Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 11, 2017

ကြွက်ထောင်ချောက်ပုံပြင်


Bamaw Thein Pe added 2 new photos.

#ကြွက်ထောင်ချောက်ပုံပြင်
ကြွက်တစ်ကောင်ဟာ အခန်းနံရံ အက်ကွဲကြောင်းကြားကနေ လယ်သမားကြီးရဲ့ အခန်းထဲကို ချောင်းကြည့်လိုက်တယ်။ လယ်သမားကြီးက အထုတ်တစ်ခုကို ဖွင့်ပြီး အထဲက ပစ္စည်းတစ်ခုကို သူ့မိန်းမကို ပြနေတယ်။ ကို ကြွက်က ဘာစားစရာမှန်းလဲ မသိဘူးဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်နေတယ်။ ပြနေတဲ့ ပစ္စည်းဟာ ကြွက်ထောင်ချောက်တစ်ခုဆိုတာကို သိလိုက်ရလို့ သူအတော် တုန်လှုပ်သွားတယ်။

ကိုကြွက်က အိမ်ပေါ်က ဆင်းပြေးပြီး ခြံဝင်းထဲမှာ လှည့်ပတ်ရင်း ခုလို ကြောက်လန့်တကြားနဲ့ အော်လိုက်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ။ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ။ "အဲဒါကို မကြက်က သူ့ကို ပြောလိုက်တယ်။ “ကြွက်ထောင်ချောက်က ကိုကြွက်တို့အတွက်ပါ။ ကျွန်မတို့နဲ့မဆိုင်လို့ အနေသာကြီးပါရှင်”
ဒါနဲ့ ကိုကြွက်ဟာ ၀က်ခြံနားသွားပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ။ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ။” လို့ အော်ပြန်တယ်။ ဦးဝက်က “ငါ အများကြီး စိတ်မကောင်းပါဘူး။ မင်းတို့ ကြွက်တွေအတွက် ငါ ဆုတောင်းပေးပါမယ်။ ဝေဒနာကို ကြာကြာမခံစားရအောင်လို့ပါ”
နောက်ဆုံး အားကိုးအနေနဲ့ ကိုကြွက်ဟာ နွားခြံနားသွားပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ။ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ။” လို့ အော်ပြန်တယ်။ မောင်နွားက “ကိုကြီးကြွက်ကလဲဗျာ၊ အလန့်တကြား အော်လိုက်လို့ ကျွန်တော် အိပ်နေတာ လန့်နိုးသွားတယ်။ ဘာများလဲလို့။ ကြွက်ထောင်ချောက်ဆိုတာ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်လို့ ပြန်အိပ်လိုက်အုံးမယ်နော်”
ကိုကြွက်လည်း ခေါင်းငိုက်စိုက်ချပြီး အိမ်ပေါ်ပြန်တက်လာတယ်။ ကြွက်ထောင်ချောက်အန္တရာယ်ကို ဘယ်သူမှ မပူကြလို့ သူတစ်ယောက်ထဲပဲ ကာကွယ်ရတော့မယ်။
ညအတော်မိုးချုပ်မှာ ကြွက်ထောင်ချောက်က ချောက်ကနဲ အသံကြားလိုက်ရတယ်။ လယ်သမားကြီးရဲ့ မိန်းမက အသံကြားလို့ ကြွက်တစ်ကောင်တော့ မိနေပြီဆိုပြီး မှောင်ထဲမှာ သွားကြည့်တယ်။ မြွေကိုက်ခံလိုက်ရတယ်။ ကြွက်ထောင်ချောက်မှာ မြွေရဲ့အမြီးပိုင်းက ညှပ်နေတယ်။ အဆိပ်ပြင်းတဲ့ မြွေဟာ ဒေါသဖြစ်လွန်းလို့ မိန်းမကြီးကို ပေါက်ချလိုက်တယ်။
