မသိရလေခြင်း (ဂျာနယ်ကျော်မမလေး)
__________________________ __
နေဝင်ပြီဖြစ်သောကြောင့် အလင်းရောင်မှိန်တော့မယောင် ကွယ်စပြုနေရာတွင် လယ်ပြင်ကြီးသည် တစ်ကွင်းလုံးမှာ ပြည့်နေရင်းကပင် အနက်မှောင်ဖုံးလွှမ်းလာကာ နက်မှောင်သည်ထက် နက်မှောင်လာပြီးနောက် ဝင်းထိန်သောလျှပ်ရောင်ကြီးကို
မြင်လိုက်ရပြီး တဂျိုးဂျိုး တဂျိမ့်ဂျိမ့်နှင့် မိုးခြိမ်းသံကြီးပါ
ပေါက်လာရုံမျှမက ရုတ်တရက် မိုးသီးမိုးပေါက်ကြီးပါ ကျလာလေရာ မျက်နှာဆီသို့ မိုးစက်မိုးရေများ
သွက်သွက်ကြီး ပက်လာတော့သဖြင့် ဝါးထရံကဲလား တံခါးပေါင်ပေါ်သို့ တင်ထားသော
မျက်နှာကို လေးလေးဖင့်ဖင့် ခွာလိုက်ကာ မျက်ရည်နှင့်မိုးရေ
ပေါင်းစပ်စိုရွှဲနေသောမျက်နှာကို အင်္ကျီတတောင်ဆစ်နှင့် သုတ်လိုက်ပြီးနောက် အိပ်ရာပေါ်သို့ ခွေခွေလေး လှဲချလိုက်လေသည်။
" အလို ... ဘယ်များထွက်သွားပါလိမ့်။ တံခါးလည်း မပိတ်၊ ရွှဲရွှဲစိုလို့တော် ... ဖြစ်ရလေ လေ့ "ဟု အိမ်ရှေ့မှ ဒေါ်ထွေးလှ အော်၍ဝင်လာပြီး ရွက်လာသော ဗျပ်ကို ချကာ မိုးသက်လေဒဏ်မခံနိုင်၍ တရွတ်တိုက် ဆွဲရွှေ့ခြင်းခံရသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စံမြန်းနေသော ဖျာစုတ်၊ တောင်းစုတ်၊ ပလုံးစုတ်များကို နေသားတကျထားပြီး မီးထွန်းရန် ပြင်ဆင်နေသံတို့ကို ကြားနေရသော်လည်း ထူးချင်စိတ် ထချင်စိတ် လုံးဝမရှိ၍ မျက်စိနှစ်လုံး စုံပိတ်၍သာနေလေသည်။
" ဝင်းမေ .. ညည်းက ဒီ အိပ်နေတာကိုး၊ ငါ့တံခါးကြီးလည်း ပွင့် ... အိမ်ထဲလည်း ရွှဲရွှဲစိုနေလို့ ဘယ်များ ထွက်သွားလဲလို့၊ စောင်မခြုံဘာမခြုံနဲ့ ဘယ့်နှယ့်နေသေးလဲဟင်။ မိုးတွေရွာလာတာနဲ့ ညည်းများ မီးယပ်ချမ်းတက်နေပလားလို့ .. အပြန် ဈေးတောင် ဖြောင့်အောင်မဝယ်နိုင်ဘူး။ သုတ်ခြေတင်ခဲ့ရတယ်...။ မကြီးဘီစကစ်မုန့်လည်း ကာကာဆိုင်က ကျုပ် ဝယ်လာတယ် ... ကဲ ... ထ ... ထ .. "
" ဝင်းမေ ... ထလေ ... ဘာဖြစ်လို့တုံး။ အဖျားတက်ပြန်ပလား။ မှန်း ... ငါ့လည်ပင်းကို ဖက် ထူလေ ...။ ဟင် ... ငိုနေသလား။ ခေါင်းကိုက်ရော့မယ် ... "
" နေပါစေ အရီးရယ် ... ဝင်းမေ ထနိုင်ပါတယ် .....။ မုန့် ...ဝယ်စားသေးသလား .... စကား ... ပြောခဲ့ရသေးသလား ..."ဟု မချိတရိမေးရင်း မထချင်ထချင် ထ၍ ထိုင်လေသည်။
" ပြောခဲ့ရတယ်။ ဝန်မင်းလာရင် ပန်းတောင် ဆက်ရမတဲ့။ စက်မှာတောင် ထိုင်မသိမ်းချုပ်ဖို့ အတိုင်းပေးဖို့ သူ့အမေ ကားကြီးနဲ့ လာခေါ်လို့ ကျောင်းတောင် နေ့ဝက်ခွင့်ယူသွားတယ် "
" ဩော် .... ဝန်ကြီးမင်း ကြိုရမတဲ့လား ..။ သူက ပြောတာလား .. "
" အေး .. မုန့်လက်ဆောင်း လာသောက်ရင်းပေါ့။ အမာလေးတို့ကျောင်းက အမာလေးရယ်၊ စိန်စိန်ရယ်၊ နက်ဖြန် နေ့လည်ရထားမှာ ဝန်ကြီးချုပ် ပါလာမတဲ့။ အမာလေးတို့ စီးပုံဆောင်းပြီး ပန်းဆက်ရမယ်။ ပြီးတော့လည်း မင်းသမီးလို ကတောင် ဝတ်ရမယ်။ မေမေတောင် ကတောင်ချုပ်ဖို့ လာခေါ်မတဲ့။ စားရင်းသောက်ရင်းပြောလိုက်တာ သွက်သွက်လက်လက်တော့ .... သွက်သွက်လက်လက် ..... "
" မမာတာ တစ်လတောင်ရှိပြီ ...။ မမြင်ရတာကြာလို့ ကြည့်ချင်လိုက်ပါဘိ .... "
" လုပ်ပြန်ပြီ ဝင်းမေရယ်။ ငါ့စကားများလည်း နားထောင်စမ်းပါဦးဟဲ့။ လိုက်ကြည့် ကြည့်ပြီး ဒီစိတ်နဲ့ လူမမာကြီးဖြစ်ပြန်၊ သူလည်း ကောင်းကောင်းမွန်မွန် နေနေရတာပဲ ...။ ပြီး ... သမီးရယ် မအေရယ်လို့ အသိပေးနိုင်ကြတော့တဲ့ ဘဝလည်းမဟုတ် .. "
တရှုပ်ရှုပ်ငိုနေသောဝင်းမေကို သနားကရုဏာသက်ရင်း " မေ့လိုက်ပါ ဝင်းမေရယ် ... မေ့လိုက်ပါ .. "
" ကိုယ့်သမီးလေးတစ်ယောက် မေ့ပစ်ဖို့သတ္တိကို ထားကြည့်လို့မှ မရနိုင်ပဲအရီးရယ် ... "
" နို့ .... ပေးလိုက်တုန်းက ဒီလိုဖြစ်မယ်လို့ မစဉ်းစားဘူးလား ဝင်းမေ "
" မေးပြန်ပြီ အရီးက၊ ဒါကို မမေးပါနဲ့လို့ တောင်းပန်ထားတာ၊ ပြောရရင် ကျွန်မ ရူးရလိမ့်မယ်။ ဖအေဘယ်သူမှန်း အမေဘယ်သူမှန်း ကျွန်မ မပြောရင် ဒီတစ်သက်မှာ သိတော့မယ်မဟုတ်လို့ တစ်ခါတလေများ ပြောချင်ပါဘိ။ မဖြစ်နိုင်တော့တဲ့ဘဝမျိုးမို့ ... "
" နို့ ... သူ့အဖေကော ရှိသေးသလား။ ညည်း သူ့ကို ပေးလိုက်တာ သူ့အဖေသိသလား ... "
မိုး အတန်ငယ်စဲပြီဖြစ်၍ ဝင်းမေသည် ချထားသည့်ကဲလားကို ပြန်ဖွင့်လိုက်ရာ စိမ်းလန်းသော စပါးပင်ပျိုပေါ်သို့ ကျထိုးနေသောလရောင်ကို မြင်ရသဖြင့် ရင်မအေးနိုင်ပဲ ဘဝင်ဆွေး၍သွားလေသည်။
