Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 2, 2016

ဝန်ထမ်းအနေနဲ့ အလုပ်လုပ်နေစဉ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်တယ်ဆိုရင်


ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူများအတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေနဲ့ Plan တွေအကြောင်း ရေးသားတင်ပြပေးထားပါတယ်.။ (7 Mins Read)


 ဒီ Article ဟာ iWearYourShirt.com ရဲ့ တည်ထောင်သူဖြစ်တဲ့ Jason SurfrApp ရဲ့ Article တစ်ခုဖြစ်ပါတယ်.။ သူဟာ အခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေစဉ်အတွင်း သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်နိုင်ခဲ့ပုံတွေကို ပြန်လည်မျှဝေထားတာဖြစ်ပါတယ်.။
ကျွန်တော်တို့ရဲ့ဘဝဟာ ပုံမှန်စက်ဝိုင်းတစ်ခုအတွင်းမှာ လည်ပတ်နေတယ်လို့ ဆိုရပါမယ်.။ နေ့စဉ် ရုံးတက်မယ်၊ ရုံးဆင်းမယ်၊ အချိန်တန်ရင်လခထုတ်မယ်၊ အိမ်ထောင်ပြုမယ်၊ သားသမီးတွေရလာမယ်၊ စသည်ဖြင့်ပေါ့လေ.။ တစ်သက်လုံး သူများအလုပ်ပဲလုပ်ပေးရင်း ပင်စင်ရပြီး ကွယ်လွန်သွားကြသူတွေလဲ အများကြီးပါပဲ.။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အရင်ခေတ်နဲ့မတူတော့ပါဘူး.။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရှိလာပါပြီ.။ ကြီးပွားအောင်မြင်အောင် လုပ်ဖို့ လမ်းကြောင်းတွေလဲ ပွင့်လာပါပြီ.။ သင့်မှာ စဉ်းစားထားတဲ့ အိုင်ဒီယာတစ်ခုလဲ ရှိနေပါပြီ.။ ဒါပေမယ့် သင့်ရဲ့လတ်တလော စားဝတ်နေရေးကို ဖြေရှင်းပေးနေတဲ့ အလုပ်ကလဲ ထွက်လို့မဖြစ်သေးဘူး.။ ဒါဆိုရင် ကျွန်တော်တို့ အလုပ်လုပ်နေရင်း ကိုယ်ပိုင်လုပ်ငန်းကိုလဲ တစ်ဖက်ကလုပ်ဖို့ စဉ်းစားကြည့်ရအောင်.။

သင့်မှာ အိုင်ဒီယာတစ်ခု ရှိနေပြီဆိုပါတော့၊ ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ သင်ရည်ရွယ်ချက်တစ်ခု ထားရပါလိမ့်မယ်.။ ဘယ်လိုရည်ရွယ်ချက်မျိုးလဲဆိုတော့
  • ·         အခုလုပ်နေတဲ့ အလုပ်ကို နောက် ၆ လအထိပဲလုပ်တော့မယ်၊ ဒီအချိန်အတွင်းမှာ ငါ့ကိုယ်ပိုင်လုပ်ငန်းကို အစပျိုးထားမယ်
  • ·         အလုပ်ကရတဲ့ ပိုက်ဆံတွေကို စုထားမယ်၊ ပြီးရင် နောင်တစ်ချိန်လုပ်ငန်းလုပ်တဲ့အခါ ပြန်ရင်းနှီးမယ်
  • ·         အလုပ်က ပြန်လာပြီးတာနဲ့ မိသားစုကို ခဏအချိန်ပေး၊ ပြီးရင် တစ်နေ့ကို အနည်းဆုံး ၄ နာရီလောက် ကိုယ်ပိုင်လုပ်ငန်းအတွက် အချိန်ပေးမယ်
  • ·         အလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ အလုပ်အကြောင်းကို လုံးဝ မစဉ်းစားတော့ဘူး