လယ်သမားကြီးလည်း သူ့မိန်းမကို မြွေပေါက်ထားတာ တွေ့လို့ ထမ်းပြီး ဆေးရုံပို့လိုက်တယ်။ ဆေးရုံမှာ ၂ ရက်လောက်နေပြီး သက်သာလာလို့ အိမ်ပြန်လာတယ်။ အိမ်ရောက်ပြီး အဖျားဝင်လာတယ်။ အိမ်နီးချင်းတွေက ပြောကြတယ်။ အဖျားသက်သာဖို့ ကြက်ဆွပ်ပြုပ်တိုက်ပါတဲ့။ လယ်သမားကြီးလည်း ဆွပ်ပြုပ်လုပ်ဖို့ အိမ်က ကြက်ကို ဖမ်းပြီး သတ်လိုက်တယ်။ မကြက်သေရှာပြီ။
ဒါပေမဲ့ မိန်းမကြီးအဖျားက မလျော့သွားဘူး။ အိမ်နီးချင်းတွေက ပြောကြပြန်တယ်။ အဖျားသက်သာဖို့ ၀က်ကောင်လုံးမီးကင်ကျွေးတဲ့။ လယ်သမားကြီးလည်း ၀က်ကောင်လုံးမီးကင်လုပ်ဖို့ ၀က်ကို ဖမ်းပြီး သတ်လိုက်ပြန်တယ်။ ဦးဝက် သေရှာပါပြီ။
ဒါပေမဲ့ မိန်းမကြီးဟာ အဖျားဝေဒနာက မသက်သာပဲ ဆုံးသွားရှာတယ်။ သူ့မိန်းမ ဈာပနအတွက် လယ်သမားကြီးက သူ့နွားကို သတ်ပြီး အမဲသားဟင်းနဲ့ ရွာသားတွေကို ထမင်းကျွေးလိုက်တယ်။ မောင်နွားလည်း သေပြန်ပါပြီ။
ကိုကြွက်ကတော့ ဒါတွေအားလုံးကို မြင်ပြီး စိတ်မကောင်းဘူး။ ဘယ်တတ်နိုင်မလဲလေ။ ငါပြောတာမှ နားမထောင်ကြတာကိုးလို့ တီးတိုးရေရွတ်နေတယ်။
ဒီပုံပြင်လေးဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ဖေ့ဘုတ်တို့၊ စာစောင်တွေမှာ မကြာခဏဖေါ်ပြခံရသလို စာပေဟောပြောပွဲတစ်ခုမှာတောင် ထည့်ပြောခြင်းခံခဲ့ရပါတယ်။
ဘာဖြစ်လို့ ကျွန်တော်က အခု ပြန်ရေးပြရတာလဲ။ ပုံပြင်ရဲ့ အဓိပ္ပါယ်ဟာ အကြောင်းအရာတစ်ခုဟာ မိမိနဲ့ မဆိုင်ဘူးဆိုပြီး ဖါသိဖါသာ နေရင် မိမိကိုလည်း ထိခိုက်ပျက်စီးစေတယ်လို့ ပြောချင်တာပါ။ ဟုတ်ပါတယ်။ ဒီထက်ပိုပြီး တွေးကြည့်ရအောင်ပါ။ အကြောင်းအရာတစ်ခုဟာ မဆိုင်ဘူးလို့ ထင်ရပေမယ့် မိမိကို လာထိခိုက်နိုင်တယ်ဆိုတာကို ဘယ်လိုသိမလဲ။ ဥပမာ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်တာနဲ့ မြန်မာနိုင်ငံကို ဘာတွေ အကျိုးသက်ရောက်လာမလဲ။ သေချာတာပေါ့။ သင်ဟာ ဗေဒင်ဆရာ မဟုတ်လို့ မသိနိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဗေဒင်ဆရာမဟုတ်လည်း စဉ်းစားဆင်ခြင်ဥာဏ်ရှိသူတွေ အဖြေကို သိကြပါတယ်။
ဒါဆို စဉ်းစားဆင်ခြင်ဥာဏ်ရှိအောင် ဘယ်လိုလုပ်ရမလဲ။ တနည်းပဲ ရှိပါတယ်။
စာဖတ်ပါ။ စာတွေ အများကြီး ဖတ်ပါ။ စာဖတ်များလေ စဉ်းစားဆင်ခြင်ဥာဏ်တိုးလေပါ။
ဗန်းမော်သိန်းဖေ
၁၁-၀၂-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။