" အရီးကလည်း ကျွန်မပေးတာ မဟုတ်ပါဘူး .. "ဟု စိတ်တိုဝမ်းနည်းသလိုပြော၍ အရီးလှကို မကြည့်ပဲ လယ်ကွင်းဘက်ကိုသာ မျက်နှာပေး၍ ငေးမောကြည့်နေသည်။
***********************
" ကျွန်မရင်သွေး ကျောင်းမှာရှိတယ်။ ရှာပေးပါ၊ စုံစမ်းပေးပါပြောလို့ တွေ့ကြသိကြရတာပဲ ငါသိတယ်။ ဒိပြင် ငါ ဘာမှလည်း မသိရ။ ငါမေးလဲ ငိုလွန်းလို့ ငါလည်း မမေးပါဘူး။ အေးပါအေ ... မပြောလည်း နေတာပေါ့ ....။ ငါကတော့ မအေလို နေလို့ မေးတာပါ ... "ဟု အရီးလှက ဝမ်နည်းသလို တုန်တုန်ယင်ယင်နှင့် ပြောရှာလေသည်။
အမှန်ကား အရီးလှမှာ တစ်ကိုယ်တည်း အပျိုကြီးဖြစ်၍ လွန်စွာစိတ်သဘောကောင်းရကား သားထောက်သမီးခံလည်းမရှိ။ မိမိ ဤမြို့သိုလာရာ အသိမရှိ တဝဲလည်လည်ဖြစ်နေစဉ် အရီးလှနှင့်တွေ့၍သာ ခိုကိုးရာရတော့သည်။ မိမိ မမာသည်ကို သားသမီးကဲ့သို့ မညည်းမညူ ရှာဖွေကျွေးမွေးပြုစုခဲ့သည် ။
ဝင်းမေသည် ဖခင်နှင့်အတူ လက်ပံတန်းမြို့တွင်နေစဉ်
ဝင်းမေတို့အိမ်အနီးတွင်ပင် အရီးလှသည် ၎င်း၏တူမများနှင့်
လုပ်လုပ်စားစားနေခဲ့လေ၏။ ဝင်းမေ၏ဖခင်မှာ အစိုးရလခစားဖြစ်၍ ခရီးထွက်ရတိုင်း
အရီးလှသည် ဝင်းမေအတွက် အဖော်သဟဲ ညအိပ်ညနေ အစောင့်အရှောက်ရ၍
ဝင်းမေအဖို့မှာလည်း မအေမရှိသဖြင့် မအေကဲ့သို့ အထူးချစ်ခင်နေရာ မကြာမီ
အရီးလှမှာ တူမများနှင့်မတည့်၍ ဤမြို့သို့ ပြောင်းရွှေ့နေထိုင်သဖြင့်
ကွဲကွာသွားရခြင်းဖြစ်သည်။ ယခု ဤမြို့တွင် မိမိသမီးကလေးရှိသည်ဟု ဝင်းမေ သိရ၍
လိုက်လာရာမှ အရီးလှနှင့် တွေ့ကြပြီးလျှင် မမာနေစဉ်
အရီးလှရှာဖွေကျွေးမွေးသမျှနှင့် နေထိုင်ရသောဘဝမျိုးဖြစ်နေလေ တော့၏။
ဝင်းမေလည်း သက်မကို ပွင့်ပွင့်ကြီးချလိုက်ပြီး အရီးလှဘက်သို့ မျက်နှာကို ဖြည်းလေးစွာလှည့်လိုက်ရာ မျက်ရည်ရစ်ဝဲ ဝမ်းပန်းတနည်း မိမိအား စူးစိုက်ကြည့်နေသည်ကို တွေ့ရ၍ ဣနြေ္ဒမဆည်နိုင်တော့ဘဲ ဆက်၍သာ ငိုတော့သည်။
" အရီးရယ် ကျွန်မအကြောင်းက နည်းနည်းလေးမှ မကောင်းလွန်းလို့ပါ။ ဖုံးနေတာမဟုတ်ပါဘူး။ စိတ်မချမ်းသာနိုင်စရာကြီးမို့
ပြောလို့မထွက်နိုင်လို့ မပြောခဲ့တာပါ။ အရီးလည်း အသိပဲ။ အမေကလည်း မရှိ။
အဖေတစ်ခု သမီးတစ်ခု သိပ်သိပ်သည်းသည်း ပိပိရိရိနေလာပြီး အရီး လက်ပံတန်းက
ထွက်သွားပြီးနောက်တော့ ကျွန်မတို့အိမ်ကို ဖေဖေ့မိတ်ဆွေတစ်ယောက် ရောက်လာတယ်။
သူ့သားကို ဒီမြို့ကကျောင်းမှာ ဘော်ဒါထားဖို့ စုံစမ်းဖို့တဲ့။
စုံစမ်းပြီးလို့ ပြန်သွားပြီး မကြာပါဘူး။ သူ့သားကို ခေါ်လာပြီး
ကျောင်းအပ်တယ်။ ဖေဖေကလည်း မင်း ကျောင်းမှာဘော်ဒါနေပေမယ့်
ကိုယ့်မိဘအိမ်လိုပဲ အောက်မေ့၊ ကိစ္စရှိရင် ဝင်ထွက်၊ အားမနာနဲ့လို့ ပြောတယ်။
တနင်္ဂနွေနေ့တိုင်း အိမ်ကို ခဏခဏလာတယ်။ ဒီလိုနဲ့ သိကြရာက တနင်္ဂနွေနေ့မှာ
သူလာတော့ ဖေဖေက ခရီးထွက်နေတယ်။ ကျွန်မလည်း စကားပြောမယ့်လူမရှိလို့ ခဏ
စကားထိုင်ပြောပြီး ပြန်ပုံမပေါ်တာနဲ့ ကော်ဖီဖျော်ခိုင်းမလို့ အိမ်ထဲ
ဝင်အလာမှာ သူက လိုက်လာပြီး အတင်း ချစ်စကားကြိုက်စကား ပြောတာပဲ။ ပြောရုံတင်
မကဘူး။ အတင်းရော အဓမ္မရောဖြစ်လာပြီး အချစ်ဓားပြတိုက်ယူတာပဲ။ ဒီတုန်းက
ကျွန်မလည်းလေ ဒေါသလည်းထွက်၊ အရှက်လည်းငဲ့ပြီး မအော်ရဲ မဟစ်ရဲ၊
ခံပြင်းလွန်းလို့ အတင်းနှင်ချလိုက်တာပဲ .... "
" ဖေဖေပြန်လာတော့ ဣနြေ္ဒမပျက်နေလိုက်ရတယ်။ သူလည်း သုံးပတ်လောက် မလာပါဘူး။ ဖေဖေက ကိစ္စတစ်ခုရှိလို့ သူ့ကို ခေါ်ခိုင်းပြန်တော့ ဝင်ထွက်ပြန်တယ်။ ဖေဖေ့အလစ်လည်း အတင်း တောင်းပန်တာနဲ့ ကြာတော့ ကျွန်မလည်း မထူဘူးဆိုပြီး မေတ္တာလက်ခံရတော့တာပဲ။ ဖေဖေမသိအောင် တိတ်တိတ်ပုန်းနေရာက ဖေဖေက တစ်မြို့ကို ပြောင်းရပါရော။ ဒီအချိန်မှာ သူလည်း စာမေးပွဲဖြေပြီးလို့ ပြန်တော့မလို့။ တစ်ညတော့ ချိန်းတွေ့ကြပြီး သူက အင်မတန်ချစ်မြတ်နိုးလို့ မခွဲနိုင်တဲ့အကြောင်း၊ မပူဖို့အကြောင်း၊ ကောလိပ်ဆက်နေရရင်လည်း မကြာမကြာ စာပေးမယ်၊ လာမယ်နဲ့ ပြောတာပေါ့လေ။ လူချင်းလည်း ဒီကတည်းက ကွဲကြတယ်ဆိုပါတော့။ ကျွန်မတို့ပြောင်းသွားပြီး မကြာခင်ပဲ အဲဒီမြို့မှာ ကျွန်မ ကိုယ်လက်မအီမသာဖြစ်လာတော့ စိတ်ပူပြီး သူ့ဆီ စာရေး၊ သူကလည်း ကောလိပ်မှာ။ လာခေါ်ပါဆိုလည်း ရက်ချိန်းသာပေးပြီး မလာဘူး။ ကျွန်မလည်း ကိစ္စများပြီဆိုပြီး ကြိတ်လို့သာငိုမိတာပဲ။ ဖေဖေ့လည်း မပြောဝံ့ဘူး။ ဖေဖေကလည်း အဲဒီမြို့ရောက်တော့ အပေါင်းအသင်းတွေနဲ့ ပျက်စီးပြီး သောက်လိုက်တာ လွန်ပါရော။ နဂိုက ဒေါသကြီးကြီး၊ သောက်တော့ ပြောစရာမရှိဘူး။ ဒါနဲ့ အရီးရယ် .. တိုတိုပဲ ပြောကြပါစို့။ နှစ်လလောက်ကြာတော့ အိမ်ကထွက်ပြေးပြီး စစ်ကိုင်းက ဖွားသီလဆရာကြီးဆီမှာ ပုန်းနေရတယ်။ ဖေဖေ့ကိုလည်း စစ်ကိုင်းမှာလို့ အကြောင်းမကြားဝံ့ဘူး။ ဒေါသဖြစ်ပြီး လိုက်မရှာအောင် ယောက်ျားနောက်လိုက်သွားသလို ရေးခဲ့ရတယ် .... "
