝန်ယူမှုတွေကို အလှည့်အပြောင်းလုပ်ပေးတာမျိုး လုပ်ပေးရမယ်။

တချို့ဝန်ထမ်းတွေက စဉ်းစားတွေးခေါ်တဲ့ အပိုင်းကို တာဝန်မယူချင်ကြဘူး။ သူတို့တွေဟာ စဉ်းစားစရာ မလိုတဲ့နေရာတွေမှာပဲ အလုပ်လုပ်ချင်ကြတယ်။ လုပ်သားပျားတွေလို ၀န်ထမ်းတွေ သင့်အဖွဲ့အစည်းထဲမှာ ရှိလား သင်စစ်ဆေးကြည့်ရမယ်။

အဲဒီလို မရှိဘူးဆိုရင် နောက်ပြီး ဘယ်ဟာကမှ အလုပ်မဖြစ်ဆော့ဘူးဆိုရင် တာဝန်ယူမှုတွေကို စိတ်အားထက်သန်စွာ လက်ခံမယ့် သူတွေနဲ့ အစားထိုးခြင်းဆိုတဲ့ ခက်ခဲတဲ့ အဆင့်ကို သင်ကျော်ဖြတ်ရပါလိမ့်မယ်။

ဒါဟာ ခေါင်းဆောင်မှုပုံစံတွေထဲမှာ အခက်ခဲဆုံးပါပဲ။

သင့်လုပ်ငန်းမှာ လူရွေးချယ်မှုမှန်ကန်မယ်၊ Program တွေ၊ Process တွေကို စနစ်တကျ စီစဉ်မှုတွေလုပ်ဆောင်မယ်ဆိုရင် သင့်လုပ်ငန်းဟာ အားလုံးနီးပါး အဆင်ပြေပြေ လည်ပတ် နေမှာပါ။

ဒီလိုမှ မဟုတ်ရင်တော့ ရေရှည်အတွက် သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။

ယုံကြည်စွာ လွှဲအပ်နိုင်ခြင်းဟာ တာဝန်ယူမှုကို စွန့်လွှတ်ဖို့ လုံးဝမဟုတ်ပါဘူး။

လုပ်ငန်းထဲမှာ ၀င်ပြီးလုပ်နေမယ့်အစား လုပ်ငန်းအပေါ်ကနေ မြင်ကြည့်ခြင်းကို လေ့လာသင်ယူဖို့ပဲဖြစ်တယ်။

ထက်မြတ်တဲ့ ခေါင်းဆောင်တွေဟာ ဘယ်အချိန်မှာ သူတို့ရဲ့လမ်းကြောင်းကနေ ဘေးဖယ်ပေးရမယ်ဆိုတာ ကောင်းကောင်းသိကြတယ်။

လုပ်ငန်းတစ်ခုကို အဲဒီလို လည်ပတ်နိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ အချက် ၂ ခု ရှိပါတယ်။

တစ်ခုက System စနစ် ပါ။

နောက်တစ်ခုက Leadership ခေါင်းဆောင်မှုပါ။

အဖွဲ့အစည်းတစ်ခုမှာ

ခေါင်းဆောင်ကောင်းရင် အဲဒီအချိန်မှာ မြင့်မြင့်တက်နိုင်ပါတယ်။

စနစ်ကောင်းရင် ကြာကြာနဲ့ ဝေးဝေး ပြေးနိုင်ပါတယ်။

ခေါင်းဆောင်ရော စနစ်ရော ကောင်းရင် မြင့်မြင့်မှာ ကြာကြာနဲ့ ဝေးဝေး ပြေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် အဲဒီလို ဖြစ်လာအောင် တိုးတက်ပြောင်းလဲမှု (Transformation) လိုအပ်ပါတယ်။

၁။ သင့်ကိုယ်သင် တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်။
၂။ သင့်လူတွေကို တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်။
၃။ သင့်အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်။

သင်တစ်ခု မှတ်ထားရမှာက တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်နဲ့ ရွေးချယ်ရမယ့် အရာ ဖြစ်ပါတယ်။

Naing Win Aung
MBA (Northampton, UK)
Business & Executive Coach
Master Facilitator & Trainer
29.6.2017
#KoNaingGyiNotes
#BreKthroughCoachingMyanmar
#naingwinaungexecutivecoach

Reference: entrepreneur
Photo: americanbusinessmag

အောက်ဖ်ာပြပါ လင့်ခ်သည် ယခု Post တင်သူ Naing Win Aung - Executive Coach ၏ Page ဖြစ်ပါတယ်။ အခုလို Post လေးတွေရမကြာခဏ ဖတ်နိုင်အောင် Like & See First လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/naingwinaungexecutivecoach

LinkedIn Profile https://www.linkedin.com/in/naingwinag

ကျွန်တော့် လုပ်ငန်းအတွက် Page ပါ။

https://m.facebook.com/BreakthroughCompanyLimitedMyanmar/

➡️သင့်စီးပွားရေးလုပ်ငန်း၊ အလုပ်အကိုင်၊ ဘ၀တစ်ခုလုံးကို လက်တွေ့ကျပြီး အချိန်တိုအတွင်း ရလာဒ်ကောင်းများကို ရှိစေကာ သိသိသာသာ တိုးတက်ပြောင်းလဲစေမည့် Transformational Leadership Journey (TLJ) Intensive ၃ ရက်အပြည့်သင်တန်း

➡️ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်မှု စီမံခန့်ခွဲမှု အခက်အခဲများ အကြောင်း ဆွေးနွေးနိုင်တဲ့ One on One Executive Coaching သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ပိုမိုအောင်မြင်စွာ စီမံခန့်ခွဲနိုင်စေသော One on One Business Coaching

➡️ စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ၊ ဘ၀အောင်မြင်မှုအတွက်ဖြစ်စေ၊ မည်သည့်အခက်အခဲကိုမဆို အကောင်းဆုံကျော်လွှားနိုင်စေရေးအတွက်ဖြစ်စေ အကောင်းဆုံး အထောက်အပံ့ဖြစ်စေနိုင်သော တစ်ဦးချင်း 12 Hours NLP Breakthrough Coaching

➡️ ကုမ္ပဏီ၏ အနာဂါတ်ရည်မှန်းချက် ပန်းတိုင်များ သတ်မှတ်၍ တစ်ဆင့်ချင်း မည်သို့ ရယူရမည်ကို အစီအစဉ်များ ရေးဆွဲနိုင်သော Strategic Planning Executive Team Coaching

➡️ Professional Coaching Career ကို စတင်လိုသူများ၊ လုပ်ငန်းခွင်မှာ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုပိုမိုတိုးတက်လိုသူများနဲ့ ဘ၀မှာ အောင်မြင်မှု၊ ပျော်ရွှင်မှုများ ရရှိလိုသူများ အားလုံးအတွက် American Board of NLP မှ အသိအမှတ်ပြု NLP Practitioner & Coaching Triple Certification သင်တန်းများ

➡️သင့်မန်နေဂျာများ အပါအ၀င် ၀န်ထမ်းများ၏ Customer Service, Leadership Development နဲ့ Team Work များ ပိုမိုတိုးတက်လာစေမည့် Corporate Training များ

အစရှိသည့် အစီအစဉ်များအတွက် ဆက်သွယ်လိုပါက

Breakthrough Coaching, Training & Consulting အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း (စမ်းချောင်းမြို့နယ်)၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 09765222104, 09765222106, 09765222107, 09765222108 တို့ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Breakthrough Coaching, Training & Consulting ရဲ့ Website www.breakthroughmmr.com မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။