Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 9, 2017

အောင်ဘု ( စိုးထိုက် )

အောင်ဘု ( စိုးထိုက် )
_________________

Shark ဆိုတဲ့ ကြေးဝါရောင်ဗူးလေးထဲက အရည်တွေကိုသောက်ပြီးရင် "လန်းသွားတာပဲကွာ"ဟု လူတွေပြောပြောသွားတာကို အောင်ဘု အလွန်စိတ်ဝင်စားသည်။ သူသောက်ဖူးသော ဇီးဖျော်ရည် မကျည်းဖျော်ရည်ထက် အရသာပိုရှိသည့်အပြင် အားတိုးပြီး လန်းဆန်းသည်ဆိုသော Shark တစ်ဗူးမျှ သောက်ခွင့်ရရေးမှာ အောင်ဘု၏ မဟာရည်မှန်းချက်ကြီးပင်ဖြစ်ပါသည်။

ဒီစားသောက်ဆိုင်မှာ အောင်ဘု စားပွဲထိုးတာ တစ်လပြည့်တော့မည်။ လစာထုတ်ရင်တော့ အမေ့ကိုခွင့်တောင်းပြီး Shark တစ်ဗူးလောက်တော့ ဝယ်သောက်မည်ဟု အောင်ဘု အားခဲထားသည်။

ဝတုတ်ကတော့ Shark တစ်ဗူးထက်မက သောက်ဖူးကြောင်း အောင်ဘုကို လာလာကြွားသည်။ အရသာက ရှတတနဲ့ တစ်ဗူးလောက် သောက်ပြီးရင် နေလို့ထိုင်လို့ လန်းသွားကြောင်း Shark ဋီကာ လာလာဖွင့်ပြတာကို အောင်ဘု အလွန်ခံပြင်းလှသည်။
စားပွဲထိုးချင်းအတူတူ ဝတုတ်က Shark သောက်ဖူးပြီး သူက မသောက်ဖူးတာကို ခံရခက်လွန်းသည်။

" အေးလေ ဒီကောင်က စားပွဲထိုးလုပ်တာ ၃ လကျော်ပြီကိုး " ဟုသာ အောင်ဘု ဖြေသိမ့်နေရသည်။

ဒါ့အပြင် တစ်ခုဖြေသာစရာရှိသေးသည်က ဝတုတ်သည် Shark ကို ဝယ်သောက်ခြင်းမဟုတ်။ ဆိုင်၌လာစားသောက်သည့် ဖောက်သည်တွေ စားသောက်ပြီး ကျန်သည့် Shark ဗူးထဲမှ အကျန်များကို ယူသောက်ခြင်းဖြစ်သည်။ သူကတော့ တစ်ဗူးလုံးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်မှာဟု အောင်ဘု မကြာခဏကြုံးဝါးသည်။

စားသောက်သူများ စားပြီးသောက်ပြီး အကျန်များကို ဆိုင်ကစားပွဲထိုးတွေ အလုအယက်ယူစားတိုင်း အောင်ဘု မပါ။ အောင်ဘု အလွန်ရွံတတ်ပါသည်။ သန့်သန့်ပြန့်ပြန့်လည်း နေသည်။ တစ်ချို့စားသုံးသူများက အစားအစာကို
သန့်သန့်ရှင်းရှင်းစားတတ်သော်လည်း တစ်ချို့က အလွန်ညစ်ပတ်လှသည်။

ဟိုတစ်လောက ကုန်းဘောင်ကြီးကြော်တစ်ပွဲမှာ တစ်ဝက်လောက်ပဲ စားသွားပြီး ကျန်တဲ့ကုန်းဘောင်ကြီးကြော်ပေါ်ကို တစ်ရှူးတွေ၊ သွားကြားထိုးတံတွေ ထည့်သွားကြသည်။ ဝတုတ်တို့တွေကတော့ ထိုတစ်ရှူးများ၊ သွားကြားထိုးတံများကို ဖယ်၍
ကုန်းဘောင်ကြီးကြော်ကို ယူစားကြသော်လည်း အောင်ဘုမှာတော့ သူတို့ကိုကြည့်ပြီး အန်ချင်၍မဆုံး။ သူများစားကြွင်းစားကျန်စားရင် ဘုန်းနိမ့်တတ်သည်ဟု အမေက ပြောထားဖူးသည်။

***************

ဒီနေ့တော့ လစာထုတ်ရက်ဖြစ်သည်။ ဆိုင်ရှင်ဆီမှာ အမေလစာလာထုတ်ရင်တော့ Shark တစ်ဗူး ဝယ်တိုက်ခိုင်းရမည်။ ယနေ့သည် အောင်ဘုနေ့ဖြစ်စေရမည်။ ဒီနေ့ စားပွဲထိုးရတာ အောင်ဘုတစ်ယောက် မြူးလှသည်။ သို့သော် ညနေစောင်းသည်အထိ အမေပေါ်မလာပါ။ ဆိုင်ရှင်ကို မေးကြည့်တော့မှ အမေက သုံးလစာကြိုယူသွားကြောင်း သိရသည်။