" စစ်ကိုင်းကနေပြီး ကျောင်းကို စာထည့်လည်း စာမေးပွဲပြီးလို့ ဘယ်လမှ ဘယ်ရက်မှ လာမယ်နဲ့ရေးပြီး နောက်တော့ စာကို အရှင်းမပြန်ပါဘူး။ လိုက်သွားဖို့ရာကလည်း အခက်နဲ့။ ဒုက္ခရောက်လိုက်တာအရီးရယ်။ ဒါနဲ့ပဲ သမီးလေးကို မျက်နှာမြင်ကာနီးကျတော့ ဆရာကြီးက ငါလည်း နားမလည်ဘူး။ ငါ့ညီမအိမ်မှာ သွားမြင်ပါပြောတာနဲ့ သူ့ညီမအိမ် သွားရတယ်။ ဟိုကလည်း မုဆိုးမ အနှိပ်သည်၊ ဆင်းရဲလိုက်တာလည်း ချာလို့။ ကျွန်မပါလာတဲ့ဟာလေးတွေ ထုခွဲပြီး စောင့်ရှောက်ခိုင်းရတယ်။ တခါတလေလည်း ဒီကလေးများ အဖတ်မတင်ရင် ကောင်းမှာပဲလို့ သူ့ကို ပြောမိတယ်။ သူကလည်း စောစောကသာ သူသိရင် ဖျက်ပေးပါရဲ့လို့ ပြောသပေါ့လေ။ တစ်နေ့တော့ ညနေမှောင်ကာနီးမှာ ကလေးကို မျက်နှာမြင်တာပါပဲ။ မိုးတွေကလည်း ရွာလိုက်တာ မပြောပါနဲ့တော့။ ဖွားတော့ကာ ကလေးက မလှုပ်ဘူး။ အသေလေးတဲ့။ အသေလေးလို့ပြောလို့ ဝမ်းလည်း သာ၊ ဝမ်းလည်း နည်း၊ ကျွန်မ ဖြစ်နေလိုက်တာ။ နေ့ကူးအောင် မထားကောင်းဘူးဆိုပြီး နေဝင်ရီတရောမှာ ဒီအဘွားကြီးပဲ သွားမြုပ်တယ် .... "
" ကျွန်မလည်း ကျန်းမာအောင် မနည်းကြိုးစားပြီး ဖေဖေ့ဆီ လက်ခံဖို့ လင်မရှိတော့လို့ လို့ စာရေးတယ်။ တော်တော်နဲ့ စာမပြန်ဘူး။ နောက်မှ လာခဲ့ဆိုလို့ ငွေပို့လိုက်လို့ ပြန်ရတယ်။ အိမ်ကိုပြန်ရောက်တဲ့နေ့က ဖေဖေမရှိဘူး။ ကိုမြတ်ထွန်းမင်္ဂလာဆောင် သုံးဆယ်ကို သွားနေတယ်လို့ ခိုင်းတဲ့လူတွေက ဆီးပြောတော့ ကျွန်မဆိုတာ ကြက်သေကြီး သေသွားတာပါပဲ။ ဩော် ... ဖေဖေ သမက်မင်္ဂလာဆောင် သွားတယ်။ ဘာမှမသိရှာဘူးလို့ အောက်မေ့ပြီး ဒင်း ... ဒါ့ကြောင့် ငါ့ဆီ မလာတာ။ အင်မတန်ရက်စက်တဲ့ယောက်ျား၊ ယုတ်မာတဲ့ယောက်ျားနဲ့ စိတ်ဆိုးလိုက် ဝမ်းနည်းလိုက်ပေါ့။ ဖေဖေပြန်လာတော့ တော်တော်နဲ့ စကားမပြောဘူး အရီးရဲ့။ စိတ်ကလည်းလေ တစ်နေ့မှ မကောင်းပါဘူး။ နှစ်တွေသာကုန်ရော အဖြစ်ကြီးက စွန်းထင်ပြီးသား။ မေ့လို့ မရနိုင်ဘူး။ ဒီ့နောက် ဖေဖေက ဗြုန်းကနဲ ဆုံးပါလေရော။ ရှိတာလေး ထုခွဲပြီး အသိတစ်ယောက်နဲ့ ဈေးထွက်။ နောက် ဆိုင်ပြုတ်။ ဘာမှလည်း မလုပ်တတ်။ စိတ်လေလေရှိတာနဲ့ စစ်ကိုင်းကိုသွားတာ အရီးရဲ့ .... "
" နို့ ... ဒီအမာလေးက နောက်တစ်ယောက်နဲ့ ရပြန်တာလား ... "ဟု အရီးလှက သိချင်ဇောနှင့် ကသောကမျော မေးလေသည်။
" မဟုတ်ဘူး အရီးလှရဲ့။ မဟုတ်ဘူး။ စစ်ကိုင်းရောက်တော့ ဆရာကြီးဆီမှာ ခဏနေတုန်း သူ့ညီမ ဟိုအဘွားကြီး တစ်နေ့ လာရော။ ကျွန်မကိုမြင်တယ်ဆိုရင်ပဲ ပြူးတူးပြဲတဲနဲ့ ညည်း .. ငါ့ဆီ လိုက်လာသလား ... ဘယ်သူပြောသလဲ ... ဘယ်က ကြားသလဲနဲ့ လုပ်ရော။ ဟင့်အင်း ဘယ့်နှယ်ပါလိမ့်။ ထူးဆန်းပါတယ်အောက်မေ့ပြီး သူ့စကားသိချင်တာနဲ့ ပြောပါ ကြီးတော်။ ကျွန်မကို မထိန်ချန်ပါနဲ့။ ပြောပါလို့ အောက်လိုက်တော့ အရီးလှရယ် လား လား .. ကလေးက မသေဘူး။ သုဿာန်မှာ
မြှုပ်မလို့လုပ်တုန်း အသက်ရှင်လာတော့ သူလည်း ကြံရာမရဖြစ်နေတုန်း မသာတစ်ခုကိုလိုက်ပို့တဲ့ လူတွေထဲက အခုကလေးကို မွေးစားတဲ့လူက ကလေးငိုသံကြားတယ်လို့ လာကြည့်တော့ သူ့ကိုတွေ့လို့ အကျိုးအကြောင်းမေးသတဲ့။ သူက ကျွန်မလည်း ဒီကလေးအဖေ မဖော်နိုင်တဲ့အတူတူ သူလည်း ငွေကလေးဘာလေး သုံးချင်တာနဲ့တဲ့။ ဒီကလေးသေတယ်မှတ်လို့ ယူလာတာ၊ မသေဘူး။ မအေလည်း ဆုံးပြီ။ ဆွေမျိုးလည်း မရှိဘူး။ ကျုပ်ကို အသေရယ်လို့ မြှုပ်ခိုင်းတာ။ ရှင်လည်း ကလေးရူးနေတာ ရှင့်ကံပဲ။ ရှင်မွေးချင်ရင် ယူလို့ ပြောတော့ လူကြီးက ဝမ်းသာအားရ ပိုက်ဆံလေးအနည်းအကျဉ်း ပေးပြီး ယူသွားသတဲ့ ... "