ဒါတွေကတော့ နမူနာလေးတွေပါ (ကျွန်တော်ကိုယ်တိုင်လဲ ဒီရည်ရွယ်ချက်တွေထဲက တစ်ခုနှစ်ခုလောက် ချပြီး လုပ်နေပါတယ်).။ Jason SurfrApp ဟာလဲ ဒီလိုဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်.။
ရည်ရွယ်ချက် ထားပြီးပြီဆိုရင် အချိန်ဇယားတစ်ခုချမှတ်ပြီး သေသေချာချာလုပ်ဖို့ လိုပါတယ်.။
ကျွန်တော်တို့ဟာ နေ့စဉ် အလုပ်ထဲမှာ စိတ်ရှုပ်၊ ပင်ပန်း၊ ငြီးငွေ့ပြီး ပြန်လာရတာဖြစ်တဲ့အတွက် အိမ်ပြန်ရောက်တဲ့အချိန်မှာ အလုပ်လုပ်ဖို့ မစဉ်းစားတော့ပါဘူး.။ အပန်းဖြေမယ်.။ ရုပ်ရှင်ကြည့်မယ်.။ အစရှိသဖြင့် ကိုယ့်အတွက် အချိန်ပေးဖို့ပဲ စဉ်းစားကြပါတယ်.။ ဒါဟာ သဘာဝပါပဲ.။ အမြဲတမ်း အလုပ်၊ အလုပ် လုပ်နေဖို့ကလဲ မလွယ်ပါဘူး.။

ဒါပေမယ့် စဉ်းစားကြည့်ပါ၊ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ပုံမှန်စက်ဝိုင်းထဲမှာပဲ တစ်သက်လုံးသွားတော့မှာလား? ကြီးပွားဖို့အောင်မြင်ဖို့ သင့်မှာ အခွင့်အရေးမရှိတော့ဘူးလား?

ဒီလိုစဉ်းစားမိလိုက်ရင် အလုပ်လုပ်ချင်စိတ်ပေါ်လာပါလိမ့်မယ်.။ လွယ်တော့မလွယ်ဘူးပေါ့.။ ဒါပေမယ့် ဖြစ်အောင်လုပ်ရင်ဖြစ်နိုင်ပါတယ်.။
သေးသေးလေးက စပါ
ရုတ်တရက်ကြီး ထပြီး အချိန်ဇယားတွေအပီအပြင်ဆွဲ၊ တစ်နှစ်လုံးစာအတွက်ပြင်ဆင် စသဖြင့်မလုပ်ပါနဲ့.။ အဲဒီလိုလုပ်တာဟာ သင်စိတ်ဓါတ်တက်ကြွနေတဲ့ တစ်ရက်လောက်ပဲ ခံမှာပါ.။ နောက်နေ့ကျတော့ ပျင်းသွားပါလိမ့်မယ်.။ လုပ်ဖြစ်မှာမဟုတ်တော့ပါဘူး.။

