Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 11, 2017

သမင်မွေးပြီး ကျားမစားစေဖို့

သမင်မွေးပြီး ကျားမစားစေဖို့
---------------------------------
လုပ်ငန်းတွေလုပ်ငန်းတွေမှာ ၀န်ထမ်းတွေ အ၀င်အထွက်များ နေကြတာ စာရေးသူတို့အားသုံးသိကြတဲ့ အတိုင်းပါပဲ။ ယခုအခြေအနေဟာ လူတော်တွေကို အပြိုင်အဆိုင် လုနေကြရတဲ့ စစ်ကြီးဖြစ်နေပြီလို့ပညာရှင်တွေက ပြောကြားနေပါပြီ။ War for talent! လို့ခေါ်ကြပါတယ်။ အပြိုင်အဆိုင်များတဲ့ ယနေ့ စီးပွားရေး
နယ်ပယ်မှာ မိမိတို့ လုပ်ငန်း ရေရှည် တည်တံ့ဖို့၊ ပြိုင်ဘက်နဲ့ ယှဉ်ရင် အသာစီးရဖို့
ကြိုးစား ကြရာမှာ အရည်အသွေးရှိတဲ့၊ ပါရမီရှိတဲ့ ၀န်ထမ်းတွေ မိမိတို့ လုပ်ငန်းမှာ သစ္စာရှိရှိနဲ့ရေရှည်တည်တံ့နေဖို့၊ ပျော်ရွှင်နေဖို့၊စိတ်ကျေနပ်မှုတွေနဲ့ ကျိုးစားနေဖို့၊ မိမိတို့ လုပ်ငန်းကိုစွန့်ခွာပြီး အခြားသော လုပ်ငန်းတွေဆီ ပြောင်းရွှေ့မသွားဖို့ နည်းလမ်းအမျိုးမျိုး၊ မဟာဗျူဟာ အမျိုးမျိုးသုံးဆောင်ရွက်ကြရပါတယ်။

“ငကန်းသွားရင် ငဆွေလာမယ်” ဆိုတဲ့စကားဟာ လွန်ခဲ့သော ဆယ်စုနှစ် (၁)ခု ၊ (၂)ခုမှာ အလွန်အသုံးတည့်ကောင်းတည့်နိုင်ပေမယ့် ယနေ့ခေတ်မှာတော့ သက်တမ်းမရှည်နိုင်တော့ပဲရှိနေပါပြီ။ တချို့သောသူတွေကတော့ အဆိုပါ အယူအဆကိုပင် လက်သုံးဆောင်ပုဒ်တခုအဖြစ် သုံးစွဲနေကြတုန်းပဲဖြစ်ပါတယ်။ တကယ်တော့ ကန်းတဲ့သူသွားတာကို လက်ခံနိုင်ပေမဲ့ တကယ်တော်တဲ့သူတွေကိုတော့ ငဆွေလာမှာပဲ ယူဆပြီး မထိမ်းထာနိုင်ရင်တော့ အကောင်းမရဘဲ အဆွေအဆောင်းတွေပဲထပ်ရဖို့ရှိပါမယ်။

ဝန်ထမ်းတွေ ဘာကြောင့် လုပ်ငန်းကိုစွန့်ခွာသွားရလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ စာရေးသူတို့မှာအခြေခံကျတဲ့ အဖြေ (၂)ခုရှိပါတယ်။ ပထမတခုကတော့ ပြိုင်ဘက်တွေက၊ လုပ်သားဈေးကွက်အတွင်းမှာရှိတဲ့လုပ်ငန်းတွေက မိမိတို့ လုပ်ငန်းက ပေးထားသော ရာထူး၊ လစာ၊ တိုးတက်မှု နဲ့ အခြားသော ခံစားခွင့်
အမျိုးမျိုးဖန်တီးကာ မက်လုံးပေးပြီး ဆွဲခေါ်သွားလို့ ၀န်ထမ်းတွေ မိမိတို့ လုပ်ငန်းကိုစွန့်ခွာသွားကြခြင်းဖြစ်ပါတယ်။ အဆိုပါမက်လုံးတွေကို Pull Factors တွေလို့ခေါ်ပါတယ်။ ဒုတိယတခုကတော့မိမိတို့လုပ်ငန်းတွင်းမှာရှိတဲ့ ညံ့ဖျင်းတဲ့ မူဝါဒတွေ၊ စီမံခန့်ခွဲမှုပုံစံတွေ၊ လုပ်ငန်းခွင်အခြေအနေတွေ၊ အထက်အအောက် ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံရေးတွေ စတဲ့ လုပ်ငန်းတွင်းတွန်အားတွေကြောင့်ပဲ
ဝန်ထမ်းတွေ လုပ်ငန်းကနေ မထွက် ထွက်သွားအောင်တွန်းအားပေးနေတတ်ပါတယ်။ အဆိုပါအချက်တွေကိုတော့ Push Factors လို့ခေါ်ပါတယ်။