" ကျွန်မလည်း ဖြစ်ရလေခြင်းလို့ နှမြောဝမ်းနည်းလိုက်တာ မပြောနဲ့တော့။ အမည်နေရပ် စုံစမ်းတော့ကာ အခု ဒီမြို့ကို ပြောင်းနေကြတဲ့အကြောင်း၊ သူ တစ်ခါသွားလို့ ငွေ နှစ်ဆယ့်ငါးကျပ်ပေးပြီး နောက် ဘယ်တော့မှမလာဖို့ ပြောတဲ့အကြောင်း၊ ကလေးကလည်း ကြီးလို့ ကျောင်းတောင်နေပြီ။ အမာလေးလို့ နာမည်ပေးသတဲ့နဲ့ တသီတတန်းကြီး လျှောက်ပြောတာပဲ။ ကျွန်မလည်း စိတ်မကောင်းလွန်းလို့ နေချင်းပဲပြန်လာတာပဲ။ ဒီမိန်းမကြီးလည်း ဆုံးတယ်ကြားရတာပဲ။ ပြန်ရောက်လည်းလေ အခြေအနေမရှိတော့ ဆေးလိပ်ဝင်လိပ်ရတယ်။ အို ... ကလေးပဲ မြင်ယောင်ပြီး နေတာ။ ငါ့သမီးလေး ဘယ်လိုများနေမလဲ။ ဘယ်သူနဲ့ တူပါလိမ့်နဲ့။ မြင်ချင်လိုက်တာ မပြောပါနဲ့တော့။ ကြာတော့ မမြင်ရမနေနိုင်ကို ဖြစ်လာတော့ ဒီကို လာခဲ့တာပဲ။ ဒီမြို့ရောက်တော့ ကျောင်းလွှတ်ချိန်မို့ ကျောင်းရှာပြီး တန်းသွားတာ။ ဝင်လည်း မမေးရဲနဲ့။ ကျောင်းရှေ့မှာ ရစ်ဝဲရစ်ဝဲ လုပ်နေတုန်း အရီးလှနဲ့ တွေ့တာပါပဲ ... "
မိမိပြောလိုတာတွေ တသီတတန်းကြီး လျှောက်ပြောနေ၍ အရီးလှကိုကား ဂရုမစိုက်မိ။ ပြောပြီးမှ အရီးလှကို ကြည့်မိရာ မျက်ရည်တွေတွေကျနေသည်ကို တွေ့ရရာ မိမိပါ မချုပ်တည်းနိုင်တော့ပဲ အားရပါးရ ငိုမိပြန်လေတော့သည်။
" အေး ... အေး ... ကံတရားပဲ ထားတော့။ ညည်းတင်မှ မဟုတ်ပဲ။ ယုတ်မာတဲ့ယောက်ျားတွေ အပုံကြီးပဲ။ ညည်းလို ခံရတာတွေလည်း အပုံကြီးပဲ။ ဒီလိုလူမျိုးတွေ များလွန်းလို့ အခုကာလ သိပ်ကြောက်ရတာ။ ယောက်ျား .. ယောက်ျား .. သူတို့က အသာကြီးပဲ။ တရားနဲ့ ဖြေပေတော့။ ညည်းက အမေပါလို့ ပြောဦး။ ကလေးမိဘက ရှိသေးတယ်။ ခက်သားလား၊ ပြီး ... ဟိုဟာက အူဝဲဆိုကတည်းက မွေးခဲ့ရတာ။ ညည်းက မွေးအမေ။ ဟိုက ကျွေးအမေဖြစ်ပြီပဲ။ မေ့လိုက်ပါ သမီးရယ် ... မတွေ့ပါနဲ့ ... မတွေ့ချင်ပါနဲ့တော့ ... "
" ကျွန်မရော .. မေးသေးလား .."
" မေးတယ် ... မေးတယ်။ အဘွားနဲ့ပါလာတဲ့ မိန်းမကြီးလေ ... အမာလေးကို ကြည့်ပြီး ငိုနေတဲ့မိန်းမကြီးကော မလာဘူးလားလို့ မေးတယ်။ ငါလည်း သူ့မိဘကြားရင် ငါနဲ့တောင် တွေ့ခွင့်ပေးမယ်မဟုတ်လို့ အဲဒီမိန်းမကြီးက စိတ်နောက်နေတယ်။ အဘွားသမီးလို့ ပြောရသေးတယ် ... "
ဝင်းမေကား ဆင့်ကဲဆင့်ကဲရှိုက်ကာ " ဒီလိုပြောမှ ကောင်းမယ် အရီးရဲ့ .. "ဟု မချိတင်ကဲ ပြောရှာလေသည်။ ထို့နေ့ညကား အရီးလှလည်း အရီးလှအတွေးနှင့်။ ဝင်းမေလည်း ဝင်းမေအတွေးနှင့်၊ မအိပ်နိုင်ကြ။ နောက်ကြောင်းတွေ ပြန်ပြောင်းကာ ထင်ယောင်မြင်ယောင် ဆွေးပူနေသောဝင်းမေအား " အိပ်လေ ... အိပ်ပါ .. သမီး .. "ဟူ၍မှတစ်ပါး ဘာမျှ အားမပေးနိုင်။ သမီးကိုချစ်၍ မအေအဖြစ် မပြောနိုင်သော ဝင်းမေပြဿနာကို လူးရင်းလှိမ့်ရင်း စဉ်းစားရင်း မော၍နေလေသည်။
ဝင်မေလည်း အားရအောင် ငိုရင်းက တစ်ဘက်မှအိပ်ရာခြင်ထောင်ကို
အသာမ၍ " အရီးလှ .. အရီးလှ ... "ဟု နှိုးလေရာ " ဘာတုန်း ..ဝင်းမေ...
ဘာတုန်း ... "ဟု ပျာပျာသလဲ ထထိုင်၍မေးရာ " မနက်လေ ... မနက်..
ကျွန်မသမီးလေး မင်းသမီးလိုဝတ်ထားတာ ကျွန်မ သွားကြည့်မယ်။ ဘယ်အချိန်လဲ
အရီးရဲ့ ... သူလေး ဘယ်လောက်လှလဲဆိုတာ သွားကြည့်မယ် ... ဒီတစ်ခါပဲ အရီးရဲ့
... ဒီတစ်ခါပဲ ... နောက်ကို ဘယ်တော့မှ မတွေ့ဘူး။ ကျွန်မ သိပ်ကြည့်ချင်တာပဲ
... အချိန်ကိုပြောပါ အရီးရယ် .... ပြောပါ ... "ဟု လက်ကို လှုပ်၍လှုပ်၍
အထပ်ထပ်မေးလေသဖြင့် မပြောချင်ပြောချင်ဖြင့် " နေ့တစ်ချက်တီး "ဟု ပါးစပ်မှ
မြည်ထွက်လိုက်ရလေ၏။
***********************
နေကား ခြစ်ခြစ်တောက်အောင် ပူပြင်းလှ၏။ အထက်က ပူ၊ အောက်က ပူ၍ တစ်ကိုယ်လုံး နေလှန်းထားသလို ပူပြင်းလှရာ အရှင်လတ်လတ် ငရဲအိုးထဲ ဆင်းရသကဲ့သို့ မှန်းထင်ကာ ခြေလှမ်းကို မြန်သထက်မြန်အောင် ကိုးစား၍ ဘူတာရုံဘက်ဆီသို့ လှမ်းနေရလေ၏။ တစ်ချက်တစ်ချက် ဘူတာရုံဘက်ဆီမှ သဲ့သဲ့မျှကြားလိုက်သော စည်တော်သံကြီးမှာ နားမှဝင်၍ ဘဝင်ကို သွားရိုက်သဖြင့် ဝမ်းနည်းသလို၊ ငိုချင်သလို ကတုန်ကရင်ကြီး ဖြစ်စေလေသည်။
" ငါ့သမီးလေး လှလိုက်မယ့်ဖြစ်ခြင်း... ချစ်စရာကောင်းလိုက်မယ့်ဖြစ် ခြင်း
... "ဟု ပါးစပ်မှ ရေရွတ်ကာ လျှောက်ခဲ့ရာ လျှောက်ရင်းလျှောက်ရင်း
တုန်တုန်ယင်ယင်ကြီး ဖြစ်နေလေ၏။ ကြီးမားသော လူထုကြီးကား ဘူတာရုံဝင်းထဲ၊
ဝင်းပြင်တွင် အအုပ်လိုက် အစုလိုက် စုဝေး၍နေကြလေ၏။ သပြေညိုနှစ်ဖက်ထိုး၍
တဟီဟီ ထုရိုက်တီးခတ်နေသော စည်တော်သံမှာ နီးလေလေ ရင်ခုန်လေ ရင်တုန်လေလေ။
ဟိုတစ်စု ဒီတစ်စုမဟုတ်ပဲ အစုလိုက်အအုပ်လိုက် စုဝေးပြုံထပ်နေသဖြင့် သမီးကို
ကျကျနနမြင်နိုင်မည့်နေရာကို ရှာရသော ဝင်းမေမှာ ဝိုင်းကြီးပတ်ပတ်ဖြစ်နေပြီး ချွေးသီးချွေးပေါက်ကြီးသာ ကျ၍ တစ်လက်မလေးမျှ အပေါက်အကြားမရှိသဖြင့် နေရာကား မရနိုင်။
နေကပူ လူတွေကများ၍ ငြီးစော်နံလာပြီး နဂိုကတည်းက အားကမရှိသည့်အပြင် မိမိကိုယ်ပေါ်သို့ လူတစ်ကိုယ်လုံး တွဲလဲခိုထားသကဲ့သို့ လေးလံထိုင်းမှိုင်းပင်ပန်းေ မာဟိုက်လှသဖြင့်
