Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 5, 2012

ကွမ်း၊ဆေးလိပ်နှင့် သင့်ကျန်းမာရေး ..

ကွမ်းယာနဲ့ ဆေးလိပ် ပြတ်သွားသူတစ်ဦးမှ ရေးသားပါသည်။



(ပုံကို ဒီ လင့်ခ် ကနေ ယူပါတယ်)
ကျွန်တော့်လို ကွမ်းလဲစားဖူးပြီး ဆေးလိပ်ကိုလဲ နှစ်ပေါင်းများစွာ သောက်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ ကွမ်းမစားပါနဲ့ ဆေးလိပ်မသောက်ပါနဲ့လို့ တခြားသူကို အကြံပေး ဆုံးမစကားပြောမယ်ဆိုရင် တော်တော်လေးကို ကသိကအောက်ဖြစ်မှာ၊ ဒါမှမဟုတ် ကျွန်တော်ပြောတဲ့ စကားတွေကို အလေးအနက်ထားမှု နည်းပါးချင်လဲ နည်းပါးမှာပေါ့။ ဒါပေမဲ့လည်း အဲဒီလို ကွမ်းစား ဆေးလိပ်သောက်သုံးမှုကို ပြုလုပ်ခဲ့သူအနေနဲ့ ကြုံခဲ့ရတဲ့ အပြစ်တွေနဲ့ အဲဒီလိုကွမ်းမစား ဆေးလိပ်မသောက်ခြင်းကြောင့် အကျိုးကျေးဇူးရရှိတာရယ်တွေကို တတ်နိုင်သမျှ ပြောပြချင်တာပါ။ တကယ်တော့ ကျွန်တော်က အသက် ၁၇ နှစ်အရွယ်ဘ၀မှာ သူငယ်ချင်းတွေ ဆေးလိပ်သောက်နေတာတွေ့လို့ ဆယ်ကျော်သက်တို့ဘာသာဘာဝ ဆေးလိပ်ကို ၀င်ရောက်ဖွာဖြစ်ရင်းကနေ အသက် ၄၂နှစ်အထိ ဆေးလိပ်သောက်လိုက် ၃ လဖြတ် ပြန်သောက် ၆လဖြတ် ပြန်သောက်နဲ့ ၂၅နှစ်တိတိ သောက်ခဲ့တဲ့သူပါ။ အဲဒီဆေးလိပ်ကို ဖြတ်ချင်ရင် ကွမ်းစားပြီးဖြတ်ရင်ရတယ်လို့ ဆိုတာနဲ့ ကွမ်းစားပြီး ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကွမ်းစားတဲ့ စွဲမြဲခြင်းတစ်ခု ပိုမိုလာပြီး ဆေးလည်းမပြတ် ကွမ်းလဲမပြတ် ဖြစ်ရပြန်ပါတယ်။



ကျွန်တော်ကွမ်းစားတဲ့ အချိန်မှာ အိန္ဒိယကလာတဲ့ ဆစ်ဂနယ်လို့ခေါ်တဲ့ ၃၅၀ဆေး၊ ဟန်ဒရက်လို့ခေါ်တဲ့ ၁၀၀ဆေး၊ ၉၂ ဆေး စသည်တို့နဲ့ ရောနှောစားခဲ့တာမဟုတ်ပဲ ဗမာဆေးရွက်ကြီးနဲ့ စားခဲ့တာပါ။ ကွမ်းဆိုတာ ကွမ်းရွက်၊ ကွမ်းသီး နဲ့ ထုံး ၃ မျိုးပေါင်းပြီးစားရင်တောင်မှ လူကိုတက်ကြွ လန်းဆန်းစေတဲ့ ဓါတ်သဘောမျိုးဖြစ်စေပါတယ်။ ၽြန်နေမခ့ လုပ်သူများရဲ့ အဆိုအရ ကွမ်းသီးမှာက ဆေးလိပ်လို စွဲလမ်းစေတဲ့ ဓါတ်တခုပါဝင်ပါတယ်။ အဲဒီဓါတ်သဘောတရားက ဦးနှောက်၊ နှလုံး၊ အဆုတ် ပန်ကရိယတို့ရဲ့ နိုးဆွ အလုပ်လုပ်စေတတ်ပါတယ်။ ဒါအပြင် ကွမ်းသီးနဲ့ ထုံးတို့ ဓါတ်ပြူပြီး ထွက်လာတဲ့ သထငိညေအ က ပါးစပ်ကင်ဆာဖြစ်ပေါ်စေပါတယ်။ ဒါအပြင် အဲဒီကွမ်းယာထဲမှာ ပါတဲ့ ထုံးက မလိုလားအပ်ပဲ ဆဲလ်တွေကို ပွားစေလို့ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လိုက ဆိုပါတယ်။

