Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 8, 2017

မျှဝေပေးကမ်းခြင်း


Bamaw Thein Pe added 2 new photos.

ကြီးပွားအောင်မြင်ရေးအကျင့် (၂၆)
#မျှဝေပေးကမ်းခြင်း
မျှဝေပေးကမ်းခြင်းရဲ့စွမ်းအားကြီးမားပုံကို လူတွေတော်တော်များများ မသိကြပါ။ မျှဝေပေးကမ်းခြင်း ဆိုတာ ငွေကြေးတစ်ခုပဲမဟုတ်ပဲ ပစ္စည်းတစ်ခုခု ဒါမှမဟုတ် အသိပညာပေးဝေခြင်းလည်း ပါပါတယ်။ အဲဒီလို ပေးကမ်းမျှဝေပေးလိုက်တဲ့အရာဟာ လူတွေဆီရောက်သွားပြီးရင် မိမိဆီကို ပြန်ရောက်လာတတ်ပါတယ်။ အဲဒီပြန်ရောက်လာတဲ့ အရာတွေဟာ မိမိမျှဝေပေးလိုက်တဲ့ အရာထက် အဆပေါင်းများစွာ ပိုပါလိမ့်မယ်။ ဒါကို မျှဝေပေးကမ်းခြင်းရဲ့ အစွမ်းလို့ ပြောရပါလိမ့်မယ်။ မျှဝေပေးကမ်းခြင်းနဲ့ ပတ်သက်တဲ့ ပုံပြင်လေး တစ်ပုဒ်ကို ဖတ်ဖူးလို့ မျှဝေပေးပါရစေ။

ပီတာဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက်ဟာ လမ်းဘေးမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ ကလေး တစ်ယောက်ကို မြင်ပြီး သနားသွားတာနဲ့ သူ့အင်္ကျီအိပ်ထောင်ထဲမှာ ပါလာတဲ့ ဒေါ်လာတစ်ရာတန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်တယ်။ ကလေးဟာ အိမ်အပြန်မှာ စားစရာတွေနဲ့ သူ့အမေအတွက် ဆေးဝါးလေးတွေ ဝယ်သွားတယ်။ သူ့အမေဟာ နေမကောင်း ဖြစ်နေလို့ အလုပ်မလုပ်နိုင်တာ အတော် ကြာနေပြီ။ သူ့သား ၀ယ်လာတဲ့ ဆေးဝါးတွေသောက်ပြီး အစားအသောက်တွေ စားလိုက်ရလို့ မကြာခင်မှာပဲ အမေဖြစ်သူဟာ နေပြန်ကောင်းသွားပြီး အလုပ် ပြန်ဆင်းနိုင်လာတယ်။ အမေဟာ ကြိုးစားအလုပ်လုပ်ရင်း ရတဲ့လုပ်ခထဲက ပိုက်ဆံတွေကို သူ့သား ပညာရေးအတွက် တတ်နိုင်သလောက် စုနေခဲ့တယ်။
ကလေးလည်း အထက်တန်းကျောင်းအောင်ပြီး အမှတ်ကောင်းတာနဲ့ ဆေးကျောင်းဆက်တတ်တယ်။ သူ့အမေရဲ့စုဆောင်းထားငွေနဲ့ ဆေးကျောင်းပြီးအောင် တက်နိုင်ခဲ့တယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ ပီတာဟာ စီးပွားပျက်ပြီး စုဆောင်းငွေတွေလည်း မရှိ၊ နေစရာအိမ်လည်း မရှိတော့လို့ လမ်းဘေးမှာ ခွက်တစ်လုံးနဲ့ တောင်းစားနေရတယ်။ ညဆိုရင် လမ်းဘေးမှာပဲ အိပ်ရတယ်။ ထမင်း နှပ်မှန်မစားရတာလည်း ကြာနေပြီ။ တစ်နေ့ သူတောင်းရမ်းနေတုံး မူးလဲသွားလို့ လမ်းမှာတွေ့သူတွေက သူ့ကို