အနီးရှိ သစ်ပင်ရိပ်အောက်တွင် ခေတ္တ ထိုင်လိုက်ရာတွင် " ဆိုက်ပြီဟေ့
ဆိုက်ပြီ .. "ဟု လူထုကြီး၏ ပါးစပ်ပေါက်များမှ ဝေါခနဲ
တစ်ပြိုင်နက်ထွက်လာသောအသံြေ ကာင့်
အမောမှမဖြေနိုင်တော့ပဲ မတွေ့လိုက်ရမှာ စိုးရိမ်လှ၍ ရှိသမျှအားလေးနှင့်
တအားကုန်တိုးဝှေ့ရာ ပရိသတ်ကား မရွေ့။ မိမိမှာသာ ဟောဟဲဟောဟဲဖြစ်ကာ နေလေသည်။
နောက်ဆုံး၌ ကြံရာမရဖြစ်ကာ ပရိသတ်လည်း မမြင်နိုင်၊ အရှက်ကိုလည်း
သတိမရနိုင်တော့ပဲ သမီးသာ မြင်လိုလှသည့်ဇောက စောစောက ခြေရင်းတွင်
ထိုင်၍အမောဖြေသော သူ့ကိုယ်ခန္ဓာအား သစ်ပင်ခွကြားပေါ်သို့ မတင်ကာ သွားလေတော့၏။
မိမိသမီးလေးမှာ စည်းပုံ ထိုင်မသိမ်းထဘီလေးနှင့် လှရသည့်အထဲတွင် စိန်ရောင်ရွှေရောင်တွေက တစ်ကိုယ်လုံးကို မီးထိုး၍ပြသယောင် တဖိတ်ဖိတ်တဝင်းဝင်း တောက်နေသဖြင့် နတ်သမီးကလေးကဲ့သို့ မှတ်ထင်မိလေသည်။ အဖေအမေ အခေါ်ခံရသော လင်မယားနှစ်ဦးမှာလည်း ပုဆိုးတမမ ပဝါတလွင့်လွင့်နှင့် သမီးကိုမျှော်နေသော ဝင်းမေအား ရှက်ပါတယ်ဟေ့ဟု သရော်သကဲ့သို့ဖြစ်နေ၍ ဝင်းမေ၏စိတ်တွင် ကြိတ်မနိုင်ခဲမရ သူ့ကိုယ်စား နေရာရကြလေခြင်းဟု မနည်းကြီး ဝမ်းနည်းမိလေ၏။
မိမိသမီးလေးအား ပြေး၍ ဖက်နမ်းချင်လောက်အောင် အားမလိုအားမရ ရင်တပြင်လုံး ချစ်စိတ်တွေပြည့်လျှမ်းကာ ရှုမဝဖြစ်နေသဖြင့် တွဲဖြူမှကြွဆင်းလာသော ဝန်ကြီးချုပ်မင်းနှင့် ဝန်ကတော်တို့ကိုပင် မမြင်။ သမီးလက်မှ ပန်းစည်းကို ပြုံးကာရယ်ကာ ယူလိုက်မှ ဝန်ကြီးချုပ်ကို မြင်လိုက်ရာ " အမလေး ... ကိုမြတ်ထွန်း ... ဘုရားရေ ... သမီး ... သမီးအဖေလေ ... အလိုလေး ... အမလေးလေး ... မကြည့်ဝံ့ပါကလား .. "ဟု အသည်းဆိုင်နှလုံးခိုင်မှ ဖျစ်ညှစ်မြည်တမ်းရင်း မျက်နှာကို လက်နှင့် အုပ်လိုက်ရာ မည်သို့ဖြစ်သည်မသိ။
**************************
ဝန်ကြီးချုပ်မင်းကြိုဆိုပွဲ တွင်
ကြက်ပျံမကျ စည်ကားကြောင်း၊ အချို့မှာ နေရာမရ၍ သစ်ပင်ပေါ်က ကြည့်ရရာ အမည်မသိ
အသက်သုံးဆယ်ကျော်လောက် မိန်းမတစ်ယောက် သစ်ပင်ပေါ်မှ လိမ့်ကျ၍ အရှိုက်ကို
ခိုက်မိလေသလောမသိ၊ ပွဲချင်းပြီး သေဆုံးနေလေ၍ အလောင်းကို ဆေးရုံသို့
ပို့လိုက်ရကြောင်းဟု ဝန်ကြီးချုပ်ကြိုဆိုပွဲ အခမ်းအနားသတင်း
ဖော်ပြပါရှိသောသတင်းစာကို ဝန်ကြီးချုပ်မင်းနှင့် ဝန်ကတော်ပါ ပြုံးပြုံး
ပြုံးပြုံးနှင့် ဖတ်နေကြလေတော့သတည်း။
-------------------------- -
(ဂျာနယ်ကျော်မမလေး)
ဂျာနယ်ကျော်၊ အတွဲ-၉၊ အမှတ်-၉၊ ၁၉၄၁။
__________________________
နေဝင်ပြီဖြစ်သောကြောင့် အလင်းရောင်မှိန်တော့မယောင် ကွယ်စပြုနေရာတွင် လယ်ပြင်ကြီးသည် တစ်ကွင်းလုံးမှာ ပြည့်နေရင်းကပင် အနက်မှောင်ဖုံးလွှမ်းလာကာ နက်မှောင်သည်ထက် နက်မှောင်လာပြီးနောက် ဝင်းထိန်သောလျှပ်ရောင်ကြီးက
" အလို ... ဘယ်များထွက်သွားပါလိမ့်။ တံခါးလည်း မပိတ်၊ ရွှဲရွှဲစိုလို့တော် ... ဖြစ်ရလေ လေ့ "ဟု အိမ်ရှေ့မှ ဒေါ်ထွေးလှ အော်၍ဝင်လာပြီး ရွက်လာသော ဗျပ်ကို ချကာ မိုးသက်လေဒဏ်မခံနိုင်၍ တရွတ်တိုက် ဆွဲရွှေ့ခြင်းခံရသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စံမြန်းနေသော ဖျာစုတ်၊ တောင်းစုတ်၊ ပလုံးစုတ်များကို နေသားတကျထားပြီး မီးထွန်းရန် ပြင်ဆင်နေသံတို့ကို ကြားနေရသော်လည်း ထူးချင်စိတ် ထချင်စိတ် လုံးဝမရှိ၍ မျက်စိနှစ်လုံး စုံပိတ်၍သာနေလေသည်။
" ဝင်းမေ .. ညည်းက ဒီ အိပ်နေတာကိုး၊ ငါ့တံခါးကြီးလည်း ပွင့် ... အိမ်ထဲလည်း ရွှဲရွှဲစိုနေလို့ ဘယ်များ ထွက်သွားလဲလို့၊ စောင်မခြုံဘာမခြုံနဲ့ ဘယ့်နှယ့်နေသေးလဲဟင်။ မိုးတွေရွာလာတာနဲ့ ညည်းများ မီးယပ်ချမ်းတက်နေပလားလို့ .. အပြန် ဈေးတောင် ဖြောင့်အောင်မဝယ်နိုင်ဘူး။ သုတ်ခြေတင်ခဲ့ရတယ်...။ မကြီးဘီစကစ်မုန့်လည်း ကာကာဆိုင်က ကျုပ် ဝယ်လာတယ် ... ကဲ ... ထ ... ထ .. "
" ဝင်းမေ ... ထလေ ... ဘာဖြစ်လို့တုံး။ အဖျားတက်ပြန်ပလား။ မှန်း ... ငါ့လည်ပင်းကို ဖက် ထူလေ ...။ ဟင် ... ငိုနေသလား။ ခေါင်းကိုက်ရော့မယ် ... "
" နေပါစေ အရီးရယ် ... ဝင်းမေ ထနိုင်ပါတယ် .....။ မုန့် ...ဝယ်စားသေးသလား .... စကား ... ပြောခဲ့ရသေးသလား ..."ဟု မချိတရိမေးရင်း မထချင်ထချင် ထ၍ ထိုင်လေသည်။
" ပြောခဲ့ရတယ်။ ဝန်မင်းလာရင် ပန်းတောင် ဆက်ရမတဲ့။ စက်မှာတောင် ထိုင်မသိမ်းချုပ်ဖို့ အတိုင်းပေးဖို့ သူ့အမေ ကားကြီးနဲ့ လာခေါ်လို့ ကျောင်းတောင် နေ့ဝက်ခွင့်ယူသွားတယ် "