အခုပြောပြခဲ့သလို ကွမ်းသီး ကွမ်းရွက် နဲ့ ထုံး ၃မျိုးတည်းသာ စားသုံးတဲ့ လူမှာ ပါးစပ်ကင်ဆာဖြစ်နိုင်ခြေများနေချိန်မှာ ဒီထက်ပိုပြီး ဗမာဆေး၊ ဆစ်ကနယ်၊ ၉၂၊ ၁၀၀ စတဲ့ ဆေးမျိုးစုံတွေ ထည့်ပြီး စားသုံးလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ပါးစပ်ကင်ဆာ ဖြစ်ပေါ်လာဖို့ ပိုများလာတာပါပဲ။ ဒီထက်ပိုပြီး ဖြစ်တာက ကွမ်းယာထဲမှာ ထည့်သွင်းပြီး စားတဲ့ ဆေးတွေက ဆေးလိပ် (စီးကရက်)ထဲမှာထည့်တဲ့ ဆေးတွေကို အနံအရသာ ပြောင်းပြီး ထည့်သွင်းထားတာပါ။ ကွမ်းယာတစ်ယာမှာ အဲဒီးဆေးတွေကို စီးကရက်တစ်လိပ် သို့မဟုတ် တစ်ဝက်ခန့် ထည့်သွင်းပြီး စားသုံးတယ်ဆိုရင်ပဲ တစ်နေ့ကို ကွမ်းယာပေါင်း ၂၀ယာ ကနေ ၃၀ ယာ အထိ စားသောက်သူဆိုတာ တစ်နေ့ကို စီးကရက်တစ်ဗူး သို့မဟုတ် တစ်ဗူးခွဲ သောက်သုံးနေသူလို့ ဆိုလို့ရပါတယ်။ ဆေးလိပ်ရဲ့ ဆိုကျိုးလိုပဲ ကွမ်းယာထဲ ဆေးထည့်စားတဲ့သူရဲ့ ဆိုးကျိုးတွေကတော့

(၁) ပုံမှန်လူတွေထက် ၂၂ ဆ ပိုပြီး ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
(၂) အသက် ၃၀ မှ အသက် ၅၀ အတွင်း နှလုံးရောဂါနဲ့ အသက်ဆုံးရှုံးဖို့ ပိုများပါတယ်
(၃) ဒါအပြင် လေဖြတ်၊ သွေးတိုးစတဲ့ ရောဂါတွေဖြစ်ဖို့ သာမန်လူထက် နှစ်ဆခန့်ပိုများပါတယ်။
(၄) အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။

(ပုံကို ဒီလင့်ခ်ကနေ ယူပါတယ်။)
မသိသာတဲ့ ဆိုးကျိုးတွေကတော့
(၁) ကွမ်းစားတဲ့ သူများက ပါးစပ်မှာ အရောင်တွေစွဲကျန်ရစ်ပြီး သွားများကိုလည်း ညစ်ထဲစေတယ်။
(၂) သွားဖုံးများကိုလည်း အလျင်အမြန်ပျက်စေးစေပြီး အသက်အရွယ်မရောက်ခင်မှာ သွားများကျိုးစေပါတယ်။
(၃) ကွမ်းစားသူများက ချွေးထွက်များပြီး အနံဆိုးကို ဖြစ်ပေါ်စေတယ်။
(၄) ကွမ်းထဲမှာ ပါဝင်တဲ့ ထုံးဓါတ်က ကိုယ်ခန္ဓာထဲရောက်သွားပြီး ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

လွန်ခဲ့တဲ့ တစ်ရက်က အွန်လိုင်း ကြေငြာတစ်ခုမှာ တွေ့လိုက်တာက ကွမ်းယာကို တစ်နေ့ ၁၅၀၀ ဖိုး (ကွမ်းတယာ ဘယ်လောက်မှန်းတော့ ကျွန်တော်မသိပါ) ခန့် နေ့စဉ်စားသုံးလို့ ပါးစပ်ကင်ဆာဖြစ်တယ်ဆိုတာ ကြည့်လိုက်ရပါတယ်။ မျက်စေ့ထဲမြင်အောင်ပြောရရင် ပါးတခြမ်းကချိုင်ဝင်နေတာ အရိုးခေါင်းကို လူရေခွံအုပ်ထားရုံ ချိုင်ခွက်နေပါတယ်။ မျက်လုံးတစ်လုံးက အကြောလိုက်ပြီး ပိတ်နေပါတယ်။ တော်တော်လေးကို ဆိုးဝါးစွာ ဖြစ်နေတဲ့ မြန်မာလူမျိုးတစ်ယောက်ကို တွေ့လိုက်ရတာပါပဲ။