သွားပြီ။ လှိုက်ခနဲ စို့တတ်လာသောမျက်ရည်များကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မျက်လုံးက Shark ဗူးတွေဆီ ရောက်သွားသည်။ ရေခဲသေတ္တာထဲမှ ရေခဲမှုန်လေးများသီးနေသော Shark ဗူးများသည် အောင်ဘုကို လှောင်နေသလိုလိုပင်။ Shark သောက်ချင်တာကတစ်မျိုး၊ ဝတုတ်လှောင်မှာစိုးတာက တစ်မျိုးနဲ့ အောင်ဘု ဝမ်းနည်းလာသည်။ တော်သေးသည်။ ဝတုတ်က ဆိုင်နောက်ဘက်မှာ ပန်းကန်ဆေးနေလို့။

"ရှင်းမယ်ဟေ့"

အောင်ဘု ကြာကြာဝမ်းမနည်းအားပါ။ တစ်ဝိုင်းက ရှင်းမယ်ဆိုတာနဲ့ ဘောင်ချာလေးယူပြီး ထိုဝိုင်းသို့ ပြေးသွားပါသည်။

"Shark သုံးဗူးနဲ့ ထမင်းကြော် သုံးပွဲ၊ ရှစ်ထောင်ကျပါတယ်အကို"

ငွေရှင်းပြီး ထိုသုများ ထသွားသောအခါ သိမ်းဆည်းရန်အတွက် စားပွဲပေါ်မှ စားပြီးသားပန်းကန်များနှင့် Shark ဗူးခွံကို ကိုင်လိုက်ချိန်မှာတော့ အောင်ဘုရင်တွေ တဒိုင်းဒိုင်း ခုန်သွားပါတော့သည်။ လက်ထဲတွင် နင့်ခနဲပါလာသော Shark တစ်ဗူးမှာ
တစ်ဝက်ကျော်ကျော်လောက် ကျန်သေးသည်။

အနားကိုကြည့်လိုက်တော့ ဟိုကောင်ဝတုတ်တို့တွေ တစ်ယောက်မှ မရှိ။ အိုကေ။ ထိုShark ဗူးကို ကိုင်ပြီး ဆိုင်နောက်သို့ အောင်ဘုပြေးသွားပါသည်။

"ဟေ့ယောင်ဒွေ .... ဟေ့ယောင်ဒွေ"...ဟု ဝတုတ်တို့ကို အောင်နိုင်သူတစ်ယောက်ရဲ့လေသံဖြင့် လှမ်းခေါ်လိုက်သည်။

"ဒီမှာကွ..လစာထုတ်လို့ ငါဝယ်လာတာ ... ဟဲဟဲ ဟဲဟဲ"

လက်ထဲက Shark ဗူးကို မြှောက်ပြလိုက်သည်။ ဝတုတ်တို့ရဲ့ အားကျသောအကြည့်များကို မသိယောင်ဆောင်ရင်း လက်ထဲမှ Shark ဗူးကို ဟန်ပါပါနဲ့ မော့သောက်လိုက်ချိန်မှာတော့
" ဝေါ့ "

ထင်သလို ခပ်ရှရှအရသာမျိုး မဟုတ်ပဲ အော်ဂလီဆန်စရာ ချွဲပြစ်ပြစ်ကြီးဖြစ်နေလို့ ပြန်ထွေးထုတ်လိုက်တဲ့အခါ ကွမ်းတံတွေးတွေသာ ကျလာပါတော့သည်။ Shark ဗူးကိုသောက်ပြီး ဟိုလူတွေက ကွမ်းတံတွေးတွေ ပြန်ထွေးထည့်သွားခြင်းဖြစ်ပါသည်။

တဝေါ့ဝေါ့နှင့် အောင်ဘု အန်ပါတော့သည်။ အန်ရင်းနဲ့လည်း ငိုသည်။ အောင်ဘု ဝမ်းနည်းရှက်ရွံ့လွန်းစွာ ငိုကြွေးပါသည်။

သူ့ကို ဟိုကောင်တွေတော့ လှောင်ကြတော့မည်ဟု ထင်လိုက်မိသော်လည်း တကယ်တမ်း ဝတုတ်တို့ မလှောင်ပါ။ အောင်ဘုကျောကုန်းကို လာနှိပ်ပေးပြီး ရင်ဘတ်မှာပေနေသော ကွမ်းတံတွေးများကို ဘဝတူချင်း စာနာနားလည်စွာဖြင့် သုတ်ပေးကြသည်။

ထိုနေ့က စားပွဲထိုးကောင်လေးတွေ စုပြီး အောင်ဘုကို Shark တစ်ဗူး ဝယ်တိုက်ကြပါသည်။ တခြားသူများအတွက် ခွန်အားတိုးသည်ဆိုသော Shark ၏ ရှတတအရည်များသည် အောင်ဘုလည်ချောင်းတစ်လျှောက် သိမ်ငယ်နာကျင်လွန်းစွာ စီးဆင်းသွားတော့သည်။

( စိုးထိုက် )

မှ သောကြာကြိုက်သောစာစုများ
#Crd-Photo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။