ကားနဲ့ ဆေးရုံကို ပို့ပေးလိုက်ကြတယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက သူ့ကို စမ်းသပ်မှုတွေ လုပ်ကြည့်လိုက်တော့ သူ့ရဲ့ဦးနှောက်မှာ ကင်ဆာအကြိတ်တစ်ခု တွေ့ရတယ်။ အကြိတ်ဟာ သိတ်မကြီးသေးသလို ကင်ဆာဆဲလ်တွေလည်း တခြားနေရာတွေကို မပျံနှံ့သေးလို့ ခွဲစိတ်ကုသရင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ခွဲစိပ်ကုသစရိတ် အများကြီး ကုန်မယ်။ စားစရာတောင် မရှိတဲ့ ပီတာဟာ ဘယ်မှာ ခွဲစိတ်ကုသခ ပေးနိုင်ပါ့မလဲ။
ပီတာရဲ့ တစ်ဦးတည်းသော သမီးလေးဟာ အဲဒီသတင်းကြားတော့ ငိုနေမိတယ်။ သူ့မှာလည်း အဖေ့ကို ခွဲစိတ်ခပေးဖို့ ပိုက်ဆံ မရှိဘူးလေ။ နောက်တစ်နေ့မှာ ဆရာဝန်တစ်ယောက် ရောက်လာပြီး ပီတာရဲ့သမီးကို သူခွဲစိတ် ကုသပေးမယ်။ ပိုက်ဆံအတွက် သူတာဝန်ယူမယ်လို့ ပြောတယ်။ မကြာခင် ပီတာရဲ့ ဦးနှောက်က ကင်ဆာအကြိတ်ကို ခွဲစိတ် ထုတ်ပေးလိုက်တယ်။ ပီတာလည်း ဆေးရုံမှာ လအတန်ကြာနေခဲ့ရပြီး နောက်ဆုံး စိတ်ချရပြီ။ ကင်ဆာဆဲလ်တွေ မရှိတော့ဘူးဆိုလို့ ဆေးရုံက ဆင်းလာနိုင်ခဲ့တယ်။ ကုသပေးလိုက်တဲ့ ဆရာဝန်ဟာ ဘယ်သူဆိုတာ ပီတာရော သူ့သမီးလေးတို့ မသိလိုက်ကြပါဘူး။ အဲဒီ ဆရာဝန်ဟာ ဘယ်သူဖြစ်မယ် ထင်ပါသလဲ။ သူကလေးဘ၀ကနေ ပီတာက ပိုက်ဆံပေးလိုက်တဲ့ လမ်းဘေးမှာ တောင်းစားနေတဲ့ ကလေးလေးပါ။
ဒါအဖြစ်မှန်လား၊ ပုံပြင်လားဆိုတာ မသိရပေမယ့် စာဖတ်သူတွေကို အတွေးလေးတွေ ပေးခဲ့ပါတယ်။ တစ်ကယ်လို့ ပီတာဟာ သူ့မှာ ရှိတဲ့ ပိုက်ဆံကို ဒီကလေးကို မပေးကမ်းခဲ့ဖူးဆိုရင် ကလေးဟာ သူ့အမေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့စားစရာတွေ ၀ယ်သွားနိုင်ပါ့မလား။ အဲဒီဆေးဝါးနဲ့ စားစရာမရရင် သူ့အမေ ပြန်နေကောင်း လာနိုင်ပါ့မလား။ နေမကောင်းလာဘူးဆိုရင် အလုပ်ပြန်မလုပ်နိုင်လို့ သူ့သားအတွက် နောင်ပညာရေးအတွက် ငွေစုနိုင်ပါ့မလား အဲဒီ စုငွေမရှိရင် အဲဒီကလေးဟာ ပညာဆက်သင်နိုင်ပါ့မလား။ ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်ပါ့မလာ။ ဆရာဝန် ဖြစ်မလာခဲ့ရင် ပီတာရဲ့ ဦးနှောက်ကင်ဆာရောဂါကို ပိုက်ဆံမယူပဲ ကုပေးနိုင်ပါ့မလား။ သူ မကုသပေးရင် ပီတာတစ်ယောက် အသက်ရှင်ပါ့အုံးမလား စသဖြင့်ပါ။