တခါတလေမှာ တန်ဆေး လွန်ဘေးဆိုတာရှိပါတယ်။ တစ်နေ့ ကွမ်း ၁၅၀၀ဖိုးကုန်အောင် စားသုံးနေတဲ့သူက သူရဲ့ ပါးစပ်ထဲမှာ အဆက်မပြတ်ထည့်ထားပုံရပါတယ်။ ထိုကဲ့သို့ စွဲလမ်းမှုမျိုးဖြစ်လာရင် ဆရာဝန်နဲ့ ပြသပြီး ဆေးပြတ်အောင် ကုသသင့်ပါတယ်။


ကျွန်တော်လဲ ယခင်က ကွမ်းစားခဲ့ဖူးပါတယ်။ တစ်နေ့မှာ အလွန်ဆုံး ၅ယာခန့်ပေါ့။ များသွားရင် ၁၀ယာခန့် စားခဲ့ဖူးပါတယ်။ ဘာဆေးမှ မထည့်ပဲ ကွမ်း၊ ထုံး ကွမ်းသီးနဲ့ အာမွေးဆိုတာပဲ ထည့်ပြီးစားပါတယ်။ အခု ကွမ်းမစားတဲ့ နှစ်နှစ်ကျော်ပါပြီ။ ကွမ်းမစားတော့တဲ့ ကျွန်တော်သွားတွေက အရင်ကလို မည်းမနေတော့ပဲ ပြန်ဖြူလာပါတယ်။ ကွမ်းမစား ဆေးလိပ်မသောက်တော့ အရင်တုန်းက သွေးတိုးတတ်တဲ့ ကျွန်တော် သွေးမတိုးတာ တော်တော်ကြာပါပြီ။ ဘီယာသောက်၊ ကြက်ဟင်းခါးသီး အုန်းနို့ခေါက်ဆွဲ မစားရဲတဲ့ ကျွန်တော် အဲဒါတွေကို ကောင်းကောင်းစားနေပါပြီ။





(ပုံကို ဒီလင့်ခ် ကနေ ယူပါတယ် )

ဆေးလိပ်ကိုလဲ ကျွန်တော်ဖြတ်လိုက်တာ အခုဆိုရင် တနှစ်ပြည့်ပါပြီ၊ ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်သူမရှိ၊ဆိုတော့ ဆေးလိပ်လဲ ပြတ်ခဲ့ပါတယ်။ ဆေးလိပ်မသောက် ကွမ်းမစားတော့ ကျွန်တော် အသက်ရှုရတာ ပိုကောင်းလာတယ်။ အပြေးလေးကျင့်ခန်းလုပ်ရင် ယခင်ထက် ပိုပြီး ပြေးနိုင်လာတယ်။ အခု တစ်နှစ်ပြည်ပြီဖြစ်လို့ နှလုံးရောဂါ Heart Attack ဖြစ်ဖို့ တစ်ဝက်တိတိ ကျဆင်းသွားပါတယ်။ တခြားသိသာ ထင်ရှားတဲ့ အကျိုးကျေးဇူးကို ပြောရရင်တော့ တနှစ်ကို ငွေ ဆေးလိပ်ဖိုး တပတ် ၆၀ X ၅၂ = ၃၁၂၀ ခန့် + အသက်အာမခံ သက်သာမှု တစ်နှစ် ၃၀၀ သက်သာသွားပါတယ်။



ဒါကြောင့် ကွမ်းစားသူများ အနေနဲ့ တတ်နိုင်သမျှ လျော့စားပါ။ ဆေးလိပ်သောက်သူများလည်း လျော့သောက်ပါ။ ပြီးရင် လုံးဝမစားတော့သူ သို့မဟုတ် လုံးဝမသောက်သူများဖြစ်လာအောင် လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်ကို ဆေးလိပ်မသောက်ရန် အမြဲတွန်းအားပေးခဲ့သော ဇနီးဆွိ၊ ညီမငယ် စုချစ်သူ တို့အားကျေးဇူးတင်လျက်။

မောင်ခြိမ့်

Source...http://auntysweet.blogspot.no/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။