" ဩော် .... ဝန်ကြီးမင်း ကြိုရမတဲ့လား ..။ သူက ပြောတာလား .. "
" အေး .. မုန့်လက်ဆောင်း လာသောက်ရင်းပေါ့။ အမာလေးတို့ကျောင်းက အမာလေးရယ်၊ စိန်စိန်ရယ်၊ နက်ဖြန် နေ့လည်ရထားမှာ ဝန်ကြီးချုပ် ပါလာမတဲ့။ အမာလေးတို့ စီးပုံဆောင်းပြီး ပန်းဆက်ရမယ်။ ပြီးတော့လည်း မင်းသမီးလို ကတောင် ဝတ်ရမယ်။ မေမေတောင် ကတောင်ချုပ်ဖို့ လာခေါ်မတဲ့။ စားရင်းသောက်ရင်းပြောလိုက်တ
" မမာတာ တစ်လတောင်ရှိပြီ ...။ မမြင်ရတာကြာလို့ ကြည့်ချင်လိုက်ပါဘိ .... "
" လုပ်ပြန်ပြီ ဝင်းမေရယ်။ ငါ့စကားများလည်း နားထောင်စမ်းပါဦးဟဲ့။ လိုက်ကြည့် ကြည့်ပြီး ဒီစိတ်နဲ့ လူမမာကြီးဖြစ်ပြန်၊ သူလည်း ကောင်းကောင်းမွန်မွန် နေနေရတာပဲ ...။ ပြီး ... သမီးရယ် မအေရယ်လို့ အသိပေးနိုင်ကြတော့တဲ့ ဘဝလည်းမဟုတ် .. "
တရှုပ်ရှုပ်ငိုနေသောဝင်းမေကို
" ကိုယ့်သမီးလေးတစ်ယောက် မေ့ပစ်ဖို့သတ္တိကို ထားကြည့်လို့မှ မရနိုင်ပဲအရီးရယ် ... "
" နို့ .... ပေးလိုက်တုန်းက ဒီလိုဖြစ်မယ်လို့ မစဉ်းစားဘူးလား ဝင်းမေ "
" မေးပြန်ပြီ အရီးက၊ ဒါကို မမေးပါနဲ့လို့ တောင်းပန်ထားတာ၊ ပြောရရင် ကျွန်မ ရူးရလိမ့်မယ်။ ဖအေဘယ်သူမှန်း အမေဘယ်သူမှန်း ကျွန်မ မပြောရင် ဒီတစ်သက်မှာ သိတော့မယ်မဟုတ်လို့ တစ်ခါတလေများ ပြောချင်ပါဘိ။ မဖြစ်နိုင်တော့တဲ့ဘဝမျိုးမိ
" နို့ ... သူ့အဖေကော ရှိသေးသလား။ ညည်း သူ့ကို ပေးလိုက်တာ သူ့အဖေသိသလား ... "
မိုး အတန်ငယ်စဲပြီဖြစ်၍ ဝင်းမေသည် ချထားသည့်ကဲလားကို ပြန်ဖွင့်လိုက်ရာ စိမ်းလန်းသော စပါးပင်ပျိုပေါ်သို့ ကျထိုးနေသောလရောင်ကို မြင်ရသဖြင့် ရင်မအေးနိုင်ပဲ ဘဝင်ဆွေး၍သွားလေသည်။
" အရီးကလည်း ကျွန်မပေးတာ မဟုတ်ပါဘူး .. "ဟု စိတ်တိုဝမ်းနည်းသလိုပြော၍ အရီးလှကို မကြည့်ပဲ လယ်ကွင်းဘက်ကိုသာ မျက်နှာပေး၍ ငေးမောကြည့်နေသည်။
***********************
" ကျွန်မရင်သွေး ကျောင်းမှာရှိတယ်။ ရှာပေးပါ၊ စုံစမ်းပေးပါပြောလို့ တွေ့ကြသိကြရတာပဲ ငါသိတယ်။ ဒိပြင် ငါ ဘာမှလည်း မသိရ။ ငါမေးလဲ ငိုလွန်းလို့ ငါလည်း မမေးပါဘူး။ အေးပါအေ ... မပြောလည်း နေတာပေါ့ ....။ ငါကတော့ မအေလို နေလို့ မေးတာပါ ... "ဟု အရီးလှက ဝမ်နည်းသလို တုန်တုန်ယင်ယင်နှင့် ပြောရှာလေသည်။
အမှန်ကား အရီးလှမှာ တစ်ကိုယ်တည်း အပျိုကြီးဖြစ်၍ လွန်စွာစိတ်သဘောကောင်းရကား သားထောက်သမီးခံလည်းမရှိ။ မိမိ ဤမြို့သိုလာရာ အသိမရှိ တဝဲလည်လည်ဖြစ်နေစဉ် အရီးလှနှင့်တွေ့၍သာ ခိုကိုးရာရတော့သည်။ မိမိ မမာသည်ကို သားသမီးကဲ့သို့ မညည်းမညူ ရှာဖွေကျွေးမွေးပြုစုခဲ့သည်
ဝင်းမေလည်း သက်မကို ပွင့်ပွင့်ကြီးချလိုက်ပြီး အရီးလှဘက်သို့ မျက်နှာကို ဖြည်းလေးစွာလှည့်လိုက်ရာ မျက်ရည်ရစ်ဝဲ ဝမ်းပန်းတနည်း မိမိအား စူးစိုက်ကြည့်နေသည်ကို တွေ့ရ၍ ဣနြေ္ဒမဆည်နိုင်တော့ဘဲ ဆက်၍သာ ငိုတော့သည်။
" အရီးရယ် ကျွန်မအကြောင်းက နည်းနည်းလေးမှ မကောင်းလွန်းလို့ပါ။ ဖုံးနေတာမဟုတ်ပါဘူး။ စိတ်မချမ်းသာနိုင်စရာကြီးမိ
" ဖေဖေပြန်လာတော့ ဣနြေ္ဒမပျက်နေလိုက်ရတယ်။ သူလည်း သုံးပတ်လောက် မလာပါဘူး။ ဖေဖေက ကိစ္စတစ်ခုရှိလို့ သူ့ကို ခေါ်ခိုင်းပြန်တော့ ဝင်ထွက်ပြန်တယ်။ ဖေဖေ့အလစ်လည်း အတင်း တောင်းပန်တာနဲ့ ကြာတော့ ကျွန်မလည်း မထူဘူးဆိုပြီး မေတ္တာလက်ခံရတော့တာပဲ။ ဖေဖေမသိအောင် တိတ်တိတ်ပုန်းနေရာက ဖေဖေက တစ်မြို့ကို ပြောင်းရပါရော။ ဒီအချိန်မှာ သူလည်း စာမေးပွဲဖြေပြီးလို့ ပြန်တော့မလို့။ တစ်ညတော့ ချိန်းတွေ့ကြပြီး သူက အင်မတန်ချစ်မြတ်နိုးလို့ မခွဲနိုင်တဲ့အကြောင်း၊ မပူဖို့အကြောင်း၊ ကောလိပ်ဆက်နေရရင်လည်း မကြာမကြာ စာပေးမယ်၊ လာမယ်နဲ့ ပြောတာပေါ့လေ။ လူချင်းလည်း ဒီကတည်းက ကွဲကြတယ်ဆိုပါတော့။ ကျွန်မတို့ပြောင်းသွားပြီး မကြာခင်ပဲ အဲဒီမြို့မှာ ကျွန်မ ကိုယ်လက်မအီမသာဖြစ်လာတော့ စိတ်ပူပြီး သူ့ဆီ စာရေး၊ သူကလည်း ကောလိပ်မှာ။ လာခေါ်ပါဆိုလည်း ရက်ချိန်းသာပေးပြီး မလာဘူး။ ကျွန်မလည်း ကိစ္စများပြီဆိုပြီး ကြိတ်လို့သာငိုမိတာပဲ။ ဖေဖေ့လည်း မပြောဝံ့ဘူး။ ဖေဖေကလည်း အဲဒီမြို့ရောက်တော့ အပေါင်းအသင်းတွေနဲ့ ပျက်စီးပြီး သောက်လိုက်တာ လွန်ပါရော။ နဂိုက ဒေါသကြီးကြီး၊ သောက်တော့ ပြောစရာမရှိဘူး။ ဒါနဲ့ အရီးရယ် .. တိုတိုပဲ ပြောကြပါစို့။ နှစ်လလောက်ကြာတော့ အိမ်ကထွက်ပြေးပြီး စစ်ကိုင်းက ဖွားသီလဆရာကြီးဆီမှာ ပုန်းနေရတယ်။ ဖေဖေ့ကိုလည်း စစ်ကိုင်းမှာလို့ အကြောင်းမကြားဝံ့ဘူး။ ဒေါသဖြစ်ပြီး လိုက်မရှာအောင် ယောက်ျားနောက်လိုက်သွားသလို