အဓိက ပြောချင်တာက ပေးကမ်းမျှဝေလိုက်တာဟာ ဘယ်တော့မှာ အချည်းနှီး မဖြစ်ဘူးဆိုတာပါပဲ။ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မျှဝေပေးသူကို အကျိုးပြုပါလိမ့်မယ်။
တစ်ချို့က ပညာမျှဝေပေးတယ်။ သူတို့ သိထား၊ တတ်ထားသမျှတွေကို သူများတွေကို သင်ပေးတယ်။ အဲဒီလို သင်ပေးလိုက်သူဟာလည်း သင်ယူသူတွေက သူတို့သိချင်တာတွေကို အသေးစိတ်မေးကြတော့ သင်ပေသူဟာ ပိုပြီး လေ့လာရတယ်။ သေသေချာချာ ဖတ်ရှုရတယ်။ အဲဒီတော့ သူလည်း ပိုပြီး တတ်လာတယ်။ ပိုပြီး တော်လာတယ်။ အမေရိကန်နိုင်ငံက Brian Tracy, Jim Rohn နဲ့ Tony Robbins တို့ဟာ သူတို့ ဘယ်လိုကြီးပွားချမ်းသာလာတယ်ဆိုတာကို စာအုပ်တွေ အောင်မြင်ရေးဟောပြောပွဲ Seminar တွေ၊ အသံသွင်း စီဒီခွေတွေ ရောင်းချပြီး မီလျံနာသူဋ္ဌေးကြီးတွေသ ဖြစ်လာကြတယ်။ သူတို့ဟာ သူတို့သိခဲ့တဲ့၊ ကျင့်သုံးခဲ့ကြတဲ့ ကြီးပွားချမ်းသာရေးနည်းတွေကို ဆရာစားမချန်ပဲ အကုန်လုံးပြောပြ၊ သင်ပြခဲ့ကြတယ်။ သူတို့ရဲ့စာအုပ်တွေဖတ်၊ သူတို့ရဲ့ ဟောပြောပွဲတွေကို တက်၊ သူတို့ဟောပြောတာတွေကို အသံသွင်းထားတဲ့ စီဒီအခွေတွေ နားထောင်ပြီး သူတို့နည်းအတိုင်း လက်တွေ့ကျင့်သုံးလုပ်ဆောင်ခဲ့လို့ လူအတော်များများဟာလည်း မီလျံနာသူဋ္ဌေးတွေ ဖြစ်လာခဲ့ကြတယ်။
နောက်ဆုံးတစ်ခု ပြောပြချင်ပါသေးတယ်။ ယနေ့ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေတဲ့ ဘီလ်ဂိတ် (Microsoft)၊ ၀ါရင်ဘတ်ဖက် (စတော့ရှယ်ယာသူဋ္ဌေးကြီး)၊ မတ်ခ်ဇာကားဘတ် (FaceBooK) စတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေဟာ သူတို့ပိုင်ဆိုင်တဲ့ စည်းစိမ်ရဲ့ ၈၀ ရာခိုင်နူန်း ဖြစ်တဲ့ ဘီလီယံပေါင်းများစွာကို ကမ္ဘာပေါ်က လူသားတွေအတွက် လှူဒါန်းခဲ့တယ်။ ဒီလောက် ဘီလီယံပေါင်းများစွာ လှူလိုက်လို့ သူတို့ရဲ့ ချမ်းသာတာတွေ လျော့ကျသွားသလား။ ဆင်းရဲသွားသလား။ မွဲသွားသလား။ မဆင်းရဲ မမွဲသွားကြတဲ့အပြင် အရင်ကထက်တောင် ပိုပြီး ချမ်းသာလာခဲ့တယ်။ မယုံမရှိပါနဲ့။ သူတို့ အကြောင်းရေးထားတဲ့ စာအုပ်တွေမှာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
ဒါကြောင့် မျှဝေပေးကမ်းခြင်းရဲ့ စွမ်းအားကြီးမားပုံကို သံသယ မရှိကြပါနဲ့။
ဗန်းမော်သိန်းဖေ
၀၈-၀၂-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။