ပထမဆုံးအပတ်မှာ ဒီတစ်ပတ်အတွင်း လုပ်ရမယ့် အလုပ်တစ်ခုတည်းကိုပဲ အချိန်သတ်မှတ်ကြည့်ပါ.။ (ဥပမာ ညစာစားချိန်) ညစာစားချိန်ကို အချိန်တစ်ခု သတ်မှတ်ပါ.။ ပြီးရင် အဲဒီအချိန်မှာစားပါ.။ ပထမဆုံးတစ်ပတ်မှာ ဒါလေးပဲလုပ်ပါဦး.။
နောက်တစ်ပတ်မှာ ကိုယ့်ကိုကိုယ် စပြီး မောင်းနှင်ကြည့်ပါ.။ နောက်အချိန်တစ်ခုထည့်ကြည့်ပါ.။ (ဥပမာ - စာဖတ်ချိန်) ဒါဆိုရင် ဒီတစ်ပတ် သင့် အချိန်ဇယားအတွင်းမှာ အချိန် (၂) ချိန် ရပါပြီ.။
အဲလိုနည်းနဲ့ တစ်ပတ်ကို တစ်ခုဆီ တစ်ခုဆီ ထည့်သွားကြည့်ပါ.။ အလုပ်လုပ်ချိန်၊ ရေချိုးချိန်၊ ညစာစားချိန်၊ စာဖတ်ချိန်၊ အိပ်ချိန် စသည်ဖြင့် တစ်ပတ်ကို တစ်ခုနှုန်းနဲ့ ထည့်သွားပြီး လိုက်လုပ်ပါ.။ တဖြည်းဖြည်းနဲ့ အသားကျလာပါလိမ့်မယ်.။ ဘယ်လောက်ပဲ သင်ကြိုက်တဲ့ တီဗွီအစီအစဉ်တစ်ခု လာနေပါစေ၊ သင့်ရဲ့ အချိန်ဇယားကို မရွှေ့ပါနဲ့.။

သင့်ရဲ့ ကြီးပွားရာကြီးပွားကြောင်း လုပ်ရမယ့်အချိန်တွေကို တီဗွီရှေ့မှာ ဘယ်လောက်ဖြုန်းခဲ့ပြီးပြီလဲ စဉ်းစားပါ

အလုပ်လုပ်ဖို့ အချိန်သတ်မှတ်ပြီးပြီဆိုပါစို့၊ အဲဒီအချိန်အတွင်းမှာ အလုပ်ပဲလုပ်ပါ
ဖုန်းရဲ့ Notification တွေကိုပိတ်ထားပါ.။ Computer ပေါ်က မလိုအပ်တဲ့ Program တွေ၊ Browser ပေါ်က အလုပ်နဲ့မပတ်သက်တဲ့ အခြား Tab တွေပိတ်ပစ်ပါ.။ Email ဟာ သင့်အလုပ်အတွက်မလိုအပ်ဘူးဆိုရင်၊ မဖွင့်ပါနဲ့.။ တခြားဘာဆိုဘာမှမလုပ်ပါနဲ့.။ အလုပ်ကိုပဲလုပ်ပါ.။ ဒီအချိန်လေးဟာ တန်ဖိုးရှိတယ်ဆိုတာ သတိရပါ.။ ပြန်မရတော့ဘူးဆိုတာ အမြဲစိတ်ထဲမှာ မှတ်ထားပါ.။
ဖြစ်နိုင်တဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Goal တွေချမှတ်ပါ.။
နေ့စဉ်လုပ်ရမယ့် Goal တွေချမှတ်ဖို့ အချိန်သိပ်ယူစရာမလိုပါဘူး.။ ညနေပိုင်းမှာ အလုပ်စလုပ်တော့မယ် ဆိုတာနဲ့ ၅ မိနစ် ၁၀ မိနစ်လောက်ပေးပြီး ဒီညတော့ ဒါတွေပြီးအောင်လုပ်မယ် ဆိုတဲ့ Goal လေး သတ်မှတ်ရုံပါပဲ.။ ပြီးတော့ အဲဒီ Goal တွေကို လက်နဲ့ ချရေးထားဖို့ အကြံပေးချင်ပါတယ်.။ ပြီးသွားတဲ့အခါတိုင်း လက်နဲ့ ခြစ်ပစ်လိုက်ပါ.။ အဲဒီအရသာက.. ကိုယ့်ကိုကိုယ် အားတက်စေသလို ယုံကြည်မှုလဲ ရှိလာစေပါတယ်.။
အပတ်စဉ်လုပ်ရမယ့် Goal တွေကတော့ နဲနဲပိုကြီးတဲ့ Goal တွေဖြစ်ပါလိမ့်မယ်.။ တစ်ညတည်းမပြီးနိုင်တဲ့ဟာမျိုးတွေပေါ့.။ ဥပမာပြောရရင်
  • ·         Website ရဲ့ Frontend Design ကို အပြီးလုပ်ပြီး သူငယ်ချင်းတွေကို ပြကြည့်မယ်.။
  • ·         သူငယ်ချင်း (၅) ယောက်ဆီက အကြံတောင်းမယ်.။
  • ·         Product (or) Service တစ်ခုခုကို ဒီတစ်ပတ်စရောင်းကြည့်မယ်.။ Customer ၂ ယောက်လောက် ရအောင် ရှာမယ်.။