" စစ်ကိုင်းကနေပြီး ကျောင်းကို စာထည့်လည်း စာမေးပွဲပြီးလို့ ဘယ်လမှ ဘယ်ရက်မှ လာမယ်နဲ့ရေးပြီး နောက်တော့ စာကို အရှင်းမပြန်ပါဘူး။ လိုက်သွားဖို့ရာကလည်း အခက်နဲ့။ ဒုက္ခရောက်လိုက်တာအရီးရယ်။ ဒါနဲ့ပဲ သမီးလေးကို မျက်နှာမြင်ကာနီးကျတော့ ဆရာကြီးက ငါလည်း နားမလည်ဘူး။ ငါ့ညီမအိမ်မှာ သွားမြင်ပါပြောတာနဲ့ သူ့ညီမအိမ် သွားရတယ်။ ဟိုကလည်း မုဆိုးမ အနှိပ်သည်၊ ဆင်းရဲလိုက်တာလည်း ချာလို့။ ကျွန်မပါလာတဲ့ဟာလေးတွေ ထုခွဲပြီး စောင့်ရှောက်ခိုင်းရတယ်။ တခါတလေလည်း ဒီကလေးများ အဖတ်မတင်ရင် ကောင်းမှာပဲလို့ သူ့ကို ပြောမိတယ်။ သူကလည်း စောစောကသာ သူသိရင် ဖျက်ပေးပါရဲ့လို့ ပြောသပေါ့လေ။ တစ်နေ့တော့ ညနေမှောင်ကာနီးမှာ ကလေးကို မျက်နှာမြင်တာပါပဲ။ မိုးတွေကလည်း ရွာလိုက်တာ မပြောပါနဲ့တော့။ ဖွားတော့ကာ ကလေးက မလှုပ်ဘူး။ အသေလေးတဲ့။ အသေလေးလို့ပြောလို့ ဝမ်းလည်း သာ၊ ဝမ်းလည်း နည်း၊ ကျွန်မ ဖြစ်နေလိုက်တာ။ နေ့ကူးအောင် မထားကောင်းဘူးဆိုပြီး နေဝင်ရီတရောမှာ ဒီအဘွားကြီးပဲ သွားမြုပ်တယ် .... "
" ကျွန်မလည်း ကျန်းမာအောင် မနည်းကြိုးစားပြီး ဖေဖေ့ဆီ လက်ခံဖို့ လင်မရှိတော့လို့ လို့ စာရေးတယ်။ တော်တော်နဲ့ စာမပြန်ဘူး။ နောက်မှ လာခဲ့ဆိုလို့ ငွေပို့လိုက်လို့ ပြန်ရတယ်။ အိမ်ကိုပြန်ရောက်တဲ့နေ့က ဖေဖေမရှိဘူး။ ကိုမြတ်ထွန်းမင်္ဂလာဆောင် သုံးဆယ်ကို သွားနေတယ်လို့ ခိုင်းတဲ့လူတွေက ဆီးပြောတော့ ကျွန်မဆိုတာ ကြက်သေကြီး သေသွားတာပါပဲ။ ဩော် ... ဖေဖေ သမက်မင်္ဂလာဆောင် သွားတယ်။ ဘာမှမသိရှာဘူးလို့ အောက်မေ့ပြီး ဒင်း ... ဒါ့ကြောင့် ငါ့ဆီ မလာတာ။ အင်မတန်ရက်စက်တဲ့ယောက်ျား၊ ယုတ်မာတဲ့ယောက်ျားနဲ့ စိတ်ဆိုးလိုက် ဝမ်းနည်းလိုက်ပေါ့။ ဖေဖေပြန်လာတော့ တော်တော်နဲ့ စကားမပြောဘူး အရီးရဲ့။ စိတ်ကလည်းလေ တစ်နေ့မှ မကောင်းပါဘူး။ နှစ်တွေသာကုန်ရော အဖြစ်ကြီးက စွန်းထင်ပြီးသား။ မေ့လို့ မရနိုင်ဘူး။ ဒီ့နောက် ဖေဖေက ဗြုန်းကနဲ ဆုံးပါလေရော။ ရှိတာလေး ထုခွဲပြီး အသိတစ်ယောက်နဲ့ ဈေးထွက်။ နောက် ဆိုင်ပြုတ်။ ဘာမှလည်း မလုပ်တတ်။ စိတ်လေလေရှိတာနဲ့ စစ်ကိုင်းကိုသွားတာ အရီးရဲ့ .... "
" နို့ ... ဒီအမာလေးက နောက်တစ်ယောက်နဲ့ ရပြန်တာလား ... "ဟု အရီးလှက သိချင်ဇောနှင့် ကသောကမျော မေးလေသည်။
" မဟုတ်ဘူး အရီးလှရဲ့။ မဟုတ်ဘူး။ စစ်ကိုင်းရောက်တော့ ဆရာကြီးဆီမှာ ခဏနေတုန်း သူ့ညီမ ဟိုအဘွားကြီး တစ်နေ့ လာရော။ ကျွန်မကိုမြင်တယ်ဆိုရင်ပဲ ပြူးတူးပြဲတဲနဲ့ ညည်း .. ငါ့ဆီ လိုက်လာသလား ... ဘယ်သူပြောသလဲ ... ဘယ်က ကြားသလဲနဲ့ လုပ်ရော။ ဟင့်အင်း ဘယ့်နှယ်ပါလိမ့်။ ထူးဆန်းပါတယ်အောက်မေ့ပြီး သူ့စကားသိချင်တာနဲ့ ပြောပါ ကြီးတော်။ ကျွန်မကို မထိန်ချန်ပါနဲ့။ ပြောပါလို့ အောက်လိုက်တော့ အရီးလှရယ် လား လား .. ကလေးက မသေဘူး။ သုဿာန်မှာ
မြှုပ်မလို့လုပ်တုန်း အသက်ရှင်လာတော့ သူလည်း ကြံရာမရဖြစ်နေတုန်း မသာတစ်ခုကိုလိုက်ပို့တဲ့ လူတွေထဲက အခုကလေးကို မွေးစားတဲ့လူက ကလေးငိုသံကြားတယ်လို့ လာကြည့်တော့ သူ့ကိုတွေ့လို့ အကျိုးအကြောင်းမေးသတဲ့။ သူက ကျွန်မလည်း ဒီကလေးအဖေ မဖော်နိုင်တဲ့အတူတူ သူလည်း ငွေကလေးဘာလေး သုံးချင်တာနဲ့တဲ့။ ဒီကလေးသေတယ်မှတ်လို့ ယူလာတာ၊ မသေဘူး။ မအေလည်း ဆုံးပြီ။ ဆွေမျိုးလည်း မရှိဘူး။ ကျုပ်ကို အသေရယ်လို့ မြှုပ်ခိုင်းတာ။ ရှင်လည်း ကလေးရူးနေတာ ရှင့်ကံပဲ။ ရှင်မွေးချင်ရင် ယူလို့ ပြောတော့ လူကြီးက ဝမ်းသာအားရ ပိုက်ဆံလေးအနည်းအကျဉ်း ပေးပြီး ယူသွားသတဲ့ ... "
" ကျွန်မလည်း ဖြစ်ရလေခြင်းလို့ နှမြောဝမ်းနည်းလိုက်တာ မပြောနဲ့တော့။ အမည်နေရပ် စုံစမ်းတော့ကာ အခု ဒီမြို့ကို ပြောင်းနေကြတဲ့အကြောင်း၊ သူ တစ်ခါသွားလို့ ငွေ နှစ်ဆယ့်ငါးကျပ်ပေးပြီး နောက် ဘယ်တော့မှမလာဖို့ ပြောတဲ့အကြောင်း၊ ကလေးကလည်း ကြီးလို့ ကျောင်းတောင်နေပြီ။ အမာလေးလို့ နာမည်ပေးသတဲ့နဲ့ တသီတတန်းကြီး လျှောက်ပြောတာပဲ။ ကျွန်မလည်း စိတ်မကောင်းလွန်းလို့ နေချင်းပဲပြန်လာတာပဲ။ ဒီမိန်းမကြီးလည်း ဆုံးတယ်ကြားရတာပဲ။ ပြန်ရောက်လည်းလေ အခြေအနေမရှိတော့ ဆေးလိပ်ဝင်လိပ်ရတယ်။ အို ... ကလေးပဲ မြင်ယောင်ပြီး နေတာ။ ငါ့သမီးလေး ဘယ်လိုများနေမလဲ။ ဘယ်သူနဲ့ တူပါလိမ့်နဲ့။ မြင်ချင်လိုက်တာ မပြောပါနဲ့တော့။ ကြာတော့ မမြင်ရမနေနိုင်ကို ဖြစ်လာတော့ ဒီကို လာခဲ့တာပဲ။ ဒီမြို့ရောက်တော့ ကျောင်းလွှတ်ချိန်မို့ ကျောင်းရှာပြီး တန်းသွားတာ။ ဝင်လည်း မမေးရဲနဲ့။ ကျောင်းရှေ့မှာ ရစ်ဝဲရစ်ဝဲ လုပ်နေတုန်း အရီးလှနဲ့ တွေ့တာပါပဲ ... "
