ခံစစ်မှတိုက်စစ်
❆ ❆ ❆ ❆ ❆ ❆
ဘဝ မှာ နာကျင်စရာတွေ ကြုံရတာများတော့
ထုံပေပေနဲ့ အရွဲ့တိုက်ချင်လာတယ်...
ကိုယ့်က အဖြူစင်ဆုံး ပေးဆပ်တယ်ဆိုပေမယ့်
အမဲစက်တစ်ချို့က ချူံခိုဝင်ရောက်လာတယ်
ဆန္ဒတွေ များစွာ ရှိခဲ့ပေမယ့် မသေချာ မရေရာတဲ့ဘဝမှာ
စိတ်ကူးအိပ်မက်တွေနဲ့ ရူးသွပ်နေခဲ့ဖူးတယ်
ပြန်ပြောင်းလို့မရတဲ့ ညစ်တစ်တစ်စာမျက်နှာမှာ
ဒဏ်ရာနွေးနွေးလေးနဲ့ အက်ရှရှ ခံစားချက်တွေရှိတယ်
လိုချင်ခဲ့တယ် ကိုယ်အပေါ် နွေးထွေးမယ့်သူတွေ
ပိုင်ဆိုင်ချင်တယ် ရိုးသားတဲ့ မိတ်ဆွေကောင်းတွေ
မျှော်လင့်ဖူးတယ် လှပတဲ့အနာဂတ်တစ်ခု
တောင်းတဖူးတယ် သက်တန့်ရောင်စုံတဲ့
ဘဝလေးတစ်ခု...
ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရရင် လူတိုင်း
ငိုကြွေးခြင်းကို ကန်ထုတ်ပစ်နေမှာပေါ့
ဖက်တွယ်ခွင့် မရခဲ့တဲ့ မျှော်လင့်ချက်ကြားမှာ
လွယ်လွယ်ကူကူ ရရှိခဲ့တယ် အပယ်ခံ
ဘဝရဲ့သားကောင်အဖြစ်ပေါ့
ပျံချင်ရာပျံဖို့ အတောင်တပ်ပေးခြင်းခံရတဲ့အခါ
ဟန်ဆောင်ခြင်း မျက်နှာဖုံးအကြောင်းသိမြ င်လာတယ်
မဖြစ်နိုင်ဘူး ဆိုတဲ့ စကားလုံးတွေကြောင့်
ပျော်ရွင်ချိန်တွေကို ချွေးစက်နဲ့ လဲလှယ်ခဲ့တယ်
ရူးတာပါ ကွာဆိုတဲ့ စကားလုံးတွေအတွက်
ထူး အောင်ကြိုးစားခဲ့တယ်
အပိုအလုပ်တွေပါ ဆိုတဲ့ စကားလုံးတွေအတွက်
လိုအင်တွေဖြစ်ကြောင်း အချိန်နဲ့ သက်သပြခဲ့တယ်
အရာအားလုံးကို နိဂုံးချုပ်ချိန်မှာ ဥပေက္ခာ မျက်ဝန်းတွေ
လေးစားရိပ်ထင်လာတယ်.... ဒါပေမယ့် ကိုယ်က
အထီးကျန်နေခဲ့တယ်
ကွေးကောက်တဲ့ အတ္တ ဆိုပေမယ့် ဘယ်သူ့အမိုးကိုမှ
မရိုက်ချိုးခဲ့ဖူးလေ..ကို ယ်ပိုင်နားဖို့အရိပ်ဆို ပေမယ့်
ကိုယ်လိုလူတွေ တွေ့လိုက်မိတိုင်း နေရာမျှဝေချင်တာ
သဘာဝရဲ့ စိတ်ခွန်အားလေ
ကိုယ်ချင်းစာတယ်ဆိုတာကို ယ်က သူနေရာကို
ခံစားနားလည်တတ်ခဲ့လို့ပါ အဲ့အတွက် ငါ့လက်ကမ်း နေမိတာ အပြစ်ဖြစ်ပါစေ ငါလိပ်ပြာလုံတယ်...