ဒီလိုဆိုရင် ၀န်ထမ်းကောင်းတွေ မိမိတိုလုပ်ငန်းကို စွန့်ခွာမသွားစေဖို့ စီမံခန့်ခွဲသူတွေ၊HR professional တွေအနေနဲ့ ဘယ်လို မဟာဗျူဟာ Strategy တွေသုံးမလဲဆိုတာတွေကတော့လုပ်ငန်းသဘောသဘာဝအပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ တကယ်တော့ မက်လုံးပေးပြီးစွဲခေါ်သွားလို့ ၀န်ထမ်းတွေ မိမိတို့လုပ်ငန်းကို
စွန့်ခွာသွားတာကို ထိမ်းချုပ်ဖို့ဟာ အင်မတန်မလွယ်တဲ့ကိစ္စတခုပဲဖြစ်ပါတယ်။ စာရေးသူတို့အနေနဲ့ လုပ်ငန်းတွင်းမှ ထွန်းထုတ်သလိုဖြစ်စေတဲ့ အချက်တွေကြောင့်
ဝန်ထမ်းတွေ လုပ်ငန်းကိုစွန့်ခွာမသွားအောင် ဆောင်ရွက်ထားဖို့တော့လွန်စွ
အရေးကြီးပါတယ်။ မက်လုံးတခုခုကြောင့် ၀န်ထမ်းတွေစွန့်ခွာသွားတာဟာ လုပ်ငန်းရဲ့
ပုံရိပ် ကိုများစွာမထိခိုက်နိုင်ပေမဲ့ လုင်ငန်းတွင်းတွန်းအားတွေကြောင့် ၀န်ထမ်းတွေ
စွန့်ခွာသွားကြခြင်းကတော့ လုပ်ငန်းတခုလုံးရဲ့ ပုံရိပ်ကိုထိခိုက်စေပြီး
ဝန်ထမ်းကောင်းတွေ ရှာဖွေဖို့လိုအပ်လာတဲ့အခါမှာလည်းထိခိုက်မှုဖြစ်စေပါတယ်။

လုပ်ငန်းတွင်းတွန်းအားတွေကြောင့် ၀န်ထမ်းတွေ စွန့်ခွာမသွားအောင်ဆိုရင် နေချင်စဖွယ်လုပ်ငန်းခွင်တခုဖန်တီးထားဖို့လိုအပ်ပါတယ်။နေချင်စဖွယ်လုပ်ငန်းခွင်တခု
ဖန်တီးရာမှာတော့ လုပ်ခ၊ လစာ ဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

Workers can be generally seen as a machine fuelled by money. လို့ စီမံခန့်ခဲမှုပညာရှင်Storey ကဆိုထားပါတယ်။ ဆိုလိုရင်းကတော့ လုပ်သား (၀န်ထမ်း) တွေကို ငွေဆိုတဲ့ လောင်စာဆီဖြည့်ပြီးမောင်းနှင်လို့ ရတဲ့ စက်တလုံးလို့
ရှုမြင်ထားခြင်းပဲဖြစ်ပါတယ်။ Storey ရဲ့အဆိုဟာအတိုင်းအတာတခုအထိ မှန်ကန်မှုရှိနေပါတယ်။ တကယ်လို့သာ မိမိတို့လုပ်ငန်းက လုပ်ငန်းတူ
ပြိုင်ဘက်တွေထက် လုပ်ခလစာပိုပေးခဲ့မယ်ဆိုရင် ၀န်ထမ်းတွေ အနေနဲ့ လုပ်ငန်းသစ်တခုကိုပြောင်းရွှေ့သွားဖို့ မလွယ်လှပါဘူး။