မိမိပြောလိုတာတွေ တသီတတန်းကြီး လျှောက်ပြောနေ၍ အရီးလှကိုကား ဂရုမစိုက်မိ။ ပြောပြီးမှ အရီးလှကို ကြည့်မိရာ မျက်ရည်တွေတွေကျနေသည်ကို တွေ့ရရာ မိမိပါ မချုပ်တည်းနိုင်တော့ပဲ အားရပါးရ ငိုမိပြန်လေတော့သည်။
" အေး ... အေး ... ကံတရားပဲ ထားတော့။ ညည်းတင်မှ မဟုတ်ပဲ။ ယုတ်မာတဲ့ယောက်ျားတွေ အပုံကြီးပဲ။ ညည်းလို ခံရတာတွေလည်း အပုံကြီးပဲ။ ဒီလိုလူမျိုးတွေ များလွန်းလို့ အခုကာလ သိပ်ကြောက်ရတာ။ ယောက်ျား .. ယောက်ျား .. သူတို့က အသာကြီးပဲ။ တရားနဲ့ ဖြေပေတော့။ ညည်းက အမေပါလို့ ပြောဦး။ ကလေးမိဘက ရှိသေးတယ်။ ခက်သားလား၊ ပြီး ... ဟိုဟာက အူဝဲဆိုကတည်းက မွေးခဲ့ရတာ။ ညည်းက မွေးအမေ။ ဟိုက ကျွေးအမေဖြစ်ပြီပဲ။ မေ့လိုက်ပါ သမီးရယ် ... မတွေ့ပါနဲ့ ... မတွေ့ချင်ပါနဲ့တော့ ... "
" ကျွန်မရော .. မေးသေးလား .."
" မေးတယ် ... မေးတယ်။ အဘွားနဲ့ပါလာတဲ့ မိန်းမကြီးလေ ... အမာလေးကို ကြည့်ပြီး ငိုနေတဲ့မိန်းမကြီးကော မလာဘူးလားလို့ မေးတယ်။ ငါလည်း သူ့မိဘကြားရင် ငါနဲ့တောင် တွေ့ခွင့်ပေးမယ်မဟုတ်လို့ အဲဒီမိန်းမကြီးက စိတ်နောက်နေတယ်။ အဘွားသမီးလို့ ပြောရသေးတယ် ... "
ဝင်းမေကား ဆင့်ကဲဆင့်ကဲရှိုက်ကာ " ဒီလိုပြောမှ ကောင်းမယ် အရီးရဲ့ .. "ဟု မချိတင်ကဲ ပြောရှာလေသည်။ ထို့နေ့ညကား အရီးလှလည်း အရီးလှအတွေးနှင့်။ ဝင်းမေလည်း ဝင်းမေအတွေးနှင့်၊ မအိပ်နိုင်ကြ။ နောက်ကြောင်းတွေ ပြန်ပြောင်းကာ ထင်ယောင်မြင်ယောင် ဆွေးပူနေသောဝင်းမေအား " အိပ်လေ ... အိပ်ပါ .. သမီး .. "ဟူ၍မှတစ်ပါး ဘာမျှ အားမပေးနိုင်။ သမီးကိုချစ်၍ မအေအဖြစ် မပြောနိုင်သော ဝင်းမေပြဿနာကို လူးရင်းလှိမ့်ရင်း စဉ်းစားရင်း မော၍နေလေသည်။
ဝင်မေလည်း အားရအောင် ငိုရင်းက တစ်ဘက်မှအိပ်ရာခြင်ထောင်ကို
***********************
နေကား ခြစ်ခြစ်တောက်အောင် ပူပြင်းလှ၏။ အထက်က ပူ၊ အောက်က ပူ၍ တစ်ကိုယ်လုံး နေလှန်းထားသလို ပူပြင်းလှရာ အရှင်လတ်လတ် ငရဲအိုးထဲ ဆင်းရသကဲ့သို့ မှန်းထင်ကာ ခြေလှမ်းကို မြန်သထက်မြန်အောင် ကိုးစား၍ ဘူတာရုံဘက်ဆီသို့ လှမ်းနေရလေ၏။ တစ်ချက်တစ်ချက် ဘူတာရုံဘက်ဆီမှ သဲ့သဲ့မျှကြားလိုက်သော စည်တော်သံကြီးမှာ နားမှဝင်၍ ဘဝင်ကို သွားရိုက်သဖြင့် ဝမ်းနည်းသလို၊ ငိုချင်သလို ကတုန်ကရင်ကြီး ဖြစ်စေလေသည်။
" ငါ့သမီးလေး လှလိုက်မယ့်ဖြစ်ခြင်း... ချစ်စရာကောင်းလိုက်မယ့်ဖြစ်
နေကပူ လူတွေကများ၍ ငြီးစော်နံလာပြီး နဂိုကတည်းက အားကမရှိသည့်အပြင် မိမိကိုယ်ပေါ်သို့ လူတစ်ကိုယ်လုံး တွဲလဲခိုထားသကဲ့သို့ လေးလံထိုင်းမှိုင်းပင်ပန်းေ
မိမိသမီးလေးမှာ စည်းပုံ ထိုင်မသိမ်းထဘီလေးနှင့် လှရသည့်အထဲတွင် စိန်ရောင်ရွှေရောင်တွေက တစ်ကိုယ်လုံးကို မီးထိုး၍ပြသယောင် တဖိတ်ဖိတ်တဝင်းဝင်း တောက်နေသဖြင့် နတ်သမီးကလေးကဲ့သို့ မှတ်ထင်မိလေသည်။ အဖေအမေ အခေါ်ခံရသော လင်မယားနှစ်ဦးမှာလည်း ပုဆိုးတမမ ပဝါတလွင့်လွင့်နှင့် သမီးကိုမျှော်နေသော ဝင်းမေအား ရှက်ပါတယ်ဟေ့ဟု သရော်သကဲ့သို့ဖြစ်နေ၍ ဝင်းမေ၏စိတ်တွင် ကြိတ်မနိုင်ခဲမရ သူ့ကိုယ်စား နေရာရကြလေခြင်းဟု မနည်းကြီး ဝမ်းနည်းမိလေ၏။
မိမိသမီးလေးအား ပြေး၍ ဖက်နမ်းချင်လောက်အောင် အားမလိုအားမရ ရင်တပြင်လုံး ချစ်စိတ်တွေပြည့်လျှမ်းကာ ရှုမဝဖြစ်နေသဖြင့် တွဲဖြူမှကြွဆင်းလာသော ဝန်ကြီးချုပ်မင်းနှင့် ဝန်ကတော်တို့ကိုပင် မမြင်။ သမီးလက်မှ ပန်းစည်းကို ပြုံးကာရယ်ကာ ယူလိုက်မှ ဝန်ကြီးချုပ်ကို မြင်လိုက်ရာ " အမလေး ... ကိုမြတ်ထွန်း ... ဘုရားရေ ... သမီး ... သမီးအဖေလေ ... အလိုလေး ... အမလေးလေး ... မကြည့်ဝံ့ပါကလား .. "ဟု အသည်းဆိုင်နှလုံးခိုင်မှ ဖျစ်ညှစ်မြည်တမ်းရင်း မျက်နှာကို လက်နှင့် အုပ်လိုက်ရာ မည်သို့ဖြစ်သည်မသိ။
**************************
ဝန်ကြီးချုပ်မင်းကြိုဆိုပွဲ
--------------------------
(ဂျာနယ်ကျော်မမလေး)
ဂျာနယ်ကျော်၊ အတွဲ-၉၊ အမှတ်-၉၊ ၁၉၄၁။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။