" KEY PERFORMANCE INDICTOR ( KPI ) "
KPI ဆိုသည်မှာ Key Performance Indicator ၏ အတိုကောက် ဖြစ်ပါသည်။ မြန်မာမှုကို တိုက်ရိုက်ပြန်ပါက အဓိကကြသည့် စွမ်းဆောင်ရည်ကို ညွှန်းပြမှု ဟု ပြန်ရပေမည် ။ ထို့ကြောင့် အဖွဲ့အစည်းတို့၏ စွမ်းဆောင်ရည်ကို ဖေါ်ပြသည့် အတိုင်းအတာ တစ်ခု အဖြစ် သုံးကြပါသည် ။
သို့သော် အဖွဲ့အစည်း တော်တော်များများသည် အထက်ပါ KPI ကို မှားရွင်းစွာ တိုင်းတာနေကြပါသည် ။ KPI သည် နေရာတကာတွင် အသုံးပြု၍ မရပေ ။ ထိုသို့ စွမ်းဆောင်ရည် ပမာဏ ကို တိုင်းတာရာတွင် နေရာအလိုက် ( Performance Indicator) အတိုင်းအတာ (၄) မျိုး ရှိပါသည် ။ ထို (၄) မျိုးကို ပြန်ခွဲပါက အုပ်စု (၂) စု ပြန်ခွဲနိုင်ပါသည် ။ ထို အုပ်စုတို့မှာ
(၁) Result Indicators
(၂) Performance Indicators ဟူ၍ ဖြစ်ပါသည် ။
(၁) Result Indicators
Result Indicator ဆိုသည်မှာ အဖွဲ့အစည်း တစ်ခုအတွင်းရှိ အစုအဖွဲ့များ (သို့) လူပုဂ္ဂိုလ် စုစုပေါင်းတို့၏ ကြိုးစား အားထုတ်မှု စုစုပေါင်း ကို တိုင်းတာခြင်း ဖြစ်ပါသည် ။ အဆိုပါ တိုင်းတာမှုသည် အဖွဲ့အစည်းကြီး တစ်ခုလုံး၏ စုပေါင်း စွမ်းဆောင်ရည်ကို ကြည့်ရှုရာတွင် အသုံးပြုပါသည် ။ သို့သော် ထိုအဖွဲ့အစည်းကြီးရှိ ပြဿနာ နှင့် အားနည်းချက် ကို ရှာဖွေရာတွင် လည်းကောင်း ၊ ထိုပြဿနာ နှင့် အားနည်းချက်သည် မည်သည့် အစုအဖွဲ့ (သို့) မည်သည့် ပုဂ္ဂိုလ် မှ တာဝန်ရှိသည်ကို ညွှန်ပြနိုင်ခြင်း မရှိပေ ။
(၂) Performance Indicators
Performance Indicator ဆိုသည်မှာ အဖွဲ့အစည်းကြီး အတွင်းရှိ ရည်မှန်းချက်တူညီသည့် အစုအဖွဲ့ တစ်ခုစီ (သို့) လူပုဂ္ဂိုလ် တစ်ဦးစီ တို့၏ စွမ်းဆောင်ရည်ကို တိုင်းတာခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် တာဝန်ရှိသည့် အစုအဖွဲ့တစ်ခုစီ (သို့) လူတစ်ဦးစီ၏ ကောင်း၊ ညံ့ကို သိနိုင်ပါသည် ။ ဤတိုင်းတာမှုသည် အဖွဲ့အစည်းတစ်ခုစီ (သို့) လူတစ်ဦးစီတို့၏ တာဝန်ခံမှုနှင့် စွမ်းဆောင်ရည်တို့ကို ရှင်းလင်းစွာ သိစေနိုင်ပါသည် ။
