“Facebook ခေတ် သားဆုံးမစာ”
တရက်မှာ ကျနော် Facebook ပေါ် မှာရေးတဲ့ post တစ်ခုကို ကျနော့် သား က like လုပ်ထားတာ တွေ့ ရတယ်။ ဒါနဲ့ ကျနော် သူ့ အခန်း သွားပြီးမေးဖြစ်တယ်...
“သား က..ဘာဖြစ်လို့ like လုပ်တာလဲ၊ အဖေရေးတဲ့ စာကို ဖတ်ပြီး သဘောကျလို့ လား”လို့ ။ အဲဒီတော့ သူက ပြောတယ်..“ မဖတ်ရသေးဘူး.အဖေ။ ဒါပေမယ့် ကိုယ့် အဖေ ရေးတာမို့ လို့ like လုပ်တာ” တဲ့။
ဒီတော့ ကျနော် ပြောရတယ်..“သား အနေနဲ့  ကိုယ့် အဖေ ရေးလို့ ဆိုပြီး like မလုပ်ရ ဘူး။ တကယ်တော့ သေချာဖတ်ပြီး နှစ်သက်မှ like လုပ်ရမှာ၊ ဒါဟာ တာဝန်ယူမှု လဲ ဖြစ်တယ်” လို့ ။ “ဘာလို့ ဒါကို ပြောရသလို ဆိုတော့ ..သား အနေနဲ့ နောင်တချိန်မှာ အဖွဲ့ အစည်းတခုရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်လာလို့ ..ကိုယ့်အဖွဲ့ အစည်းက လူတွေတင်သမျှ၊ပြောသမျှတွေကို ကိုယ့် မိတ်ဆွေ၊ ကိုယ့် သူငယ်ချင်းတွေပဲ ဆိုပြီး မဆန်းစစ်၊ မစစ်ဆေးပဲ “အိုကေ..ကြိုက်တယ်..လုပ်လိုက်ပါ” လို့ ပြောလို့ မရဘူး။ “အိုကေ” လို့ ပြောလိုက်တာနဲ့ မင်းမှာ တာဝန် ရှိသွားပြီ။ ဒါ့ အတွက် သား တာဝန်ယူ ရမယ်”..လို့ ။
ဒီတော့ သူကပြောတယ် ..”အဖေ့ စာကို မဖတ်ရသေးပဲ like လုပ်တာ ပြန်ဖျက် လိုက်ရမလား”.. တဲ့ ..။ “ဖျက်လိုက်ပါ” လို့ ကျနော် ပြောလိုက်တယ်။
ဒါဟာ ကျနော်အနေနဲ့  သူ့ ကို လေ့ကျင့် ပေးရမယ့် အရာ မဟုတ်လား..
အားလုံး ပျော်ရွှင် အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
တရက်မှာ ကျနော် Facebook ပေါ် မှာရေးတဲ့ post တစ်ခုကို ကျနော့် သား က like လုပ်ထားတာ တွေ့ ရတယ်။ ဒါနဲ့ ကျနော် သူ့ အခန်း သွားပြီးမေးဖြစ်တယ်...
“သား က..ဘာဖြစ်လို့ like လုပ်တာလဲ၊ အဖေရေးတဲ့ စာကို ဖတ်ပြီး သဘောကျလို့ လား”လို့ ။ အဲဒီတော့ သူက ပြောတယ်..“ မဖတ်ရသေးဘူး.အဖေ။ ဒါပေမယ့် ကိုယ့် အဖေ ရေးတာမို့ လို့ like လုပ်တာ” တဲ့။
ဒီတော့ ကျနော် ပြောရတယ်..“သား အနေနဲ့  ကိုယ့် အဖေ ရေးလို့ ဆိုပြီး like မလုပ်ရ ဘူး။ တကယ်တော့ သေချာဖတ်ပြီး နှစ်သက်မှ like လုပ်ရမှာ၊ ဒါဟာ တာဝန်ယူမှု လဲ ဖြစ်တယ်” လို့ ။ “ဘာလို့ ဒါကို ပြောရသလို ဆိုတော့ ..သား အနေနဲ့ နောင်တချိန်မှာ အဖွဲ့ အစည်းတခုရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်လာလို့ ..ကိုယ့်အဖွဲ့ အစည်းက လူတွေတင်သမျှ၊ပြောသမျှတွေကိ
ဒီတော့ သူကပြောတယ် ..”အဖေ့ စာကို မဖတ်ရသေးပဲ like လုပ်တာ ပြန်ဖျက် လိုက်ရမလား”.. တဲ့ ..။ “ဖျက်လိုက်ပါ” လို့ ကျနော် ပြောလိုက်တယ်။
ဒါဟာ ကျနော်အနေနဲ့  သူ့ ကို လေ့ကျင့် ပေးရမယ့် အရာ မဟုတ်လား..
အားလုံး ပျော်ရွှင် အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။