လုပ်ငန်းတူ အဖွဲ့အစည်း (၂)ခု အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့မန်နေဂျာ (၂) ဦးဟာ လုပ်ကိုင်ရတဲ့ လုပ်ငန်းသဘောသဘာဝချင်း၊ တာဝန်ယူရမှုခြင်းတူခဲ့ရင်တောင်
ရရှိတဲ့ လုပ်ခလစာပိုမိုမြင့်တဲ့ အဖွဲ့အစည်းက မန်နေဂျာဟာ လုပ်ငန်းအပေါ်မှာ ပိုမိုအားထုတ်ကြိုးစားကြတာများပါတယ်။ ပြိုင်ဘက်ထက် လုပ်ခ၊ လစာပိုမပေးနိုင်တဲ့ အခြေအနေတွေ ရှိလာရင်တော့အခြားတနည်းတလမ်းသုံးဖို့လိုအပ်ပါတယ်။
ဥပမာ။ ။ လုပ်ငန်းရဲ့ Stock option တွေ Equity Plans တွေ
ကိုဝန်ထမ်းတွေအနေနဲ့ ၀ယ်လို့ရအောင်ဖန်တီးပေးတာမျိုးလုပ်လို့ရပါတယ်။ အားသာချက်ကတော့ လုပ်ငန်းရဲ့ Stock ဈေးနှုန်းတွေတက်လာခဲ့ရင် Stock ၀ယ်ယူခွင့်ရထားတဲ့ ၀န်ထမ်းတွေအနေနဲ့လဲဝင်ငွေတိုးလာပါတယ်။ ၀န်ထမ်းတွေရဲ့ စိုက်ထုတ်ကြိုးစားမှု commitment ကို Stock Value အတက်အကျ
အပေါ်မျှော်မှန်းချက်နဲ့တိုက်ရိုက်ချိတ်ဆက်ထားခြင်းပဲဖြစ်ပါတယ်။

တိုးတက်မှုအခွင့်အလမ်းတွေဖန်တီးပေးပါ။ အဆိုပါအခွင့်အလမ်းတွေရှိကြောင်းလဲ ၀န်ထမ်းတွေနားလည် နေပါစေ။ ၀န်ထမ်းတွေဟာ ကြိုးစားရင် ကြိုးစားသလောက် Reward တခုခုပြန်လည်ရရှိလိုကြပါတယ်။ အားထုတ်မှုအပေါ် ပြန်လည်ရရှိမှု
Reward ဟာ ယေဘုယျအားဖြင့် (၂) မျိုးရှိပါတယ်။ ငွေကြေးခံစားခွင့်တွေနဲ့
ပြန်လည်ရရှိတဲ့ Monetary Reward နဲ့ ငွေကြေးခံစားခွင့်နှင့်မဆိုင်တဲ့ ပြန်လည်ရရှိမှု Non-Monetary Reward (ဥပမာ၊ အထက်လူကြီးရဲ့ အသိအမှတ်ပြုမှု) တို့ပဲဖြစ်ပါတယ်။ တခါတလေမှာ ၀န်ထမ်းတွေဟာ ငွေကြေးခံစားခွင့် Monetary Reward တွေထက် အထက်လူကြီးရဲ့ အသိအမှတ်ပြု ချီးကျူးမှုတွေကို ပိုလိုချင်ကြပါတယ်။

တန်နဲ့အားမျှတပါစေ။ ၀န်ထမ်းတွေအနေနဲ့ ၎င်းတို့လုပ်ကိုင်နေရတဲ့ အလုပ်တွေဟာဖိအားများတာတို့၊ လုံးဝကိုခက်ခဲတာတို့၊ မနိုင်ဝန်တွေကို
ထမ်းနေရတယ်လို့ မြင်လာရင် ပိုမိုဖိအားနည်း ၀န်မပိစေတဲ့ လုပ်ငန်းမျိုးဟာ အဆိုပါဝန်ထမ်းတွေကို စွဲဆောင်နေတတ်ပါတယ်။ တခါတလေကျရင် မက်လုံးတွေပိုပေးလို့ လုပ်ငန်းကို စွန့်ခွာသွားတာထက် ဖိအားတွေများလို့၊ မနိုင်ဝန်တွေထမ်းနေရလို့ စွန့်ခွာသွားကြတာတွေ တွေ့ရပါတယ်။