အထက်ပါအတိုင်း အတိုင်းအတာ (၂) မျိုးရှိရာ ထိုအထဲမှ အရေးပါသည့် စွမ်းဆောင်ရည်ကို တိုင်းတာရန်အတွက် “ KEY “ ဆိုသည့် “ အဓိက ” စကားလုံးကို ထည့်သွင်း သုံးစွဲရပါသည်။ ထိုသို့ ထည့်သွင်း သုံးစွဲခြင်းကြောင့် စွမ်းဆောင်ရည်ကို တိုင်းတာရာတွင် အတိုင်းအတာ (၄)မျိုး ရှိသွားခဲ့ပါသည်။၎င်းတို့မှာ -
(၁) Key Result Indicators ( KRIs) သည် အဖွဲ့အစည်းတစ်ခု အနေဖြင့် မည်သို့ စွမ်းဆောင်နိုင်သည်ကို အလုံးစုံပါဝင်သည့် အနှစ်ချုပ် ဖေါ်ပြမှု ဖြစ်သည်။
(၂) Result Indicators ( RIs ) သည် သတ်မှတ်ထားသည့် ရလဒ်များ ရရှိ စေ ရန်အတွက် ပါဝင်သည့် တူညီသည့် အစုအဖွဲ့များ (သို့) လူတစ်ဦးစီကို မည်သို့ စုပေါင်းပြီး စီမံခန့်ခွဲရ မည် ကို ဖေါ်ပြခြင်း ဖြစ်ပါသည် ။
(၃) Performance Indicators ( PIs ) သည် အဖွဲ့အစည်းကြီးတွင် ပါဝင်သည့် မည်သည့် အစုအဖွဲ့အစည်း (သို့) မည်သည့် လူတစ်ဦးစီမှ မည်သည်တို့ကို ဆောင်ရွက်ရမည်ကို စီမံခန့်ခွဲရာတွင် အသုံးပြုပါသည်။
(၄) Key Performance Indicators ( KPIs ) သည် အဖွဲ့အစည်းကြီးတစ်ခုတွင် အဓိက အရေးကြီးသည့် အချက်ကို အသုံးပြုပြီး မည်သို့ ဆောင်ရွက်ပါက လိုအပ် သည့် စွမ်းဆောင်ရည်ကို ရရှိနိုင်ရေးအား စီမံခန့်ခွဲရာတွင် အသုံးပြုပါသည်။
ထိုသို့ဆိုပါက Result Indicators ( RIs ) နှင့် Performance Indicators ( PIs ) တို့၏ ခြားနားချက်ကို နားလည်စေရန် ဥပမာ တစ်ခုနှင့် ဖေါ်ပြရမည် ဆိုပါက လမ်းမပေါ်တွင် အရှိန်နှင့် သွားနေသည့် မော်တော်ကား တစ်စီးနှင့် ပြရပေမည်။
အဆိုပါ သွားနေသည့် မော်တော်ကား၏ အရှိန်သည် Result Indicator ( RI ) ဖြစ်ပါသည် ။အဘယ်ကြောင့်ဆိုသော် ထိုကား၏ အရှိန်ရစေရန်မှာ ကား၏ ဂီယာ အလုပ်လုပ်မှုနှင့် အင်ဂျင်၏ တစ်မိနစ် လည်ပတ်မှုတို့ကို စုပေါင်းထားခြင်းကြောင့် ကား၏ သွားနေသည့် အရှိန်ရရှိခြင်း ဖြစ်ပါသည်။
Performance Indicators ( PIs ) အနေဖြင့်ဆိုပါက အဆိုပါ ကား သွားလာ ရာတွင် မည်သည့် အရှိန်ဖြင့် မောင်းနှင်ပါကစီးပွားရေးအရ တွက်ချေ ကိုက်မှု ရှိမည် ၊ ထို အရှိန်ရစေရန် မည်သည့် ဂီယာ ၊ မည်သည့် အင်ဂျင်လည် ပတ်မှု နှင့် ထိုအချိန်တွင် အင်ဂျင် မည်မျှပူခြင်း စသည်တို့ပင် ဖြစ်ပါသည်။
ခင်မင်စွာဖြင့်
Min Yar Pyae
Ref : Online Study

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။