ကိုဒါဝတ်များ
ကျွန်တော်သတိထားကြည့်မိတယ်ဗျ။
Facebook သခင်လေး မာ့ခ် ဇပ်ကာဘတ်။ အဲဒီကောင်လေး ဒီဇိုင်းကို
ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ဒီအတိုင်းပဲ။ တီရှပ်လေးပဲ အမြဲဝတ်တယ်။
အမေရိကန်မှာ အသက် အငယ်ဆုံး သူဌေး။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ချမ်းသာတဲ့
လူငယ်ထဲကပြောတာ။ မိဘပိုက်ဆံကြောင့် ချမ်းသာတာ မဟုတ်ဘူး။ မာ့ခ် ဇပ်ကာဘတ်လည်း
ဒီအတိုင်းပဲ ဘာမှ အလုပ်ရှုပ်စရာအကြောင်းမရှိတဲ့  တီရှပ်တွေချည်း ဆင်တူဝယ်ထားတယ်။ နေ့တိုင်း ဒါပဲဝတ်တယ်။ ရုံးလာလည်း ဒါနဲ့ပဲလာတယ်။ လူငယ်ဖြစ်ပေမယ့် အဝတ်အစားဆိုတာ သူတို့အတွက် အဓိကမဟုတ်ဘူး။ သူ့အတွက် အဓိကဆိုတာ အလုပ်ပဲ။
အိုဘားမားလည်းကြည့်။ အမြဲတန်း တစ်ပုံစံတည်းဝတ်တယ်။ စမတ်ကျအောင်နေတယ်။ သမ္မတဆိုတဲ့ စတိုင်နဲ့ ဟိတ်ဟန်လည်းမကြီးဘူး။ အိုဘားမား ပြောဖူးတာလေးကို သတိရတယ်
“ကျွန်တော့်ကို မီးခိုးရောင်နဲ့ အပြာရောင်ဝတ်စုံတစ်မျိုးတည်းပဲ
ဝတ်လို့ ပြောကြတယ်။ ကျွန်တော်က ဘာဝတ်ရမယ် ဘာစားရမယ်ဆိုတာတွေကို
သိပ်ပြီးတော့ ဦးနှောက်အခြောက်ခံ တွေးလေ့မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်တော့်မှာ အခြားအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချဖို့ ရှိနေလို့ပါ”
တဲ့ဗျာ။ ပြောရရင်တော့ သူ့မိန်းမ ဝတ်ခိုင်းလိုက်တာဝတ်၊ သူ့မိန်းမ
ချက်ကျွေးတာစား။ ကျန်တာက တိုင်းပြည်အတွက်ပဲ စိတ်ထဲက ထည့်ထားတယ်လို့
ဆိုလိုချင်တာ။
စတိဗ် ဂျော့ဆိုတဲ့ ပုဂ္ဂိုလ်လည်းကြည့်။ Apple ရဲ့ပညာရှင်ကြီးလေ။ အမြဲတန်း လည်ပင်းအထောင်ပါတဲ့ ဆွယ်တာအနက်နဲ့ ဂျင်းဘောင်းဘီတစ်မျိုးတည်း ဝတ်တယ်။
အဲလ်ဘတ် အိုင်စတိုင်းလည်း အမြဲတန်း မီးခိုးရောင်ဝတ်စုံပဲဝတ်တယ် ။ ဘာကြောင့် အဲဒီလိုဝတ်တာလဲလို့ မေးကြည့်တော့
“အဝတ်အစားအတွက် ဘာဝတ်ရမယ်ဆိုတာ စဉ်းစားဖို့ အချိန်မပေးနိုင်ဘူး” တဲ့ဗျာ။
စာရေးဆရာကြီး ဟင်နရီ ဒေးဗစ် သောရိုး ဆိုတာကြားဖူးမှာပေါ့။ သူကလည်း ပြောဖူးတယ်။
“ဘဝမှာ မဟုတ်တာတွေကို အသေးစိတ်လိုက်ဂရုစိုက်ကာ အချိန်တွေ ဖြုန်းနေကြပါလား။ ရိုးရိုးကျင့် မြင့်မြင့်မကြံကြတော့ဘူးလား ” တဲ့။
ပြောချင်တာက ညစ်ပတ် စုတ်ပြတ် ဖြစ်ကတတ်ဆန်းနေဖို့ပြောတာမဟုတ်ပါဘူး။
ဘာအရေးကြီးဆုံးလဲဆိုတာ စိတ်ထဲမှာ တွေးထား။ အရိုးဆုံးနေ၊ အရှင်းဆုံးတွေး၊
ရတာလေးနဲ့ ဝအောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်လို့ ပြောချင်တာပါ။
မဆိုင်တာတွေ ဦးနှောက်ထဲလျှောက်တွေးရင် အလေးကြီးဖြစ်တတ်လို့ပါ။
၁.၆.၂၀၁၆
Tin nyunt
ကျွန်တော်သတိထားကြည့်မိတယ်ဗ
အိုဘားမားလည်းကြည့်။ အမြဲတန်း တစ်ပုံစံတည်းဝတ်တယ်။ စမတ်ကျအောင်နေတယ်။ သမ္မတဆိုတဲ့ စတိုင်နဲ့ ဟိတ်ဟန်လည်းမကြီးဘူး။ အိုဘားမား ပြောဖူးတာလေးကို သတိရတယ်
“ကျွန်တော့်ကို မီးခိုးရောင်နဲ့ အပြာရောင်ဝတ်စုံတစ်မျိုးတည်
စတိဗ် ဂျော့ဆိုတဲ့ ပုဂ္ဂိုလ်လည်းကြည့်။ Apple ရဲ့ပညာရှင်ကြီးလေ။ အမြဲတန်း လည်ပင်းအထောင်ပါတဲ့ ဆွယ်တာအနက်နဲ့ ဂျင်းဘောင်းဘီတစ်မျိုးတည်း ဝတ်တယ်။
အဲလ်ဘတ် အိုင်စတိုင်းလည်း အမြဲတန်း မီးခိုးရောင်ဝတ်စုံပဲဝတ်တယ်
“အဝတ်အစားအတွက် ဘာဝတ်ရမယ်ဆိုတာ စဉ်းစားဖို့ အချိန်မပေးနိုင်ဘူး” တဲ့ဗျာ။
စာရေးဆရာကြီး ဟင်နရီ ဒေးဗစ် သောရိုး ဆိုတာကြားဖူးမှာပေါ့။ သူကလည်း ပြောဖူးတယ်။
“ဘဝမှာ မဟုတ်တာတွေကို အသေးစိတ်လိုက်ဂရုစိုက်ကာ အချိန်တွေ ဖြုန်းနေကြပါလား။ ရိုးရိုးကျင့် မြင့်မြင့်မကြံကြတော့ဘူးလား
ပြောချင်တာက ညစ်ပတ် စုတ်ပြတ် ဖြစ်ကတတ်ဆန်းနေဖို့ပြောတာမဟ
မဆိုင်တာတွေ ဦးနှောက်ထဲလျှောက်တွေးရင် အလေးကြီးဖြစ်တတ်လို့ပါ။
၁.၆.၂၀၁၆
Tin nyunt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။