စသည်ဖြင့်ပေါ့.။ ဒီ Goal တွေကိုလဲ လက်နဲ့ချရေးထားပြီး ပြီးတဲ့အခါ ခြစ်ပစ်နိုင်ပါတယ်.။
လစဉ်လုပ်ရမယ့် Goal တွေကတော့ အကြီးဆုံးတွေလို့ပြောလို့ရပါတယ်.။ လစဉ်ဆိုတဲ့နေရာမှာ တစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ် စသည်ဖြင့် ပိုင်းခြားသတ်မှတ်နိုင်ပါတယ်.။ ဘယ်လိုဟာမျိုးတွေ ဖြစ်မလဲဆိုတော့
  • ·         ဒီလမှာ Prototype တစ်ခုထုတ်မယ်.။ Website ကိုလဲ အချောသတ်တည်ဆောက်ပြီး Launch လုပ်မယ်.။
  • ·         ဒီသုံးလပြီးတာနဲ့ Product ဒါမှမဟုတ် Service ကို စပြီးရောင်းတော့မယ်.။
  • ·         ၆ လပြည့်ရင် အလုပ်ကထွက်မယ်.။ စုထားတဲ့ပိုက်ဆံတွေကိုထုတ်ပြီး လုပ်ငန်းမှာ စသုံးမယ်.။
  • ·         တစ်နှစ်ပြည့်ရင်တော့ ကြော်ငြာတွေ စလုပ်မယ်.။ Marketing တွေခန့်မယ်.။

စသည်ဖြင့်ဖြစ်ပါလိမ့်မယ်.။
တစ်ခုတော့ သတိပေးပါရစေ - မိသားစုကိုတော့ အချိန်ပေးဖို့ မမေ့ပါနဲ့.။ အမြဲတမ်းအလုပ်အလုပ် ဖြစ်နေလို့လဲ မဖြစ်သေးဘူးမလား.။ မိသားစုနဲ့ အချိန်ကုန်ဆုံးပေးခြင်းအားဖြင့် ကိုယ့်ကိုယ်တိုင်လဲ အားအင်အသစ်တွေ ရစေမှာဖြစ်သလို မိသားစုအနေနဲ့လဲ သင်က လျစ်လျူရှုထားတယ်လို့ မမြင်စေတော့ပါဘူး.။
ဒါလေးတွေကို အခုကစပြီး လုပ်ကြည့်မယ်ဆိုရင် တစ်နေ့မှာ သင့်အိမ်မက်တွေ တကယ်ဖြစ်လာမှာပါ.။ တကယ်တော့ သူများအလုပ်ကိုလုပ်နေရင်းနဲ့ ကိုယ်ပိုင်အလုပ်လုပ်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး.။ ဒါပေမယ့် အောင်မြင်ကြီးပွားချင်ရင်တော့ စွန့်လွှတ်သင့်တာစွန့်လွှတ်၊ အပင်ပန်းခံသင့်ရင်လဲ ခံရမှာပါ.။ တစ်ချိန်မှာ အိမ်မက်တွေတကယ်ဖြစ်လာတဲ့အခါ ကိုယ်ကြိုးစားခဲ့ရတာတွေရဲ့ အရသာကို ခံစားရပါလိမ့်မယ်.။ အားလုံးအောင်မြင်ကြပါစေ.။
Written by: အောင်မွန်ချမ်း
Ref: How to start your business while working a full-time job

www.myanmarleaders.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။