ဘာမထီဘွား...အတွေးစာစုလေး များ
❆ ❆ ❆ ❆ ❆ ❆
ဘဝ မှာ နာကျင်စရာတွေ ကြုံရတာများတော့
ထုံပေပေနဲ့ အရွဲ့တိုက်ချင်လာတယ်...
ကိုယ့်က အဖြူစင်ဆုံး ပေးဆပ်တယ်ဆိုပေမယ့်
အမဲစက်တစ်ချို့က ချူံခိုဝင်ရောက်လာတယ်
ဆန္ဒတွေ များစွာ ရှိခဲ့ပေမယ့် မသေချာ မရေရာတဲ့ဘဝမှာ
စိတ်ကူးအိပ်မက်တွေနဲ့ ရူးသွပ်နေခဲ့ဖူးတယ်
ပြန်ပြောင်းလို့မရတဲ့ ညစ်တစ်တစ်စာမျက်နှာမှာ
ဒဏ်ရာနွေးနွေးလေးနဲ့ အက်ရှရှ ခံစားချက်တွေရှိတယ်
လိုချင်ခဲ့တယ် ကိုယ်အပေါ် နွေးထွေးမယ့်သူတွေ
ပိုင်ဆိုင်ချင်တယ် ရိုးသားတဲ့ မိတ်ဆွေကောင်းတွေ
မျှော်လင့်ဖူးတယ် လှပတဲ့အနာဂတ်တစ်ခု
တောင်းတဖူးတယ် သက်တန့်ရောင်စုံတဲ့
ဘဝလေးတစ်ခု...
ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရရင် လူတိုင်း
ငိုကြွေးခြင်းကို ကန်ထုတ်ပစ်နေမှာပေါ့
ဖက်တွယ်ခွင့် မရခဲ့တဲ့ မျှော်လင့်ချက်ကြားမှာ
လွယ်လွယ်ကူကူ ရရှိခဲ့တယ် အပယ်ခံ
ဘဝရဲ့သားကောင်အဖြစ်ပေါ့
ပျံချင်ရာပျံဖို့ အတောင်တပ်ပေးခြင်းခံရတ
ဟန်ဆောင်ခြင်း မျက်နှာဖုံးအကြောင်းသိမြ
မဖြစ်နိုင်ဘူး ဆိုတဲ့ စကားလုံးတွေကြောင့်
ပျော်ရွင်ချိန်တွေကို ချွေးစက်နဲ့ လဲလှယ်ခဲ့တယ်
ရူးတာပါ ကွာဆိုတဲ့ စကားလုံးတွေအတွက်
ထူး အောင်ကြိုးစားခဲ့တယ်
အပိုအလုပ်တွေပါ ဆိုတဲ့ စကားလုံးတွေအတွက်
လိုအင်တွေဖြစ်ကြောင်း အချိန်နဲ့ သက်သပြခဲ့တယ်
အရာအားလုံးကို နိဂုံးချုပ်ချိန်မှာ ဥပေက္ခာ မျက်ဝန်းတွေ
လေးစားရိပ်ထင်လာတယ်....
အထီးကျန်နေခဲ့တယ်
ကွေးကောက်တဲ့ အတ္တ ဆိုပေမယ့် ဘယ်သူ့အမိုးကိုမှ
မရိုက်ချိုးခဲ့ဖူးလေ..ကို
ကိုယ်လိုလူတွေ တွေ့လိုက်မိတိုင်း နေရာမျှဝေချင်တာ
သဘာဝရဲ့ စိတ်ခွန်အားလေ
ကိုယ်ချင်းစာတယ်ဆိုတာကို
ခံစားနားလည်တတ်ခဲ့လို့ပါ အဲ့အတွက် ငါ့လက်ကမ်း နေမိတာ အပြစ်ဖြစ်ပါစေ ငါလိပ်ပြာလုံတယ်...
ဘာမထီဘွား...အတွေးစာစုလေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။