လူငယ်ကဗျာ
=========
မေတ္တာသည်သာ ဖြေဆေးပမာ
===================
လောဘမီးများ လောင်ကျွမ်းနေသည်။
စွဲလမ်းခြင်း အားကောင်းနေသည်။
ဒေါသမုန်တိုင်း ပြင်းထန်နေသည်။
အငြိုးတိုက်ပွဲ စတင်လေပြီ။
မောဟဆေးများ မှီဝဲနေသည်။
ငြိမ်းချမ်းမှုများ ပျောက်ဆုံးလေပြီ။
အေးမြချမ်းသာ ခိုနားစရာ
အဘယ်မှာများ ရှာတွေ့မည်နည်း။
ဟိုငေးဒီငေး သည်အတွေးနှင့်
အားကိုးရာကို လှမ်းမျှော်မိရာ
ဖြေဆေးတစ်ခွက်ကို ရှာတွေ့လေ၏။
ထိုဆေးမူကား အခြားမဟုတ်
စာတစ်စောင်သာ ဖြစ်၍နေ၏။
ထိုစာမူကား ထင်ရှားမှုမရှိ
မှေးမှိန်လျက်သာ ရှိ၍နေ၏။
ထိုစာမြင်က ကျွန်ုပ်စိတ်တွင်
လွန်စွာပျော်၍ လိုအပ်မှုကိုရှာတွေ့ခဲ့၏။
ထိုစာကိုသာ နှုတ်မှတွင်တွင်အော်ဟစ်မြည်၍
ဘဝခရီးကို လျှောက်လှမ်းခဲ့၏။
ကျွန်ုပ်ချစ်သော မိတ်ဆွေများလည်း
စိတ်ဓာတ်ခွန်အား ရစေလို့ငှာ
မျှဝေပေးမည် နားထောင်ကြလော့။
လောဘမီးများ ဝေးစေဝေးစေ
ဒေါသမီးများ ဝေးစေဝေးစေ
မောဟမီးများ ဝေးစေဝေးစေ
မေတ္တာရေဖြင့် ငြိမ်းနိုင်စေသတည်း။
သက်ထက်မိုးဦး
တက္ကသိုလ်ဝင်တန်းအောင်
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
………
Ref: The Mirror Daily
=========
မေတ္တာသည်သာ ဖြေဆေးပမာ
===================
လောဘမီးများ လောင်ကျွမ်းနေသည်။
စွဲလမ်းခြင်း အားကောင်းနေသည်။
ဒေါသမုန်တိုင်း ပြင်းထန်နေသည်။
အငြိုးတိုက်ပွဲ စတင်လေပြီ။
မောဟဆေးများ မှီဝဲနေသည်။
ငြိမ်းချမ်းမှုများ ပျောက်ဆုံးလေပြီ။
အေးမြချမ်းသာ ခိုနားစရာ
အဘယ်မှာများ ရှာတွေ့မည်နည်း။
ဟိုငေးဒီငေး သည်အတွေးနှင့်
အားကိုးရာကို လှမ်းမျှော်မိရာ
ဖြေဆေးတစ်ခွက်ကို ရှာတွေ့လေ၏။
ထိုဆေးမူကား အခြားမဟုတ်
စာတစ်စောင်သာ ဖြစ်၍နေ၏။
ထိုစာမူကား ထင်ရှားမှုမရှိ
မှေးမှိန်လျက်သာ ရှိ၍နေ၏။
ထိုစာမြင်က ကျွန်ုပ်စိတ်တွင်
လွန်စွာပျော်၍ လိုအပ်မှုကိုရှာတွေ့ခဲ့၏။
ထိုစာကိုသာ နှုတ်မှတွင်တွင်အော်ဟစ်မြည်၍
ဘဝခရီးကို လျှောက်လှမ်းခဲ့၏။
ကျွန်ုပ်ချစ်သော မိတ်ဆွေများလည်း
စိတ်ဓာတ်ခွန်အား ရစေလို့ငှာ
မျှဝေပေးမည် နားထောင်ကြလော့။
လောဘမီးများ ဝေးစေဝေးစေ
ဒေါသမီးများ ဝေးစေဝေးစေ
မောဟမီးများ ဝေးစေဝေးစေ
မေတ္တာရေဖြင့် ငြိမ်းနိုင်စေသတည်း။
သက်ထက်မိုးဦး
တက္ကသိုလ်ဝင်တန်းအောင်
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
………
Ref: The Mirror Daily
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။