ငွေကြေးမဟုတ်တဲ့ အခြားခံစားခွင့်တွေ ထပ်မံပေးကြည့်ပါ။ ၀န်ထမ်းတွေအနေနဲ့
လုပ်ငန်းဆီကနေ လုပ်ခ၊ လစာ တွေအပြင် အခြားသော ထပ်ဆောင်းခံစားခွင့်တွေကိုလ
အာရုံစိုက်လာကြပါပြီ။ လုပ်ခ၊ လစာချင်းတူရင် ရာထူးချင်းတူရင် အခြားသောခံစားခွင့် တွေဖြစ်တဲ့ ကားပေးထားခြင်း၊ Installment နဲ့ကား၊ တိုက်ခန်းစသည်တွေကို ၀ယ်ယူခွင့်ပေးခြင်း မျိုးဟာ ၀န်ထမ်းတွေ (အထူးသဖြင့် Key Player တွေ) မိမိတို့
လုပ်ငန်းကို လွယ်လွယ်နဲ့ စွန့်ခွာမသွားအောင် စွဲဆောင်ထိမ်းသိမ်းထားနိုင်ပါတယ်။
ရင်းနီးဖေါ်ရွေတဲ့ လုပ်ငန်းခွင် ဆက်ဆံရေးကို ဖန်တီးပေးပါ။ ရှေရှည်မှာ ၀န်ထမ်းတွေ
လုပ်ဖေါ်ကိုဘက်တွေ၊ မန်နေဂျာတွေဟာ ရင်းနီးဖေါ်ရွေတဲ့ မိသားစုပုံစံ ဆက်ဆံရေးကို
လိုချင်လာတတ်ကြပါတယ်။

ရင်းနီးဖေါ်ရွေတဲ့ဆက်ဆံရေးတွေက တဆင့်
ဝန်ထမ်းအချင်းချင်းအကြား စိတ်ပိုင်းဆိုင်ရာ စာချုပ် Psychological Contract
တွေချုပ်ဆိုထားသလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ၀န်ထမ်းတွေဟာ ၎င်းတို့
လုပ်နေရတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီး ပျင်းရိငြီးငွေ့လာပြီး တာဝန်တခုကြောင့်သာ လုပ်ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ရဲ့ဘ၀အစိတ်အပိုင်းတခု အနေနဲ့ မိသားစု တစုအတွင်းမှာ အလုပ်လုပ်နေရသကဲ့သို့ နွေးထွေးပျူငှာတဲ့
ဆက်ဆံမှုတွေဖန်တီးပေးထားခြင်းဟာ မိမိတို့လုပ်ငန်းကို စွန့်ခွာသွားဖို့
ခက်ခဲသွားစေပါတယ်။

တာဝန်တွေပေးအပ်ပြီးပါက အဆိုပါတာဝန်တွေနဲ့ပတ်သက်ပြီး ၀န်ထမ်းတွေ အပေါ်
ယုံကြည်မှုရှိပါ။ ယုံကြည်မှုဆိုရာမှာတော့ ယုံကြည်လို့ရနိုင်တဲ့သူမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ တာဝန်ပေးအပ်ခြင်းခံရတာကို လိုလားတဲ့ ၀န်ထမ်းတွေအနေနဲ့
အထက်လူကြီးတွေရဲ့ ယုံကြည်မှုကို မျှော်လင့်မိကြပါတယ်။ အယုံအကြည်ရှိတယ်လို့
ခံစားသွားရတဲ့ ၀န်ထမ်းတွေဟာ ပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ပြီး တက်တက် ကြွကြွဆောင်ရွက်တတ်ကြပါတယ်။ ၀န်ထမ်းတွေ မိမိတို့လုပ်ငန်းကို စွန့်ခွာမသွားကြဖို့ နေရာတကာမှာ ထိမ်းချုပ်နေတဲ့ စီမံခန့်ခွဲမှုကနေ ယုံကြည်မှုအပေါ် အခြေခံတဲ့ စီမံခန့်ခွဲမှု ပုံစံတွေ ဖန်းတီးပေးထားဖို့လိုအပ်လာပါပြီ။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Reshared by MESI
www.EntrepreneurSME.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။