ခင်ပွန်းသည်ကို နေ့စဉ် ဒါတွေ လုပ်ပေးပါ
၁။ သူစားချင်တာ ချက်ကြွေး
ခင်းပွန်းသည် အတွက် အစားအသောက်ဆိုတာလည်း အရေးပါပါတယ်။ အလုပ်မှာ ပင်ပန်းတာ မပင်ပန်းတာနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် သူစားချင်တာလေးကို ဂရုတစ်စိုက် ချက်ကြွေးပါ။
၂။ သူ့ရဲ့ အဝတ်အစားတွေ ပြင်ဆင်ပေးပါ
တစ်နေ့တာလုံး သူစိတ်ချမ်းသာအောင်နှင့် လူဘုံအလယ် ထည်ဝါစေအောင် သူ့ရဲ့ အဝတ်အစားတွေကို လျော်ဖွတ်ပါ။ မီးပူတိုက်ပါ။ သေချာစွာ သန့်ရှင်းအောင် လုပ်ပေးပါ။
၃။ သူ့ရဲ့ အိတ်များကို သန့်ရှင်းပေး
လက်ကိုင်အိတ် ဒါမှမဟုတ် လွယ်အိတ် စတာတွေမှာ တစ်ခါတစ်လေ အမှိုက်တွေ ပြည့်နေလိမ့်မယ်။ ဒါတွေကိုလည်း ကိုယ်က အလိုက်တသိ သန့်ရှင်ပေးပါ။
၎။ ထမင်းလက်စုံစား
သူနောက်ကျရင်လည်း တတ်နိုင်သလောက် စောင့်ပါ။ ကိုယ်ကလည်း ထမင်းအတူ စားနိုင်အောင် ကြိုးစားပါ။ ထမင်းအတူ စားရင်လည်း ပိုပြီး ရင်းနှီးမူ ရစေပါတယ်။
၅။ သူရဲ့ ကျန်းမာရေး အခြေအနကို ထောက်ပြ
ခင်ပွန်းသည်ဟာ အလုပ်များလို့ သူရဲ့ ကျန်းမာရေးကို ဂရုမစိုက်အားဘူး ဆိုရင် ဇနီးဖြစ်သူ ထောက်ပြ ဝေဖန်ပါ။ ဆေးတိုက်ပါ။ လိုအပ်ရင် ဆေးကုသမူ ခံယူပါ။
www.pyittinehtaung.com
Team (ပစ်တိုင်းထောင်)
မောင်(စွယ်စုံကျမ်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။